မောင်ပေါ်ထွန်း - အမြတ်များများရရှိရေးအတွက်ခေတ်သစ်စျေးကွက်ရှာဖွေရေးနည်းဗျူဟာ
အခန်း [ ၁ ]
ဈေးကွက်ဦးဆောင် ဤလူ့ဘောင်
အာရှပစိဖိတ် ဈေးကွက်သည် အရှိန်အဟုန် ပြင်းစွာဖြင့် ကြီးထွား ကျယ်ပြန့်လာနေသည်။ တစ်ချိန်တည်းတွင် စားသုံးသူ၏ အနေအထားနှင့် အဆင့်အတန်းကလည်း အလွန်မြင့်မားလာသည်။ သုံးသူအား ခေတ်မီ ရောင်းဝယ်ရေးနည်းစနစ်များဖြင့် ဆွဲဆောင်ရမည့် အခြေအနေသို့ ရောက်ရှိ လာပြီး အဘယ်ကြောင့်နည်းအဘယ်ကြောင့်ဆိုသော် စားသုံးသူသည် ကုန်ပစ္စည်းများကို သူ့စိတ် ကြိုက် သူ့အလို့ကျ ရွေးချယ်နိုင်သောကြောင့်တည်း။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်အတွင်း အာရှပစိဖိတ် ဒေသတွင် စီးပွားရေးအကြီးအကျယ် တိုးတက်လာခဲ့သည်။ ဤအကျိုးတရားကို ထိုဒေသမှ နိုင်ငံအများအပြားပင် ထူးထူး ခြားခြားခံစားခဲ့ကြရသည်။အထူးသဖြင့် ဂျပန်နိုင်ငံကအများဆုံး ခံစားခဲ့ကြရသည်။ အလားတူပင် အာရှတိုက်မှ လောလော လတ်လတ် စီးပွားရေးတိုးတက်လာသော တရုတ်(တိုင်ပေ)၊
တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် စင်္ကာပူတည်းသော “အာရှကျားလေးကောင် နိုင်ငံတို့တွင်လည်း စက်မှု သိသိသာသာကြီးတိုးတက်လာခဲ့ကြသည်။ ထို့ပြင်မကြာသေးမီပြည်တွင်းစစ်ဒဏ်ကြောင့် ဆင်းရဲတွင်းနက်နေကြသော ဗီယက်နမ်းကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကလည်းမိမိတို့၏ “တံခါးပိတ်ဝါဒ' အမှားကို သိရှိလာကြပြီး၊ နယ်စပ်တံခါးများကို ပြန်ဖွင့်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အရေးတယူ ဖိတ်ခေါ် နေကြပြီဖြစ်သည်။
ဝင်ငွေနှင့် ပညာရေးတိုးတက်လာ
အာရှပစိဖိတ်ဒေသတွင်လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ် အတွင်း သိသိသာသာ စီးပွားရေးတိုးတက်လာခဲ့သည်။ ထို့ပြင် အနာဂတ် တိုးတက်ရေးအလားအလာကလည်း ပိုင်ပိုင်နိုင်နိုင် ရှိနေသည်။ ထို့ကြောင့် ထိုနိုင်ငံများ၏ လူမှုအဆောက်အအုံ ကလည်း အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက် လာခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဂျပန်နိုင်ငံ၊ အာရှကျားလေးကောင် နိုင်ငံများနှင့် တိုးတက်ခါစ လေးနိုင်ငံတို့တွင် စီးပွားရေး တိုးတက်မှုမှာ အလွန်မြန်ဆန်စွာ ပြောင်းလဲလာခဲ့သည်။
