Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - အိပ်မက်တောင်ကြား

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
အိပ်မက်တောင်ကြား

          မြေပုံပေါ်တွင် ကြည့်လိုက်မည်ဆိုပါက မြင့်မားသောလွင်ပြင်ကြီး များနှင့် မြင့်မားသောတောင်တန်းကြီးများတည်ရှိရာ အစွန်အဖျားနယ်မြေ ဒေသတစ်ခုကို တွေ့ကြရသည်။

          ယင်းနယ်မြေ ဒေသသည် အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း ဒေသကြီး၏ ကြီးမားကျယ်ပြန့်သော မြောက်ဘက်နယ်နိမိတ်ဒေသကြီး ဖြစ်သည်။

          မြောက်ဒါကိုတာပြည်နယ်နှင့် မွန်တားနားပြည်နယ်များ၏ အထက် ဘက်အစွန်းအတိုင်း အိုင်ဒါအိုးပြည်နယ်၏ မြင့်မားပြန့်ပြူးသော လွင်ပြင် ထိပ်ရောက်သည်အထိလိုက်သွားပြီး တောင်ဘက်သို့ဆင်းကာ အရှေ့ဘက် ရှိ ရော့ကီးတောင်စဉ်တောင်တန်းများတစ်လျှောက်ဆက်၍သွားမည်ဆိုမူ ဝိုင်အိုမင်းပြည်နယ်တွင်းသို့ ရောက်ရှိသွားမည်ဖြစ်၏။

          ဝိုင်အိုမင်းပြည်နယ်ထဲမှ ဖြတ်၍အရှေ့စူးစူးရှိ တလက်ဟစ်လ် တောင်ကုန်းများကိုဖြတ်ကျော်လိုက်သည့်အခါ တောင်ဒါကိုတာပြည်နယ် အတွင်းသို့ ဆိုက်ရောက်သွားသည်။

          ထို့နောက် မြောက်ဘက်ကနေဒါနိုင်ငံ နယ်နိမိတ်လမ်းကြောင်း ပေါ်သို့ နောက်တစ်ကြိမ် ထပ်မံဆိုက်ရောက်သွားသည်။

          ယင်းနယ်မြေဒေသကြီးသည် မြင့်မားသော နယ်စွန်နယ်ဖျားဒေသ ကြီးဖြစ်သည်။ မွန်တာနားပြည်နယ်တစ်နယ်လုံးနှင့် အိုင်ဒါဟိုပြည်နယ် အစွန်အဖျားသာမက ဝိုင်အိုမင်းပြည်နယ်အထက်ပိုင်းတစ်ခုလုံး ပါဝင်နေ သော ဒေသကြီးဖြစ်သည်။

          ဤဒေသကြီးသည် ဒါကိုတာပြည်နယ်နှစ်ခုစလုံး အထိကျယ်ပြန့်ပြီး ကျယ်ဝန်းသော မင်ဇူရီမြစ်ကိုကျော်ဖြတ်ကာ အရှေ့စူးစူးအထိ ရောက်လေ သည်။

          အမှန်တော့ မြောက်ဒါကိုတာ၊ တောင်ဒါကိုတာ၊ မွန်တားနား၊ အိုင်ဒါ ဟိုးနှင့် ဝိုင်အိုမင်း အစရှိသော အမည်များသည် ယနေ့ခေတ် အမေရိကန် နိုင်ငံ မြေပုံများပေါ်၌ပေးထားသည့်နာမည်များဖြစ်၏။

          တစ်ချိန်ကမူ ဤနယ်မြေဒေသကြီး၏ ဧရိယာအများအပြားကို ဆီးဆော့စ်အင်ဒီးယန်းများက ပိုင်ဆိုင်ခဲ့ကြ၏။

