Skip to product information
1 of 2

Other Websites

မောင်နေ၀င်း - သံဖနောင့်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း [၁ ] 

 

ကျွန်မ၏လင်းယုန်

 

နွေလေပြည်လေညင်းက သစ်ပင်တောအုပ်များကို ဆော့ကစားနေလျှက်၊၊ ရေရိုင်းချောင်းတွင်မူ ရေညှိတက်နေသည့် ကျောက်တုံးများပေါ်၌ ချိုမြ သည့်သံနေသံထားများဖြင့်ဂယက်လှိုင်းထနေပါသည်။ နေရောင်အောက် တွင် လိပ်ပြာကလေးများ ပျံဝဲလျက်ရှိပြီး ပျင်းရိဖွယ်ရာကောင်းလှသည့် ပျား တောင်ပံခတ်သံများမှာလည်း နေရာတိုင်းမှ ပေါ်ထွက်နေပါသည်။ အလွန် တိတ်ဆိတ်အေးချမ်းလှပါသည်။ ဤနေရာတွင်ထိုင်ရင်း ကျွန်မမှာ စဥ်းစားတွေးတော စိတ်မောနေမိပါသည်။ တိတ်ဆိတ်ခြင်းက ကျွန်မစိတ်ကို မောအောင် ဖန်တီးနေပါသည်။ တကယ်ဆိုရလျှင် မမှန်ဟု ထင်ပါသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး တိတ်ဆိတ်နေခြင်းမျိုးသာ ဖြစ်ပါလိမ့်မည်။ ကျရောက်လာအံသောမုန်တိုင်းကို ကြိုတင်သိမြင်နေသည့် အကြားမှပင် ကျွန်သည် စိတ်စေတသိက် တစ်ခုလုံးဖြင့် နားစွင့်နေမိခြင်းဖြစ်ပါသည်။

 အို ... အချိန်မတိုင်မီမဖြစ်ပါစေနှင့် ကျွန်မစိတ်မောနေရသည်ကို အံ့သြစရာမရှိပါ။ ကျွန်မတွေးပါသည်။ တွေးတောခြင်းကို ရပ်၍ မရပါ။ အေးချမ်းမှုနှင့် တိတ်ဆိတ်မှုတို့ ဖိစီးခြင်းကို ခံနေ ရသည့် နက်ရှိုင်းရှုပ်ထွေးလှသောဘဝ၌ ကျရောက်နေခဲ့သည်မှာ ကြာမြင့်ပါပြီ။

 

သေခြင်းတရား၊ ပျက်စီးဆုံးရှုံးခြင်းတရားများ ဝိုင်းဝိုင်းလည်သော ရူးသွပ်ခမန်း ဝဲသြဃ၌ ကျွန်မ မနေနိုင်တော့ပါ။ ဒုက္ခတွေ့နေရသူများ၏ ငိုညည်းအော်ဟစ်သံ များကို ကျွန်မနားတွင် အထင်းသားကြားနေရပါသည်။ အတိတ်ကာလက ဂုဏ်မာနု တက်ကြွခဲ့သောခန္ဓာကိုယ်များမှ ပရမ်းပတာ ပဲ့ထွက်လျက် ထာဝရ ဘုရားသခင်ထံသို့ ရောက်ရှိသွားကြသော ဝိညာဉ်များကိုလည်း မြင်ယောင်မိပါသည်။ ဤသို့အားဖြင့် ဤမဟာပထဝီမြေကြီးပေါ် ထာဝရငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု ရရှိရေးအတွက် ဘဝအဆက်ဆက်ပျက်စီးဆုံးရှုံးမှုများနှင့် အရင်းတည်ကာ ကြိုးပမ်းနေကြရသော ကျွန်မတို့ လူဆင်းရဲများ၏ ရည်မှန်းချက်တွေကို ရရှိနေ ခြင်းသာဖြစ်ပါတော့သည်။

 

