Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ဘို(မြန်အောင်) - ဆင်းရဲနွမ်းပါးမှုရှုဒေါင့်အဖြာဖြာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အပိုင်း (၁)

ချမ်းသာသူနှင့် ဆင်းရဲသူများအကြား ဝင်ငွေမညီမျှမှု

ဆင်းရဲနွမ်းပါးမှုအကြောင်း လေ့လာကြသောအခါ နိုင်ငံအတော်များ များတွင် တွေ့ရှိရသော တူညီသော ကိစ္စတစ်ရပ်သည် နိုင်ငံအတွင်းချမ်းသာသူနှင့် ဆင်းရဲသူများအကြား ဝင်ငွေမညီမျှမှု (Inequality of incomes between rich and poor)ဖြစ်သည်။ သက္ကရာဇ် ၂၀၀၇ ခုနှစ်တွင် သုတေသန စာတမ်း ထုတ်ပြန်ခဲ့သော စီးပွားရေးပညာရှင် (Emmanuel Saez) ၏ လေ့လာတွေ့ ရှိချက်တွင် အမေရိကန်ပြည်ထောင်စုရှိ ချမ်းသာသူနှင့် ဆင်းရဲသူတို့ ၏ ဝင်ငွေ ကွာခြားမှု အခြေအနေသည် နိုင်ငံ၏ လစာဝင်ငွေရရှိသူများ၏ ဝ.ဝ၁% ရှိသော ထိပ်ပိုင်း ချမ်းသာသူများသည် အမေရိကန်ပြည်ထောင်စု၏ လစာဝင်ငွေအားလုံး ၏ ၆%ကို ယူသွားကြကြောင်းကိစစ်ဖော်ပြထားပါသည်။ ဤစိစစ်တွေ့ရှိချက်အရ အမေရိကန်ပြည်ထောင်စုကဲ့သို့ သော နိုင်ငံ၌ပင် ချမ်းသာသူနှင့် ဆင်းရဲသူများ အကြား ဝင်ငွေကွာခြားမှု အခြေအနေကြီးမားကြောင်းကို သိရှိနိုင်ပေသည်။

နိုင်ငံအသီးသီးရှိ အစိုးရအဖွဲ့ အစည်းအတော်များများသည် နိုင်ငံ အတွင်း ချမ်းသာသူနှင့် ဆင်းရဲသူများအကြား ဝင်ငွေမညီမျှမှု အခြေအနေများကို ကုစားနိုင်ရန်အတွက် ဝင်ငွေများ ပြန်လည်ခွဲဝေပေးခြင်း (redistribution of incomes) ကို ပုံစံအမျိုးမျိုးဖြင့် အကောင်အထည်ဖော်ကြပါသည်။

ဝင်ငွေများပြန်လည်ခွဲဝေပေးခြင်း

နိုင်ငံအတွင်း ဆင်းရဲသူနှင့် ချမ်းသာသူများအကြား ဝင်ငွေ ကွာခြားမှုများ အတွက် ဝင်ငွေများ ပြန်လည်ခွဲဝေပေးခြင်း (Redistribution of incomes),ကိုအောက်ပါနည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိကြပါသည်။

(က)အစိုးရ၏ကောက်ခံရရှိသောအခွန်ဘဏ္ဍာငွေများမှဆင်းရဲနွမ်းပါးသူများအတွက်အကျိုးရှိစေမည့်လုပ်ငန်းများတွင် ခွဲဝေသုံးစွဲခြင်း (Government spending)

(ခ) ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသို့ထောက်ပံ့မှုများ ပြုလုပ်ပေးခြင်း (Subsidies)

(ဂ) ချမ်းသာသူများထံမှ အခွန်ငွေကို ပိုမိုကောက်ခံခြင်းစနစ်ဖြင့် ဝင်ငွေကို ဆင်းရဲသူများသို့ ခွဲဝေပေးခြင်း (Taxation)