          ဆီးဆော့စ်များမှာ ယနေ့အချိန်ထိ မစ်ဇူရီမြစ်၏ အရှေ့ဘက် တစ်လွှား၌ အခြေစိုက်နေဆဲဖြစ်သည်။ ထိုခေတ်အခါက ဤနယ်မြေ အတွင်း၌ ကရိုးအင်းဒီးယန်းလူမျိုးစုများလည်း နေထိုင်ခဲ့ကြ၏။

          ပေါ်နီးကွန်မင်ချီနှင့် အေရာပါဟိုးဟုခေါ်သော အင်ဒီးယန်းလူမျိုးစု များလည်း နေထိုင်ခဲ့ကြလေသည်။

          ထိုစဉ်က ဤနယ်မြေအတွင်း၌ ချီယင်နီအင်ဒီးယန်းလူမျိုးစုများ လည်း နေထိုင်ခဲ့ကြ၏။ ချီယင်နီများသည် သူတို့ မူလအခြေစိုက်ရာဒေသ ကို စွန့်ပစ်ပြီး မစ်ဇူရီမြစ်၏ အနောက်ဘက်ကမ်းပါးအတိုင်း အနောက် စူးစူးသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။

          သူတို့အုပ်စုသည် မြင့်မားသော နယ်စပ်ဒေသအတွင်း၌ စားကျက် မြက်ခင်းကြီးဆီသို့ ကူးပြောင်းလာကြသော ကျွဲအုပ်ကြီးများနောက်မှ တကောက်ကောက်လိုက်ရင်းနှင့် ဤဒေသသို့ ရောက်ရှိကာ အခြေချခဲ့ကြ ခြင်းပင် ဖြစ်လေသည်။

          ယနေ့ခေတ်မြေပုံ ပေါ်ရှိ ဤနယ်မြေဒေသ၏ တောင်ဘက်အနားသတ် မျဉ်းကြောင်းအတိုင်း လိုက်သွားမည်ဆိုပါက ဤအနီးအနား တစ်ဝိုက်၌ ဝိုင်းရံနေသော ဘလက်တစ်လ်တောင်ကုန်းများကို တွေ့ရပေ လိမ့်မည်။

          မြေပုံပေါ်၌ကြည့်လျှင် ဤတောင်ကုန်းများသည် ချီယင်နီမြစ်၏ တောင်ဘက်ဖျားမြစ်ဆုံနှင့် ဘဲလ်ဖိုချီဟုခေါ်သော မြစ်၏ မြောက်ဘက် မြစ်ဆုံများကြား၌ တည်ရှိနေသည်ကို တွေ့ရလိမ့်မည်ဖြစ်၏။

          ယင်းမြစ်ကြီးနှစ်ခုအတွင်းသို့ စီးဝင်ရာ ချောင်းငယ်မြောင်းငယ်များ သည် ဤတောင်ကုန်းများဆီမှ အစပြု၍ စီးဆင်းလာကြခြင်းဖြစ်သည်။

          အမှန်တော့ ဤနေရာရှိကုန်းမြင့်များသည် တောင်တန်းများ မဟုတ်။ အလွန်ခက်ထန်မာကျောသော ကျောက်ဆောင်ကျောက်စွန်းများ တည်ရာ တောင်တန်းကြီးများဖြစ်၏။

          အကယ်၍ ဤချောင်းငယ်မြောင်းငယ်များထဲမှ ချောင်းတစ်ချောင်း အတိုင်း လိုက်သွားမည်ဆိုပါက နောက်ဆုံးတွင် မြစ်များဖုံးလွှမ်းနေသည့် ကုန်းမြင့်တစ်ခုဆီသို့ ရောက်သွားသည်။

          ယင်းကုန်းပြင်မြင့်သည် တစ်မိုင်ကျော်ကျော်ခန့် ရှည်လျား၍ မြင့်မား သော မြက်ပင်ရှည်ကြီးများကြားမှ တိုးဝင်ဖြတ်သန်းသွားသည့် အခါ အောက်ဘက်သို့ ပေရှစ်ဆယ်နီးပါးခန့် နိမ့်ဆင်းသွားသော အလွန်နက်ရှိုင်း သည့် တောင်ကြားတစ်ခုကို တွေ့ရသည်။

