Skip to product information
1 of 3

Other Websites

မောင်ပေါ်ထွန်း - ခေါင်းဆောင်ကောင်းဆိုသည်မှာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နိဒိန်း

လူတိုင်း ခေါင်းဆောင် ဖြစ်ချင်ကြသည်။ မိသားစု ခေါင်းဆောင်၊ ရပ်ရွာ ခေါင်းဆောင်၊ လုပ်ငန်း ခေါင်းဆောင်၊ အသင်းအဖွဲ့ ခေါင်းဆောင်၊ လူမှုရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တိုင်းပြည် ခေါင်းဆောင် စသည်ဖြင့် ခေါင်းဆောင် အမျိုးမျိုးရှိသည်။

ဘယ်ခေါင်းဆောင်ပဲလုပ်လုပ် “မည်ကာမတ္တ” ခေါင်းဆောင် မဟုတ်ဘဲ စွမ်းဆောင်ရည် ပြည့်ဝသော “အစစ်အမှန်' ခေါင်းဆောင် ဖြစ်ဖို့ လိုအပ်သည်။ စွမ်းဆောင်ရည် ပြည့်ဝသော၊ လက်ရုံးရည် နှလုံးရည် ပြည့်ဝသော ခေါင်းဆောင်မှသာလျှင် နောက်လိုက် ငယ်သားများ၏ အကျိုး၊ အများ၏အကျိုး၊ တိုင်းပြည်၏ အကျိုးကို ပေါက်ပေါက်မြောက်မြောက် ဆောင်ရွက်နိုင်၏။

သို့သော် တကယ်တမ်း လေ့လာ ဆန်းစစ်ကြည့်သောအခါ လောကတွင် အဆိုပါ အရည်အချင်းများနှင့် ပြည့်စုံသော 'ခေါင်းဆောင်ကောင်း’ အလွန်ရှားသည်။

ယင်းသို့ ဘာကြောင်း ဖြစ်ရပါသလဲ။ ဤမေးခွန်း၏ အဖြေကို အောင်မြင်သော ခေါင်းဆောင်ကောင်း တိုင်းသိကြသည်။ .

ခေါင်းဆောင်ဟူသည် မိမိ၏ လက်အောက်ငယ်သားများ၊ နောက်လိုက်များ ဘာတွေကို လုပ်နိုင်သလဲ။ ဘာတွေကို လေ့လာသင် ယူနိုင်သလဲဆိုသည်ကို ကောင်းစွာ နားလည်ရမည်။ ဤအချက်ကို ခေါင်းဆောင်ကောင်းတိုင်း ကောင်းစွာသိကြ၏။ စီးပွားရေးလုပ်ငန်း ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်း ဆောင်ပဲဖြစ်ဖြစ်၊ ဘာခေါင်းဆောင်ပဲ ဖြစ်ဖြစ် လူတွေအကြောင်းကို သိရှိရမည်။ နားလည်ရမည်။ ခေါင်းဆောင်ကောင်းသည် မိမိအုပ်စု၊ မိမိအဖွဲ့အစည်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ဖြည့် ဆည်းပေးနိုင်ရန် မိမိက ဘာတွေကို ဆောင်ရွက်ပေးနိုင်သလဲ ဆို သည်ကိုလည်း ကောင်းစွာ သိရှိရမည်။ ထို့ပြင် ခေါင်းဆောင်ကောင်း သည် မိမိနှင့် မိမိ၏ နောက်လိုက်များကြားတွင် ဖြစ်ပေါ်နေသည့် ကွဲပြားခြားနားချက်ကို လည်းကောင်း၊ မိမိ၏ နောက်လိုက်များကြား ဖြစ်ပေါ်နေသည့် ကွဲပြားခြားနားချက်ကို လည်းကောင်း မှန်မှန်ကန်ကန် သိရှိရမည်။

ခေါင်းဆောင်ကောင်းသည် မိမိ၏ ခေါင်းဆောင်မှု ပြဿနာကို အများကျေနပ်သော နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်ရမည်။ မိမိ ဦးဆောင်ရသော လူတွေကို တစ်ဦးချင်းစီသော် လည်းကောင်း၊ အုပ်စုလိုက်သော် လည်းကောင်း သိရှိနားလည်ပြီးသကာလ အများကျေနပ်သော နည်းလမ်းဖြင့် စွမ်းဆောင်ရည်ရရှိအောင် ဦးဆောင်မှု ပေးနိုင်ရမည်။