ပထမနည်းလမ်းဖြစ်သည့် အစိုးရ၏ဘဏ္ဍာငွေမှ ခွဲဝေသုံးစွဲခြင်း လုပ်ငန်း တွင် အစိုးရမှ ကောက်ခံရရှိထားသော အခွန်ငွေများနှင့် အခြားဝင်ငွေများမှ ဆင်းရဲနွမ်းပါးသူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် အသုံးစရိတ်များ ခွဲဝေသုံးစွဲခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများတွင် လမ်းများဖောက်လုပ်ပေးခြင်း၊ ဆင်းရဲနွမ်းပါးသော ဒေသများတွင် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးရှိနိုင်မည့်လုပ်ငန်းများ တွင် ဘဏ္ဍာငွေများ ခွဲဝေသုံးစွဲခြင်းစသည်တို့ဖြစ်ပါသည်။

ဒုတိယနည်းလမ်းဖြစ်သော အစိုးရမှထောက်ပံ့မှုများ ပြုလုပ်သောလုပ်ငန်း တွင် ဆင်းရဲနွမ်းပါးသော လူမှုအဖွဲ့ အစည်းနှင့် ဆင်းရဲနွမ်းပါးသော လူပုဂ္ဂိုလ်များ သို့ ငွေကြေးထောက်ပံ့ခြင်းနှင့် သက်သာသော ဈေးနှုန်းဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်း၊ ဆင်းရဲနွမ်းပါးသော ပြည်သူ များသုံးစွဲကြသော ကုန်ပစ္စည်းများ ထုတ်လုပ်သောလုပ်ငန်းများသို့ ထောက်ပံ့မှု များ ပြုလုပ်ခြင်းဖြင့် ၄င်းကုန်ထုတ်လုပ်သူများက ဈေးသက်သက်သာသာဖြင့် ကုန်စ္စည်းများ ထုတ်လုပ်နိုင်ပြီး ဈေးကွက်တွင် ဆင်းရဲနွမ်းပါးသူများအတွက် ဈေးနှုန်းသက်သက်သာသာဖြင့် ရောင်းချစေနိုင်ခြင်း။

တတိယနည်းလမ်းဖြစ်သော အခွန်ကောက်ခံရာတွင် ငွေကြေးချမ်းသာ သူများကို အခွန်ငွေ ပိုမိုကောက်ခံပြီး ၄င်းကောက်ခံရငွေများကို အများပြည်သူနှင့် သက်ဆိုင်သောပစ္စည်း (Public goods) များအတွက် အသုံးပြုခြင်းစသော လုပ်ငန်းများဆောင်ရွက်ခြင်း၊ Public good ဆိုသည် အများပြည်သူများ အတွက် အကျိုးရှိစေမည့်လုပ်ငန်းများဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ လမ်း ပြုပြင်ပေးခြင်း၊ လျှပ်စစ်မီးရရှိအောင် ပြုလုပ်ပေးခြင်းစသည်များ ဖြစ်ပါသည်။

