Skip to product information
1 of 2

Other Websites

မောင်ပေါ်ထွန်း - မျိုးဆက်သွေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း(၁)

တူရကီနိုင်ငံ

အီစတန်ဘူးမြို့

စနေနေ့ ၊ စက်တင်ဘာလ ၅ ရက်

ည ၁-နာရီ၊

          ရုံးခန်းထဲတွင် မီးရောင်မရှိ၊ တစ်ခန်းလုံး မှောင်မည်းနေ၏။ သူသည် ဟာဂျစ်ကာဖား၏ စားပွဲတွင် တစ်ယောက်တည်း ထိုင်နေသည်။ ရုံးခန်း ပြတင်းမှ ကျော်ကာ အီစတန်ဘူမြို့တွင်းရှိ ဗလီဝတ်ကျောင်းများ၏ မျှော်စင်ပြာသာဒ်များကို ငေးကြည့်နေသည်။ သူကား ကမ္ဘာပတ်၍ အနိုင် နိုင်ငံသို့ ရောက်ဖူးသူတည်း။ ထင်ရှားသော မြို့ကြီးပေါင်း တစ်ဒါဇင်ခန့်ကို အိမ်ဦးနှင့် ကြမ်းပြင်ပမာ ကူးလူး သွားလာနေသူ ဖြစ်၏။ သို့ပေမယ့် သူက အီစတန်ဘူမြို့ကိုသာ အကြိုက်ဆုံး။ အီစတန် ဘူမြို့ကို အကြိုက်ဆုံးဖြစ်ရခြင်းမှာ ကမ္ဘာလှည့်ခရီးသည်များ စွဲမက်သော “ဘီယိုဂလူလမ်း ကြောင့်လည်း မဟုတ်၊ ဟစ်လတန်ဟိုတယ်မှ ခမ်းနားဆန်းပြားသော “လာလေဇက်” အရက်ခန်းကြောင့်လည်း မဟုတ်။ မွတ်စလင်အမျိုးသားများသာ သိသော လမ်းကြိုလမ်းကြားအရပ်များ၊ ချောင်ကြိုချောင်ကြား ပွဲဈေးတန်းကလေးများနှင့် လူတစ်ယောက်သာ မြှုပ်နှံရပြီး ကွယ်လွန်သူ ကောင်းရာသုဂတိသို့ ရောက် စေရန် လူအများ လာရောက်၍ ဆုတောင်းမေတ္တာပို့သလေ့ရှိသော “တယ်လီဘာဘာ” သင်္ချိုင်းတို့ကြောင့်သာ ဖြစ်သည်။

          သူသည် တာဂျစ်ကာဖားအား အလွန်စိတ်ရှည်စွာဖြင့် ထိုင်စောင့်နေသည်။ သူ၏စိတ်ရှည်ပုံမှာ သားကောင်ကို စောင့်ရသော တောလိုက်မုဆိုးတစ်ယောက်၏ စိတ်ရှည်ပုံမျိုး ဖြစ်သည်။ သူသည် ပင်ကိုယ်အားဖြင့် တည်ငြိမ်၍ သမ္မာဓိရှိသူ ဖြစ်သည်။ မိမိ၏ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထိန်းချုပ်နိုင်သူ ဖြစ်သည်။ သူကား မျိုးရိုးလိုက်၍ ခန့်ညားချောမောသော ဝေလအမျိုးသား၊ သူ့ဆံပင်များက နက်မှောင်နေသည်။သူ့မျက်နှာက ခန့်ညား၍ အားရှိသည်။ ပြာရင့်ရင့် သူ့မျက်လုံးများသာ ဉာဏ်အမြော်အမြင် ပြည့်ဝမှုကို ဖော်ပြနေသည်။ သူ့အရပ် မှာ ခြောက်ပေကျော်သည်။ ကိုယ်လုံးကိုယ်ဖန်မှာ အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းဖြင့် အလွန်ကြည့်ကောင်းသော ရုပ်သွင် မျိုး ဖြစ်သည်။ ကျန်းမာရေးကို အလေးထားသော ယောက်ျား တစ် ယောက်၏ ကိုယ်လုံးကိုယ်ပေါက်မျိုး ဖြစ်သည်။

          ရုံးခန်းထဲတွင် ဟာဂျစ်ကာဖား၏ အနံ့များ၊ အငွေ့အသက်များ ဖြင့် မွန်နေသည်။ ငြီးစီစီ ချိုမြမြ ဆေးပြင်းလိပ်နံ့ စူးရှသော တူရကီကော်ဖီနံ့နှင့် ဟာဂျစ်ကာဖား၏ အဆီပြန်နေသည့် ဝဖိုင့်ဖိုင့် အတ္တဘော ကြီးမှ ထွက်လာသော ကိုယ်နံ့များ။

