Skip to product information
1 of 2

Other Websites

မောင်ပေါ်ထွန်း - ဟားဗတ်စီးပွါးရေးတက္ကသိုလ်မှာမသင်ခဲ့ရသမျှ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

[၁]

လူကဲခတ်ခြင်း

ဖြစ်ရပ်ကလေး နှစ်ခုကို ပြောပြပါရစေ။ တစ်ခုက အနာဂတ် သမ္မတလောင်း နဲ့ ပတ်သက်ပါတယ်။ နောက်တစ်ခုကတော့ နာမည်ကျော် ကြေးစားဂေါက် ချန်ပီယံနဲ့ ပတ်သက်ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုဟာ ဆယ်နှစ်နီးပါးခြားပြီး ပေါ်ပေါက်ခဲ့ပေမယ့် ကျွန်တော့်စိတ်ထဲစွဲ နေကြတုန်းပါပဲ။ ။

၁၉၆၃ ခုနှစ်က ကမ္ဘာ့ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ကျွန်တော် ပဲရစ်ကို ရောက်နေပါတယ်။ အဲဒီတုန်းက အမေရိကန်သမ္မတ ရစ်ချတ်နစ်ကဆင်နဲ့ နှစ်ကြိမ်တိတိ ဆုံခဲ့ရတယ်။ တစ်ကြိမ်က ဂေါက်ကလပ်မှာ၊ သူကကျွန်တော်နဲ့ ဂယ်ရီပလေးယားတို့ ထိုင်နေတဲ့စားပွဲကို လာပြီး စကားပြောတာ။

နှောက်သုံးလေးရက်လောက်ကြာတော့တစ်ခါ ထပ်ပြီး ဆုံရပြန် သေးတယ်။ “တူးဒါးဂျွန့်’ ဟိုတယ်မှာ အာနိုးလ်ပါးလ်ရယ်၊ ဂျက်နစ်ကလတ်ရယ်၊ ကျွန်တော်ရယ် ညစာစားနေကြတုန်း သူလာပြီး စကားပြောတာ။

အဲဒီတုန်းက နှစ်ကဆင်ပြောတဲ့ စကားတွေက နားဝင်ပီယံဘာ့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် သတိပြုမိတာကတော့ နှစ်ကြိမ်စလုံးမှာသူ့စကားတွေဟာအတူတူပဲ ဖြစ်နေကြတယ်။ နှစ်ကြိမ်စလုံး ဝါကျလေးငါးခြောက်ကြောင်းစီပဲ ပြောသွားတယ်။ သူပြောတာတွေဟာ အသက်ရှိတဲ့ လူတွေကို ပြောနေတာနဲ့ လုံးဝ,မတူဘူး။အသက်မရှိတဲ့ သစ်တုံးတွေကို ပြောနေသလိုပဲ ထင်ရတယ်။

သူဟာ သူတွေ့ချင်တဲ့လူတိုင်းနဲ့ ပြောဖို့အတွက် ပြောရမယ့် စကား လုံးတွေကို တမင်ရွေးပြီး စုထားတာ ထင်ပါရဲ့။ အားကစားသမားကို ပြော ဖို့က ဝါကျလေးငါးကြောင်း၊ စီးပွားရေးသမားကို ပြောဖို့က လေးငါးကြောင်း၊ ဘာသာရေး ခေါင်းဆောင်တစ်ယောက်ကို ပြောဖို့အတွက်လဲ လေးငါး ကြောင်း၊ အဲဒီလို ကြိုတင်စိတ်ကူးထားတာနဲ့ တူတယ်။