အောင်မြင်သော ခေါင်းဆောင်မှု ပညာဟူသည် လူ့သဘာဝကို ကောင်းစွာ သိရှိပြီး လူတွေကို ကောင်းစွာ ဦးဆောင်နိုင်ခြင်းပင်ဖြစ်၏။

မိတ်ဆွေ စာဖတ်သူသည် ယခုအချိန်တွင် ခေါင်းဆောင် တစ်ယောက် ဖြစ်ချင်ဖြစ်နေမည်။ သို့တည်းမဟုတ် တစ်နေ့သောအခါ ခေါင်းဆောင် ဖြစ်လာရမည်ဟု မျှော်လင့်ထားသူလည်း ဖြစ်ချင် ဖြစ်နေမည်။

ဘယ်လိုပဲဖြစ်ဖြစ် ယခုတင်ပြမည့် သဘောတရားများနှင့် အကြံ ပေးချက်များသည် မိတ်ဆွေအတွက် တကယ်ပင် အကျိုးရှိပါလိမ့် မည်။ အကြောင်းသော်ကား ယင်းတို့သည် အောင်မြင်သော ခေါင်း

ဆောင်မှု အတတ်ပညာ၏ အဓိက အခြေခံသဘောတရားများ ဖြစ် သောကြောင့်တည်း။

နေရာတိုင်းတွင် ခေါင်းဆောင်ကောင်း လိုအပ်နေသည်။ နေ့တိုင်း လိုအပ်နေသည်။ ဤသည်ကို မိတ်ဆွေ ကောင်းကောင်းကြီး သိသည်။

မိတ်ဆွေသည် အခြားသူများ၏ ဆောင်ရွက်မှုများကို ကြီးကြပ် လမ်းညွှန်နေသူ ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့ဆိုလျှင် ထိုသူများ သည် မိတ်ဆွေထံသို့ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် အမြဲအပြတ် မလွဲမသွေ ရောက်လာကြလိမ့်မည်။ အကြောင်းအရာ အမျိုးအစား မတူသော မေးခွန်းပေါင်းများစွာကို လာရောက်မေးမြန်း ကြလိမ့်မည်။ ' ဤသည်မှာ အခြားမဟုတ်၊ သူတို့က မိတ်ဆွေအား သူတို့ ၏ခေါင်းဆောင်အဖြစ် ယုံကြည် အားကိုးခြင်းကြောင့် ဖြစ်၏။သူတို့က

သူတို့၏ လုပ်ဆောင်မှုအတွက်၊ လုပ်ငန်းခွင် အဆင်ပြေမှုအတွက်၊ သူတို့၏ ပုဂ္ဂိုလ်ရေး တိုးတက်မှုအတွက် မိတ်ဆွေ၏ လမ်းညွှန်ချက် ကို လိုချင်ကြသောကြောင့် ဖြစ်၏။

သို့ဆိုလျှင်မိတ်ဆွေက မိမိ၏ခေါင်းဆောင်မှု စွမ်းရည်ဖြင့် သူတို့၏ လိုအင်ကို ဖြည့်စွမ်းပေးနိုင်မည်လား။

မိတ်ဆွေသည် လူအများ၏ ခေါင်းဆောင်တစ်ယောက်အနေ ဖြင့် မိမိ၏ အရေးပါမှု၊ စွမ်းဆောင်မှုအတွက် မိမိကိုယ်တိုင် ဂုဏ်ယူ နိုင်သည်။ ဝမ်းသာပီတိ ဖြစ်နိုင်သည်။

သို့ဆိုလျှင် မိတ်ဆွေ အနေဖြင့် မိမိ၏ စွမ်းဆောင်မှုကို ဘယ် အတိုင်းအတာထိ ဂုဏ်ယူနိုင်ပါသလဲ၊ ဝမ်းသာပီတိ ဖြစ်နိုင်ပါသလဲ။

ဤစာအုပ်တွင် ယင်း မေးခွန်းများကို ဖြေဆိုထားသည်။ ယင်း အဖြေများသည် ခေါင်းဆောင်မှု အတတ်ပညာနှင့် ပတ်သတ်၍ အခြေခံကျသော အဆင်ပြေသော၊ လက်တွေ့ကျသော အဖြေများပင် ဖြစ်၏။

