Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

မောင်ဗေဒါ - ဒေးလ်ကာနက်ဂျီ၏ပရိသတ်ရှေ့ဟောပြောနည်း

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

အပိုင်း(၁)

မိမိကိုယ်ကို ယုံကြည်မှုနှင့် ခွန်အားသတ္တိကို တည်ဆောက်ခြင်း

ကျွန်ုပ်၏ နည်းနာများကို အသုံးပြု၍ ပို့ချပေးသော ပရိသတ်ရှေ့ စကားပြောနည်း” သင်တန်းများကို စာရင်းသွင်းလာကြသူ လူအများ ပြောလေ့ရှိသော စကားများမှာ အံ့အားသင့်ဖွယ်ကောင်းအောင် တူညီနေလေ့ရှိပါ သည်။ “ကျွန်တော်ကတော့ စကားပြောဖို့ စင်ပေါ်ရောက်ရင် ကိုယ့်ကိုယ် ကိုယ် အရမ်းသတိထားပြီး ကြောက်ရွံ့နေတယ်။ ပြောဖို့ရည်ရွယ်ထားတာ တွေကိုလည်း မေ့မေ့လျော့လျော့နဲ့ အာရုံမစိုက်နိုင်ပါဘူး။ ကျွန်မ ကတော့ လူရှေ့မှာ ယုံကြည်မှုရှိရှိ အများလက်ခံအောင် အစီအစဉ်တကျ ရှင်းရှင်း လင်းလင်း ပြောတတ်ဆိုတတ်ချင်တယ်” စသဖြင့် ဖြစ်ပါသည်။ သူတို့၏ ဖွင့်ဟဝန်ခံချက် ထောင်ပေါင်းများစွာမှာ ထိုနည်းနှင်နှင်ပင်ဖြစ်ပါ၏။

ပို၍တိကျရှင်းလင်းအောင် သာဓကပြရလျှင် လွန်ခဲ့သော နှစ်များ စွာက မစ္စတာဒီဒဗလျူဂျန့်အမည်ရှိ လူကြီးလူကောင်း အမျိုးသားတစ်ဦး ဖီလာဒယ်ဖီးယားတွင်ရှိသော ကျွန်ုပ်၏ စကားပြောနည်းသင်တန်းတွင် တက် ရောက်ခဲ့ပါသည်။ သင်တန်းအစပိုင်းအချိန်ပြီး၍ မကြာမီ ကျွန်ုပ်ကို ကုန်ထုတ်လုပ်ငန်းရှင်များအသင်း၌ သူနှင့်အတူ နေ့လယ်စာ စားရန် ဖိတ်ခေါ် ခဲ့ပါသည်။ သူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်နေသူ တစ်ယောက်၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူ တစ်ယောက်ဖြစ်ပါသည်။ ထိုနေ့က နေ့လယ်စာကို အတူစားရင်း သူက စားပွဲခုံပေါ်ခါးကို ကိုင်းကာ ဤသို့ဆိုပါသည်။

စုဝေးပွဲတွေရှိလာရင် ကျွန်တော့်ကို စကားပြောပေးဖို့ တောင်းဆို တာ ခဏခဏခံရတယ်။ ဒါပေမဲ့ ကျွန်တော်တစ်ခါမှ မလုပ်နိုင်ခဲ့ဘူး။ စိတ် တွေလှုပ်ရှားလွန်းလို့ ဆွံ့အသွားခဲ့တာချည်းပဲ။ ဒါကြောင့်လည်း စကားပြောဖို့ ကျွန်တော်အမြဲ လက်ရှောင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်ဟာ ကောလိပ်ကျောင်းတစ်ကျောင်းရဲ့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ တစ်ဖွဲ့ မှာ ဥက္ကဋ္ဌဖြစ် လာပြီ။ အစည်းအဝေးတွေကို ကျွန်တော်ဦးဆောင်တာဝန် ယူရတော့မယ်။ ဘာပဲဖြစ်ဖြစ် စကားပြောရတော့မယ်။ ခင်ဗျားအမြင်မှာ ဒီအရွယ်ကြီးရောက်မှ ကျွန်တော်စကားပြောသင်လို့ ရပါဦးမလား” ။