ဒုတိယ ဖြစ်ရပ်ကတော့ နာမည်ကျော် ဂေါက်သီးသမား ခေါက်ဆင်းဒါးနဲ့ ပတ်သက်ပါတယ်။

ကျွန်တော်တို့က ဒေါက်ဆင်းဒါးအတွက် အကျိုးဆောင် လုပ်ကိုင် ပေးမယ်လို့ စီစဉ်တော့ လူတွေက ကျွန်တော်တို့တော့ လူပေါင်းမှားသွားပြီ၊ လူရွေးမှားသွားပြီဆိုပြီး ပြောကြတယ်။ တချို့ကလဲ ဒီလူနဲ့ပေါင်းရင် ပြဿနာတက်လိမ့်မယ်၊ သူက စိတ်ချရတဲ့လူ မဟုတ်ဘူးလို့ ပြောကြတယ်။

အမှန်အတိုင်း ပြောရရင် ကျွန်တော်တော့ ဆင်းဒါးကို အဲဒီလူတွေ ထက် ပိုပြီး ယုံကြည်တယ်၊ ပိုပြီး စိတ်ချတယ်။

တစ်ခါက ဆင်းဒါးဟာ ကနေဒါမှာ ဂေါက်ရိုက်ပြပွဲတစ်ပွဲမှာ ကစားတယ်။ အစီအစဉ်တွေ အားလုံးကိုလဲ သူကိုယ်တိုင်ပဲ လုပ်တယ်။ ကျွန်တော် က အဲဒီကိစ္စ ဘာမှမသိဘူး၊ သူ့ကို ပိုက်ဆံပေးတော့လဲ အဲဒီအကြောင်း ကျွန်တော် လုံးဝမသိခဲ့ဘူး။ " ဒါပေမယ့် နောက်တစ်ပတ်လောက်ကြာတော့ ကျွန်တော်တို့ဆီကိုဆင်းဒါးဆီက စာအိတ်တစ်အိတ် ရောက်လာတယ်။စာအိတ်ဖွင့်လိုက်တော့ စာလုံးဝ ပါမလာဘူး၊ ကျွန်တော်တို့ အတွက် ကော်မရှင်ပေးတဲ့ ပိုက်ဆံပဲ ပါလာတယ်။

အဲဒီဖြစ်ရပ်နှစ်ခုကို ကျွန်တော် အခုပြန်ပြီး သတိရမိတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီဖြစ်ရပ်တွေဟာ လူကဲခတ်နည်းနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်ကို ထင်ဟပ်နေကြလို့ပဲ ဖြစ်တယ်။

လူတွေက အမှတ်မထင်ပြောတာ၊ လုပ်တာတွေဟာ သူတို့ရဲ့ အတ္တ အစစ်အမှန်ကို အများကြီး ဖွင့်ဟ,နိုင်တယ်။

ဥပမာ နစ်ကဆင်နဲ့ကျွန်တော် မမျှော်လင့်ဘဲ တွေ့ဆုံခြင်းဟာ မရိုးသားမှု၊ ဟန်ဆောင်မှုကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ဖော်ပြတာပဲ။ နောက် ဆယ်နှစ်လောက်ကြာတော့ “၀ါတားဂိတ်” ပြဿနာကြောင့် သူသမ္မတရာထူးက နုတ်ထွက်သွားခဲ့ရတာကို သတိရမိပါသေးတယ်။ လူ တွေက မရိုးသားတာကို မကြိုက်ဘူးဟန်ဆောင်တာကို မယုံကြည်ဘူး။

ဒေါက်ဆင်ဒါး ကိစ္စမျိုးကျတော့ ငွေရေးကြေးရေးက အကြောင်း မဟုတ်ဘူး။ ရိုးသားမှုသာ အဓိက။ အခုလဲပဲသူဟာ ဟိုတယ်က သူ့အခန်း ကိုပြန်လာ၊ အိတ်ထဲက ငွေစက္ကူထုပ်ဆွဲထုတ်ပြီး ရေတွက်၊ ပြီးတော့ ကျွန်တော်တို့အတွက် ကော်မရှင်ခ,ကို စာအိတ်ထဲထည့်နေတော့ ကျွန်တော် မြင်နေရတာပဲ။ ဒါဟာ ဆင်းဒါးရဲ့ စရိုက်ပါပဲ။ ဒီစရိုက်ကို ဘယ်အရာကမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။ ။