ထို့ပြင်စားသုံးသူများ၏ ဝင်ငွေတိုးတက်လာသည်နှင့် အမျှ အကြွေးဝယ်ယူမှုကလည်း တိုးတက်လာခဲ့သည်။ ဤဒေသတွင်ဘဏ်ချေးငွေနှင့် ပိုထုတ်ငွေများလည်း ယခင်ကထက်ပို၍ များပြားလာခဲ့သည်။အခြားပြိုင်ဆိုင်မှုတစ်ခုမှာ “အကြွေးဝယ် ကတ်ပြား” စနစ်ဖြစ်သည်။ ဇယား(၂)တွင် အာရှပစိဖိတ်ဒေသ နိုင်ငံများ၏ အကြွေးဝယ်ကတ်ပြားစနစ် တိုးတက်မှုရာခိုင်နှုန်းကို အရေအတွက်ရော၊ ဒေါ်လာတန်ဖိုးပါတစ်ကမ္ဘာလုံးနှင့်ယှဉ်၍ ဖော်ပြထားသည်။
ဤဒေသသို့ အကြွေးဝယ်ကတ်ပြားစနစ် တိုးတက်ရောက်ရှိလာခြင်းသည် စီးပွားရေးတိုးတက်မှုကိုသာ ဖော်ပြနေ သည်မဟုတ်၊ ထိုဒေသမှ စားသုံးသူများ၏ ငွေသုံးနည်း အလေ့အထ၊ နေထိုင်စားသောက်မှုစနစ်နှင့် လူနေမှုအဆင့် အတန်းများကိုပါ ဖော်ပြနေသည်။
ငွေချေးခြင်းကိုလွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကာလက လူမှုရေးအရ
“မကောင်းမှု' တစ်ခုလို သဘောထားခဲ့ကြသည်။ ယခုခေတ်တွင်မူ ငွေမချေးဖူးသူကိုအရူးဆိုပြီး ပြက်ရယ်ပြုကြ လိမ့်မည်။ ယခင်တုန်းက ငွေကြေးချွေတာ စုဆောင်းခြင်းကို “ဂုဏ်သိက္ခာတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြသော်လည်း ယခု ခေတ်တွင်တော့ အကြွေးဝယ်ကတ်များကို အရောင်စုံစုံနှင့် အရေအတွက်များများကိုင်ထားနိုင်သူများက သူတို့ကိုယ်သူတို့ “လူဂုဏ်တန်”အဖြစ်ကြွားဝါနေကြပြီ။ ဝင်ငွေကလည်းကောင်း ၊ အကြွေးဝယ်လို့ကလည်း လွယ်လွယ်ရသောကြောင့် အာရှ ပစိဖိတ်စားသုံးသူသစ်များသည်ဝယ်လိုအားပို၍ကောင်းလာပြီး၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုအရေအတွက်ရော အရည် အသွေးပါ တိုးတက် တောင်းဆိုလာကြသည်။
အကြောင်းတစ်ချက်က မျိုးဆက်သစ် အာရှပစိဖိတ် စားသုံးသူသည်မျိုးဆက်ဟောင်းထက်ပို၍ ပညာတတ်လာသည်။ ထို့ကြောင့် ကိုယ်ပိုင်အသိဉာဏ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့်အရည်အသွေးအကောင်းဆုံး ကုန်ပစ္စည်းများကို ရွေးချယ်တတ်
လာသည်။ သို့ဖြင့်အစဉ်အလာရိုးရာဈေးရောင်းနည်းများသည် ခေတ်သစ်စားသုံးသူအတွက် ဘောင်ကျဉ်းပြီး ထိရောက်မှုမရှိ ဖြစ်လာသည်။