          ထိုတောင်ကြား၏ အခြားတစ်ဖက်တွင်မူ ဤမှာဘက်ရှိ ကုန်းပြင်မြင့် နှင့် တပြေးတညီတည်း ဖြစ်နေသော အခြားကုန်းပြင်မြင့်တစ်ခုကို တွေ့ရ ပြန်၏။

          အမှန်တော့ ဤကုန်းပြင်မြင့်နှစ်ခုကြားရှိ တောင်ကြားသည် ဝက်ဝံ ငယ်၏ တိမ်မြုပ်ပျောက်ဆုံးသွားပြီဖြစ်သော တောင်ကြားပေတည်း။

          ရှေးလွန်လေပြီးသော ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာက ကျောက်တုံးကျောက်စွန်းကြီးများအတွင်းရှိ ကျောက်တုံး၊ ကျောက်ထပ်၊ ကျောက်လွှာများ ကျိုးပဲ့ကြေမွပျက်စီးပြီး ဤတောင်ကြားဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ တောင်ကြားသည် ရှည်မျောမျောဖြစ်၍ တြိဂံပုံသဏ္ဌာန်ဖြစ်သည်။

          အထက်ဘက်အမြင့်ပိုင်းသည် ကျဉ်းမြောင်းသည်။ ကုန်းပြင်မြင့်ဘက်မှစီးဆင်းလာသော စမ်းချောင်းသည် ကျောက်တုံးကြီးတစ်တုံး၏ နှုတ်ခမ်းမှတစ်ဆင့် တောင်ကြားတွင်ရှိ ကန်ငယ်တစ်ကန်ပေါ်သို့ တည့်တည့် မတ်မတ် ကျဆင်းလျက်ရှိ၏။

          တောင်ကြားသည် အောက်အနိမ့်ပိုင်းဘက်ကျလေ ကျယ်ဝန်းလာ လေဖြစ်သည်။ ဤအပိုင်းသို့ ရောက်သောအခါ စမ်းချောင်း၏ စီးဆင်းမှု သည် ကျောက်တုံးပပ်ကြားအက်များအတွင်းသို့ ရောက်နေသဖြင့် မြင်ကွင်း အတွင်းမှ ပျောက်ကွယ်သွားသည်။ ဘေးနှစ်ဖက်ရှိ ကျောက်နံရံများသည် အထက်အောက် ဖြောင့်ဖြောင့်မတ်မတ်ရှိကြသည်။

          ရာသီဥတု၏ တိုက်စားမှုကြောင့် ပြောင်ချောနေကြသည်။ အချို့ သော ကျောက်စွန်းကလေးများကြားတွင် မြက်ပင်အနည်းငယ်မျှသည် အမြစ်တွယ်မိရန် အားထုတ်နေကြသည်။

          တစ်နေရာတွင်မူ ကျောက်စွန်းများသည် တစ်ခုနှင့်တစ်ခု တစ်ဆယ့် ငါးပေမှ ပေနှစ်ဆယ်ခန့်အထိခြားကာ အဆင့်လိုက် တည်ရှိနေကြသည်။ ယင်းနေရာများရှိ နံရံများတွင် လိုဏ်ခေါင်းကလေးများ ဖြစ်ပေါ်နေကြ သည်။ ယင်းလိုဏ်ခေါင်းများသည် ပုံသဏ္ဌာန်လည်း တူကြသည်။ အထိုက် အလျောက်လည်း ကျယ်ဝန်းကြသည်။ ယင်းလိုဏ်ခေါင်းများသည် လူ့ စိတ်ကူးမှ ပေါက်ဖွားလာသည့် လက်ရာများဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

