စိတ်ကူးချိုချိုစာပေ
မောင်ဘို(မြန်အောင်) - ငွေကြေးဘဏ်စနစ်ဘဏ္ဍာရေးစျေးကွက်နှင့်အရင်းအနှီးစျေးကွက်များ
မောင်ဘို(မြန်အောင်) - ငွေကြေးဘဏ်စနစ်ဘဏ္ဍာရေးစျေးကွက်နှင့်အရင်းအနှီးစျေးကွက်များ
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤစာအုပ်ကို စာမြည်းဖတ်လိုပါက “စာမြည်းရန်အီးဘွခ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် ၄င်းအီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: ပုံနှိပ်စာအုပ် ၀ယ်ယူရန်အတွက်မူ “ပုံနှိပ်စာအုပ်” ဆိုသည်ကိုရွေး၍ (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍၀ယ်ယူပေးပါ။ ------------------------------------
စာရေးသူ၏အမှာ
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ(Asean) ၏ အသင်းဝင်နိုင်ငံတစ်ခု ဖြစ်ပါသည်။ ယခုအခါ အာဆီယံနိုင်ငံများသည် ဈေးကွက် စီးပွားရေးစနစ်ကို တည်ဆောက်ကြပြီး မိမိတို့နိုင်ငံ၏ စီးပွားရေးကို တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြပါသည်။ ထို့ အတူ မြန်မာနိုင်ငံသည်လည်း ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်အကောင်အထည်ဖော်လျက်ရှိပါသည်။ အာဆီယံနိုင်ငံများသည် အသင်းအဖွဲ့ တစ်ခုအနေဖြင့် စုပေါင်း၍ စီးပွားရေးလုပ် ငန်းများ ပူးပေါင်းဆောင်ရွက်ကြသည့်အခါ အသင်းဝင်နိုင်ငံများအားလုံး တက်ညီ လက်ညီ ဆောင်ရွက်ကြမှသာ အာဆီယံအသင်းကြီးသည် ကမ္ဘာ့အလယ်တွင် အခြားနိုင်ငံများနှင့်လည်းကောင်း မိမိတို့ ကဲ့သို့ နိုင်ငံများစုပေါင်းဖွဲ့စည်းထားကြ သည့် ဒေသအလိုက်စီးပွားရေးအုပ်စု နိုင်ငံများနှင့် လည်းကောင်း၊ ရင်ဘောင်တန်း ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ ။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံတွင် အသင်းဝင်နိုင်ငံ ပေါင်း (၁၀)နိုင်ငံရှိသည့်အနက် ဈေးကွက်စီးပွားရေးစနစ် ခိုင်မာစွာ တည်ဆောက်နိုင်ကြ ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ၊ ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံ များ အသင့်အတင့်ခိုင်မာစွာ တည်ဆောက်နိုင်ပြီး စီးပွားရေးအသင့်အတင့် ဖွံ့ ဖြိုးနေသော နိုင်ငံများနှင့် ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံများ ကောင်းမွန်စွာ မတည်ဆောက်နိုင်ကြသေးသဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျနေသော နိုင်ငံများ ဟူ၍ အမျိုးမျိုးရှိကြပါသည်။ ထိုအထဲတွင် ဈေးကွက်စီးပွားရေးစနစ်ခိုင်မာစွာ မတည်ဆောက်နိုင်သေးဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော နိုင်ငံ များမှာ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ဖြစ်ကြောင်းတွေ့ရှိရပါသည်။
မောင်ဘို(မြန်အောင်) အာဆီယံအသင်းအနေဖြင့် အာဆီယံအသင်းဝင် နိုင်ငံများအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်အတွက် ဖွံ့ဖြိုးမှုနောက်ကျနေသော လာအို၊ ကမ္ဘော ဒီးယားနှင့် မြန်မာနိုင်ငံများတွင် ဈေးကွက်စီးပွားရေးစနစ် ဖွံ့ ဖြိုးတိုးတက်မှု ရှိလာ
စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၅ခုနှစ်အမီ ထိုနိုင်ငံများတွင် အရင်းအနှီးဈေးကွက် (Capital Market)ဖွံ့ဖြိုးပြီးဖြစ်အောင် ဆောင်ရွက်ထားကြရန် အချိန်ကာလ သတ်မှတ်ထားကြောင်း သိရှိရပါသည်။ ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံများ မှာ နိုင်ငံတစ်ခုအတွင်း ငွေကြေးနှင့်ဘဏ်စနစ်(Money and Banking System), s 2369:54:03.08ı (Financial Market)ąp:1 gəq&:sa&:cquinzas (Capital Market)များ စနစ်တကျဖွဲ့စည်းတည်ဆောက်ထားရန် လိုသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ စနစ်တကျ ချောမွေ့စွာ
ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်း၌ နိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက် (Foreign Exchange Market)များ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေရန်လည်း လိုအပ်ပါသည်။
အာဆီယံအသင်းကြီးက အသင်းဝင်နိုင်ငံများအနက် ဖွံ့ဖြိုးမှုနောက်ကျ နေသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့တွင် အရင်းအနှီးဈေးကွက် (Capital Market)ကို သက္ကရာဇ် ၂၀၁၅ ခုနှစ်အမီ ဖွံ့ဖြိုးတိုးတက်မှုရှိအောင်
ဆောင်ရွက်ကြရန် အချိန်ကာလ သတ်မှတ်ပြီး တွန်းအားပေးဆောင်ရွက်နေရာ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးမှုအခြေအနေ မည်ကဲ့သို့ရှိသည်ကို လေ့ လာဆန်းစစ်ဖို့ လိုပေသည်။ သို့ဖြစ်လျှင် အရင်းအနှီးဈေးကွက်ဆိုတာဘာလဲ။ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးမှုရှိအောင် ဘာတွေလုပ်ရမည်လဲ၊ အရင်းအနှီးဈေးကွက် ဆိုသည်မှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို အခြေခံ၍ လုပ်ဆောင်နေသော ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာ ရန် အဆိုပါစီးပွားရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော ငွေရင်းငွေနှီးများ၊ လုံလုံလောက်လောက် စုဆောင်းရှာဖွေနိုင်ရန် လို ပါသည်။ ၎င်းကဲ့သို့ ငွေရင်းငွေနှီးများ ရှာဖွေစုဆောင်းနိုင်မည့် အစီအစဉ်များ ဖန်တီးပေးနိုင်မည့်ဈေးကွက်သည် အရင်းအနှီးဈေးကွက်ဖြစ်သည်။ သင်
သို့ဖြစ်လျှင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ အရင်းအနှီး ရှာဖွေ စုဆောင်းနိုင်မည့် ဈေးကွက်များသည် ဘာလဲ၊ ငွေကြေးအရင်းအနှီး ရှာဖွေစုဆောင်း နိုင်မည့်ဈေးကွက်များသည် အဓိကအားဖြင့် ကဏ္ဍနှစ်ခုရှိပါသည်။ ပထမတစ်ခု သည် ငွေချေးစာချုပ်ဈေးကွက် (Bond Market) ဖြစ်ပြီး နောက်တစ်မျိုးသည်
ငွေကြေး၊ ဘဏ်စနစ်၊ ဘဏ္ဍာရေးဈေးကွက်နှင့်အရင်းအနှီးဈေးကွက်များ အစုရှယ်ယာဈေးကွက်(Stock Market)ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငွေချေးစာချုပ် ဈေးကွက်နှင့် အစုရှယ်ယာ ဈေးကွက်များမည်မျှအထိ တိုးတက်ဖွံ့ဖြိုးနေကြပါ သနည်း။ ။
၂၀၁၀ခုနှစ်အစပိုင်းလောက်တွင် မြန်မာနိုင်ငံ၏ ဗဟိုဘဏ်က သက်တမ်း (၂)နှစ်ရှိသော ငွေတိုက်စာချုပ်(Treasury Bond)များ ထုတ်ဝေခဲ့ကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ နိုင်ငံတော်ဗဟိုဘဏ်က ငွေတိုက်စာချုပ်များ ထုတ်ဝေခြင်း သည် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက်ကို စတင်အကောင်အထည် ဖော်နိုင် ရန်အတွက် ကနဦး စတင်ဆောင်ရွက်မှုဖြစ်ကြောင်း မီဒီယာသတင်းများက ဆို ကြပါသည်။ ငွေချေးစာချုပ်များကို စီးပွားရေးကုမ္ပဏီများကလည်း ထုတ်ခွင့်ရှိရာ မြန်မာနိုင်ငံကုမ္ပဏီများက ငွေချေးစာချုပ်များထုတ်ဝေပြီး အရင်းအနှီးရှာဖွေသည့် လုပ်ငန်း စတင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ငွေချေးစာချုပ် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။