ခေါင်းဆောင်မှုပညာနှင့် ပတ်သက်၍ လူများစုသည် လွဲမှား သော အယူအဆများကို လက်ခံထားခဲ့ကြသည်။ ထိုအယူအဆများ ကို လက်မခံနိုင်သောကြောင့် ဤစာအုပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကျွန်ုပ်သည် “အမေရိကန် သုတေသန သိပ္ပံ” (Research Instítate of America) ၌အမှုထမ်းခဲ့စဥ်က ခေါင်းဆောင်မှုဆိုင်ရာပြဿနာပေါင်း များစွာကို လေ့လာခွင့် ရရှိခဲ့သည်။ သို့ဖြင့် လက်ရှိ သဘောတရားများနှင့် လက်တွေ့ လုပ်ဆောင်ချက်များ၏ ကွဲပြား ခြားနားမှုကို ပထမဦးစွာ သတိပြုမိခဲ့သည်။ အဆိုပါ ကွဲပြားခြားနားချက်များနှင့် ပြဿနာပေါင်း များစွာကို လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီဖြင့် ကောင်းစွာ ဖြေရှင်းနိုင်ခဲ့သည်။

ထို့ကြောင့် ဤစာအုပ်သည် ခေါင်းဆောင်တိုင်း တွေ့ကြုံနေရ သော ခေါင်းဆောင်မှု ပြဿနာများကို ကောင်းစွာ ဖြေရှင်းပေးနိုင် ပြီး ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာရန် အမှန်တကယ် လမ်းညွှန်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ပါသည်။

အောရင် ယူရစ်

အပိုင်း ( ၁ )

မိမိ၏ ခေါင်းဆောင်မှုကို အကဲဖြတ်ခြင်း

အခန်း (၁) 

ခေါင်းဆောင်အဖြစ် မိမိ၏ အနာဂတ်

အရေးကြီးသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်သောအခါ အခြေအနေကို လျင်မြန်စွာ ထိန်းနိုင်သူ တစ်ယောက်ယောက် လိုအပ်ကြောင်း လူတိုင်း သဘောပေါက်ကြပါလိမ့်မည်။ ယင်းသို့သော အခြေအနေတွင် မိတ်ဆွေလည်းပဲ အခြေအနေကို လျင်မြန်စွာ၊ ကျွမ်းကျင်စွာ ထိန်းကောင်း ထိန်းနိုင်ပါလိမ့်မည်။ ပေါ်ပေါက်လာသော အခြေအနေ များအတွက် ခေါင်းဆောင် လိုအပ်ကြောင်း၊ တစ်ယောက်ယောက်က အခြေအနေကို ထိန်းနိုင်လျှင် ထိုသူသည် ခေါင်းဆောင် ဖြစ်လာကြောင်း ကျွန်ုပ်တို့ သိကြသည်။ သို့သော် ခေါင်းဆောင်မှုသည် အရေးကြီးသော ထူးခြားသော အနေများနှင့်သာ သက်ဆိုင်သည် မဟုတ်ချေ။ ဘယ်အခြေအနေမျိုးတွင်မဆို ခေါင်းဆောင်သည် သတိတရားဖြင့် စဉ်းစားရ သည်။ လူတွေကို နားလည်သောအသိနှင့် မိမိ၏ ခေါင်းဆောင်မှု စွမ်းရည်တို့ကို အခြေခံကာ အပြီးသတ် ဆုံးဖြတ်ချက် ချရသည်။

ကျွန်ုပ်တို့အတွက် ခေါင်းဆောင်မှုသည် နေ့တိုင်း လိုအပ်နေ သည်။ လုပ်ငန်းအတွက်၊ ရပ်ကွက်အတွက်၊ လူမှုရေးအတွက် အမြဲတမ်း လိုအပ်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခေါင်းဆောင်မှု ပေးရန် အမြဲတမ်း အဆင်သင့် ဖြစ်နေကြရမည်။ “သာမန် လူတိုင်း တွင်လည်း ခေါင်းဆောင် အရည်အချင်း ရှိနိုင်သည်” ဟု အမေရိကန် ကဗျာဆရာ တစ်ဦးက ရေးသားဖူး၏။ 

