မောင်ဒီ - ဒိုင်ယာနာမင်းသမီး (စာကြည့်တိုက်စာစဥ်-၈၄)
စကားလက်ဆောင်
the key collection ကစာဖတ်သူများအထူးသဖြင့်လူငယ်လူရွယ်များစာဖတ်ဓလေ့ (Reading Culture) ဖွံ့ဖြိုးလာရန် အားပေးလိုသည့်အတွက် စာကြည့်တိုက်စာစဉ်ကို စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ၂၁ ရာစု မျက် မှောက်ခေတ်ကို နည်းပညာနှင့် အသိပညာ၊ အတတ်ပညာခေတ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားရာ လူငယ်တစ်ဦးချင်း တစ်ယောက်ချင်းမှ တစ်မျိုးသားလုံး စာဖတ်ဓလေ့ ထွန်းကားရေးကို ရည်ရွယ်လျက် စာအုပ်တိုက် တစ်တိုက် အနေဖြင့် တတ်စွမ်းသရွေ့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
နှစ်ပေါင်း ထောင်ချီလာခဲ့သည့် လူသားတို့၏ အသိဉာဏ်ပညာ အမွေအနှစ်၊ ယဉ်ကျေးမှု အမွေအနှစ်ကို အထိရောက်ဆုံး ပေးစွမ်းနိုင်သည့် အရာမှာ စာအုပ်စာပေသာ ဖြစ်သည်။ ဆရာဇော်ဂျီ၏ စကားဖြင့် အငှား ဆိုရလျှင် စာအုပ်စာပေ စာကြည့်တိုက်တို့သည် လူ့အသိဉာဏ်ပညာ အလုပ် စခန်း (Workshop) ဟု ဆိုနိုင်ပါသည်။ မိမိဘဝ တိုးတက်လိုသူတိုင်း အရည်အသွေး ပြည့်ဝလိုသူတိုင်း လူပီသလိုသူတိုင်း စာကို ဖတ်ကို ဖတ်ရ မည်သာ ဖြစ်သည်။ စာမဖတ်သော လူမျိုး၊ စာဖတ်ဓလေ့ မထွန်းကားသော နိုင်ငံသည် အရာရာတွင် နောက်ကျကျန်ရစ်မည်သာ ဖြစ်သည်။
စာဖတ်ဓလေ့ ထွန်းကားရေးအတွက် the keycollection က တတ် စွမ်းသရွေ့ ဆောင်ရွက်သည့်အနေဖြင့် the key collection စာကြည့်တိုက် စာစဉ်ကို စီစဉ်ဆောင်ရွက်ပါကြောင်း ထပ်မံ စကားဆိုပါရစေ။
the key collection စာကြည့်တိုက်စာစဉ်များသည် တစ်ဦးချင်း စာဖတ်လေ့ ဖွံ့ဖြိုးရေး၊ ကိုယ်ပိုင်စာကြည့်တိုက်၊ အခြေခံပညာကျောင်း စာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ဖတ်ရှုသင့် ဖတ်ရှုလိုက်သည့် စာအုပ်များ ရွေးချယ် စီစဉ် ထုတ်ဝေ နိုင်ရန် ကြိုးပမ်းမည် ဖြစ်ပါကြောင်း စာဖတ်သူများအား ́စကားလက်ဆောင် ပါးပါရစေ။
the key collection
ဒိုင်ယာနာမင်းသမီး
၁၉၈၁ခုနှစ် ဇူလိုင်လ ၂၉ ရက်အား အင်္ဂလန်နိုင်ငံတွင် နိုင်ငံတော်ရုံး ပိတ် ရက်အဖြစ် သတ်မှတ် ကျင်းပခဲ့သည်။ ဗြိတိသျှထီးနန်းအား ဆက်ခံမည့် သက်တော် သုံးဆယ့်နှစ်နှစ်အရွယ် ချားလ်စ်မင်းသားသည် လေဒီ ဒိုင်ယာ နာ ဖရန်စစ္စ စပင်ဆာနှင့် လက်ဆက်သော 'ရာစုနှစ် လက်ထပ်ထိမ်းမြား မင်္ဂလာပွဲ”ကို ကျင်းပသောကြောင့် ဖြစ်သည်။ ထောင်ပေါင်း မြောက်မြား စွာသော လူထုသည် လန်ဒန်ရှိ လမ်းများတွင် စီတန်း စောင့်ဆိုင်းနေကြ ၏။ တစ်ဘီလျံ၏ သုံးပုံတစ်ပုံ ပမာဏရှိသော ပရိသတ်တို့သည် ရုပ်မြင် သံကြားမှ ထုတ်လွှင့်ပြသသည်ကို ကြည့်ရှုခဲ့ကြသည်။ သည်
လန်ဒန်ရှိ စိန့်ပေါလ် ဝတ်ကျောင်းတော်ကြီး၏ ရှေ့မှောက်၌ မှန် ရထားလုံးဟု လူသိများသော မြင်းတစ်ကောင်ဆွဲလာသည့် ရထားလုံးမှ အသက်နှစ်ဆယ်အရွယ်ရှိ ဒိုင်ယာနာ လှမ်းထွက်လိုက်သောအခါ လူထု ပရိသတ်ကြီးက ကောင်းချီးသြဘာ ပေးခဲ့ကြသည်။