လူတွေကတော့ အနာဂတ် အမေရိကန် သမ္မတလောင်းကို စရိုက် ကောင်းသူအဖြစ် မြင်ချင်ကြပြီး ဂေါက်ရိုက်သမားကိုတော့ ဉာဏ်များသူလို့ ထင်ကြမှာပဲ။

ဒီအကြောင်းတွေဟာ စီးပွားရေးလုပ်ငန်းနဲ့ ဘာဆိုင်လို့လဲ။ အများ ကြီး ဆိုင်ပါတယ်။စီးပွားရေးလောကမှာ အခြေအနေပေါ်မူတည်ပြီး ကုမ္ပဏီပိုင်ရှင် ကြီးတွေ အများကြီးနဲ့ တွေ့ဆုံဆက်ဆံရဖို့ ရှိပါတယ်။ တချို့ ပုဂ္ဂိုလ်တွေက လက်အောက်ငယ်သားတွေနဲ့ ဆက်ဆံတော့ တစ်မျိုး၊ သူ့အထက်က လူကြီး နဲ့ဆက်ဆံတော့ တစ်ဖုံ၊ အပြင်က လူစိမ်းနဲ့ ဆက်ဆံတော့ တစ်နည်း ပြော ဆို ပြုမူတတ်ကြတယ်။

ဒါပေမယ့်သူရဲ့ အတ္တအစစ်အမှန်၊ သူ့ရဲ့ ဗီဇသဘာဝ အစစ်အမှန် ကတော့ ဘယ်ပတ်ဝန်းကျင်မျိုးနဲ့ပဲ ကြုံရကြုံရ လုံးဝ အရောင်မပြောင်းပါဘူး။

သူတို့နဲ့ ကြာကြာ ပေါင်းသင်းဆက်ဆံကြည့်တော့မှ သူတို့ရဲ့ အတ္တ အစစ်အမှန်ကို မသိမသာ ဖြစ်ဖြစ်၊သိသိသာသာ ဖြစ်ဖြစ် မြင်တွေ့ကြရမှာပါ။

လူတွေဟာ အများအားဖြင့် သူတို့ အမှန်တကယ် ပြောချင်တာကို မပြောဘဲ မပြောချင်တာတွေကို ပြောနေကြတာ၊

ကျွန်တော်ဟာ အရောင်းအဝယ်ပဲလုပ်လုပ်၊ အကျိုးဆောင် အတိုင်ပင်ခံပဲ လုပ်လုပ်၊ ကန်ထရိုက်လုပ်ငန်းအတွက်ပဲ စကားပြောပြော၊ လူတစ်ယောက်ရဲ့ တောင်းဆိုချက်ကိုပဲ တုံ့ပြန်တုံ့ပြန်၊ လောလောဆယ် ကျွန်တော်နဲ့ ဆက်ဆံနေတဲ့ အဲဒီလူ 'ဘယ်ကလာသလဲ” ဆိုတာ ကျွန်တော်သိချင်တယ်။ အဲဒီလူရဲ့ “အတ္တအစစ်အမှန်” ကို ကျွန်တော်သိချင်တယ်။

စီးပွားရေးလုပ်ငန်း အခြေအနေတွေဟာ အမြဲတမ်းပဲ လူတွေနဲ့ သက် ဆိုင်နေတယ်။လူတွေဆီကိုပဲ ဆိုက်ရောက်တယ်။ ဒါကြောင့်မို့ ကိုယ်နဲ့ လောလောဆယ် ဆက်ဆံနေရတဲ့ လူအကြောင်းကို များများသိနိုင်လေလေ၊ မြန်မြန် သိနိုင်လေလေ၊ ကိုယ့်အတွက် အကျိုးရှိလေပဲ။