ဤနေရာတွင် အိန္ဒိယနိုင်ငံတွင် ဝင်ငွေများပြန်လည်ခွဲဝေပေးခြင်း (redistribution of incomes) လက်တွေ့ဆောင်ရွက်ချက် အခြေအနေများကို တင်ပြလိုပါသည်။ အိန္ဒိယနိုင်ငံအစိုးရကလည်း တိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုရှိ သူများသို့ ဝင်ငွေများပြန်လည်ခွဲဝေပေးမှု အစီအစဉ်မျိုးစုံကို ဆောင်ရွက်ခဲ့ပါ သည်။ ဆင်းရဲသော လူအများအတွက် အစားအသောက်ထောက်ပံ့မှု (food subsidies)နှင့် အများပြည်သူနှင့် သက်ဆိုင်သောပစ္စည်း (public goods)ထောက်ပံ့မှုများကို ကျေးလက်ဒေသများသို့ ပံ့ပိုးပေးခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် အိန္ဒိယအစိုးရမှ အများပြည်သူသို့ ပစ္စည်းများခွဲဝေပေးခြင်းစနစ် (Public Distribution System)PDS အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ ၄င်း အစီအစဉ်အရ ပစ္စည်းခွဲဝေပေးသည့် လုပ်ငန်းနေရာခွဲများ (supply depots)ကို နေရာအတော်များများတွင် တည်ထောင်ခဲ့ပြီး အားလုံးအတွက် လိုအပ်သော အခြေခံစားကုန် (basic food) များ ခွဲဝေဖြန့်ဖြူးပေးခဲ့ပါသည်။ ၁၉၉၇ ခုနှစ် တွင် အစီအစဉ်ပြောင်းလဲပြီး စားသောက်ကုန်များ ဖြန့်ဖြူးသည့်လုပ်ငန်းကို ဆင်းရဲနွမ်းပါးသူများကိုသာ အဓိကထား၍ ဖြန့်ဖြူးပေးခဲ့သည်။ ၄င်းအစီအစဉ် အရ အခြေခံစားကုန်များကို ဆင်းရဲသူများက အမှန်တကယ်တန်ဖိုး၏ ထက်ဝက် ခန့်ဖြင့် ဝယ်ယူစားသုံးစေနိုင်ခဲ့ပါသည်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစ၍ ဆင်းရဲသူများအနက် ၁၅ရာခိုင်နှုန်းခန့် ရှိသော အဆင်းရဲဆုံးသူများက ပိုမိုဈေး သက်သာသော နှုန်းထားများဖြင့် အခြေခံစားကုန်များကို ဝယ်ယူစားသုံးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ခွဲဝေပေးသော ပစ္စည်းများတွင် အလွန် ဈေးသက်သာသော နှုန်းဖြစ်သည့် ဆန် သို့မဟုတ် ဂျုံကို တစ်ကီလိုလျှင် အိန္ဒိယ ငွေ ၂ ရူးပီဈေးဖြင့် တစ်လလျှင် ဆန် သို့မဟုတ် ဂျုံကို ၃၅ ကီလိုခန့် ရောင်းချပေး နိုင်ခဲ့ပါသည်။

အိန္ဒိယအစိုးရ၏ ဝင်ငွေပြန်လည်ခွဲဝေမှု ဒုတိယအစီအစဉ်သည် အများပြည်သူဆိုင်ရာပစ္စည်း (Public goods) များ ခွဲဝေဆောင်ရွက်ပေးမှု ဖြစ်ပြီး ၁၉၇၀ ခုနှစ်တွင် အနည်းဆုံးလိုအပ်ချက်စီမံကိန်း (Minimum Needs Plan) အရ သန့်ရှင်းသော သောက်သုံးရေ(clean water) ၊ ကျောင်းကျန်းမာရေး အစီအစဉ်(school health facilities)၊ လျှပ်စစ်ဓာတ်အား (electricity) သွယ်တန်းပေးမှုနှင့် ကျေးလက်ဒေသများသို့ လမ်းဖောက် လုပ်ပေးခြင်းများကို

ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သက္ကရာဇ် ၂၀၁၀ ခုနှစ်တွင် အိန္ဒိယရှိ ကျေးရွာတိုင်း တွင် မူလတန်းကျောင်းများ ဆောက်လုပ်ပေးပြီး လျှပ်စစ်ဓာတ်အား သွယ်တန်း ပေးခြင်းနှင့် သောက်သုံးရေများကို ကျေးလက်ဒေသအထိ ရေပိုက်များဖြင့် ဖြန့်ဖြူးပေးခြင်းများကို တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ။