          ရှေးအခါက နံရံကျောက်တုံးများကြားတွင် လိုဏ်ခေါင်းများ မရှိခဲ့ပေ။ ဤတောင်ကြားသည် ကုန်းမြင့်နှစ်ခုကြားတွင် လူမသိ သူမသိ ပုန်းလျှိုး တည်ရှိနေခဲ့ခြင်းဖြစ်၏။ တောင်ကြားကို ကျွဲများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ် သည်။ ကျွဲများသည် အနံ့ခံ၍ ဤတောင်ကြားအစွန်းသို့ အမှတ်မထင် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

          မရေမတွက်နိုင်လောက်အောင် ကြာခဲ့ပြီဖြစ်သော နှစ်ပေါင်းများစွာ က အမှောင်ထုထဲတွင် ပေါ့ပေါ့ဆဆ လျှောက်လာခဲ့သော တိရစ္ဆာန် တစ်ကောင်သည် ဤတောင်ကြားအစွန်းမှနေ၍ အောက်သို့ လိမ့်ကျပြီး သေဆုံးကောင်း သေဆုံးခဲ့ပေလိမ့်မည်။ သို့တည်းမဟုတ် ချက်ချင်းမသေဘဲ အရိုးများ ကျိုးကုန်သည့်ဝေဒနာကို ခံစား၍ ဖြည်းဖြည်းချင်း သေဆုံးကောင်း သေဆုံးခဲ့ပေလိမ့်မည်။

          မည်သည့်အချိန်အခါကဟု ခန့်မှန်းတွက်ချက်၍ မရနိုင်လောက် အောင် ကြာခဲ့ပြီဖြစ်သော အချိန်တစ်ချိန်က လမိုက်သောညတစ်ညတွင် လျှပ်စစ်များ တဝင်းဝင်းလက်ကာ မိုးကြိုးများပစ်နေသည်။

          ထိုအချိန်တွင် အမှောင်ထုထဲ၌ ကုန်းပြင်မြင့်ကို ဖြတ်လာနေသော ကျွဲအုပ်တစ်အုပ်သည် ရုတ်တရက် လန့်ဖျပ်ကာ အစုံလိုက် အပြုံလိုက် ထွက်ပြေးကြသည်။ ဤတွင် ရှေ့ဆုံးမှ ကျွဲများသည် တောင်ကြားထဲသို့ ကျွမ်းထိုးမှောက်ခုံ လိမ့်ကျကြသည်။ နောက်မှပါလာသော ကျွဲများသည် ရှေ့မှဘေးအန္တရာယ်ကို သိသွားကြသဖြင့် တန့်ခနဲရပ်ကာ နောက်ပြန်လှည့် ရန် အားထုတ်ကြသည်။

          သူတို့နောက်မှ ရှေ့သို့ အားသွန်ခွန်စိုက် ပြေးလာကြသော ကျွဲများ နှင့် အရှိန်ပြင်းစွာ တိုက်မိကြသည်။ ထိုအခါ တောင်ကြားအတွင်း၌သာမက ကုန်းပြင်မြင့်ပေါ်၌ပါ သွေးချောင်းစီးသွားသည်။ အပိုင်းပိုင်းအတစ်တစ် ဖြစ်နေသော ကျွဲများသည် တစ်ကောင်တစ်ကောင်ထပ်ကာ ရာနှင့်ချီ ထောင်နှင့်ချီ၍ သေကျေပျက်စီးကုန်ကြသည်။

          နံနက် အရုဏ်ဦးအလင်းရောင်ဖြင့် တောင်ကြားထဲ၌ အသက်ရှင် လျက်ကျန်ရစ်ခဲ့သော ကျွဲခုနစ်ကောင်ကို မြင်ရသည်။ လေးကောင်သည် ခြေများကျိုးနေသဖြင့် တရွတ်တိုက်ဆွဲနေကြသည်။ တဖြည်းဖြည်းနှင့် တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြသဖြင့် မူလအရေအတွက်ထက်လျော့နည်းသွားသည်။ ကျွဲမကြီးနှစ်ကောင်နှင့် ကျွဲထီးလေးကောင် စုစုပေါင်း သုံးကောင်မျှသာ ကျန်ခဲ့သည်။