          သို့သော် ရီးစ်ဝီလျှံက ယင်းတို့ကို လုံးဝဂရုမထားမိ။ လုံးဝမစဉ်းစားမိ သူစဉ်းစားနေသည်မှာ လွန်ခဲ့သော တစ်နာရီခန့်က ပြင်သစ် နိုင်ငံ၊ ချာမိုနီး တောင်တက်စခန်းမှ ရောက်ရှိလာသော တယ်လီဖုန်း သတင်းသာ ဖြစ်သည်။ ..

          “အလွန် တုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ မစ္စတာ ဝီလျံ၊ ကျွန်တော်တို့တော့ အားလုံးဒုက္ခရောက်တော့မှာပဲ၊ အဖြစ်အပျက်က မြန်ဆန်လွန်းတယ် ဒါကြောင့် သူ့ကို ကယ်ဆယ်ဖို့ အချိန်လုံးဝ မရလိုက်ပါဘူး၊ မစ္စတာရိုဖေးဟာ တစ်ခါတည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ် ...”

          ဆင်မြူရယ် (ဆမ်) ရိုးသည် “ရိုဖေးနှင့်သားများ ကုမ္ပဏီ” ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ရိုဖေးနှင့်သားများ ကုမ္ပဏီမှာ ကမ္ဘာ့နိုင်ငံစုံတွင်ကုမ္ပဏီခွဲများ ဖွင့်လှစ်ထားရှိပြီး ကုဋေကုဋာ ချမ်းဿာကြွယ်ဝသောဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆေးဝါး ထုတ်လုပ်မှုနှင့် ပတ်သက်သော ဒုတိယအကြီးဆုံး ကုမ္ပဏီကြီးလည်း ဖြစ်သည်။ ယခုလို ဆမ်ရိုဖေး ရုတ်တရက် မတော်တဆ သေဆုံးသွား ခြင်းကို ရီးစ်ဝီလျှံက လုံးဝ မယုံနိုင်အောင် ဖြစ်နေမိသည် ဆမ်ရိုဖေး သည် အလွန်အားမာန်ပြင်းပြသူ ဖြစ်သည်။ မရပ်မနား အလုပ်လုပ်နေ သူ ဖြစ်သည်း ကမ္ဘာတစ်လွှားရှိ ကုမ္ပဏီပိုင် စက်ရုံများနှင့် ရုံးခွဲများသို့လေယာဉ်မျိုးစုံဖြင့် တရစပ် ကူးသန်းသွားလာကာ တခြားသူတွေ မရှင်း နိုင်သောပြဿနာများကို ဖြေရှင်းပေးနေသူ၊ စနစ်သစ်များကို တီထွင် ပေးနေသူ၊ အလုပ်သမားများအား အလုပ်ပိုလုပ်ချင်အောင်၊ အကောင်း ဆုံး လုပ်ချင်အောင် စည်းရုံးလှုံ့ဆော်ပေးနေသူ ဖြစ်သည်။ သမီးတစ် ယောက် အဖေ အိမ်ထောင်သည် ဖြစ်သော်ငြားလည်း မိသားစုအရေး ကို ဘေးချိတ်ထားပြီး အလုပ်တွင်သာ စိတ်နှင့်ကိုယ်ကို မြှုပ်နှံထားသူ ဖြစ်သည်။ ဆမ်ရိုဖေးကား အလွန်ထက်မြက်သူ ဖြစ်သည်။ ရှာမှရှား သော စီးပွားရေးသမားတစ်ဦး ဖြစ်သည်။

          ယခု သူ မရှိတော့ပြီ။ သူ အသေအဆိုးဖြင့် သေဆုံးသွားခဲ့ပြီး နေရာတွင် ဘယ်သူ့ကို အစားထိုးနိုင်မှာလဲ သူ ထားပစ်ခဲ့သော ကြီးမားကျယ်ပြန့်လှသည့် ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းကြီးကိုခြေနိုင်လက်နိုင် အုပ်ချုပ်နိုင်မည့်သူမှာ ဘယ်သူလဲ။ သူသည် သူ့နေရာ တွင် ဆက်ခံမည့်သူကို ကြိုတင်ရွေးချယ်ထားခဲ့သည် မဟုတ်။ ယင်းသို့ ဖြစ်ရခြင်းမှာလည်း သူ့ကိုယ်သူ ယခုလို အသက် ၅၂-နှစ်အရွယ်တွင် သေဆုံးမည်ဟု၍ ကြိုတင်မသိခဲ့သောကြောင့် ဖြစ်သည်။ သူ လူ့လော ကတွင် အကြာကြီး နေနေရဦးမည်ဟု သူက တွက်ထားခဲ့သောကြောင့် ဖြစ်သည်။