ချမ်းသာသူနှင့် ဆင်းရဲသူများအကြား ဝင်ငွေမညီမျှမှုကို ဖြေရှင်းသည့် အနေဖြင့် ဆောင်ရွက်ချက်တစ်ရပ် ဖြစ်သော အခွန်ကောက်ခံခြင်း (Taxation) စနစ်ဖြင့် ဆောင်ရွက်ချက်တစ်ရပ်ရှိကြောင်း ဖော်ပြပြီးဖြစ်ပါသည်။ သို့ဖြစ်၍ အခွန်ကောက်ခံခြင်း (Taxation)အကြောင်း ပြည့်ပြည့်စုံစုံတင်ပြလိုပါသည်။ အခွန်ကောက်ခံခြင်းဆိုသည်မှာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကဖြစ်စေ၊ စီးပွားရေးအဖွဲ့ အစည်းတစ်ခုကဖြစ်စေ မိမိတို့ရရှိသော ဝင်ငွေထဲမှ သတ်မှတ် ထားသောနှုန်းထားအတိုင်း နိုင်ငံတော်အစိုးရကို ကျသင့်သော အခွန်ငွေများ ပေးရခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ပြည်သူလူထုထံမှ အခွန်ငွေကောက်ခံကြရာတွင် အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ကောက်ခံကြခြင်း ဖြစ်ပါသည်။

(က) နိုင်ငံတော်၏အသုံးစရိတ်များအတွက် လိုအပ်သော ဝင်ငွေရရှိရန်အတွက် ကောက်ခံခြင်း

ရှေးအခါက အုပ်ချုပ်မင်းလုပ်သူများသည် ၄င်းတို့အုပ်ချုပ်မှုအတွက် ကုန်ကျစရိတ်များနှင့် စစ်မက်ဖြစ်ပွားရာတွင် လိုအပ်သော အသုံးစရိတ်များ အတွက် အခွန်ကောက်ခံကြခြင်းဖြစ်ပါသည်။ ယခုခေတ်ကာလတွင် နိုင်ငံတော် အစိုးရများ၏ ဌာနအဖွဲ့ အစည်းအသီးသီးအတွက် သုံးစွဲမည့် ငွေများအတွက် ဥပမာအားဖြင့် ကျောင်းများဆောက်လုပ်ခြင်း၊ ဆေးရုံများဆောက် လုပ်ခြင်း၊ လမ်းများတံတားများဆောက်လုပ်ခြင်း၊အသုံးစရိတ်များ၊နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေးအတွက် စစ်တပ်နှင့် ရဲအဖွဲ့ များအတွက် ကုန်ကျစရိတ်များအတွက်ကောက်ခံခြင်းစသည်တို့ ဖြစ်ပါသည်။

(ခ)အချို့သောလုပ်ငန်းကိစ္စများကို ဟန့်တားလိုသဖြင့်အခွန်ကောက်ခံခြင်း

ဥပမာအားဖြင့် စီးကရက်သောက်သုံးခြင်းနှင့် အရက်သောက် သုံးခြင်း များသည် အများပြည်သူအတွက် ကျန်းမာရေးတွင်လည်းကောင်း၊ အကျင့်စာရိတ္တ နှင့် စည်းကမ်းထိန်းသိမ်းရေးအတွက်လည်းကောင်း၊ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင် သဖြင့် စီးကရက်နှင့် အရက်ထုတ်လုပ်ရောင်းချမှုများအပေါ် ကြီးမားသော အခွန်စည်းကြပ်ခြင်းဖြင့် ထုတ်လုပ်မှုအပိုင်းနှင့် စားသုံးသူအပိုင်းများအပေါ် အဟန့်အတားဖြစ်စေလိုသဖြင့် အခွန်ကောက်ခံခြင်း ဖြစ်ပါသည်။

(ဂ) သွင်းကုန် (Import)အချို့ကို တားဆီးအဟန့်အတားဖြစ်စေလို၍အခွန်ကောက်ခံခြင်း

အချို့သော သွင်းကုန်များကို ပြည်တွင်းသို့ မတင်သွင်းစေလိုသဖြင့် အခွန်အတုတ်ကြီးလေးစွာ ကောက်ခြင်းဖြင့် အဟန့်အတား ပြုလုပ်ခြင်း ဖြစ်ပါ သည်။

(ဃ) ချမ်းသာသူများထံမှ အခွန်ငွေပိုမိုကောက်ခံပြီး ဆင်းရဲနွမ်းပါးသူများအတွက် အကျိုးရှိစေမည့် လုပ်ငန်းများတွင် သုံးစွဲခြင်း