အားလုံးနှင့်ဆိုင်သော ပြဿနာ

ခေါင်းဆောင်မှုသည် ပြောဆိုဆွေးနွေးရန် အလွန်ခက်ခဲသော အကြောင်းရပ်ဖြစ်သည်။ ရာသီဥတုအကြောင်း သို့မဟုတ် နောက်ဆုံး ပေါ် ဖက်ရှင် ရောင်းကုန်အကြောင်းကို ပြောဆိုဆွေးနွေးရန် ကောင်းကောင်းဖြစ်သည်။ သို့သော် ခေါင်းဆောင်မှု အကြောင်းကို ပြောဆို ဆွေးနွေးလျှင် အများအားဖြင့် လူတွေ အလွန် စိတ်လှုပ်ရှားရ၏။ ဥပမာ နိုင်ငံရေးကိစ္စကိုပဲ တွေးကြည့်ပါ။ နိုင်ငံရေးတွင် ခေါင်းဆောင် မှုသည် အဓိက ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်မှုကိစ္စ ပြောဆို ဆွေးနွေးလျှင် လူတိုင်း စိတ်လှုပ်ရှားရသည်။ နိုင်ငံရေး ခေါင်းဆောင် မှု ကိစ္စသည် လူတိုင်းနှင့် ပတ်သတ်သည်ဟု လူတိုင်းက ယူဆသည်။ ဤအယူအဆ တကယ် လည်း မှန်သည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်မှုကိစ္စသည် တစ်နည်းမဟုတ် တစ်နည်းအားဖြင့် ကျွန်ုပ် တို့အားလုံးနှင့် ဆက်စပ် ပတ်သတ်နေသောကြောင့် ဖြစ်၏။

သူ့စက်ရုံ၏ ထုတ်လုပ်မှုစွမ်းရည် တိုးတက်ရန် ကြိုးစားနေသော စက်ရုံမန်နေဂျာ တစ်ဦးကို ကြည့်ပါ။ သူသည် အစွမ်းကုန် ကြိုးစား လုပ်ကိုင်သည်။ သို့သော် သူ့စက်ရုံသည် လစဉ် အရှုံးပေါ်

နေ၏။ အကြောင်းမှာ စက်ရုံလုပ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အ၀ မရရှိသောကြောင့် ဖြစ်သည်။ ဤတွင် စက်ရုံ မန်နေဂျာသည် ခေါင်းဆောင်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီ။

ထို့အတူပင် မိဘများတွင်လည်း သားသမီးကိစ္စနှင့် ပတ်သက် ၍ ခေါင်းဆောင်မှု ပြဿနာကို နေ့စဉ် ကြုံနေရသည်။ ကျောင်း ဆရာများ၊ အသင်းအဖွဲ့ အကြီးအကဲများ၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့် စီးပွားရေးလုပ်ငန်း မန်နေဂျာများလည်း ထိုနည်း လည်းကောင်းပင် ဖြစ်၏။ တကယ်တော့ အခြားသူများ၏ လုပ်ရပ်များကို လမ်းညွှန် ကြီးကြပ်နေသူတိုင်းပင် ခေါင်းဆောင်မှု ပြဿနာနှင့် ရင်ဆိုင်နေကြရ၏။

ခေါင်းဆောင် သို့မဟုတ် မန်နေဂျာသည် သူ၏ စီမံအုပ်ချုပ် ပြဿနာ သို့မဟုတ် သူ၏ ခေါင်းဆောင်မှု ပြဿနာကို မဖြေရှင်းနိုင်သောအခါ သူ့လက်အောက်တွင် အလုပ် လုပ်နေကြသူတိုင်းလည်း သူ့လိုပင် နစ်နာသည်။ အကျိုးယုတ်သည်။

ဥပမာ အလုပ်သမားများကို ကြည့်ပါ။ သူတို့မှာ ပြဿနာမရှိ ကြဘူးလား။ သူတို့ မနှစ်သက်သော လူတစ်ယောက်၏ အုပ်ချုပ်မှု အောက်တွင် လုပ်ကိုင်နေကြရသောအခါ သူတို့သည် အလုပ်ခွင်တွင် စိတ်ချမ်းသာနိုင်ကြပါ့မလား။

အရှုံးပေါ်နေသော သို့မဟုတ် ကြွေးတင်နေသော စက်ရုံတစ်ခု၏ အလုပ်ခွင်သို့ မိတ်ဆွေ ရောက်ဖူးပါသလား။ ထိုစက်ရုံမှ အလုပ်သမားများသည် မောပန်းနွမ်းနယ်နေကြသည်။ လုံခြုံမှု ကင်းမဲ့နေကြသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆိတ်သုဉ်း နေကြသည်။ ယင်း အမူအရာတွေကို သူတို့၏ လှုပ်ရှားမှုတွင်လည်း မြင်ရသည်။ သူတို့ စကားတွင်လည်း မြင်ရသည်။ သူတို့၏ မျက်လုံးများတွင်လည်း မြင်ရသည်။

ကောင်းမွန်သော ခေါင်းဆောင်မှုဟူသည် ပုဂ္ဂိုလ်တစ်ဦးစီ၏ လိုအင် (အလုပ်ခွင် လုံခြုံမှုနှင့် အလုပ်ခွင် ပျော်ရွှင်မှု စသည်) ကို အဓိကထား၍ စဥ်းစားရသည်။

