မောင်ဖြူး - ရာဘင်ဒရာနတ်တဂိုးစာပဒေသာ
သူငယ့်အာဘော်
နက္ခတ်ဆရာ
ကျွန်တော် မေးရုံမေးပါတယ်။ ညဉ့်ဦးယံမှာ လပြည့်ဝန်းကြီးဟာ မအူကိုင်းတွေ ကြားမှာ ထွေးငြိနေတဲ့အခါ ဘယ်သူမှ သူ့ကို ဖမ်းမယူနိုင်ဘူးလား”
ဒါပေမဲ့ ကိုကိုက ကျွန်တော့်ကို ပြောင်တယ်။ “ကောင်လေး၊ မင်းလောက် မိုက်တာ ရှိသေးမယ် ငါမထင်ဘူး။ ဖိုးလမင်းဟာ ငါတို့နဲ့ အင်မတန် ဝေးလံတာကို ဘယ်သူက ဖမ်းယူနိုင်မလဲကွ”
ကျွန်တော်က ပြန်ပြောတယ်။ “ကိုကို ဘာသိသလဲ၊ ကျွန်တော်တို့ ကစားစဉ် ပြတင်းပေါက်က ပြုံးပြီးတော့ မေမေ ပြုံးရယ်တဲ့အခါ မေမေ့ကို ဝေးတယ် လို့ ဆိုမလား။”
ဒါပေမဲ့ ကိုကိုက ပြောသေးတာပဲ။ အ သေးတဲ့ညီရယ်၊ လမင်းကို ဖမ်းယူ နိုင်လောက်အောင် ကြီးတဲ့ ကွန်ကြီးကို ဘယ်သွားရှာမတုန်း။”
ကျွန်တော်က ပြောတယ်။ လက်နှစ်ဖက်နဲ့ ဖမ်းမှာပေါ့။”
သည်တော့ ကိုကိုက တအားရယ်ပြီး ပြောတယ်။ “မင်းလောက် မိုက်တာ ရှိ သေးမယ် ငါ မထင်ဘူး။ လမင်းဟာ ငါတို့အနားကို ရောက်နိုင်ရင် ဘယ်လောက် ကြီးတယ်ဆိုတာ မင်းသိလိမ့်မယ်။”
ကျွန်တော်က ပြန်ပြောတယ်။ “ကိုကိုတို့ကျောင်းမှာ သင်တာ အလကားတွေ ပါ။ မေမေဟာ ကျွန်တော့်တို့ကို နမ်းဖို့ ကုန်းလိုက်တဲ့အခါ မေမေ့မျက်နှာ အင်မတန် ကြီးပါသလား။
ကိုကိုကတော့ ပြောတုန်းပါပဲ။ “မင်းဟာ အ ကို အ ပါတယ်။
တိမ်နှင့်လှိုင်း
မေမေ၊ တိမ်ထဲမှာ နေသူတွေက ကျွန်တော့်ကို တကြော်ကြော် ခေါ်တယ်။ ငါတို့ သည် နိုးကတည်းက တစ်နေကုန် ကစားသည်၊ ငါတို့သည် ရွှေအရုဏ်နှင့် ကစား သည်၊ ငွေစန္ဒာနှင့် ပျော်ပါးသည်။”
ကျွန်တော် မေးတယ်။ “သို့ ရာတွင် အသင်တို့ထံ ငါ အဘယ်သို့ လာအံ့နည်း”
သူတို့က ပြောတယ်။ မြေကြီးအဆုံးကို လာလော့၊ အသင်၏ လက် နှစ်ဖက်ကို ကောင်းကင်သို့ မြှောက်လော့၊ အသင့်ကို တိမ်ထဲသို့ ယူဆောင်သွား လိမ့်မည်”
ကျွန်တော် ပြန်ပြောတယ်။ ငါမိခင်ကား ငါ့အား အိမ်မှ မျှော်စောင့်နေအံ့၊ အသို့လျှင် သူ့အား ငါပစ်သွားရက်အံ့နည်း။” အဲသည်တော့ သူတို့လည်း ပြုံးရယ် ပြီး လွင့်မျောသွားကြမယ်။
ဒါပေမဲ့ အမေ၊ ဒါထက် ကောင်းတဲ့ အကစားကို ကျွန်တော် သိပါတယ်။ ကျွန်တော်က မြူကင်း တိမ်လွှာ၊ အမေက လမင်းသော်တာ ဆိုပါစို့။ ကျွန်တော့် လက်နှစ်ဖက်နဲ့ အမေ့ကို ဖုံးထားမယ်။ သည်အခါ ကျွန်တော်တို့ အိမ်ခေါင်မိုးဟာ ကောင်းကင်ပြာကြီးပေါ့။