          ယခုတော့ သူ မရှိတော့။ သူ အသေဆိုးဖြင့် သေဆုံးသွားခဲ့ပြီ။

          ရုံးခန်းထဲတွင် ရုတ်တရက် မီးလင်းသွားသည်။ ရီးစ်ဝီလျှံသည် အတွေးပြတ်သွားပြီး တံခါးမကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ မီးရောင် ကြောင့် သူ့မျက်လုံးများ ခဏမျှ ငါးသွားသည်။

          “အို ... မစ္စတာဝီလျှံပါလား၊ ကျွန်မက ဒီမှာ ဘယ်သူမှ မရှိဘူး မှတ်တာ”

          ဝင်လာသူမှာ ကုမ္ပဏီအတွင်းရေးမှူး စာရေးမ ဆိုဖီ ဖြစ်သည်။ ဆိုဖီသည် အီစတန်ဘူးမြို့သို့ ရီးစ်ဝီလျှံလာတိုင်း ရုံးလုပ်ငန်း အရပ်ရပ် - နှင့်ပတ်သက်၍ တွဲဖက်ဆောင်ရွက်ပေးရသည်း သူမသည် တူရကီအမျိုးသမီး ဖြစ်သည်။ အသက်က ၂၀-ကျော် အရွယ်။ မျက်နှာပေါက် ရော ကိုယ်လုံးကိုယ်ပေါက်ရော ဆွဲဆောင်မှုအပြည့်ရှိသည်။ သူမသည်ချစ်မူရေးရာနှင့် ပတ်သက်၍ အလွန်သိမ်မွေ့သော ရှေးဟောင်းတူရကီပုံစံများကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်ကြောင်း ဝီလျံလာတိုင်းအပြော အဆို အမူအရာများဖြင့် ပြတတ်သည်။ သို့သော် ဝီလျံက လုံးဝ စိတ်မ၀င်စား။

          သူမက အသံချိုချိုဖြင့် ဆက်ပြောသည်။

          “မစ္စတာကာဖား ခိုင်းထားတဲ့ စာတွေကို လက်နှိပ်စက် အပြီးရိုက် ဖို့ ကျွန်မ လာခဲ့တာပါ၊ မစ္စတာဝီလျှံအတွက် ကျွန်မ ဘာလုပ်ပေးရပါမလဲ”

          ဆိုဖီက ပြောရင်း စားပွဲနားသို့ ကပ်လာသည်။ သူမကိုယ်မှ ကတိုးနံ့များ လှိုင်နေသည်။

          “မစ္စတာ ကာဖားဘယ်သွားသလဲ” ဆိုဖီက အားတုံ့အားနာဖြင့် ခေါင်းကို ခါယမ်းရင်း ... ။ “ဒီနေ့ သူ အပြင်ထွက်သွားတာ တစ်နေကုန်ပဲ၊ ခုထိ ပေါ်မလာ ပါဘူး။ ဆိုဖီက သူမ၏ လက်ဝါးပြင် နုနုကလေးဖြင့် ဂါဝန်အပေါ် ပိုင်းကို ညင်သာစွာ ပွတ်သပ်နေသည်။ “ကျွန်မဆီက အကူအညီ တစ်ခုခုများ လိုပါသလား” သူမ၏မျက်ဝန်းများက နက်မှောင်ပြီး အငွေ့ပြန်နေသလို ထင်ရသည်။

          “လိုတာပေါ့၊ သူ့ကို တွေ့အောင်ရှာပါ” ဆိုဖီက မျက်မှောင်ကြုတ်သွားသည်။ “အဲဒါမှ ခက်တာပဲ၊ ကျွန်မ ဘယ်သွားရှာရပါ့မလဲ”

          “ကာဗန်ဆာရီ ဟိုတယ်မှာ ရှာကြည့်၊ ဒါမှမဟုတ် မာမာရား ဟိုတယ်မှာ ရှိနိုင်တယ်”

           ကာဗန်ဆာရီဟိုတယ်မှာ ပို၍ ရှိနိုင်သည်။ ကာဗား၏အမြှောင် မယားကလေးတစ်ဦးမှာ ယင်းဟိုတယ်တွင် ဝတ်လစ်စလစ်ကချေသည် လုပ်နေသောကြောင့် ဖြစ်သည်။ဆိုဖီက တောင်းပန်သံဖြင့် ပြောသည်။

          “ကျွန်မ ကြိုးစားကြည့်ပါမယ်၊ ဒါပေမဲ့ .... ကျွန်မ ...” 