(၂)

ထင်မြင်ချက်ကို“အဖြေ” ဟု မယူဆနှင့်

လူတွေဟာ တခြားလူတွေကို မြင်တောင်မမြင်ဖူးပဲနဲ့ သူတစ်ပါး ပြောတဲ့ တစ်ဆင့်စကားအပေါ် အခြေခံပြီး အဲဒီလူတွေအကြောင်း ဆုံးဖြတ်ချက် ချတတ်ကြတယ်။ တစ်ပါးသူစကား ယုံစားပြီး ကိုယ်ပိုင်ထင်မြင်ချက်ကို တောင်မှလျစ်လျူရှုတတ်ကြတယ်။

ကျွန်တော်တို့ရဲ့ အိုင်အမ်ဂျီ (IMC)ကုမ္ပဏီမှာလဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကုမ္ပဏီအကြောင်းနဲ့ ပတ်သက်ပြီး သူတစ်ပါးရဲ့ အထင်အမြင်တွေ၊ ဝေဖန် ပြောဆိုမှုတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရတယ်။

ကျွန်တော်တို့က သမ္မာအာဇီဝ အလုပ်တွေကို ရိုးရိုးသားသား ကြိုး ကြိုးစားစား လုပ်နေတယ်ဆိုတာ လူတိုင်းမြင်သာ သိသာနိုင်ပါတယ်။ ဒါ ပေမယ့် တချို့ စာနယ်ဇင်းတွေ၊ ရေဒီယို တယ်လီဦးရှင်းတွေက ကျွန်တော်တို့ ကုမ္ပဏီ အကြောင်းကိုရော၊ ကျွန်တော့် အကြောင်းကိုပါ မကောင်းသတင်း ရေးသားထုတ်လွှင့်ကြတာမျိုး ရှိခဲ့တယ်။

ဒီဖြစ်ရပ်မျိုး ဆယ်ကြိမ်ကြုံရင် ကိုးကြိမ်ဟာ ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်။ လူတွေက ကျွန်တော်တို့ကို သိပ်ပြီးကြေးကြီးတယ်လို့ ထင်ကြတယ်။ အဲဒီလို သူတို့ရဲ့ ကြိုတင်ထင်မြင်ချက်တွေကို သိရတာဟာ ကျွန်တော်တို့က သူတို့နဲ့ ဆက်ဆံရတဲ့အခါမှာ၊ သူတို့ကို ကျွန်တော်တို့အကျိုး အတွက် စည်းရုံးတဲ့အခါမှာ သိပ်ပြီး လွယ်သွားတယ်။ နောက်ဆုံး ကျွန်တော် တို့ဟာ သူတို့ထင်ခဲ့သလို မဟုတ်ဘဲ အကျိုးသင့်အကြောင်းသင့် မျှမျှတတလုပ်ကိုင်တတ်တဲ့ လူတွေဆိုတာ သိရတော့မှ သူတို့ဟာ ကျွန်တော်တို့မှာ ဒူးထောက်ကြတော့တယ်။

ဒါပေမယ့် စီးပွားရေးလုပ်ငန်းအခြေအနေကိုလဲမသိ၊ သူနဲ့ ဆက်ဆံ ရတဲ့ ကျွန်တော်တို့ကုမ္ပဏီက လူတွေအကြောင်းလဲ နားမလည်ဘဲ သူ့ထင်မြင်ချက်နဲ့သူ ခေါင်းမာနေတဲ့ လူမျိုးတွေလဲ ဆယ်ယောက်တစ်ယောက်ဆိုသလို တွေ့ရတတ်တယ်။ အဲဒီလို ကိုယ့်အထင်နဲ့ကိုယ် ခေါင်းမာနေတဲ့ အတွက်ကြောင့်လဲ သူ့အနေနဲ့ အတွင်းသရုပ်အမှန်ကို မမြင်နိုင်တော့တာပေါ့။