စားသုံးသူ ပညာပိုတတ်လာသောအခါ သူ၏အသိ အမြင်ကို တိုးတက်စေသော နည်းလမ်းများလည်း ပို၍များလာ သည်။ သတင်းစာ၊ မဂ္ဂဇင်း၊ ရုပ်မြင်သံကြား စသောလူထုဆက် သွယ်ရေးနည်းလမ်းများသည် စားသုံးသူ၏ အသိအမြင်စက်ဝန်း ကိုပေးသော အရေးပါသည့်လက်နက်များ ဖြစ်လာကြသည်။
ဝင်ငွေတိုးပြီးပညာပိုတတ်လာသောကြောင့် စားသုံးသူသည် သုဝယ်သွားသော ဈေးဆိုင်များမှ ကုန်ပစ္စည်းအပြင်ဝန်ဆောင်မှုကိုလည်းပို၍လိုချင်လာသည်။ ပို၍တောင်းဆိုလာသည်။ ထို့ကြောင့် မကြာမီနှစ်များအတွင်း အာရှပစိဖိတ်ဈေးကွက်တွင် ဖြန့်ချိရေးနည်းစနစ်များ ပြောင်းလဲတိုးတက်လာ ခဲ့ခြင်းဖြစ်သည်။ တိုးတက်ဆဲနိုင်ငံများ၏ မြို့ကြီးများနှင့် ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ မနီလာစသော တိုးတက်စနိုင်ငံများ၏ မြို့ကြီးများတွင် ခေတ်သစ်ဈေးရုံကြီးများ၊ စူပါမတ်ကက်များ၊ ကုန်တိုက်ကြီးများနှင့် အထူးသီးသန့်ဆိုင် ကြီးများ အလျှိုလျှိုပေါ်ပေါက်လာခဲ့ကြသည်။
တစ်ချိန်တည်းတွင် အစဉ်အလာဖြန့်ချိရေး စနစ်ဟောင်း များလည်း ကွယ်ပျောက်သွားကြသည်။ ဥပမာ စင်္ကာပူမြို့တွင်း ရပ်ကွက်များ၌ စူပါမတ်ကက်များနှင့် ကုန်စုံဆိုင်ခွဲများ အများ အပြားဝင်ရောက်လာသောအခါယခင်ရှိနေသောလမ်းထောင့် စတိုးဆိုင်ကလေးများ ကြက်ပျောက်၊ဌက်ပျောက် ပျောက်သွား ကြတော့သည်။အချုပ်အားဖြင့် ဝင်ငွေတိုးလာခြင်းနှင့် ပညာပိုတတ် လာခြင်းတို့သည် ရိုးရာကုန်ပစ္စည်း ဖြန့်ချိရောင်းချရေးစနစ်ကို အပြင်းအထန် စိန်ခေါ်လိုက်သည်။ ထို့ကြောင့်ပို၍ ခေတ်မီ တိုးတက်သော ရောင်းဝယ်ရေးနည်းစနစ်များ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့ရသည်။
‘လို့အပ်တာ' မှသည် “ လို့ချင်တာ' သို့
ဝင်ငွေတိုးပြီး ပညာပိုတတ်လာသောကြောင့် အာရှ ပစိဖိတ်စားသုံးသူသစ်သည် “လိုအပ်မှု' လူ့အဖွဲ့အစည်းကိုကျော်လွန်ကာ “လိုချင်မှု' လူ့အဖွဲ့အစည်းသို့ ရောက်ရှိလာ သည်။တစ်နည်းဆိုသော် စားသုံးသူသည် သူ၏စားဝတ်နေရေး အတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံရုံမျှဖြင့် ကျေနပ် ရောင့်ရဲမှုမရှိတော့ဘဲ အပိုအလျှံလိုချင်စိတ်တွေ ဖြစ်ပေါ်လာသည်။သူလိုချင်သည့် အရာတွေကလည်း အမျိုးစုံဖြစ်သည်။
ဤသို့ဖြင့် တစ်ချိန်ကဇိမ်ခံပစ္စည်းများသည် ယခုအခါ မရှိမဖြစ်လိုအပ်သော ပစ္စည်းများဖြစ်လာကြသည်။ ဤအချက် အတွက်မော်တော်ကားကို ဥပမာ တင်နိုင်သည်။ ကားထုတ် လုပ်မှုသုံးစွဲမှုအရေအတွက်သည်မယုံကြည်နိုင်လောက်အောင်ပင်တိုးတက်လာခဲ့သည်။နိုင်ငံများစွာ