လှိုင်းထဲမှာ နေသူတွေက ကျွန်တော့်ကို တကြော်ကြော်ခေါ်တယ်။ “ငါတို့ကား နံနက်မှ ညဉ့်တိုင်အောင် သီဆို၏။ အဘယ်သို့ ရောက်သည်ပင်ရာဘင်ဒြာနတ်တဂိုး အမှတ်မထား တသွားတည်းသွား၏။
ကျွန်တော် မေးတယ်။ “သို့သော် အသင်တို့ထံ ငါ အဘယ်သို့ လာအံ့နည်း သူတို့ပြောတယ်။ ပင်လယ် ကမ်းစပ်သို့ လာခဲ့၊ မျက်လွှာမှိတ်၍ ရပ်လော့၊ အသင့် အား လှိုင်းပေါ်၌ တင်ဆောင်ပါအံ့။”
ကျွန်တော် ပြန်ပြောတယ်၊ ငါ့ မိခင်ကား ငါ့အား ညနေတိုင် အိမ်၌ ရှိစေချင်၏။ အသို့လျှင် သူ့အား ငါပစ်သွားရက်အံ့နည်း။”
အဲသည်တော့ သူတို့လည်း ပြုံးရယ်ကခုန်ကာ ဖြတ်သွားကြတယ်။ ဒါပေမဲ့ အမေ၊ ဒါ့ထက်ကောင်းတဲ့ အကစားကို ကျွန်တော် သိပါတယ်။
ကျွန်တော်က လှိမ့်တက်တဲ့ လှိုင်းတပ်၊ အမေက ထူးဆန်းတဲ့ သောင်စပ် ဆိုပါစို့။ ကျွန်တော်ဟာ လှိမ့်ကာ လှိမ့်ကာ ပြုံးရွှင်စွာဖြင့် အမေ့ရင်ခွင်ကို ဦးတိုက် မယ်။
အဲသည်တော့ ကျွန်တော်တို့ သားအမိ ဘယ်ရောက်မှန်းကို ကမ္ဘာမှာ ဘယ်သူ မှ သိမှာ မဟုတ်ဘူးပေါ့။
စံကားပွင့် (တူတူရေဝါး)
အမေ ကျွန်တော် စံကားပွင့် ဖြစ်သွားတယ် ဆိုပါစို့ ။ (ပြက်ရယ် ပြောတာပါ) စံကားပင်ရဲ့ အကိုင်းမြင့်တစ်ခုမှာ ပေါက်ပြီး၊ လေထဲမှာ တလှုပ်လှုပ်နဲ့၊ ရယ်လို့၊ မောလို့၊ ပုရစ်ဖူးကလေးတွေ အပေါ်မှာ ကခုန်နေရင် ကျွန်တော့်ကို သိပါ့မလား အမေ။
“လူကလေးရေ မင်းဘယ်မှာလဲ” လို့ အမေခေါ်တော့ ကျွန်တော်က ကျိတ် ရယ်ပြီး တိတ်တိတ်ကလေး နေမှာပေါ့။
ပွင့်ချပ်ကလေးတွေကို အသာလှပ်ပြီး အမေ အလုပ်လုပ်နေတာကို ချောင်း ကြည့်မယ်။
အမေရေချိုးပြီး နောက် ဆံပင်ဖားလျားနဲ့ စံကားပင်အရိပ်အောက်က ဖြတ်ပြီး အမေ ဘုရားရှိခိုးတဲ့ မြေကွက်လေးဆီသွားတော့ စံကားပန်းအနံ့ကို အမေ ရလိမ့်မယ်။ သို့ပေမယ့် ကျွန်တော့်ဆီကလာတဲ့ ပန်းရနံ့လို့ အမေ သိမှာ မဟုတ်ဘူး။
နေ့လယ်စာ စားပြီးလို့ အမေ ပြတင်းပေါက်မှာ ထိုင်ပြီး ရာမာယဏကို ဖတ်နေတုန်း စံကားပင်ရဲ့ အရိပ်ဟာ အမေ့ကိုယ်ပေါ်ကျတော့ ကျွန်တော်က အမေ ဖတ်သွားတဲ့ စာလုံးကလေးတွေပေါ်မှာ ကျွန်တော့် အရိပ်ကလေး ထိုးချလိုက်မယ်။
သို့ပေမယ့် အမေ့သားငယ်ရဲ့ အရိပ်ကလေးလို့ အမေ တွေးမိပါ့မလား။
ညနေစောင်းအခါ မီးတိုင်ကလေးကို ကိုင်ပြီး နွားတင်းကုပ်ကို အမေ သွားတော့ ကျွန်တော် မြေကြီးပေါ်ကို ဖြုတ်ခနဲ ကြွေကျလာပြီး အမေ့လူကလေး ပြန်ဖြစ်မှာပေါ့။ သည်တော့ အမေ့ကို ပုံပြောခိုင်းမယ်။
ဘယ်သွားနေလဲ၊ လူရှုပ်ကလေး”လို့ အမေ မေးတော့ မပြောဘူး အမေလို့ ကျွန်တော် ပြန်ပြောမှာပေါ့။