ဒိုင်ယာနာသည် ရွှေနှင့်စိန်တို့ ပြိုးပြိုးပြတ်ပြတ် တောက်ပလျှက် ရှိသော ရတနာသရဖူ ဆင်မြန်းထားကာ လှပသော အဖြူရောင်ဝတ်စုံကိုလည်း ဝတ်ဆင်ထား၏။
ယင်းဝတ်စုံ၏နောက်ဘက်ရှိ ရေသီနားမှာ နှစ်ဆယ့်ငါးပေ ရှည်လျားပေသည်။ နောက် အနာဂတ်ကာလတွင် မင်းသမီးဖြစ်တော့မည့် ဒိုင်ယာနာသည် သူ ဂုဏ်ယူ ဝံ့ကြွားလေ့ရှိသော ဖခင်ကြီး အားလ် ဂျွန် စပင်ဆာ၏ လက်မောင်းအား ခိုတွဲကာ ဘုရားရှိခိုးကျောင်းတွင်းသို့ လျှောက်လာခဲ့သည်။ ဧည့်ပရိသတ် ပေါင်း သုံးသောင်းငါးထောင်တို့သည် ကော်ဇောနီခင်းထားသည့် မင်းလမ်း ရှည်ကြီးအတိုင်း လျှောက်လှမ်းလာသည့် သက်ရှိထင်ရှား စင်ဒရဲလား မင်း သမီးလေးအား မတ်တတ်ရပ်ကာ စောင့်ကြည့်နေကြ၏။ ချားလ်စ်၏ မိခင် ကြီးဖြစ်သူ အင်္ဂလန်ဘုရင်မကြီး ဒုတိယမြောက် အီလိဇဘက်နှင့် ဖခင် ကြီး ဖိလစ်မင်းသားတို့သည် မြင်ကွင်းအား ဝင့်ကြွားစွာ ကြည့်ရှုလျက် ရှိ၏။
မောင်ဒီဒိုင်ယာနာမင်းသမီးစာကြည့်တိုက်စာစဥ်၈၄၂
ဝတ်ပြုဆုတောင်းရာ စင်မြင့်ရှေ့၌ ရပ်တန့်လျက်ရှိသူမှာ ချားလ်စ် မင်းသား ဖြစ်သည်။ ချားလ်စ်သည် အပြာရင့်ရောင် ရေတပ် ဒုတိယဗိုလ်မှူးကြီး ဝတ် စုံကို ဝတ်ဆင်ထားပြီး လှိုင်းတွန့် ဆံပင်တို့အားလည်း သပ်ရပ် ပိပြားနေအောင် ဖြီးသင်ထား၏။ မည်သည့် မိန်းမလှမျိုးကိုမဆို ထိမ်းမြား လက် ထပ်နိုင်သော ရုပ်ရည်ချောမောသည့် မင်းသားက ဒိုင်ယာနာအား ဖူးစာ ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်မရဲ့ မျက်လုံးတွေကို သူ့ဆီကနေ ရှောင်လွဲလို့ မရနိုင်အောင် ဖြစ်ခဲ့ရပါတယ်” ဟု နောက်ပိုင်း၌ ဒိုင်ယာနာက ပြောဆိုခဲ့ဖူးသည်။ “ကမ္ဘာ ပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးလို့လည်း အမှန်တကယ် တွေးနေမိ တာပေါ့ရှင်။
တော်ဝင် ထိမ်းမြားမင်္ဂလာ အခမ်းအနား စတင်ရန် အဆင်သင့် ဖြစ် နေပေပြီ။ အခမ်းအနားအား ဦးစီးဦးဆောင်ပြုခဲ့သော ကန်တာဘူရီ ဂိုဏ်း ချုပ်ဘုန်းတော်ကြီးကလည်း ထိုနေ့အား နတ်သမီး ပုံပြင်တွေထဲက အခင်း အကျင်းတွေအတိုင်း ဖန်တီးထားသလိုပါပဲ”ဟု ပြန်ပြောင်း ပြောပြခဲ့ဖူးသည်။
နတ်သမီးပုံပြင်အများစုမှာ အမြဲတစေ ပျော်ပျော်ရွှင်ရွှင်” အဆုံး သတ်ခဲ့သည်ချည်းပင် ဖြစ်၏။ သို့နှင့်တိုင် မင်းသမီးလေး၏ တကယ့် ဘဝမှာ ကား ပိုမို ခက်ခဲရှုပ်ထွေး နေတော့သည်။
ထိမ်းမြား လက်ထပ်ပြီးနောက် နှစ်ပေါင်းများစွာ ကာလအတွင်း၌ တစ်ခါတစ်ရံတွင် ဒိုင်ယာနာသည် အထီးကျန်ဖြစ်ခြင်းနှင့် ဝမ်းနည်းကြေ ကွဲခြင်းတို့ ကို ခံစားခဲ့ရ၏။ သူ စိတ်ကူးယဉ်မှန်းဆခဲ့သည့် ပုံပြင်စာအုပ် တစ်အုပ်ကဲ့သို့ အမြဲတစေ ပျော်ရွှင်နေခဲ့ရသည်တော့ မဟုတ်ပေ။ သို့သော် တစ်ကမ္ဘာလုံးက စောင့်ကြည့် နေကြသည့် ထိမ်းမြားမင်္ဂလာဆောင်နှင်း သည့် နေ့ရက်၌မူ ဒိုင်ယာနာသည် ပျော်ရွှင်လျက်ရှိသော သတို့သမီးလေး တစ်ဦးပင် ဖြစ်၏။ သူ၏ ဆွဲဆောင်မှုရှိသော မင်းသားနှင့် ထိမ်းမြား လက် ထပ်ရန် စောင့်ဆိုင်းနေနိုင်ခြင်း မရှိခဲ့ပါချေ။