Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ဘို(မြန်အောင်) - ကုပ္မဏီအကြောင်းရှယ်ရာအကြောင်း

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

ကုမ္ပဏီအကြောင်း ရှယ်ယာအကြောင်း ၊

အခန်း(၁)

 ဖွဲ့စည်းခြင်းနှင့်ကုမ္ပဏီအမျိုးအစား

မြန်မာနိုင်ငံတွင် ၁၉၈၉-၉၀ ခုနှစ်ကာလမှစ၍ ဈေးကွက်စီးပွားရေး စနစ် (Market Economy) ကို ပြန်လည်ကျင့်သုံးခဲ့ရာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ကြရန် ကုမ္ပဏီများ အများအပြား ဖွဲ့စည်းပေါ် ပေါက်လာခဲ့ပြီး ယခုအခါတွင် ကုမ္ပဏီများ ရာထောင်ချီ၍ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြပါသည်။ လူအတော်များများသည် ကုမ္ပဏီများနှင့် ဆက်ဆံဆောင်ရွက်နေကြသော်လည်း ကုမ္ပဏီ အကြောင်း သေချာစွာသိရှိသူ နည်းလှပါသည်။ အထူးသဖြင့် ကုမ္ပဏီများကို မည်ကဲ့သို့ ဖွဲ့စည်းထားသည်၊ ကုမ္ပဏီအမျိုးအစား ဘယ်နှစ်မျိုးရှိသည်၊ ကုမ္ပဏီ တစ်ခုကို မည်ကဲ့သို့ စီမံအုပ်ချုပ်ကြသည်၊ ကုမ္ပဏီ၏အစုရှယ်ယာများ မည်ကဲ့ သို့လွှဲပြောင်းရောင်းဝယ်ကြသည် စသည်များကို ကောင်းစွာ မသိရှိကြပေ။ သို့ဖြစ်၍ ကုမ္ပဏီအကြောင်းနှင့် ရှယ်ယာအကြောင်း သိကောင်းစရာများကို တင်ပြသွားလိုပါသည်။

ကုမ္ပဏီများဖွဲ့စည်းခြင်း

လက်ရှိ မြန်မာနိုင်ငံတွင်ရှိသော ကုမ္ပဏီများကို ဖွဲ့စည်းရာတွင် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ (Myanmar Companies Act) အရ ကုမ္ပဏီများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်၍ ဖွဲ့စည်း ရသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေကို ခေတ်အဆက်ဆက် ပြင်ဆင် သည့် ဥပဒေများထွက်ပေါ်ခဲ့ရာ ၁၉၅၅-ခုနှစ်တွင် ပြင်ဆင်သည့် အက်ဥပဒေ အမှတ် ၂၃/၅၅ ဖြင့် လည်းကောင်း၊ ၁၉၅၉-ခုနှစ်တွင် ပြင်ဆင်သည့် အက် ဥပဒေအမှတ် ၄၈/၅၉ ဖြင့်လည်းကောင်း၊ ၁၉၈၉-ခုနှစ်တွင် ပြင်ဆင်သည့် ဥပဒေအမှတ် ၂/၈၉ ဖြင့်လည်းကောင်း၊ ၁၉၉၁-ခုနှစ်တွင် ပြင်ဆင်သည့် ဥပဒေအမှတ် ၂/၉၁ ဖြင့်လည်းကောင်း အကြိမ်ကြိမ် ပြင်ဆင်ခဲ့ပါသည်။

ကုမ္ပဏီဖွဲ့စည်းရာတွင် ကုမ္ပဏီဖွဲ့စည်းရေးအတွက် စတင် အစုငွေ ထည့်ဝင်သူများက လက်မှတ်ရေးထိုးထားသည့် စာတမ်း၂-စောင်ကို ဥပဒေ အကျိုးဆောင်တစ်ဦးက ထပ်ဆင့်လက်မှတ်ရေးထိုးပြီး ကုမ္ပဏီများ မှတ်ပုံတင် ရုံးတွင် တင်ပြ၍ မှတ်ပုံတင်ရသည်။ ၎င်းစာတမ်း၂-စောင်မှာ သင်းဖွဲ့မှတ်တမ်း (Memorandum of Association) şę008:08:18: (Articles of Association) တို့ ဖြစ်ကြပါသည်။