ဤနည်းဖြင့် နိုင်ငံအတွင်း ချမ်းသာသူနှင့် ဆင်းရဲသူများအကြား ဝင်ငွေ မညီမျှမှုကို ဖြေရှင်းဆောင်ရွက်ကြခြင်းဖြစ်ပါသည်။

ချမ်းသာသူနှင့် ဆင်းရဲသူများအကြား ဝင်ငွေမညီမျှမှုကို ကုစားရန် နည်းလမ်းတစ်ခုသည် ဆင်းရဲနွမ်းပါးသော ပုဂ္ဂိုလ်များသို့ ငွေနှင့်ပစ္စည်းများထောက်ပံ့ခြင်း (subsidies) ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထောက်ပံ့မှု ပြုလုပ်ခြင်း (subsidies) လုပ်နည်းလုပ်ဟန်များကို အသေးစိတ် တင်ပြရလျှင် ထောက်ပံ့မှုပြုလုပ်ခြင်း လုပ်ငန်းများသည် အောက်ပါအတိုင်း ၄ မျိုး ရှိပါသည်။

(က) နိုင်ငံအတွက် အရေးကြီးသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုအားပေးကူညီခြင်း

ဥပမာအားဖြင့် နိုင်ငံအတွက် အဓိကကျသည့် စားသောက်ကုန်ထုတ်လုပ်နေသော လယ်သမားများကို ထုတ်လုပ်မှုစွမ်းအား ပိုမိုမြင့်မားလာအောင် အစိုးရအနေဖြင့် ငွေကြေးပစ္စည်းနှင့် နည်းပညာများ ထောက်ပံ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ထောက်ပံ့ခြင်းဖြင့် ၄င်းလယ်သမားများအတွက် ထုတ်လုပ်မှု လုပ်ငန်း များ ပိုမိုဖြစ်ထွန်းပြီး နိုင်ငံအတွက် လယ်ယာစားသောက်ကုန်များ ပိုမိုထွက်ရှိစေ မည့်အပြင် ၄င်းလယ်သမားများအတွက် ဝင်ငွေတိုး စေခြင်းဖြစ်ပေါ်စေပါသည်။

(ခ) ကုန်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် စက်မှုလုပ်ငန်းအသစ်များကို ၄င်းတို့ စတင်ထုတ်လုပ်ချိန်၌ အရှိန်ရလာအောင် ပံ့ပိုးကူညီခြင်း

ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းအသစ်များအနေဖြင့် အစပိုင်းတွင် ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများကြောင့် အခက်အခဲတွေ့နေရခြင်းကို အစိုးရ အနေဖြင့် ငွေ၊ ပစ္စည်း၊ နည်းပညာ၊ ဈေးကွက်ရှာဖွေခြင်းများဖြင့် ထောက်ပံ့ ကူညီမှုများပြုလုပ်ပါက တည်ထောင်စကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်း အသစ် များ အရှိန်ရလာပြီး ဈေးကွက်အတွင်း အခြားလုပ်ငန်းများကို ယှဉ်ပြိုင် ထုတ်လုပ် လာနိုင်တော့မည် ဖြစ်ပါသည်။

(ဂ) အောင်မြင်မှုမရှိဘဲ စီးပွားရေးကျဆင်းနေသော စီးပွားရေး လုပ်ငန်းများ၊ လုပ်သားအများအပြားဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများ အကြောင်းကြောင်းကြောင့် မအောင်မမြင်ဖြစ်နေပါက ၄င်းစီးပွားရေး လုပ်ငန်း ပြန်လည်ကောင်းမွန်လာအောင် အဘက်ဘက်မှ ပံ့ပိုးကူညီခြင်း၊

ဤကဲ့သို့ မပြုလုပ်သဖြင့် စီးပွားရေးလုပ်ငန်းများ ပြိုလဲသွားပါက အလုပ်လက်မဲ့ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ၄င်းကဲ့သို့သော လုပ်ငန်း များကို အစိုးရမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ။