ကျွန်မမှာ အထီးကျန်သာဖြစ်ပါသည်။ ရှေ့ ဘာဖြစ်မည်ဆိုခြင်းကို ကျွန်မ တွေးတောနေသောအချိန်၌ လူသားများ၏ လွတ်လပ်မှုတည်းဟူသော အလျှံတညီးညီး တောက်လောင်နေသည့် ထာဝရနမင်းကြီးဆီသို့ ရည်မှန်းကာ မမောနိုင်မပန်းနိုင် အတောင်တဖျပ်ဖျပ်ရိုက်ခတ်လျက် တစ်ဟုန်ထိုး ပျံတက်နေ သော ကျွန်မ၏လင်းယုန်ကြီး မည်သို့ဖြစ်နေသည်ဆိုခြင်းကိုသာ ကျွန်မ စဉ်းစား နေမိသည်။ သူ မမြင်နိုင်တော့သော်လည်း သူလုပ်ကိုင်နေသော တကယ် လုပ်ငန်း အကယ့်အဖြစ်အပျက်ကြီးကို ကျွန်မ ဤအတိုင်း လက်ပိုင် ထိုင်၍စောင့်ကြည့်မနေနိုင်တော့ပါး ယင်းအတွက် သူ့ဘ၀သက်တမ်းတစ်လျှောက်လုံးပေးလှူခဲ့ပါသည်။ ယင်းအတွက် သူ အသက်ပေးခဲ့ပါသည်။ ယင်းသည်သာလျှင် သူ့လက်သူ့အလုပ်ဖြစ်ပါသည်။

 

ထို့ကြောင့်ဤကဲ့သို့ စိတ်ထက်သန်စွာ စောင့်ဆိုင်းနေရသောအချိန်၌ ကျွန်မယောကျာ်းအကြောင်းကို ကျွန်မ ရေးရပါတော့မည်။ သူ၏သရုပ်သဏ္ဌာန် ကို ရှိရှိသမျှအသက်ရှင်နေသူ အားလုံးအနက် ကျွန်မတစ်ယောက်တည်းကသာ ဖော်ပြနိုင်စွမ်းရှိပါသည်။ သူ့ဝိညာဉ်ကား ကြီးမြတ်သော ဝိညာဉ်ဖြစ်ပါသည်။ ကျွန်မ၏ ချစ်ခြင်းမေတ္တာများ ပိုမိုခိုင်မာရှင်သန်လာသောအချိန်၌ ကျွန်မ ဝမ်းနည်းကြေကွဲမိဆုံးအရာမှာမနက်ဖြန် မိုးသောက်ယံကိုကြည့်မြင်ဖို့အတွက် ယနေ့ည သူမရှိတော့ခြင်းပင်ဖြစ်ပါသည်။

 

 တကယ်ဆိုရလျှင် ကျွန်မတို့ မရှုံးနိမ့် ပါ။ ဤသို့မရှုံးနိမ့်စေရန်အတွက် အလွန်ခိုင်မာစွာ၊ စိတ်ချယုံကြည်စွာ သု တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သံဖနောင့်အတွက်မှာမူ အမင်္ဂလာပင်ဖြစ်ပါလိမ့် ည်။ လူ့သမိုင်း၏ သားစဉ်မြေးဆက်များက သံဖနောင့်ကို ပြန်လည်ထိုးနှက် ကြပါလိမ့်မည်။ ကမ္ဘာတဝ်ဝန်းလုံးရှိ အလုပ်သမားကြီး နိုးထလာပါလိမ့်မည်။ ယင်းအဖြစ်အပျက်မျိုး ကမ္ဘာ့သမိုင်းတွင် မပေါ်ပေါက်ခဲ့ဖူးသေးပါ။ အလုပ်သမား၏ သွေးစည်းညီညွတ်မှုမှာ ခိုင်မာလာပါပြီး၊ ကမ္ဘာကြီး ကျယ်ဝန်းသည်နှင့် အမျှ ကျယ်ပြန့်လှသော နိုင်ငံတကာ တော်လှန်ရေးတစ်ရပ် ပထမဆုံးအကြိမ် အဖြစ် ပေါ်ထွက်လာပါလိမ့်မည်။