သို့သော်လည်း ခေါင်းဆောင်မှုသည် အခြား အကြောင်းတစ်မျိုး အားဖြင့်လည်း တန်ဖိုးရှိသေးသည်။ အတိတ်ကာလမှ ကြီးကျယ်သော ရှာဖွေတွေ့ရှိချက်များနှင့် တီထွင်မှုများကို ကြည့်ပါ။ ယင်းတို့ ကို ပုဂ္ဂိုလ်တစ်ဦးချင်းစီက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့၏ လက်ရှိ မျက်မှောက်ကာလ တိုးတက်မှုမှာ အတိတ်ကာလ တိုးတက်မှုနှင့် မတူတော့။ တစ်မျိုး ဖြစ်သွားပြီ၊ကွဲပြားခြားနားသွားပြီ။ ယခုခေတ် တိုးတက်တီထွင်မှုများမှာ ပုဂ္ဂိုလ်တစ်ဦးစီ၏ လုပ်ဆောင်မှုက အလွန်နည်းသွားပြီ၊ စွမ်းရည် ပြည့်ဝသော ခေါင်းဆောင်မှုအောက်တွင် အစုအဖွဲ့ အဖြစ် လုပ်ကိုင်နေကြ သော အမျိုးသား၊ အမျိုးသမီးအုပ်စု၏ စုပေါင်းဆောင်ရွက်မှုက တစ်နေ့ထက်တစ်နေ့ ပို၍ ပို၍ များပြားလာခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ယနေ့ခေတ်၏ တိုးတက်မှုသည် တစ်ဦးကောင်း တစ်ယောက်ကောင်း၏ လုပ်ရပ်ကြောင့် မဟုတ်ဘဲ ယေဘုယျအား ဖြင့် လူအများ၏ စုပေါင်းဆောင်ရွက်မှု ရလဒ်သာ ဖြစ်၏။ အနာ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဆေးသိပ္ပံဆိုင်ရာ တီထွင်တိုးတက်မှုပင် ဖြစ်စေ၊ ကုမ္ပဏီကြီးတစ်ခု သို့မဟုတ် စက်ရုံကြီးတစ်ခု၏ ကြီးပွားအောင်မြင်မှုပင်ဖြစ်စေ လူအများ၏ စုပေါင်း ဆောင်ရွက် မှုကြောင့် ပေါ်ပေါက်လာရခြင်းသာ ဖြစ်၏။

သို့သော်လည်း ယင်းသို့သော လူအပေါင်းအစုကို အရည် အချင်း ပြည့်ပြည့်နှင့် ဦးဆောင်နိုင်သူကား အလွန်ပင် ရှားလှပါဘိ။ 

အောင်မြင်သော ခေါင်းဆောင်ကောင်း

နေရာတိုင်းတွင် ခေါင်းဆောင်မှု အားနည်းနေသည်။ ခေါင်းဆောင်မှု အားနည်းလျှင် တိုးတက်မှု ကျဆင်းသည်။ အောင်မြင်မှု နည်းသည်။

ထို့ကြောင့် အရာရာတွင် တိုးတက်မှုရှိရန်၊ အောင်မြင်မှုရှိရန် စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်မှုလိုအပ်သည်။ စွမ်းရည် ပြည့်ဝ သော ခေါင်းဆောင်မှု” ဆိုသည်မှာ “ရှင်းလင်းစုစည်းသော ခေါင်း ဆောင်မှုစနစ်” ဖြစ်၏။ စနစ်ကောင်း နည်းလမ်းကောင်းသည် ခေါင်း ဆောင်ကောင်းအတွက် အကောင်းဆုံး လက်နက်ဖြစ်သည်။

ဤစာအုပ်တွင် ရေးသားထားသော နည်းလမ်းများသည် အခြေခံကျကျ စုစည်းထားသော ခေါင်းဆောင်မှု နည်းလမ်းကောင်း များ ဖြစ်သည်။ ယင်းနည်းလမ်းများအနက် အချို့မှာ နည်းလမ်းသစ် များ ဖြစ်သည်။ အချို့မှာ သမိုင်းမတင်မီ ခေတ်ကတည်းကပင် လူမျိုးစု ခေါင်းဆောင်လက်အောက်တွင် ဂူအောင်း လူသားများ ကျင့်သုံးခဲ့ကြသော နည်းလမ်းဟောင်းများ ဖြစ်သည်။

သို့သော် တစ်ခုတော့ ပြောစရာရှိသည်။ ဘယ်အလုပ်မှာမ တစ်ခုတည်းသော လုပ်နည်း လုပ်ဟန်ဟူ၍ ဘယ်တော့မှ မရှိပါ။



Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)