ကျွန်တော့်အမြင်၊ ဟုတ်လား မစ္စတာဂျန့်၊ ကျွန်ုပ်က ပြန်မေး လိုက်ပါသည်။ “ဒါကျွန်တော့်အမြင်ကို မေးခွန်းထုတ်ရမယ့် ကိစ္စ မဟုတ်ပါ ဘူး။ ခင်ဗျား လုပ်နိုင်တယ်ဆိုတာကို ကျွန်တော်သိတယ်။ ပြီးတော့ ခင်ဗျား သာ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ခဲ့ရင် ခင်ဗျားဖြစ်မှာပဲ ဆိုတာ ကျွန်တော်သိတယ်” ။

သူသည် ယုံကြည်ချင်သော်လည်း ကျွန်ုပ်၏စကားက အားတက် အောင် အကောင်းမြင်စိတ်နှင့် ပြောပုံရသည်ဟု ယူဆပုံရ၏။ “ခင်ဗျား စကားက ကျွန်တော့်ကို အားတက်အောင် သက်သက်ညှာညှာပြောပေး သလို ဖြစ်နေပြီ။”

သင်တန်းပြီးသွားသည့်နောက် ကျွန်ုပ်တို့ ခေတ္တအဆက်ပြတ်သွား ခဲ့ပါသည်။ နောက်ပိုင်း ကုန်ထုတ်လုပ်ငန်းရှင်များ အသင်းမှာပင် နေ့လယ်စာ စားရင်း တစ်ကြိမ်ဆုံမိကြသည်။ ပထမဆုံး အကြိမ်တွေ့စဉ်က စားပွဲမှာပင် ထိုင်မိကြပြန်ပါသည်။ ယခင်က ပြောဆိုဆွေးနွေးဖြစ်ကြ သည့်အကြောင်းကို အစပြန်ဖော်ရင်း ထိုအချိန်က ကျွန်ုပ်သူ့ အပေါ် မျှော်လင့်ချက်ထား လွန်းမိခဲ့ ပါသလားဟု သူ့ကို မေးလိုက်ပါသည်။ သူက အင်္ကျီအိတ်အတွင်းမှ အနီ ရောင်မှတ်စုစာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူလိုက်ပြီး သူရက်ချိတ်ထားသည့် ဟောပြောပွဲများနှင့် ရက်စွဲများပါသော စာရင်းတစ်ခုကို ကျွန်ုပ်ကိုပြပါသည်။ “ဒီလို လုပ်ဆောင်လာနိုင်စွမ်း၊ လုပ်နေရင်းနဲ့ရတဲ့ စိတ်ချမ်းသာမှု၊ အဖွဲ့အစည်းအတွက် ကျွန်တော် ပေးနိုင်တဲ့ အပိုဝန်ဆောင်မှု၊ ဒါတွေဟာ ဘဝမှာ ကျေးဇူးတင်ထိုက်ဆုံး အရာတွေ ထဲမှာပါတယ်”ဟု သူက ဖွင့်ဟခဲ့ပါသည်။

ယင်းမတိုင်မီကလေးကမှ အရေးပါသော လက်နက်ဖျက်သိမ်းရေး ညီလာခံတစ်ခုကို ဝါရှင်တန်၌ ကျင်းပခဲ့ပါသည်။ ထိုပွဲကို ဗြိတိန်ဝန်ကြီး ချုပ် တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသောအခါ ဖီလာဒယ်ဖီးယား နှစ်ခြင်းခရစ်ယာန်အသင်းတော်က သူတို့၏ မြို့တော်၌ ကျင်းပမည့် ခမ်းနား ကြီးကျယ်သော ဘာသာရေးပွဲတော်တွင် ကြွရောက်မိန့်ခွန်းပြော ကြားပေးရန်ကြေးနန်းရိုက်ဖိတ်ကြားခဲ့ပါသည်။ မစ္စတာဂျန့်က တစ်မြို့လုံးရှိ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင် အားလုံးတွင်မှ အင်္ဂလန်ဝန်ကြီးချုပ်ကို ပရိသတ်နှင့် မိတ်ဆက်ပေးရမည့် သူအဖြစ် သူ့ကိုရွေးချယ်ခံရကြောင်း ကျွန်ုပ်ထံ လှမ်း အကြောင်းကြားခဲ့ပါသည်။