လူကဲခတ်ပညာဆိုတာ မိမိရဲ့ အာရုံငါးပါး တံခါးပေါက်တွေကို ဖွင့်ထားပြီး ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို အတွင်းအထိ မြင်ရအောင် လေ့လာကြည့်ရှုပြီးတော့ အဲဒီအမြင်ကို အသုံးချပြီး ကိုယ့်အတွက် အကျိုးရှိ အောင် လုပ်ဖို့ပါပဲ။

နာမည်ကျော် ဘတ်စကက်ဘောသမားဟောင်း ဒေ့ဗ်ဒီဘူရိုး ဟာ နယူးယောက်နစ်ခ်” အထည်တိုက်မှာ အထွေထွေမန်နေဂျာ မလုပ်ခင် က ကျွန်တော်တို့ရဲ့ တယ်လီဗွီးရှင်းကုမ္ပဏီမှာ ဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ နှစ်ပေါင်း တော်တော်ကြာကြာ လုပ်သွားခဲ့တယ်။

တစ်ခါမှာ ကွန်နက်တီကတ်ပြည်နယ်၊ အသက်အာမခံ ကုမ္ပဏီတစ် ခုက အမှုဆောင် အရာရှိကြီးတစ်ယောက်နဲ့ အလုပ်ကိစ္စ ဆွေးနွေးကြတော့ ဒေ့ဗ်အနေနဲ့ အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရတာမျိုး ကြုံခဲ့ရဖူးတယ်။ ။

ဒေ့ဗ်က အာမခံအရာရှိကြီးကို ကျွန်တော်တို့ရဲ့ အားကစား တယ်လီဗွီးရှင်းလုပ်ငန်းမှာ အရင်းအနှီးစိုက်ပြီး ကမကထလုပ်ပေးဖို့ စည်းရုံးတယ်။ အရာရှိကြီးကလဲ ဒီအစီအစဉ်ကို တကယ်ပဲ စိတ်ဝင်စားတယ် ဒေ့ဗ် နဲ့တွဲပြီး လုပ်ရမှာကိုလဲ သိပ်ပြီးစိတ်ပါတယ်။

ဒါပေမယ့် သူက ဒီကိစ္စကို မူအားဖြင့် လက်မခံနိုင်အောင် ဖြစ် တယ်။ သူ့ကိုယ်သူ သံသယစိတ် ဝင်နေတယ်။ ဒီလုပ်ငန်းဟာ ကျိန်းပေါက် အမြတ်အစွန်းရှိမယ့် တကယ့်အခွင့်အရေးကြီး ဖြစ်ပါရက်နဲ့ တခြား ပုဂ္ဂိုလ်တွေက ဘာကြောင့်လာမလုပ်ကြတာလဲဆိုပြီး သူကသူ့ဆင်ခြေနဲ့သူ တင်းခံနေတယ်။

ဒေ့ဗ်က စိတ်ရှည်ရှည်နဲ့ အကျိုးအကြောင်. လိပ်ပတ်လည်အောင် ရှင်းပြတော့မှ နောက်ဆုံးမှာ အရာရှိကြီးက သူ့ခံယူချက်ကို လက်နက်ချ ပြီး အလုပ်ကို လက်ခံပါလေတော့တယ်။

[၃]

ထိုးထွင်းဉာဏ်ကို အသုံးချ တစ်ခါက အမေရိကန် ဂေါက်သီးချန်ပီယံ ဒေ့ဗ်မားက ပြောဖူးတယ်။

“မျက်စိစွေစွ၊ နေလောင်ထားတဲ့ မျက်နှာနဲ့ သူ့အိတ်ထဲမှာ ဂေါက်သီးရိုက်တုတ် တစ်ချောင်းတည်းပါတဲ့ လူနဲ့ ပထမဆုံးပွဲမှာ ဘယ်တော့မှ အလောင်းအစား မလုပ်လေနဲ့တဲ့။

