မောင်ဒေး - အ၀ေးတစ်နေရာကထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်
အဝေးတစ်နေရာက ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်
စတင်ခြင်း
(၁) Antibiotic ရဲ့ စတိတ်ရှိုးပွဲတစ်ခုပေါ့၊
တစ်စုံတစ်ယောက်က ဘီယာထဲကို တစ်စုံတစ်ခု
ထည့်လိုက်ပုံရပါတယ်၊ ဘီယာတွေ အစိမ်းရောင်
ဖြစ်သွားတယ်၊ သောက်မိသူတွေဟာ မျက်လုံးတွေ
အစိမ်းရောင်ဖြစ်ကုန်တယ်၊ ကိုင်ဇာတင်မုံက ဆိုတယ်
ငါတို့ဟာ မြေကြီးကနေ လာတယ်၊ တီကောင်ရဲ့
မစင်ကနေ လာတယ်၊ ဒီတိုင်းပြည်ကို ငါတို့ဖျက်ဆီးမယ်၊
ပြီးရင် ဒီတိုင်းပြည်မှာ ဒီမိုကရေစီကိုထားခဲ့ပြီး
တီကောင်တွေဆီကို ငါတို့ပြန်သွားကြမယ်တဲ့
(၂)
ကောင်လေးတစ်ယောက် နယ်ကနေတက်လာတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ကိုမကြိုက်လို့ အစိတ်အပိုင်းတစ်ခုချင်းစီကို
လမ်းမှာ ပြောင်းလာခဲ့တယ်၊ သူ့ရဲ့ လည်ချောင်းကို
ဆွဲဆုတ်လိုက်တာ သူ့ရဲ့ အသံက အသစ်ဖြစ်သွားတယ်၊
မျက်နှာကိုဆွဲဆုတ်လိုက်တော့ မျက်နှာအသစ်ကို
ရသွားတယ်၊ ပြီးတော့ ခြေထောက်တွေ လက်တွေပေါ့၊
တင်ပါးကိုဆွဲဆုတ်လိုက်တာ စအိုပေါက်လည်း
အသစ်ဖြစ်သွားတယ်၊ ပြီးတော့ သူ့ကိုယ်သူ
နာမည်အသစ်မှည့်ခေါ်ပြီး မြို့ထဲကို ရင်ကော့ဝင်လာတယ်
(၃)
ဘေဘေးတို့ရဲ့ တစ်အိမ်ကျော်မှာ ရှေ့နေတစ်ယောက်
နေတယ်၊ အဲဒီရှေ့နေဆီကို ဝိညာဉ်တစ်ခုက
အမှုလာအပ်တယ်၊ ရှေ့နေက အမှုကိုလက်ခံပြီး
တရားရုံးကိုလျှောက်တယ်၊ တရားရုံးက ဆုံးဖြတ်တယ်။
ဒီအမှုသည်က ဝိညာဉ်ဆိုတော့ ရှေ့နေတွေ၊
တရားသူကြီးတွေလည်း ဝိညာဉ်တွေဖြစ်မှရမယ်။
တရားခွင်ကို ညဘက်ကျမှ ကျင်းပလို့ရမယ်။
ဒါမှလည်း ဝိညာဉ်ပရိသတ်ပါ လာနားထောင်နိုင်မှာပေါ့တဲ့၊
ကလေးတွေ ညဘက်ထွက်ကစားတဲ့အခါ
မိဘတွေက တားကြတယ်၊ တရားရုံးကိုလာတဲ့
သရဲတွေနဲ့တွေ့လိမ့်မယ်ပေါ့၊ ကလေးတွေကပြန်ပြောတယ်။
ဆို ကျွန်တော်တို့ရဲ့ အဘိုးအဘွားတွေကို ပြန်တွေ့ရမှာပေါ့ ။
ဒါဆို ပျော်စရာကြီးပေါ့တဲ့၊ အခုခေတ်ကလေးတွေကို
သွားမခြောက်နဲ့၊ သူတို့ဘာကိုမှ မကြောက်တတ်ကြဘူး
တယ် ငါ့ရဲ့ သွေးထဲမှာ လင်းပိုင်တွေကူးခတ်သွားကြတယ်