 

အနာဂတ်ကာလ၌ မည်သို့ဖြစ်မည်ကို ကျွန်မ ပြည့်ပြည့်ဝဝသိနေပါ သည်။ ဤအကြောင်းကိုသာ နေ့ရောညပါ တွေးမိနေပါသည်။ စိတ်ထဲ၌ စွဲနေ သည်မှာလည်း ကာလအတန်ကြာခဲ့ပါပြီး ထို့ကြောင့် ဤအကြောင်းကို တွေးတောခြင်းမရှိဘဲ ကျွန်မယောက်ျားအကြောင်းကိုလည်း မတွေးနိုင်ပါ။ ယင်းသည် သူ၏ဝိညာဉ်ဖြစ်ပါသည်။ ဤနှစ်ခုကိုခွဲ၍ ကျွန်မ မည်ကဲ့သို့ တွေးနိုင်ပါမည်နည်း။

 

အထက်ကပြောခဲ့သည့်အတိုင်း သူ့သရုပ်သဏ္ဌာန်ကို ဖော်ပြနိုင်စွမ်း ကျွန်မတစ်ယောက်တည်းသာ ရှိပါသည်။ သူသည် လွတ်လပ်မှုအတွက် ပင်ပန်း ကြီးစွာ လုပ်ကိုင်ခဲ့ပြီး အတိဒုက္ခများစွာခံခဲ့ရသည်ကို ကောင်းစွာ သိကြပြီး ဖြစ် ဝါသည်။ ရင်မောနေရသော ဤနှစ်ပေါင်းနှစ်ဆယ်အတွင်း သူနှင့်အတူ ရှိခဲ့ သည့်အတွက် သူအဘယ်မျှ ပင်ပန်းကြီးစွာ ရုန်းကန်လုပ်ကိုင်ခဲ့ရသည်။ အဘယ်မျှအတိဒုက္ခခံစားခဲ့ရသည်ကို ကျွန်မ ကောင်းစွာသိပါသည်။ လွန်ခဲ့သော နှစ်လလောက်တွင် သူ အသက်ပေးလှူသွားခဲ့သော အရေးတော်ပုံအတွက် အဘယ်မျှ စိတ်ရှည်သည်းခံခဲ့သည်၊ မမောနိုင်မပန်းနိုင် အားထုတ်ခဲ့သည်၊ အတိုင်းအဆမရှိ စွန့်လှူခဲ့သည် စသည်များကို ကျွန်မ ကောင်းစွာသိပါသည်။

 

ကျွန်မရိုးရိုးကလေးပင် ရေးပြရန် ကြိုးစားပါမည်။ ကျွန်မဘဝသို့ အားနက်အဲဗားဟတ် မည်ကဲ့သို့ ဝင်ရောက်ခဲ့သည်။ သူ့ကို ကျွန်မ မည်ကဲ့သို့ စတင်တွေ့ဆုံခဲ့ရသည်၊ ကျွန်မကို သူ့ဘဝတစ်စိတ်တစ်ပိုင်းဖြစ်လာစေသည်အထိအဘယ်ကဲ့သို့ ဆောင်ကြဉ်းခဲ့သည်။ ကျွန်မဘ၀အတွင်းသို့ အဘယ်မျှ ကြီးမား သော အပြောင်းအလဲများအား သူ ယူဆောင်ခဲ့သည် စသည်တို့ကို ကျွန်မ ပြောပြပါမည်။ ဤသို့အားဖြင့် အလွန်တရာလျှို့ဝှက်ထားခဲ့ရသော၊ ကျွန်မအလွန်တရာ ပြောပြလိုလှသော သူ့ကို ကျွန်မမျက်စိများမှတစ်ဆင့် တွေ့မြင်ကြရပါမည်။