(ဃ) ပြည်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုခုသည် နိုင်ငံခြား ကုမ္ပဏီများ၏ ယှဉ်ပြိုင်မှုကိုမခံနိုင်ဘဲ ကျဆုံးရမည့် အခြေအနေရှိပါက အစိုးရအနေဖြင့် အဆိုပါလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီများနှင့် ယှဉ်ပြိုင်လာနိုင်သည်အထိ အဘက်ဘက်မှ ပံ့ပိုးကူညီမှုများပြုလုပ်ခြင်း၊

မကြာတော့သောကာလအတွင်း မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေး အသိုက်အဝန်း (Asean Economic Community-AEC)၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာသောအခါ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်သော ကုမ္ပဏီအဖွဲ့ အစည်း များသည် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အတွင်း တစ်ခြားနိုင်ငံများ ၏ စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်မှုကြုံတွေ့လာရတော့မည်ဖြစ်သည့်အပြင် စီးပွားရေးပိတ်ဆို့မှုများ လျှော့ချ လာသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်လာပါက ပြည်တွင်းလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့် ယခု ကတည်းက တစ်ခြားနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ရန်လိုအပ်မည်ဖြစ်ပါသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတစ်ခု သို့မဟုတ် လယ်ယာလုပ်ငန်း တစ်ခုခုကို အစိုးရမှငွေနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်သဖြင့် ၄င်းလုပ်ငန်း အနေဖြင့် ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်သည့်အပြင် ဈေးနှုန်း သက်သက် သာသာဖြင့် ထုတ်လုပ်နိုင်သဖြင့် အကျိုးကျေးဇူး နှစ်မျိုးရရှိနိုင်ပါသည်။ ကုန်ပစ္စည်း ပိုမိုထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏ ပိုမို တိုးတက်လာနိုင်သည့်အပြင် ဈေးနှုန်းသက်သက်သာသာဖြင့် ထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းကုန်ဈေးနှုန်း ကျဆင်းရေးကိုလည်း အထောက်အကူပြုနိုင်ပါသည်။

ဤနေရာတွင် အာဖရိကတိုက်ရှိ မာလာဝီ (Malawi)နိုင်ငံ အဖြစ်အပျက် တစ်ခုကို တင်ပြလိုပါသည်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်တွင် မာလာဝီနိုင်ငံတွင် မိုးခေါင်ခဲ့သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အကြီးအကျယ် ထိခိုက် ပျက်စီးသဖြင့် နိုင်ငံလူဦးရေ၏ ၄၀%ခန့်သည် အစာရေစာငတ်ပြတ်ပြီး ပြင်ပ နိုင်ငံများမှ အစားအသောက် အကူအညီထောက်ပံ့မှုများ ရယူခဲ့ရပါသည်။ သက္ကရာဇ် ၂၀၀၇ ခုနှစ်တွင် မာလာဝီနိုင်ငံတွင် မိုးရွာသွန်းမှုများ ကောင်းမွန် လာပြီး မာလာဝီနိုင်ငံ၏ အဓိကစိုက်ပျိုးရေးထုတ်ကုန်ဖြစ်သော ပြောင်းသီးနှံများ နိုင်ငံခြားသို့ ပြန်လည်တင်ပို့နိုင်သည်အထိ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ စိုက်ပျိုးရေး အခြေအနေ ပြန်လည်ကောင်းမွန်လာမှုသည် မိုးလေဝသအခြေအနေကောင်းလာမှု တစ်ခုတည်းကြောင့်မဟုတ်ဘဲ အစိုးရ၏ စိုက်ပျိုးရေးလုပ်ငန်းများ အပေါ်မျိုးစေ့ကောင်းများနှင့် ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သက် သာသာနှင့် ပံ့ပိုးပေး နိုင်သောကြောင့်လည်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် မာလာဝီနိုင်ငံ တွင် ပြောင်းသီးနှံ ထွက်ရှိမှုသည် ယခင်က တစ်ဟက်တာတွင် ၁.၂ တန် ထွက်ရှိ နေရာမှ ယခုအခါ ၂.၂ တန်အထိ ထွက်ရှိခြင်း ကြောင့်ဖြစ်သည်။ အလားတူပင်