တကယ်တော့ လူတွေရဲ့ အတွင်းသန္တာန်ကို ထိုးဖောက်သိမြင်နိုင်ဖို့ဆိုတာ စူးစမ်းလေ့လာမှု စွမ်းအားအပေါ်မှာ တည်ပါတယ်။ စီးပွားရေး လုပ်ငန်းအခြေအနေ အများစုမှာလဲ လူတစ်ယောက်ရဲ့ အပြင်ပန်းအခြေ အနေကို ကြည့်ရုံ မြင်ရုံသက်သက် မဟုတ်ဘဲ အတွင်းယန္တရားတစ်ခုလုံး ကို ထိုးထွင်းမြင်နိုင်ဖို့ အရေးကြီးတယ်။

စီးပွားရေးလုပ်ငန်း အခြေအနေတိုင်းမှာလိုလိုပဲ အတွင်းသန္တာန်ကို ထိုးဖောက်မြင်နိုင်မယ့် သိသာထင်ရှားတဲ့ သက်သေခံတွေ ရှိကြတယ်။ တစ်ခါ တလေ အဲဒါတွေဟာ လူတွေက အမှတ်တမဲ့ ပြောတာဆိုတာ လုပ်တာကိုင်တာတွေ ဖြစ်နေတတ်တယ်။ ဥပမာ ...တချို့ က မေးခွန်းတစ်ခု အမေးခံရရင် မျက်နှာလွှဲသွားပြီး အဝေးကို ငေးကြည့် နေတတ်တာမျိုးတွေပေါ့။

ဒါပေမယ့် သူတို့ရဲ့ အပြုအမူဟာ ရိုးရိုးမဟုတ်တာလဲ ဖြစ်နိုင်တယ်၊ အမှတ်တမဲ့ မဟုတ်တာလဲဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က ထူးထူးခြားခြား အတွေးအခေါ်တစ်ခု ဒါမှမဟုတ် စိတ်ကူ တစ်ခုကိုဖော်ထုတ်ဖို့အတွက် စကားလုံး ရွေးနေတာလဲ ဖြစ်တတ်လို့ပါပဲ။

ဒီတော့ အဓိကအချက်က တစ်ဘက်သားရဲ့ အတွင်းသဘာဝကို ထိုးထွင်း သိမြင်နိုင်တဲ့ သဲလွန်စ,တွေ အများကြီးရှိတယ်၊ ကိုယ်က အခြေအနေမှန် နေရာမှန်ကို သင့်တင့်လျောက်ပတ်စွာ အသုံးချတတ်ဖို့ပဲ ဖြစ်တယ်။

ဒါပေမယ့် စီးပွားရေးလုပ်ငန်း အမှုဆောင်လူကြီးတွေ အတော်များများဟာ ဒီအချက်ကို အသုံးမချတတ်ကြတာကတော့ တော်တော် အံ့သြစရာပဲ။ သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ မသိကြဘူး။ သူတို့က ကိုယ့်စကားပဲ ကိုယ်နားထောင်နေကြတယ်၊ သူများ စကားနားမထောင်အားကြဘူး။ ကိုယ့်လုပ်ငန်းကိစ္စနဲ့ပဲ ရှုပ်နေကြတယ်။ သူများတွေ ဘာလုပ်နေတယ်ဆိုတာ သတိမပြုနိုင်ကြဘူး။

လူတွေရဲ့ အတွင်းသဘောကို ထိုးဖောက်မမြင်ရင်၊ မသိရင် စီးပွား ရေးလုပ်ငန်းမှာ ဘယ်လိုလုပ်ပြီး ထိရောက်အောင်မြင် နိုင်ပါ့မလဲ။ စီးပွားရေး လုပ်ငန်းဆိုတာကလဲ ဟိုနေရာတစ်မျိုး၊ ဒီနေရာတစ်ဖုံနဲ့ တော်တော်ရှုပ်ထွေးသိမ်မွေ့တဲ့ ကိစ္စကလား။ ပြီးတော့ စီးပွားရေးလုပ်ငန်းရဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ဟာလဲ လူတွေနဲ့ပဲ ဆက်စပ်ပတ်သက်နေတာကလား။