 

သူ့ထံက ကျွန်မ လေ့လာကြားနာခဲ့ရသလို လေ့လာကြားနာကြရပါမည်။

၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျွန်မဖေဖေ၏ ဧည့်သည်အဖြစ် ညစာစားပွဲတစ်ခုတွင် သူ့ကို ပထမဆုံး ကျွန်မ တွေ့ခဲ့ရခြင်းဖြစ်ပါသည်။ ဘာကလေမှာရှိသော ကျွန်မတို့၏အိမ်သို့ သူ လာခြင်းဖြစ်ပါသည်။ သူ့ကို မြင်မြင်ချင်း အထင်ကြီးစရာဟု မဆိုနိုင်ပါ။ ရောက်လာကြမည့် ဧည့်သည်များကို စောင့်နေခိုက် ဘာသိဘာသာ သူ ရောက်လာခြင်းဖြစ်ပါသည်။ ဖေဖေက ဓမ္မ ကထိကညဟူ၍ သီးသန့်ခေါ်လေ့ရှိသော ဤညမျိုး၌ အားနက်သည် ဘာသာရေးသမားများအကြားတွင် နေစရာမရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

 

ပထမအားဖြင့် အဝတ်အစားများမှာ သူနှင့်မလိုက်ပါး၊ အသင့်ချုပ်ပြီး သား အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်မှာ သူ့ခန္ဓာကိုယ်နှင့် မလိုက်လျော ပါ။ အမှန်ဆိုရလျှင် အသင့်ချုပ်ပြီးသား မည်သည့်ဝတ်စုံနှင့်မှ လိုက်မည် မဟုတ် ပါ၊ ကျယ်ဝန်းကြီးမားလှသော ပခုံးနှစ်ဖက်အကြားတွင် သူ့ကုတ်အင်္ကျီမှာ ကျပ်နေပါသည်။ သူ့လည်ပင်းမှာ အောင်ပွဲခံလက်လှဲသမားကြီး၏ လည်ပင်း ဖြစ်ပြီး တုတ်ခိုင်ကြီးမားလှပါသည်။ ဖေဖေ တွေ့ခဲ့ဖူးသော မြင်းသံခွာရိုက်သမား လုပ်သည့် လူမှုရေး အဘိဓမ္မာဆရာဆိုသည်မှာ သူပေကိုးဟု ကျွန်မ တွေးလိုက် မိပါသည်။ အထစ်အရစ်ထနေသော ကြွက်သားများနှင့် နွားကြီးတစ်ကောင်၏ လည်ဝင်းမျိုးဖြင့် သူ့ကိုကြည့်ပြီး အလုပ်သမားလူတန်းစားအတွင်း အံ့စရာ လူတစ်ယောက်ဟု ကျွန်မတွေးလိုက်မိပါသည်။

 

ထို့နောက် ကျွန်မကို လက်ဆွဲနှုတ်ဆက်ပါသည်။ သူ့လက်မှာသန်စွမ်း နိုင်ပါသည်။ သူ့မျက်လုံးနက်ကြီးဖြင့် ကျွန်မကိုကြည့်သည်မှာ ရဲရင့်လွန်းသည်။ အလွန်ရဲရင့်လွန်းသည်ဟု ကျွန်မ တွေးလိုက်မိပါသည်။ ကျွန်မသည် ပတ်ဝန်းကျင်နှင့်နေသော သတ္တဝါဖြစ်ပါသည်။ ထိုအချိန်က လူတန်းစားဗီဇ ကျွန်မမှာအခိုင်အမာရှိနေပါသည်။ ကျွန်မလိုလူတန်းစားအတွင်းမှ လူ တစ်ယောက်၏ဤကဲ့သို့သော ရဲရင့်မှုမျိုးဆိုလျှင် ကျွန်မခွင့်လွှတ်မည် မဟုတ်ပါ။ ကျွန်မသည် မျက်လွှာချလိုက်ပါ၏။ သူ့ကို ဂိုဏ်းချုပ်ကြီးမိုးဟောက်နှင့် နှုတ်ဆက်ခိုင်းလိုက်သည့်အချိန်မှပင် ကျွန်မ စိတ်သက်သာရာရခဲ့သည်။ ဂိုဏ်းချုပ်ကြီးမှာ ကျွန်မအနှစ်သက်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ခြိုးခြံသော၊ လေးနက်သော၊ အလယ်ခေတ်လူသားတစ်ယောက်၊ ခရစ်တော်လို အသွင်သဏ္ဌာန်မျိုးနှင့် သုတေသီတစ်ဦးလည်း ဖြစ်ပါသည်။