သင်းဖွဲ့မှတ်တမ်း (Memorandum of Association) တွင် ကုမ္ပဏီ၏ အမည် ကုမ္ပဏီ၏လိပ်စာ၊ ကုမ္ပဏီ၏ရည်ရွယ်ချက်ဖြစ်သော ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ၊ အစုရှယ်ယာများ၏ ပေးရန်တာဝန်ကို ကန့်သတ်မှု (Limitation) ဖော်ပြချက် (သို့ဖြစ်၍ အဆိုပါကုမ္ပဏီနာမည်၏ နောက်တွင် Limited ဟု ဖော်ပြရသည်) မတည်အစုငွေရင်း (Share Capital) နှင့် အစု တစ်စုတန်ဖိုး မည်သို့သတ်မှတ်ထားကြောင်း ဖော်ပြရမည့်အပြင် ပါဝင်သော အစုရှင်တစ်ဦးစီ၏ အမည်နှင့်ယှဉ်တွဲ၍ အစုရှယ်ယာ မည်မျှပိုင်ဆိုင်ကြောင်း ဖော်ပြထားရမည်ဖြစ်ပြီး အစုဝင်များက လက်မှတ်ရေးထိုးထားရမည်။

သင်းဖွဲ့စည်းမျဉ်း (Articles of Association) သည် Private ကုမ္ပဏီဖြစ်ပါက အစုရှယ်ယာရှင်များအရေအတွက် သတ်မှတ်ချက်နှင့် အစုရှယ်ယာ နှင့်ပတ်သက်သော ကန့်သတ်ချက်များ ဖော်ပြချက်၊ ကုမ္ပဏီ၏ မတည်ရင်းနှီး ငွေ၊ အစုရှယ်ယာတန်ဖိုး၊ ကုမ္ပဏီ၏ ပထမဒါရိုက်တာများစာရင်း၊ ဒါရိုက်တာ များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ အထွေထွေအစည်းအဝေး (General Meeting) ကျင်းပရမည့်သတ်မှတ်ချက်များ၊ အမြတ်ဝေစု ခွဲဝေရေးကိစ္စများ၊ ရုံးဝန်ထမ်းများ ခန့်အပ်ရေးကိစ္စများ၊ ငွေစာရင်းထားရှိရေးကိစ္စ၊ စာရင်းစစ်များ ခန့်ထားရေးကိစ္စ၊ ကုမ္ပဏီတံဆိပ်တုံးအသုံးပြုပုံ၊ ကုမ္ပဏီဖျက်သိမ်းခြင်းစသည့်စည်းမျဉ်းစည်းကမ်းများ ဖော်ပြထားသော စာတမ်းဖြစ်ပါသည်။

ကုမ္ပဏီအမျိုးအစား

ကုမ္ပဏီအမျိုးအစား (၂) မျိုး ရှိပါသည်။ ပထမအမျိုးအစားမှာ အများ နှင့်မဆိုင်သောကုမ္ပဏီ (Private Company) ဖြစ်ပြီး နောက်တစ်မျိုးမှာ အများ နှင့်ဆိုင်သောကုမ္ပဏီ (Public Company) တို့ ဖြစ်ကြပါသည်။ အများနှင့် မဆိုင်သောကုမ္ပဏီ (Private Company) ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မြန်မာ နိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ (၂) ပုဒ်မခွဲ (၁၃) အရ “သင်းဖွဲ့စည်းမျဉ်း ဖြင့် ကုမ္ပဏီ၏အစုရှယ်ယာများကို လွှဲပြောင်းခွင့် ကန့်သတ်ထားခြင်း၊ ကုမ္ပဏီ တွင်ပါဝင်ခွင့်ရှိသော အစုရှင်အရေအတွက်ကို (၅၀) ဦးအထိ ကန့်သတ်ထား ခြင်း၊ အစုရှယ်ယာထည့်ဝင်ရေးအတွက် အများပြည်သူသို့ နှိုးဆော်ခြင်းကို တားမြစ်ထားခြင်း” စသည့် သတ်မှတ်ချက်များရှိသည့် ကုမ္ပဏီကို ဆိုလိုသည် ဟု ဖော်ပြထားပါသည်။ တစ်နည်းအားဖြင့် (Private Company) ဆိုသည်မှာ အစုရှယ်ယာရှင် (၅၀) ဦးအထိသာ ပါဝင်ခွင့်ရှိသော၊ အစုရှယ်ယာများကို လွှဲပြောင်းပေးခွင့်မရှိသော၊ အစုရှယ်ယာထည့်ဝင်ရေးအတွက် အများပြည်သူ တို့ ထုတ်ပြန်ကြေညာခွင့်မရှိသောကုမ္ပဏီကို ဆိုလိုပါသည်။