ဤလူသည်ပင် လွန်ခဲ့သော သုံးနှစ်ခန့်က တစ်စားပွဲတည်းတွင် ထိုင်၍ ပရိသတ်ရှေ့တွင် သူစကားပြောနိုင်ပါ့မလားဟု ကျွန်ုပ်၏အမြင်ကို အလေးအနက်ထား မေးမြန်းခဲ့သော လူတစ်ယောက်ဖြစ်ခဲ့ပါသည်။

သူ၏ စကားပြောစွမ်းရည်တွင် တစ်ဟုန်ထိုး တိုးတက်လာသော လျင်မြန်မှုမှာ သမားရိုးကျမဆန်ဖြစ်နေပါသလား။ လုံးဝမဟုတ်ရပါ။ ဤလို ပုံစံမျိုး၊ ဤလိုဆင်တူသော ကိစ္စမျိုးရာနှင့်ချီ၍ ရှိပါသည်။ နောက်ထပ် ဥပမာတစ်ခုကို တင်ပြရပါလျှင် ဒေါက်တာကားတစ်ဟုခေါ်သည့် ဘရွတ် ကလင်းမြို့မှ သမားတော်တစ်ယောက်သည် ဖလော်ရီဒါရှိ ဂျိုင်းယင့် (Giants) ဘေ့စ်ဘောအသင်းကြီး၏ လေ့ကျင့်ရေး ကွင်းများအနီး၌ ဆောင်းခိုခဲ့ သည်။ သူသည် ဘေ့စ်ဘောဝါသနာရှင် ပရိသတ်တစ်ဦးဖြစ်ရာ ကစားသမား များ လေ့ကျင့်ရေးဆင်းရာသို့ သွားကြည့်လေ့ရှိသည်။ အချိန်ကြာလာတော့ အသင်းသားများနှင့် အတော်လေး ကျွမ်းဝင်လာခဲ့သည်။ ကစားသမားများ အတွက် ဂုဏ်ပြုထမင်းစားပွဲတစ်ခုသို့ သူ့ကိုပါ ဖိတ်ကြားခဲ့ပါသည်။

စားသောက်ဖွယ်ရာတို့ကို တည်ခင်းပြီး ခဏအကြာ၌ ထင်ရှား သော ဧည့်သည်တော်များကို စကားအနည်းငယ် မြွက်ကြားစေပါသည်။ ရုတ်တရက်ဆိုသလို မမျှော်လင့်ဘဲနှင့် အခမ်းအနားမှူးထံမှ ကြေညာချက် တစ်ခုကို သူကြားလိုက်ရသည်။

ဒီ နေ့ည ကျွန်တော်တို့နဲ့အတူ သမားတော်တစ်ယောက် ရှိနေပါ တယ်။ ကျွန်တော်တို့ ဒေါက်တာကားတစ်ကို အားကစားသမားတွေရဲ့ ကျန်းမာရေးအတွက် စကားအနည်းငယ်လောက် ပြောကြားပေးဖို့ ဖိတ်ခေါ် လိုက်ရအောင်”။ ။

သူပြင်ဆင်ထားခဲ့ပါသလား။ သေချာတာပေါ့။ သူ့မှာ ကမ္ဘာ့ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားမှု ရှိပါသည်။ တစ်ကိုယ်ရေနှင့် ပတ်ဝန်း ကျင် သန့်ရှင်းရေးကို စဉ်ဆက်မပြတ်လေ့လာနေပြီး ဆေးပညာကို သူလက်တွေ့ အသုံးချလာခဲ့သည်မှာ ရာစုနှစ်၏ သုံးပုံတစ်ပုံခန့်ပင် ရှိပါပြီ။ ဤဘာသာရပ်အကြောင်းကို သူထိုင်နေသော ကုလားထိုင်ပေါ်မှနေ၍ ဘေး ဘယ်ညာတွင် ရှိနေသူများကို ပြောရမည်ဆိုပါက မိုးလင်းပေါက်အောင် သူပြောနိုင်ပါသည်။ သို့သော် မတ်တတ်ရပ်ပြီး လူနည်းစုသော ပရိသတ်ကို ပင် ဤအကြောင်းအရာကို ပြောရမည်ဆိုတာကတော့ မတူတော့သော ကိစ္စ ဖြစ်သွားပါသည်။ ဒါက တုံ့ဆိုင်းရွံ့ထိတ်စရာ ကိစ္စဖြစ်သည်။ သူ့နှလုံးသား က စည်းလွတ်ဝါးလွတ် ခုန်နေခဲ့သည်။ သူ့ဘဝမှာ လူရှေ့သူရှေ့တွင် တစ်ကြိမ်တစ်ခါမျှ စကားပြောခဲ့ဖူးခြင်း မရှိပေ။ သူ့တွင် ရှိထားသော အတွေးများလည်း ယခုအချိန်ဝယ် ကြက် ပျောက်ငှက်ပျောက် ပျောက်ကုန် ကြသည်။ တစ် ( သူဘာလုပ်ရပါ့မလဲ။ ပရိသတ်ကလည်း လက်ခုပ်သြဘာပေးနေ ကြပြီ။ လူတိုင်းကလည်း သူ့ကိုကြည့်နေကြသည်။ သူက ခေါင်းကိုယမ်း လိုက်သည်။ သို့သော် ယင်းကတောင်းဆိုသည့် လက်ခုပ်သံများကိုသာ ပိုညံလာစေခဲ့သည်။ “ဒေါက်တာကားတစ်ပြောပါ။ ဒေါက်တာကားတစ် ပြောပါ”ဆိုသည့် အားပေးသံများမှာ ကျယ်လောင်သည်ထက် ကျယ်လောင် လာသည်။ ။