          “သူ့ကို တွေ့ရင် ပြောလိုက်ပါ၊ တစ်နာရီအတွင်း ဒီရုံးခန်း ရောက်မလာရင် အလုပ်ပြုတ်ပြီလို့”

          ဆိုဖီ၏ မျက်နှာတွင် အမူအရာ ပြောင်းသွားသည်။

          “ကျွန်မ တတ်နိုင်သမျှ ရှာကြည့်ပါ့မယ် မစ္စတာဝီလျံ” 

          ဆိုဖီသည် တံခါးမဆီသို့ ပြန်လျှောက်သွားသည်။

          “မီးပြန်ပိတ်ခဲ့”

          တကယ်တော့ ဘာကိုမျှစဉ်းစားမနေဘဲ အမှောင်ထဲတွင် ထိုင်နေခြင်း က ပို၍ ကောင်းပေလိမ့်မည်။ သို့သော် ရီးစ်ဝီလျှံအဖို့ မစဉ်းစားဘဲ နေ၍ မရ။ ဆမ်ရိုဖေး၏ရုပ်သွင်က သူ့စိတ်အာရုံထဲတွင် ထင်ထင် ရှားရှားကြီး ပေါ်လာသည်။ အမှန်ဆိုလျှင် ဒီနှစ် ဒီရာသီ ဒီလို စက်တင် ဘာလဆန်းကာလမျိုးတွင် “မောင့်ဘလန့်” တောင်ထွတ်များကို တက်ရ သည်မှာ အလွန် လွယ်ကူသည်သာ ဖြစ်သည်။ ဆမ်ရိုဖေးသည် ယခင် ကလည်း ဒီကောင်ထွက်များဆီသို့ တက်ရောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သို့သော် ဆီးနှင်းမုန်တိုင်းများ ပြင်းထန်လွန်း၍ဆမ်ရိုဖေး၏ ကိုယ်ခန္ဓာသည် ရေခဲတောင်စွန်းများနှင့် ရိုက်ခတ် ပြီး တောင်ကြားထဲသို့ ဒလိမ့်ကောက်ကွေး လွင့်စင်လိမ့်ကျသွားပုံ ကိုရီးစ်၀ီလျံ၏ စိတ်မျက်စိထဲတွင် မြင်ယောင်လာသည်။ သူက ယင်းမြင်ကွင်းကိုစိတ်မကူးမိရန် ကြိုးစားပြီး အာရုံလွှဲပစ်နေမိသည်။ ဖြစ်ပျက် ခဲ့သမျှကအတိတ်ကာလတွင် ကျန်ရစ်ခဲ့ပြီး လွန်လေပြီးသော အတိတ် ကာလအတွက် စိုးရိမ်ပူပန်နေ၍ အကျိုးမရှိတော့။ သူ့အဖို့ စိုးရိမ်ပူပန်ယခုလောလောဆယ် ပစ္စုပ္ပန်ကာလ။

          ဤသတင်းဆိုးကြီးကို ဆမ်ရိုဖေး၏ ဆွေမျိုးသားချင်းများထံသို့ အကြောင်းကြားရန် ရှိသေးသည်။ သူ့ဆွေမျိုးသားချင်းများမှာ ကမ္ဘာ အပ်ရပ်တွင် တကွဲတပြားစီ နေထိုင်ကြသည်။ ပြီးတော့ သတင်းစာ များအတွက် ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ရဦးမည်။ ဤ သတင်းသည် ဘွားခနဲပေါ်ပေါက်လာသော လှိုင်းလုံးကြီးပမာ ကမ္ဘာ့ စီးပွားရေးလောက တစ်ခုလုံးသို့ ရိုက်ခတ်သွားပေလိမ့်မည်။ ယခုအချိန် တွင် ရိုဖေးနှင့်သားများကုမ္ပဏီမှာ ပြဿနာသောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေရသည်။ “ဆမ်ရိုဖေး ကွယ်လွန်သွားပြီ” ဟူသော သတင်း သည် သူ့ကုမ္ပဏီတစ်ခုလုံးကို လဲရာဖိထောင်းလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ယခုအခါ ကုမ္ပဏီ၏ တာဝန်အရပ်ရပ်မှာ ရီးစ်ဝီလျှံ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့ပြီ ဖြစ်သည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)