တွင်လွန်ခဲ့သောဆယ်နှစ်အတွင်း ကားအရေအတွက် နှစ်ဆတိုးလာခဲ့သည်။
ဂျပန်တွင် ၁၉၈၀ ပြည့်နှစ်က ကားစီးရေ (၃၁) သန်း ရှိခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် (၅၁) သန်း ဖြစ်လာခဲ့သည်။ ဘန်ကောက်မြို့တွင် ၁၉၉၇ ခုနှစ်က ကားစီးရေ ၄၅၀,၀၀၀မျှသာ ရှိခဲ့သည်။ သို့သော် ၁၉၈၇ ခုနှစ်တွင် ၉၀၀,၀၀၀ ဖြစ်လာ ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်ရောက်သောအခါ ၂,ဝဝဝ,ဝဝ၀ အထိ
တိုးတက်လာခဲ့သည်။ တရုတ်(တိုင်ပေ)တွင်ဆိုလျှင် ၁၉၉၀ ပြည့်နှစ်က ကားစီးရေ (၁- ၉)သန်း အထိတိုးတက် လာခဲ့သောကြောင့် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ပင် ရောက်လာခဲ့သည်။ ဤတိုးတက်မှုနှုန်းကို အခြားမည့်သည့် နိုင်ငံကမျှ လိုက်မမီချေ။
ဇိမ်ခံပစ္စည်းအဖြစ်မှမရှိမဖြစ်လိုအပ်သောပစ္စည်းများ အဖြစ်သို့ရောက်လာသော လူ့အသုံးအဆောင်များတွင် ရေဒီယို၊ ကက်ဆက်၊ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် အခြားပစ္စည်းမျိုးစုံလည်း ပါဝင်သည်။ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)နှင့် စင်္ကာပူစသည့် စီးပွားရေးကောင်းသော နိုင်ငံများ မှာ ဆိုလျှင် လူတစ်ယောက်အနေဖြင့် ကားတစ်စီးပင်မကတော့ ဘဲ မိန်းမအတွက်တစ်စီး၊ ထပ်ဝယ်လာသည်အထိ အလိုဆန္ဒ ကြီးလာနေကြပြီဖြစ်သည်။ ကားကိုသာမဟုတ် ရုပ်မြင်သံကြား နှင့် ကားတွင်းသုံး တယ်လီဖုန်းကိုလည်း ထိုနည်းလည်းကောင်း ပင်ဖြစ်သည်။
ဤသို့သော လိုအပ်တာထက်လိုချင်တာ ဦးဆောင် သောစိတ်ဓာတ်ကို အခြားစိတ်ဝင်စားစရာအခြေအနေတစ်ရပ် ကလည်းမြှောက်ပေးသည်။ ယင်းမှာအခြားမဟုတ်၊ အသိအမြင် ကျယ်လာသော စားသုံးသူသည် ကုန်ပစ္စည်းတစ်ခု၏ သာမန် အစဉ်အလာအသုံးဝင်မှုများကို မကျေနပ်နိုင်တော့ဘဲ ထိုကုန် ပစ္စည်း၏ အရောင်အသွေး၊ အဆင်ဒီဇိုင်း၊ ပုံပန်းသဏ္ဌာန်၊ တံဆိပ်အမှတ်အသားနှင့် နာမည် စသည်တို့၏“လှပမှုကိုပါ စွဲစွဲလမ်းလမ်း တောင့်တလာကြခြင်းပင် ဖြစ်သည်။