အများနှင့်ဆိုင်သောကုမ္ပဏီ (Public Company) ကို မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ပုဒ်မ-၂၊ ပုဒ်မခွဲ-(၁၃)(က) တွင် (Public Company) ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ပြီး (Private Company) မဟုတ်သည့် ကုမ္ပဏီဟု ဖွင့်ဆိုထားပါ သည်။ ဆိုလိုသည်မှာ အစုရှယ်ယာဝင်အရေအတွက် ကန့်သတ်ထားခြင်း မရှိသဖြင့် အစုရှယ်ယာဝင် (၅၀) ဦးထက် ပိုမိုပါဝင်နိုင်သော၊ အစုရှယ်ယာ လွှဲပြောင်းခွင့်ရှိသော၊ ကုမ္ပဏီ၏ရှယ်ယာများ ထည့်ဝင်ရေးအတွက် အများ ပြည်သူသို့ နှိုးဆော်ခွင့်ရှိသောကုမ္ပဏီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားသော ကုမ္ပဏီအများစုမှာ အများနှင့် မဆိုင်သောကုမ္ပဏီ (Private Company) များသာဖြစ်သည်။ အများနှင့်ဆိုင်သောကုမ္ပဏီ (Public Company) ဖွဲ့စည်းထားမှု မြန်မာနိုင်ငံတွင် အလွန်နည်း သေးသည်။ ယခင်ကပေါ်ပေါက်ခဲ့ဖူးသော ဖက်စပ်-၁၊ ဖက်စပ်-၂ စသည့် ဖက်စပ်ကုမ္ပဏီများသည် (Public Company) ပုံစံဖြင့် ဖွဲ့စည်းထားသည့်ကုမ္ပဏီများဖြစ်ကြသည်။ ယခုအခါ ၎င်းဖက်စပ်ကုမ္ပဏီများ ဖျက်သိမ်း ပြီးဖြစ် သည်။ သစ်တောဖက်စပ်ကုမ္ပဏီတစ်ခုသာ ကျန်သည်။ အခြား Public Company) များမှာ (F.M.I) ကုမ္ပဏီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ ပထမပုဂ္ဂလိကဘဏ်စသည်တို့ ဖြစ်ကြပါသည်။

အစုရှယ်ယာဈေးကွက်ဝင်ခွင့်ရသောကုမ္ပဏီ

ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် ကုမ္ပဏီပိုင်အစုရှယ်ယာများကို အလဲအလှယ်ပြုလုပ်ရောင်းချသည့် အစုရှယ် wsco:nans (Stock Exchange) op: 9038:38: pulbopsli puos New York Stock Exchange, London Stock Exchange, Tokyo Stock Exchange စသည်များသည် သက်ဆိုင်ရာနိုင်ငံများ၏ ကုမ္ပဏီများအတွက် အစုရှယ်ယာ များကို ရောင်းဝယ်ကြသည့်နေရာများဖြစ်သည်။ ထိုကဲ့သို့သော အစုရှယ်ယာ Goji pos (Stock Exchange) wp:0& Public Company op:03 clozę ရရှိပြီး အဆိုပါကုမ္ပဏီများကို ၎င်းရှယ်ယာဈေးကွက်၏ Listed Company များဟု ခေါ်ဝေါ်ကြပါသည်။