သူ့ခမျာ တကယ့်ကို အခက်တွေ့နေခဲ့ခြင်းဖြစ်သည်။ သူသာ စကားထပြောလိုက်လျှင် ဆယ်ခွန်းပြည့်အောင် ဖြောင့်ဖြောင့်တန်းတန်း ပြော နိုင်မည်မဟုတ် ဆိုသည်ကို သူသိနေခဲ့သည်။ သူသည် အရှက်ကြီး ရှက် လျက် စကားတစ်ခွန်းကိုမှမဆိုဘဲ နေရာမှထကာ သူ့ မိတ်ဆွေများကို ကျော ခိုင်း၍ တိတ်တိတ်ဆိတ်ဆိတ်ပင် အခန်းတွင်းမှ ထွက်လာခဲ့ပါသည်။

ဘရွတ်ကလင်းသို့ သူပြန်ရောက်သည်နှင့် ပထမဆုံးလုပ်ဆောင် သည့် အရာတစ်ခုမှာ ကျွန်ုပ်၏ “ပရိသတ်ရှေ့ စကားပြောနည်း သင်တန်း တွင် စာရင်းသွင်းခဲ့ခြင်း ဖြစ်ပါသည်။ သူသည် ဒုတိယအကြိမ် အရှက်တကွဲ အကျိုးနည်း အဖြစ်မခံတော့ပါ။

သူက သင်ပြပေးသူ ဆရာသဘောတွေ့တတ်သည့် သင်တန်းသား မျိုးဖြစ်ပါသည်။ လိုချင်စိတ်လည်း ပြင်းပြသည်။ သူသည်စကားကို ကောင်းကောင်း ပြောနိုင်ချင်သည်။ သူ့ဆန္ဒနှင့် ပတ်သက်၍ စိတ်မပါလက်မပါ ပုံပန်းမျိုးတွင် လုံးဝမရှိပေ။ သူသည် ပြောရမည့် စကားများကို စေ့စေ့ စပ်စပ် ပြင်ဆင်သည်။ စိတ်ပါလက်ပါ လေ့ကျင့်သည်။ သင်တန်းချိန် တစ်ချိန်မှ သူမလွတ်ဖူးပေ။