ထို့ကြောင့်လည်း အဆင်ဒီဇိုင်းလှပသော အဝတ်အတိုးတက်လာခဲ့သည်။ တရုတ်(တိုင်ပေ)တွင်ဆိုလျှင် ၁၉၉၀ ပြည့်နှစ်က ကားစီးရေ (၁- ၉)သန်း အထိတိုးတက် လာခဲ့သောကြောင့် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ပင် ရောက်လာခဲ့သည်။ ဤတိုးတက်မှုနှုန်းကို အခြားမည့်သည့် နိုင်ငံကမျှ လိုက်မမီချေ။
ဇိမ်ခံပစ္စည်းအဖြစ်မှမရှိမဖြစ်လိုအပ်သောပစ္စည်းများ အဖြစ်သို့ရောက်လာသော လူ့အသုံးအဆောင်များတွင် ရေဒီယို၊ ကက်ဆက်၊ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာ၊ လေအေးပေးစက်နှင့် အခြားပစ္စည်းမျိုးစုံလည်း ပါဝင်သည်။ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)နှင့် စင်္ကာပူစသည့် စီးပွားရေးကောင်းသော နိုင်ငံများ မှာ ဆိုလျှင် လူတစ်ယောက်အနေဖြင့် ကားတစ်စီးပင်မကတော့ ဘဲ မိန်းမအတွက်တစ်စီး၊ ထပ်ဝယ်လာသည်အထိ အလိုဆန္ဒ ကြီးလာနေကြပြီဖြစ်သည်။ ကားကိုသာမဟုတ် ရုပ်မြင်သံကြား နှင့် ကားတွင်းသုံး တယ်လီဖုန်းကိုလည်း ထိုနည်းလည်းကောင်း ပင်ဖြစ်သည်။
ဤသို့သော လိုအပ်တာထက်လိုချင်တာ ဦးဆောင် သောစိတ်ဓာတ်ကို အခြားစိတ်ဝင်စားစရာအခြေအနေတစ်ရပ် ကလည်းမြှောက်ပေးသည်။ ယင်းမှာအခြားမဟုတ်၊ အသိအမြင် ကျယ်လာသော စားသုံးသူသည် ကုန်ပစ္စည်းတစ်ခု၏ သာမန် အစဉ်အလာအသုံးဝင်မှုများကို မကျေနပ်နိုင်တော့ဘဲ ထိုကုန် ပစ္စည်း၏ အရောင်အသွေး၊ အဆင်ဒီဇိုင်း၊ ပုံပန်းသဏ္ဌာန်၊ တံဆိပ်အမှတ်အသားနှင့် နာမည် စသည်တို့၏“လှပမှုကိုပါ စွဲစွဲလမ်းလမ်း တောင့်တလာကြခြင်းပင် ဖြစ်သည်။
ထို့ကြောင့်လည်း အဆင်ဒီဇိုင်းလှပသော အဝတ်အလူထုဆက်သွယ်ရေးနည်းလမ်းများ(အထူးသဖြင့် ရုပ်မြင်သံကြား) ဖြစ်သည်။
ဤဒေသ၌ ရုပ်မြင်သံကြားပေါ်လာခြင်းကြောင့် ကုန် ပစ္စည်းအမျိုးမျိုးကို စားသုံးသူများထံသို့ရောက်ရှိရန် ကြော်ငြာ များမှတစ်ဆင့် နည်းလမ်းသစ်များ တိုးပွားလာခဲ့သည်။ ယခု ခေတ်တွင်ဤဒေသမှရုပ်မြင်သံကြား အစီအစဉ်များနှင့် ရုပ်ရှင် အများစုမှာအနောက်နိုင်ငံများမှ တင်သွင်းသော အရာများသာ ဖြစ်ကြသည်။ ထို့ကြောင့် စားသုံးသူများမှာ အနောက်တိုင်း အလေ့အထနှင့် အနောက်တိုင်း အသုံးအဆောင်များကိုပါ အမြဲတမ်းယှက်နွယ် ထိတွေ့နေကြရသည်။