မြန်မာနိုင်ငံအစုရှယ်ယာဈေးကွက်အခြေအနေ

မြန်မာနိုင်ငံတွင် Public Company များ နည်းပါးနေသေးသဖြင့် အစု ရှယ်ယာဈေးကွက် (Stock Exchange) မပေါ်ပေါက်သေးပါ။ ဖက်စပ်-၁။ ဖက်စပ်-၂ စသည့် ဖက်စပ်ကုမ္ပဏီများ (၉) ခုအထိ ဖွဲ့စည်းပြီးသောအခါတွင် ဖက်စပ်ကုမ္ပဏီများအပါအဝင် သစ်တောဖက်စပ်၊ FMI Company စသည့် ကုမ္ပဏီများအပါအဝင် Public Company များ (၁၀) ခုကျော်ရှိလာသဖြင့် ရှယ်ယာရောင်းဝယ်ရေးကိစ္စများ၊ ရှယ်ယာဈေးကွက် စတင်ဖွဲ့စည်းနိုင်ရေး ကိစ္စများနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ Daiwa Institute of Research မှ မြန်မာ နိုင်ငံရှိ Public Company များကို လာရောက်လေ့လာစိစစ်ခဲ့ကြောင်း သိရှိရပါ သည်။ ထို့နောက် Daiwa Institute မှ ပုဂ္ဂိုလ်များနှင့် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ Myanmar Securities Exchange Centre Co., Ltd (MSEC) ကိုဖွဲ့စည်းခဲ့ပါသည်။ ၎င်း (MSEC) သည် ယခုအခါ Public Company များ၏ ရှယ်ယာရောင်းဝယ်ရေးကိစ္စများကို ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။ Public Company အများအပြား မပေါ်သေး သဖြင့် ရှယ်ယာဈေးကွက်ကိုမူ မဖွင့်လှစ်နိုင်သေးကြောင်း သိရပါသည်။

ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးပြီးသော နိုင်ငံများတွင် Public Company အများအပြားပေါ်ပေါက်နေပြီး အစုရှယ်ယာဈေးကွက်တွင် အစု ရှယ်ယာများ ရောင်းဝယ်ခြင်း၊ မိမိကုမ္ပဏီကို လုပ်ငန်းများတိုးချဲ့ရန်အတွက် ငွေကြေးအရင်းအနှီး လိုအပ်လာသည့်အခါ Public Company များအနေဖြင့် အစုရှယ်ယာဈေးကွက်တွင် ရှယ်ယာများ၊ Debenture ခေါ် ကြွေးမြီခံဝန်ချုပ် များကိုကြော်ငြာ၍ရောင်းချခြင်းဖြင့် ငွေကြေးအရင်းအနှီးများ ရှာဖွေစုဆောင်း နိုင်ကြပါသည်။ သို့ဖြစ်၍ ဤသို့ဆောင်ရွက်မှုများသည် ငွေကြေးအရင်းအနှီး ဈေးကွက် (Capital Market) တွင် ငွေကြေးအရင်းအနှီး ရှာဖွေစုဆောင်းခြင်း ဖြစ်သည်။

မိသားစုပိုင်ကုမ္ပဏီ ·

Market Economy သို့မဟုတ် Market Oriented Economy ခေါ် ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးလာကြသောအခါတွင် ပုဂ္ဂလိက စီးပွား ရေးလုပ်ငန်းများဆောင်ရွက်ကြရန် ကုမ္ပဏီအဖွဲ့အစည်းများပေါ်ပေါက်လာ ကြသည်။ မြန်မာနိုင်ငံတွင် ယခုလတ်တလောပေါ်ပေါက်နေသော ကုမ္ပဏီများ မှာ Private company များသာလျှင် ဖြစ်သည်။ Private Company ဆိုသည်မှာ သူဌေးတစ်ဦး (သို့မဟုတ်) သူဌေးမိသားစုတစ်စုက တည်ထောင်ထားသော၊ အစုရှယ်ယာဝင်ထားသောကုမ္ပဏီဖြစ်သည်။ တစ်နည်းအားဖြင့် သူဌေး၊ သူဌေးကတော်နှင့် သားသမီးများ ရှယ်ယာဝင်ထားသော ရှယ်ယာပိုင်ဆိုင် ထားသော ကုမ္ပဏီဖြစ်သည်။ အချို့ Private Company များတွင် သူဌေးနှင့် အပေါင်းအသင်းတစ်စု (သို့မဟုတ်) ဆွေးမျိုးတစ်ခု အစုရှယ်ယာ ထည့်ဝင် တည်ထောင်ထားသော မိသားစုပိုင်ကုမ္ပဏီဖြစ်သည်။ တိတိကျကျ ပြောရလျှင် အစုရှယ်ယာဝင် (၂) ဦးမှ (၅၀)ဦးအထိသာ ဝင်ရောက်ခွင့်ရှိသော ကုမ္ပဏီ၊ အစုရှယ်ယာများကို လွှဲပြောင်းရောင်းချခွင့်မရှိသော ကုမ္ပဏီဖြစ် သည်။ ထို့အပြင် Stock Exchange ခေါ် စတော့ရှယ်ယာဈေးကွက်တွင် ပါဝင် ရောင်းချခွင့်မရှိသော ကုမ္ပဏီလည်းဖြစ်သည်။