 

ထို့နောက် ကျွန်မကို လက်ဆွဲနှုတ်ဆက်ပါသည်။ သူ့လက်မှာသန်စွမ်း နိုင်ပါသည်။ သူ့မျက်လုံးနက်ကြီးဖြင့် ကျွန်မကိုကြည့်သည်မှာ ရဲရင့်လွန်းသည်။ အလွန်ရဲရင့်လွန်းသည်ဟု ကျွန်မ တွေးလိုက်မိပါသည်။ ကျွန်မသည် ပတ်ဝန်းကျင်နှင့်နေသော သတ္တဝါဖြစ်ပါသည်။ ထိုအချိန်က လူတန်းစားဗီဇ ကျွန်မမှာအခိုင်အမာရှိနေပါသည်။ ကျွန်မလိုလူတန်းစားအတွင်းမှ လူ တစ်ယောက်၏ဤကဲ့သို့သော ရဲရင့်မှုမျိုးဆိုလျှင် ကျွန်မခွင့်လွှတ်မည် မဟုတ်ပါ။ ကျွန်မသည် မျက်လွှာချလိုက်ပါ၏။ သူ့ကို ဂိုဏ်းချုပ်ကြီးမိုးဟောက်နှင့် နှုတ်ဆက်ခိုင်းလိုက်သည့်အချိန်မှပင် ကျွန်မ စိတ်သက်သာရာရခဲ့သည်။ ဂိုဏ်းချုပ်ကြီးမှာ ကျွန်မအနှစ်သက်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ခြိုးခြံသော၊ လေးနက်သော၊ အလယ်ခေတ်လူသားတစ်ယောက်၊ ခရစ်တော်လို အသွင်သဏ္ဌာန်မျိုးနှင့် သုတေသီတစ်ဦးလည်း ဖြစ်ပါသည်။

 

စားပွဲဆက်နေခိုက် အလုပ်သမားလူတန်းစားအကြောင်း၊ ယင်းလူတန်းစားနှင့် ဘုရားရှိခိုးကျောင်းများ၏ ဆက်ဆံမှုအကြောင်း၊ ဘုရားရှိခိုးကျောင်းတွေက ဤလူတန်းစားတွေအတွက် ဘာလုပ်ခဲ့သည်၊ ဘာတွေလုပ်နေသည် စသည်တို့ ကို ဓမ္မကထိကတွေ မရပ်မနားဆက်ပြောနေခိုက် သူ ပါးစပ်မဟပါ။ အားနက် ကားမပြောသည့်အတွက် ဖေဖေ စိတ်အနှောက်အယှက်ဖြစ်သွားသည်ကို ကျွန်မ သတိပြုမိလိုက်ပါသည်။ တစ်ကြိမ်မှာ အားလုံး ခေတ္တခဏတိတ်ဆိတ်နေ ကြသည်ကို အခွင့်ကောင်းယူကာ ဖေဖေကသူ့ကို တစ်စုံတစ်ခု ပြောခိုင်းသော်လည်း အားနက်က ပခုံးတွန့်ရင်း “ကျွန်တော် ဘာမှ ပြောစရာရှိပါဘူး”ဟု ဆိုပါသည်။

 

သို့ရာတွင် ဖေဖေကား ငြင်းဆန်၍ရသော လူမျိုးမဟုတ်ပါ။ ဒခထန် ငယ်ကြာသွားသောအခါ ဖေဖေက ...