ထို့ နောက် အရင်းအနှီးဈေးကွက်၏ ကဏ္ဍတစ်ခုဖြစ်သော အစုရှယ်ယာ ဈေးကွက် စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ဂျပန်နိုင်ငံ ဒိုင်အဖွဲ့အစည်း (Diawa Institute of Research)က မြန်မာနိုင်ငံတွင် သုတေသနပြုပြီး လာ ရောက် ကူညီဆောင်ရွက်နေသော်လည်း ယခုအချိန်အထိ အစုရှယ်ယာ ရောင်းဝယ် ရေးဈေးကွက်(Stock Exchange)တစ်ခု ဖွဲ့စည်းဆောင်ရွက်နိုင်သေးခြင်း မရှိ
ကြောင်း တွေ့ရသည်။ ဂျပန်နိုင်ငံ ဒိုင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူး ပေါင်းပြီး မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ (Myanma Securities Exchange Centre Co., Ltd)(MSEC)og ops: ပြီး မြန်မာနိုင်ငံတွင် အစုရှယ်ယာထုတ်ဝေရောင်းချခွင့်ရှိသော အများပိုင်ကုမ္ပဏီ (Public Company)များမှ ထုတ်ဝေသော အစုရှယ်ယာများကို အများပြည်သူသို့
ရောင်းချပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ပေးနေကြောင်းသိရပါသည်။ သို့ ရာတွင် မြန်မာနိုင်ငံတွင် ဖွဲ့စည်းကြသော ကုမ္ပဏီအများစုသည် အစုရှယ်ယာ ထုတ်ဝေရောင်းချခွင့်မရှိသော (Private Company)များသာဖြစ်ပြီး အရင်းအနှီး ဈေးကွက်ကိုဖော်ဆောင်နိုင်မည့် အစုရှယ်ယာများ ထုတ်ဝေရောင်းချခွင့်ရှိသည့် အများပိုင်ကုမ္ပဏီ(Public Company)များ ဖွဲ့စည်းမှုနည်းပါးသဖြင့် မြန်မာ နိုင်ငံတွင် အစုရှယ်ယာရောင်းဝယ်ရေးဈေးကွက် (Stock Exchange) မပေါ် ပေါက် နိုင်သေးချေ။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှုနောက်ကျနေသေးသော လာအိုနိုင်ငံနှင့် ကမ္ဘော
မောင်ဘို(မြန်အောင်) ဒီယားနိုင်ငံများ၏ အခြေအနေကို တစေ့တစောင်း လေ့လာကြည့်သောအခါ
တောင်ကိုရီးယားနိုင်ငံ၏ (Stock Exchange)သည် မကြာခင်က ဖွင့်လှစ်ခဲ့ သော လာအိုနိုင်ငံ၏ (Stock Exchange)တွင် ပါဝင်ဆောင်ရွက်နေကြောင်းနှင့် လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်မည့် ကမ္ဘောဒီးယားနိုင်ငံ၏ (Stock Exchange) တွင်လည်း ပါဝင်ဆောင်ရွက်နေကြောင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ် မော်ဒန်သတင်းဂျာနယ်၏ သတင်းတစ်ပုဒ်က ဆိုထားပါသည်။ ဤသတင်း အရဆိုလျှင် လာအိုနှင့် ကမ္ဘောဒီယားနိုင်ငံများတွင် (Stock Exchange)များ ဖွဲ့စည်းပြီးနှင့် ဖွဲ့စည်းဆဲအခြေအနေတွင်ရှိကြောင်း တွေ့ရှိရပါသည်။ ဤအတိုင်း ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနိုင်ငံများကို အမှီလိုက်နိုင်ရန် အရင်း အနှီးဈေးကွက် ဖွံ့ဖြိုးမှုရှိလာစေရေးအတွက် အချိန်မီဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။
သို့ဖြစ်၍ ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်မည့် မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာဖြစ်ပေါ်လာရေးအတွက် ဈေးကွက်စီးပွားရေးစနစ်၏ အခြေခံများအကြောင်းနှင့် ၎င်းအခြေခံများ ဖွံ့ဖြိုး တိုးတက်မှုရှိစေရန်အတွက် ဆောင်ရွက်ရန်လိုအပ်ပုံ အကြောင်းများကို တင်ပြလိုက် ရပါကြောင်း။
မောင်ဘို(မြန်အောင်)
၂၀၁၁ ခုနှစ်
စာရေးသူ၏ အမှာ
အပိုင်း(၁) ငွေကြေးနှင့်ဘဏ်စနစ်
- ငွေဆိုတာ ဘာလဲ • ငွေအမျိုးအစား(သို့မဟုတ်)ငွေပေးချေမှုအမျိုးအစား ၈ ဘဏ်စနစ် • ဗဟိုဘဏ်၏ဆောင်ရွက်ချက်များ • ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ ဆောင်ရွက်ချက်များ
အပိုင်း(၂) ငွေကြေးမူဝါဒ
အပိုင်း(၃) ဘဏ္ဍာရေးဈေးကွက်များ
- ဘဏ္ဍာရေးဈေးကွက်များ၏လုပ်ဆောင်ချက်များ • ဘဏ္ဍာရေးဈေးကွက်များဖွဲ့စည်းတည်ဆောက်ထားမှု • ချေးငွေနှင့်အစုရှယ်ယာဈေးကွက် မူလဈေးကွက်နှင့် ဒုတိယဈေးကွက်