သင်တန်းသားတစ်ယောက် လုပ်မြဲအရာအားလုံးကို သူ တိတိ ကျကျ လိုက်နာလုပ်ဆောင်သည်။ သူသည် သူ့ကိုယ်သူပင် အံ့အားသင့်လောက်သည့် သူအလိုလားဆုံး မျှော်လင့်ချက်ကို ကျော်လွန်သည့် နှုန်းမျိုးနှင့် တိုးတက်လာခဲ့ပါသည်။ ပထမဆုံး သင်တန်းချိန် အနည်း ငယ်တက်ပြီးသည့် နောက် သူ၏ စိုးရိမ်လွန်မှုများလည်း လျော့နည်းသွားခဲ့သည်။ သူ၏ ယုံကြည်စိတ်များမှာလည်း မြင့်မားသည်ထက် မြင့်မားလာခဲ့သည်။ နှစ်လ အတွင်း၌ သူသည်သူ၏ အဖွဲ့တွင် ထင်ပေါ်သော စကားပြောကောင်းသူ တစ်ယောက်ဖြစ်လာခဲ့သည်။ မကြာခင်မှာပင် အခြားနေရာများတွင်ပါ စကားပြောရန် ဖိတ်ခေါ်မှုများကို သူလက်ခံလာရသည်။ ယခုတော့ ပရိသတ်ရှေ့ စကားပြောခြင်းမှ ရသော စိတ်လှုပ်ရှား ပျော်ရွှင်သည့်အရသာ၊ ထူးခြား ထင်ပေါ်မှုနှင့် ယင်းကမှတစ်ဆင့် မိတ်ဆွေ အသိုင်းအဝိုင်း ကျယ်ပြန့်လာခြင်း တို့ကို သူခုံမင်လာခဲ့ပါပြီ။

နယူးယောက်မြို့တော် ရီပတ်ဘလစ်ကန်ပါတီ မဲဆွယ်စည်းရုံး ရေး ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက သူ၏ဟောပြောချက်တစ်ခုကို နားထောင် မိပြီး သူ၏ ပါတီအတွက် မြို့တော်တွင် လှည့်လည်မဲဆွယ်စည်းရုံးရန် ဒေါက်တာကားတစ်ကို ဖိတ်ခေါ်ခဲ့ပါသည်။ သူ့အတွက် မဲဆွယ် စကားပြော ပေးမည့်သူက လွန်ခဲ့သော တစ်နှစ်ကမှ ပရိသတ်ကြောက်စိတ်နှင့် ဆံ့ အ ကာ ဂုဏ်ပြု ထမင်းစားပွဲကြီး တစ်ခုမှ အရှက်တကွဲ ထပြန်ခဲ့ရသည့်အဖြစ်ကို

မိတ်ဆက်

ဒေးကာနယ်ဂျီ နာမည်ဟာ How to win friends and Influence People'စာအုပ်အမည်နဲ့ နှစ်ပေါင်းအတော်ကြာအောင် တွဲလျက် ကျော်ကြား ခဲ့ပါတယ်။ အဆိုပါစာအုပ်ဟာ သုတစာပေလိုင်းမှာ အရောင်းတကာ့ အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး သူ့ကိုပါ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားစေခဲ့ပါတယ်။ ဒါပေမဲ့ How to win friends and Influence | People' စာအုပ်ဟာ ဒေးကာနယ်ဂျီပထမဆုံးရေးသားတဲ့ စာအုပ်တော့ မဟုတ်ပါဘူး။

၁၉၂၆ ခုနှစ်မှာ ဒေးကာနယ်ဂျီဟာ 'Public Speaking and Influencing Men in Business'ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါသည်။ ဒီစာအုပ်ဟာ ပရိသတ်ရှေ့ စကားပြောခြင်းနဲ့ဆိုင်တဲ့ စံပြစာအုပ် တစ်အုပ်ဖြစ် ပြီး ယနေ့အချိန်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ စကားပြောဆိုခြင်းနှင့် ပေါင်းသင်း ဆက်ဆံရေးဆိုတဲ့ ကမ္ဘာကျော် ဒေးကာနယ်ဂျီသင်ရိုးရဲ့ တရားဝင်ပြဋ္ဌာန်း စာအုပ်တွေထဲက တစ်အုပ်ဖြစ်လာပါတယ်။ ဝိုင်အမ်ဘီအေ စကားပြော ကလပ်အတွက်လည်း ပြဋ္ဌာန်းစာအုပ် ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို အုပ်ရေ ပေါင်း သိန်းချီအောင် ထုတ်ဝေရောင်းချခဲ့ရပြီး ဘာသာစကား အမျိုးပေါင်း ၂ဝ လောက်နဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ပြန်ဆိုထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စာဖတ်သူ ပရိသတ်အများစု သတိထားမိလောက်တဲ့ စာအုပ်တော့ မဖြစ်ခဲ့ပါဘူး။