စီးပွားရေးလုပ်ငန်းမှာ လူတွေကို စီမံအုပ်ချုပ်တယ်၊ လူတွေကို ကုန်ပစ္စည်း ရောင်းချတယ်လူတွေနဲ့ စုပေါင်းပြီး လုပ်ကိုင်တယ် ကိုယ်လုပ်စေချင်တာကို လူတွေ လုပ်ဆောင်ခိုင်းတယ်။အဲဒီတော့ ဒီလုပ်ငန်းတွေ ဒီလူတွေရဲ့ အတွင်းသဘောကို စောကြောမသိရင် စီးပွားရေးလုပ်ငန်းရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ ထိုးထွင်းသိမြင်မှုဟာ ပစ္စုပ္ပန်ကာလရဲ့ ဟိုမှာဘက်ကို လှမ်းမြင်နိုင် တယ်။ ပစ္စုပ္ပန်ကာလကို ကျော်လွန်ပြီး အနာဂတ်ကာလကို ကြိုမြင်နိုင်တယ်။

ဥပမာ မိတ်ဆွေဟာ လာမယ့် ဆယ်နှစ်တာကာလတွင် စီပွားရေး လုပ်ငန်းမှာ ပေါ်ပေါက်လာမယ့် အခြေအနေတွေကို အကုန်လုံး ကြိုတင်သိ နိုင်တဲ့ အသိဉာဏ်ရှိတယ် ဆိုကြပါစို့။ အဲဒါဆိုရင် မိတ်ဆွေအနေနဲ့ အကြား အမြင် ဗဟုသုတရှိသူ တစ်ယောက်သာမကတော့ဘဲ အောင်မြင်ကျော်ကြား တဲ့ လူတစ်ယောက်လဲ ဖြစ်လာလိမ့်မယ်၊ ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက် လဲဖြစ်လာလိမ့်မယ်။

တကယ်တော့ ဒါဟာ ဘာမှ အံ့သြစရာ မဟုတ်ဘူး၊ လူတွေရဲ့ အတွင်းသဘောကို စောကြောသိရှိတဲ့ဉာဏ်ကြောင့် မိတ်ဆွေဟာ အနာဂတ် ကို ကြိုတင် နိမိတ်ဖတ်နိုင်တာ ဖြစ်တယ်။

လူတစ်ယောက်မှာ သူ့စရိုက် သူ့ဝါသနာလိုက်ပြီး သီးခြား သဘာဝ ဆိုတာရှိတယ်။ မူလသဘာဝ၊ မူလအတ္တ ဒါမှမဟုတ် ပင်ကိုယ်သဘာဝ၊ ဝင်ကိုယ်အတ္တ ခေါ်ချင်သလို ခေါ်နိုင်တယ်။ အဲဒီပင်ကိုယ်သဘာဝ အဲဒီပင် ကိုယ်အတ္တဟာ ဘယ်အခြေအနေမျိုးပဲ ကြုံရကြုံရ လုံး, မပြောင်းလဲဘူး၊ ထာဝရ တည်မြဲနေတယ်။

မိတ်ဆွေဟာ လူတစ်ယောက်အကြောင်းကို ပိုသိလေလေ၊ အဲဒီလူရဲ့ ပေါ်ယံခြုံလွှာအောက်က အတွင်းသဘောအမှန်ကို ပိုသိလေလေ စီးရေး လုပ်ငန်း အခြေအနေ တစ်ရပ်ရပ်မှာသူ့အနေနဲ့ ဘယ်လို တုန့်ပြန် ပြုမူလာလိမ့်မယ်ဆိုတာကို ပိုပြီး အတိအကျ သိရလေလေပဲ။ ဒီအသိ၊ ဒီဗဟုသုတ