“အလုပ်သမားလူတန်းစားတစ်ဦး ကျွန်တော်တို့နဲ့အတူရှိနေပါတယ်။သူ့မှာ ရှုထောင့်အသစ်ကနေပြီး စိတ်ဝင်စား လန်းဆန်းစရာဖြစ်စေမယ့် အကြောင်းအရာတွေကို တင်ပြနိုင်မယ်ထင်ပါတယ်။ ကျွန်တော် မစ္စတာအဲဗားဟတ်ကို ဆိုလိုခြင်းဖြစ်ပါတယ်” ..

 

အခြားလူများက ကောင်းမွန်သော သဘောဖြင့် စိတ်ဝင်စားကြောင်း ပြကြပြီး သူ့အမြင်ကို တင်ပြရန် အားနက်ကို တိုက်တွန်းပါသည်သူ့အပေါ်ထားရှိသောဤသဘောထားမှာအလွန်ကျယ်ပြန့်သွားတာသော သဘောထား ဖြစ်ပါသည်။ အားနက်က သေသေချာချာမှတ်သားနေပုံရပြီး ပျော်ရွှင်လာသည် ဟု ကျွန်မထင်မိပါသည်။ သူ့မျက်လုံးများတွင် ရယ်မောခြင်း အရောင်တောက် နေသည်ကို ကျွန်မှ တွေ့မိသည်၊

“ကျွန်တော်ဟာ ကောင်းကင်ဘုံဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ လောကဝတ်တွေကို မကျွမ်းကျင်လှပါဘူး” ဟု စကားစလိုက်ပြီး ရိုးသားမှု၊ ဝေခွဲမရမူများဖြင့်ဆုတ်ဆိုင်းနေပါသည်။

 

သူတို့က “ဆက်ပြောပါ”ဟု တိုက်တွန်းကြသည်။ ဒေါက်တာဟားလ် က “လူတိုင်းမှာရှိတဲ့ အမှန်တရားကို ကျုပ်တို့ မငြင်းပယ်ပါဘူး။ ရိုးသားတယ် ဆိုရင်ပေါ့လေ” ဟု နောက်ဆက်တွဲ ဆက်ပြောပါသည်။

“ဒီလိုဆိုတော့ ရိုးသားမှုကို အမှန်တရားနဲ့ ခွဲခြားတယ်ပေါ့” ဟု အားနက်ပြောပြီး ရယ်မောနေပါသည်။

ဒေါက်တာဟမ္မာဖီးလ်ကသက်ပြင်းကြီးချရင်း အဖြေဆက်ပေးသည်။

 

“ကျုပ်တို့တစ်တွေ မှားကောင်းမှားမှာပေါ့ သူငယ်...။ ကျုပ်တို့ တစ်တွေ .. “ချက်ချင်းဆိုသလို အားနက်ဒ်စိတ်နေသဘောထား ပြောင်းသွားသည်။သူသည် အခြားတစ်ယောက်လို ဖြစ်လာပါသည် ။

ဒါဖြင့် ကောင်းပြီလေ၊ ခင်ဗျားတို့အားလုံး မှားနေကြပြီဆိုတာ ပြောရင်း ကျွန်တော်စကားစပါရစေ။ ခင်ဗျားတို့ဟာ ဘာမှမသိကြပါဘူး။ အလုပ်သမား လူတန်းစားအကြောင်းကို ဘာဆိုဘာမှ မသိကြဘူး။ ခင်ဗျားတို့ရဲ့ လူမှုရေး ဗေဒဟာ ခင်ဗျားတို့ရဲ့တွေးခေါ်ပုံနည်းနာကို မရှင်းလင်းနိုင်ဘူး။ တန်ဖိုးလည်း မရှိဘူး”

 