ရှေးခေတ် ဝင်ငွေနည်းချိန်ကဆိုလျှင် ယင်းသို့သော အသုံးအဆောင်များမှာ စိတ်ကူးယဉ် အရာဝတ္တုများသာ ဖြစ်ခဲ့ ကြသည်။ယခုခေတ်တွင်မူယင်းအရာများသည်လက်တွေ့ဘဝ တွင် အမှန်တကယ်ပင် ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့ကြောင့် စားသုံးသူများမှာ အနောက်တိုင်း အနေအထိုင်၊ အပြုအမူနှင့်၊ အနောက်တိုင်းစရိုက်များ၏လွှမ်းမိုးခြင်းကို မလွှဲသာမရှောင်သာ ခံစားကြရတော့သည်။သိသာထင်ရှားလှသော သာဓကတစ်ခုမှာ ဤဒေသတွင် ယခင်ကမရှိခဲ့ဖူးသော‘လမ်းသရဲခေါ် လူငယ်မျိုး ဆက်သစ်တစ်မျိုး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဤသည်မှာ လည်း အနောက်တိုင်းယဉ်ကျေးမှု၏ ရောင်ပြန်ဟပ်ခြင်းပင် ဖြစ်သည်။
ဝင်ငွေတိုးလာခြင်း၊ အသိအမြင် ကျယ်လာခြင်းနှင့် အနောက်တိုင်းသြဇာ လွှမ်းမိုးလာခြင်းတို့ကြောင့် အာရှပစိဖိတ် စားသုံးသူသည် စားသုံးမှုကိစ္စ (ဝါ) စားဝတ်နေရေးကိစ္စတွင်“အပါးဝ'လာသည်။သူ့ကိုသာမန်လောက်ဖြင့် နှစ်သိမ့်၍မရနိုင်
တော့၊ သူသည်လိုအပ်မှုထက် လိုချင်မှုကပိုများလာသည်။ အဆန်းတကြယ်ပစ္စည်းများကို တောင်းဆိုမှုတွေတိုးလာသည်။
ယင်းသို့လျှင်စားသုံးသူ၏တောင်းဆိုမှု (ဝါ) “ဝယ်လိုအား တိုးတက်လာသည့်အလျောက် ဈေးကွက်တွင်လည်း ကုန်ပစ္စည်း များနှင့်ဝန်ဆောင်မှုများပို၍ပို၍များပြားတိုးတက်လာခဲ့သည်။ ဤတောင်းဆိုမှုသည် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးမျိုး ကိုသာ ဖြစ်ပေါ်စေသည်မဟုတ်၊ ကုန်ပစ္စည်းတစ်မျိုးတည်းနှင့် ဝန်ဆောင်မှုတစ်မျိုးတည်းကိုပင် တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ် ဖြန့်ချိလာကြသည်အထိ ဖြစ်ပေါ်လာစေသည်။
ဤတွင် ထုတ်လုပ်သူများ၊ ဖြန့်ချိရောင်းချသူများ ဘက်ကလည်း အပြိုင်အဆိုင်ထုတ်လုပ်ရောင်းချမှု ပြင်းထန် ကြီးကျယ်လာခဲ့တော့သည်။သူတို့သည် မိမိတို့ကုန်ပစ္စည်း ရောင်းစွံရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးစားကာ ဈေးကွက်ဝေစုကို အလုအယက်ရယူလာကြတော့သည်။ ယင်းသို့ဈေးကွက်ဝေစု အများဆုံးရရေးအတွက်ပိုမိုထိရောက်သော နည်းလမ်းများနှင့် မိမိတို့ပစ္စည်းကို ဈေးကွက်တွင် တစ်သီးတခြားပေါ်လွင် ထင်ရှား စေမည့် နည်းစနစ်များကို တီထွင်ဆောင်ရွက်လာကြရသည်။ ဤသည်မှာ အနှစ်သာရအားဖြင့် မိမိတို့၏ကုန်ပစ္စည်း များ “ဈေးကွက်ဝင်ရေးအတွက် တီထွင်ဆောင်ရွက်ရသော ဈေးကွက်ရှာဖွေရေး နည်းဗျူဟာပင်ဖြစ်သည်။