အများပိုင်ကုမ္ပဏီ

Public Company ခေါ် အများနှင့်ဆိုင်သောကုမ္ပဏီ (သို့မဟုတ်) အများပိုင် ကုမ္ပဏီမှာ ထိုသို့မဟုတ်ပေ။ အစုရှယ်ယာရှင်အရေအတွက် အကန့် အသတ်မရှိ ဝင်ရောက်ခွင့်ရှိသည်။ အစုရှယ်ယာများကို လွှဲပြောင်းရောင်းချ ခွင့်ရှိသည်။ ကုမ္ပဏီမှ အစုရှယ်ယာများထုတ်ဝေရန်အတွက် အများပြည်သူ သို့ နှိုးဆော်ခွင့်ရှိသည်။ Stock Exchange ခေါ် စတော့ရှယ်ယာဈေးကွက်တွင် ပါဝင်ရောင်းချခွင့်ရှိသော ကုမ္ပဏီမျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်ချိန်က ပေါ်ပေါက်ခဲ့သော ဖက်စပ်-၁၊ ဖက်စပ်-၂၊ ဖက်စပ်-၃ စသော ဖက်စပ်ကုမ္ပဏီ များသည် အများပိုင်ကုမ္ပဏီ (သို့မဟုတ်) အများနှင့်ဆိုင်သော ကုမ္ပဏီ (Public Company) များ ဖြစ်သည်။ ယခုရှိနေသော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း၊ First Myanmar Investment Company အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီအုပ်စု (National Deployment Company Group Ltd)၊ မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (MICTDC) ပထမ ပုဂ္ဂလိကဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ် စသည်တို့သည် လက်ရှိ လူသိများသော Public Company များ ဖြစ်ကြပါ သည်။

ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေးလုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်နေသော နိုင်ငံကြီးများဖြစ်ကြသည့် အမေရိက၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယား စသော နိုင်ငံများရှိ လူသိများသော နာမည် ကြီး ကုမ္ပဏီများသည် Public Company များဖြစ်ကြသည်။ ဥပမာအားဖြင့် Microsoft ကုမ္ပဏီ၊ British Airway လေကြောင်းကုမ္ပဏီ၊ Hong Kong and Shanghai Banking Corporation (HSBC)ဗြိတိသျှဘဏ်လုပ်ငန်း Toyota, Nissan, Honda စသော ကားကုမ္ပဏီကြီးများ Toshiba, Sony, Daewoo, Sam Sung စသော လျှပ်စစ်ကုမ္ပဏီကြီးများသည် Public Company များ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံရှိ ကမ္ဘာကျော်ဘောလုံးအသင်း Manchester United အသင်းသည် Public Company တစ်ခုဖြစ်သည်။ ရှယ်ယာအရောင်း အဝယ်လုပ်ငန်းများ ထွန်းကားတွင်ကျယ်နေသော အင်္ဂလန်နိုင်ငံတွင် ရှယ်ယာ ဈေးကွက်တွင် ကြိုက်ဈေးပေး၍ ရှယ်ယာများ ဝယ်နိုင်ကြသဖြင့် Manchester United အသင်းပိုင်ရှယ်ယာအများအပြားကို ဝယ်ယူခဲ့ကြရာ အမေရိကန်သူဌေး ဂလေဇာမိသားစုက Manchester United ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ အလားတူပင် အင်္ဂလန်နိုင်ငံ Chelsea ဘောလုံး အသင်းသည်လည်း အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ရာ ရုရှသူဌေး အေဗရာ မိုဗစ်(ချ်)က ရှယ်ယာအများစုကို ပိုင်ဆိုင်ထားကြောင်း သိရှိရပါသည်။