သူ့စကားသံက ကျွန်မကို နိုးထစေခဲ့ပါသည်။ စကားသံမှာ သူ့မျက်လုံး များအတိုင်း ရဲရင့်လှပါသည်။ ကျွန်မကို ရင်ဖိုသွားစေသော စစ်ခရာသံလိုပင်ဖြစ်ပါသည်။ စားပွဲတစ်ခုလုံးတွင်လည်း လေးတွဲပျင်းရိနေရာက နိုးထလှုပ်ရှား လာကြသည်။

“ကျုပ်တို့တွေးခေါ်ပုံနည်းနာမှာ ဘာတွေကများကြောက်စရာကောင်း လောက်အောင်မရှင်းလင်း၊ တန်ဖိုးမရှိဖြစ်နေရသလဲ သူငယ်ရဲ့ ...” ဒေါက်တာ စာမ္မားဖီးလ်က တောင်းဆိုလိုက်ပါသည်။ သူ့အသံနှင့် သဘောသကန်မှာပါ မကြည်မသာဖြစ်နေပုံရပါသည်။

 

“ခင်ဗျားတို့ဟာ တက္ကဗေဒသမားတွေပဲ။ တက္ကဗေဒနည်းအရ အရာရာ ကို ယုတ္တိထူနိုင်တယ်။ ဒါကြောင့် တက္ကဗေဒသမားတိုင်းက တခြားတက္ကဗေဒသမားတွေမှားတာကို သူတို့ စိတ်ကျေနပ်လာလောက်သည်အထိ ယုတ္တိထူကြ တယ်။ အတွေးအခေါ်နယ်ပယ်မှာ ခင်ဗျားတို့ဟာ မင်းမဲ့ဝါဒီတွေဖြစ်ပါတယ်။ ခင်ဗျားတို့ဟာ ရူးနှမ်းတဲ့စကြဝဠာကို ဖန်တီးသူများဖြစ်တယ် ခင်ဗျားတို့ အားလုံးဟာ ကိုယ့်စိတ်ကူးနဲ့ အလိုဆန္ဒများအရ ဖန်တီးပြီး ကိုယ့်ဘာသာ လုပ်ထားတဲ့ စင်္ကြဝဠာထဲမှာ နေထိုင်ကြသူတွေဖြစ်တယ်။ ကိုယ်နေတဲ့ တကယ် ကမ္ဘာကို ခင်ဗျားတို့မသိကြပါဘူး။ ခင်ဗျားတို့ရဲ့ အတွေးအခေါ်ဟာ သည်းခြေ ပျက်နေတဲ့ ပတ်ဝန်းကျင်မျိုးမှအပ တကယ့်ကမ္ဘာထဲမှာ နေရာမရှိပါဘူး ...။

 

ခင်ဗျားတို့ပြောနေကြတာတွေကို ကျွန်တော် စားပွဲမှာ ထိုင်နားထောင်နေရင်း ဘာကို သတိရမိသလဲသိလား။ အပ်တစ်ချောင်းရဲ့အဖျားမှာ နတ်သမီးဘယ်နှပါး ကနိုင်သလဲဆိုတဲ့ စိတ်ဝင်စားဖွယ်ပြဿနာကို ကြိုးစားပမ်းစားငြင်းခုံခဲ့ကြတဲ့အလယ်ခေတ်သုတေသီများ ကမ္ဘာကို ကျွန်တော် ပြန်သတိရမိပါတယ်။

 

ချစ်လှ စွာသော လူကြီးမင်းများခဗျား ... လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်ကတောကြီးမျက်မည်းထဲမှာ ဂါထာမန္တရားမန်းမှုတ်နေတဲ့ အိန္ဒိယဗိန္ဓောဆရာလို နှစ်ဆယ်ရာစုခေတ်ရဲ့ ပညာတတ်ဘဝနဲ့ ဘာကြောင့် ခင်ဗျားတို့ ဒါလောက် ဝေးလံနေရပါသလဲ”




 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)