မကြာခင်က စာနယ်ဇင်းအစည်းအရုံးက ထုတ်ဝေသူတစ်ယောက် က ကျွန်မခင်ပွန်းဟောင်းရဲ့ အစောပိုင်းက ရေးသားခဲ့တဲ့ စာအုပ်တွေကို ပြင်ဆင်တည်းဖြတ်ပြီး ပြန်ထုတ်ရရင် ပေါက်နိုင်တယ်လို့ ပြောလာပါတယ်။ ဒီစာအုပ်မှာ နေ့စဉ်ဘဝနေထိုင်မှုအတွက် တန်ဖိုးရှိတဲ့ အတွေးအခေါ်များစွာ ပါဝင်တယ်ဆိုတာကို သူတို့လည်း ကျွန်မလိုပဲ ခံစားကြရပါတယ်။ ဒေးကာ နယ်ဂျီသင်တန်းက ယခုအချိန်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို ကမ္ဘာတစ် ဝန်း ပျံ့နှံ့စေခဲ့ပြီး သင်တန်းဆင်းသူများ စွာကို မွေးထုတ်ပေးခဲ့ပြီဖြစ်ပါတယ်။ ဒီသင်တန်းကနေ လူတွေကို သူတို့ ပိုင်ဆိုင်ထားတဲ့ ပင်ကိုအရည်အချင်းတွေ ကို ဖော်ထုတ်ခြင်းဖြင့် ပိုပြီး ခွန်အားသတ္တိရှိတဲ့၊ ပိုပြီးပျော်ရွှင်တဲ့၊ ပိုပြီး စည်ပင်ဝေဆာတဲ့ ဘဝတစ်ခုကို ရရှိနိုင်အောင် ကူညီပေးပါတယ်။

ဒီစာအုပ်မှာ ကျွန်မတို့ရဲ့ သင်တန်းသားတွေကို အောင်မြင်မှု ပန်းဆွတ်လှမ်းနိုင်အောင် ကူညီပေးခဲ့တဲ့ ဉာဏ်ပညာပြည့်ဝတဲ့ စကားတွေ များစွာပါဝင်ပါတယ်။ ဒီစာအုပ်ကို မထုတ်ဝေခင် သေသေချာချာ ပြန်ဖတ် ကြည့်လိုက်တော့ အကြောက်တရားကို ကျော်လွှားပြီး မိမိကိုယ်ကို ယုံကြည်မှု ရယူဖို့အတွက် အမြော်အမြင်ရှိတဲ့ စည်းမျဉ်းတွေ ဘယ်လောက် ပါဝင်နေ တယ်ဆိုတာကို သိမြင်လာပါတယ်။ တစ်ဦးတစ်ယောက်ချင်းပဲ ဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲ ဖြစ်ဖြစ် လူတွေနဲ့ တွေ့ဆုံရာမှာ ထိထိရောက်ရောက် စကားပြော နိုင်အောင် လူတိုင်းကို ကူညီပေးမယ့် လက်တွေ့နည်း လမ်းတွေနဲ့ အကြံပြု ချက်တွေကို ဒီစာအုပ်မှာ ပေါင်းထည့်ပေးထားတာ ဖြစ်ပါတယ်။

စာဖတ်သူ ပရိသတ်များလည်း ဒီစာအုပ်ကနေတစ်ဆင့် ဒေးကာ နယ်ဂျီသင်တန်းသားများ သင်ယူရရှိသလောက်ကို ရရှိနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ဒေါ်ရိုသီ ကာနယ်ဂျီ

 

မာတိကာ

(၁) မိမိကိုယ်ကို ယုံကြည်မှုနှင့် ခွန်အားသတ္တိကိုတည်ဆောက်ခြင်း ၁ (၂) ပြင်ဆင်မှုမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုယူခြင်း ၂၀ (၃) နာမည်ကျော်ဟောပြောသူတို့၊ သူတို့၏ ဟောပြောချက်

များအား ပြင်ဆင်ပုံ (၄) အောင်မြင်သော ဟောပြောမှု၌ မရှိမဖြစ်လိုအပ်သောအရာ (၅) ကောင်းမွန်သော ပို့ချပြောဆိုမှု၏ လျှို့ဝှက်ချက် (၆) ပိုင်နိုင်သော ကိုယ်ရည်ကိုယ်သွေးကို စင်တင်ခြင်း (၇) ဟောပြောချက်တစ်ခုအား စဖွင့်ပုံ (၈) ဟောပြောချက်တစ်ခုအား နိဂုံးချုပ်ပုံ