ဟာ စီးပွားရေးလုပ်ငန်းမှာ အလွန်တန်ဖိုးရှိတယ်၊ ကုန်ကုန်ပြောရရင် လူ့ဘဝ တစ်လျှော်လုံးအတွက်လဲ တန်ဖိုးရှိတယ်။

ဒီပညာက ဘာနဲ့တူသလဲဆိုတော့ အကြားအမြင်ပေါက်သူတွေ ဗေဒင်ဆရာတွေ စတဲ့ “ပညာသည်” တွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တူ တယ်။ ဒီပုဂ္ဂိုလ်တွေက အလားတူ နည်းပရိယာယ်တွေကိုသုံးပြီး အလွန် ရှည်ဝေးတဲ့ အနာဂတ်ကို ကြိုတင် ဟောကိန်းထုတ်ကြတယ်။

အကြားအမြင်ပေါက်သူတွေဟာ လူတစ်ယောက်ရဲ့ အမူအရာ၊ အပြု အမူ၊ အဝတ်အစားတွေကိုလဲ သတိထားပြီး လေ့လာတယ်၊ ရေလာမြောင်းပေး မေးခွန်းတွေကိုလဲ မေးတယ်။ အဲဒီလို နည်းလမ်းတွေနဲ့ သူတို့ကလူတစ် ယောက်ရဲ့ အတိတ်နဲ့ အနာဂတ်အကြောင်းဟောကိန်းတွေ ထုတ်ကြတယ်။

''အမှန်ကတော့ သူတို့ဟာ သူတို့လေ့လာသိရှိပြီးသား အချက်တွေ အပေါ် အခြေခံပြီးတော့ လာမေးသူ ကြားချင်သိချင်တဲ့ စကားတွေကို ပြန် ပြောကြတာပါ။ တော်တဲ့ပုဂ္ဂိုလ်တွေက သတင်းအစအန သဲလွန်စ,ကလေး တစ်ခုရတာနဲ့ အဲဒီအပေါ် အခြေခံပြီး ပုံကြီးချဲ့ ဟောပြောနိုင်ကြတယ်။ သူတို့အထဲက တချို့ပုဂ္ဂိုလ်တွေဆိုရင် စီးပွားရေးလုပ်ငန်းမှာ အလွန်တော်တဲ့အမှုဆောင်အရာရှိကြီးတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။

ကျွန်တော့် လုပ်သက်တစ်လျှောက်မှာလဲ အဲသလို စီးပွားရေး အကြားအမြင်ပေါက်တဲ့ပုဂ္ဂိုလ်တွေ တော်တော်များများ တွေ့ခဲ့ရဖူးပါတယ်။

တစ်ပါးသူရဲ့ အတွင်းသဘာဝကို ထိုးထွင်းသိမြင်နိုင်ဖို့အတွက် မိမိရဲ့ အာရုံငါးပါးကို ဖွင့်ထားဖို့လိုတယ်။ ကိုယ်က နည်းနည်းပြောပြီး သူများပြောတာကို များများနားထောင်တတ်ဖို့ လိုတယ်။

တစ်ပါးသူအကြောင်းကို သူပြောချင်သလောက် ပြောပြလို့ သိရတာထက် ကိုယ်သိချင်သလောက် သိနိုင်ဖို့ဆိုတာက သတိထားပြီး အကဲခတ် တတ်ရမယ်၊ ဂရုတစိုက် နားထောင်တတ်ရမယ်။ ကိုယ့်ပါးစပ်ကို ပိတ်ထား ပြီး မျက်စိကိုဖွင့်၊ နားကို ဖွင့်ထားရမယ်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)