          တောင်ကြားထဲတွင် မြက်ကောင်းများ အလျှံအပယ် ပေါများသည်။ စမ်းချောင်းလည်းရှိသည်။ နွေရာသီရောက်၍ နေပူရှိန်အမြင့်ဆုံးတက်လာ ချိန်တွင် အရိပ်ခိုစရာ သစ်ပင်ကြီးများလည်း ရှိသည်။ ဘေးတစ်ဖက် တစ်ချက်တွင် တည့်မတ်မြင့်မားသော ကျောက်သားနံရံကြီးများ ရှိနေသဖြင့် လေမုန်တိုင်းနှင့် နှင်းမုန်တိုင်းများ ဘေးရန်မှလည်း အကာအကွယ်ရသည်။

ထိုကုန်းပြင်လည်း မိတ်လိုက်ရာသီတွင် ကျွဲထီးများ၌ ရှိလာတတ် သည့် ရာဂစိတ်ကြောင့် အချင်းချင်းတိုက်ခိုက်ကြသည့် စစ်ပွဲများနှင့်ပြင်းထန်ကြမ်းကြုတ်သော ဆောင်းရာသီများ၏ တိုက်ခိုက်မှုများကြောင့် အားအင်ချိနဲ့သော အကောင်များသည် သေကျေပျက်စီးရစမြဲဖြစ်ရာ ထိုအခါမျိုးတွင် ကျွဲအရေအတွက်သည် တိုးလာသည်မရှိတော့ဘဲ အမြဲတစေ လျော့နည်းလေ့ရှိ၏။

          တောင်ကြားလို နေရာဒေသမျိုး၌ ကျက်စားသော ကျွဲအုပ်၏ အရေ အတွက်သည် ကောင်ရေ တစ်ဆယ့်ငါးထက် ပိုမလာ။ တစ်ခါတစ်ရံတွင် ရှားရှားပါးပါး ကျွဲတစ်အုပ်တွင် ရှစ်ကောင်ပင် မပြည့်။ထိုအချိန်က ကျောက်နံရံများတွင် လူတို့ ပြုလုပ်ထားသည့် လိုဏ် ခေါင်းများ မရှိ။ နက်ရှိုင်းသော တောင်ကြားနှင့် ကျွဲ၊ မြက်ပင်များနှင့် စမ်းချောင်း ဤအရာများသာလျှင် ရှိသည်။ နှစ်ကိုတော့ အတိအကျ သိချင်၍ မရ။ မေးလျှင်လည်း အဖြေထွက်လိမ့်မည်မဟုတ်။ ဤမြေကြီးပေါ်သို့ လူဖြူများ ရောက်လာသည့်နှစ်များထဲမှ တစ်နှစ်နှစ်ဖြစ်ဖို့သာ ရှိသည်။

          ထိုအချိန်အခါက လူဖြူများသည် ဤမြေကြီး၏ အရှေ့ဘက်ဒေသ များ၌သာ ကျက်စားလျက်ရှိကြသည်။ အတားအဆီးကြီးတစ်ခု ဖြစ်လာသော အက်ပလေချီယန် တောင်တန်းကြီးပေါ်မှ ကျော်ဖြတ်လာနိုင်သူဟူ၍ အနည်းငယ်သာ ရှိသေးသည့် ကာလဖြစ်၏။ ပင်လယ်ပြင်မှ ဖြတ်လာသည့် ခရီး သည် အနည်းငယ်နှင့် သားမွေးကုန်သည် အနည်းငယ်မျှသာလျှင် အနောက်ပိုင်းဒေသမှ ရေအိုင်ကြီးများနှင့် မစ္စပီမြစ်အထက်ဘက်သို့ ရောက် လာစအချိန် ဖြစ်၏။

          အရေအတွက်အားဖြင့် အလွန်နည်းပါးသော ယခင်လူဖြူများ ရှိနေ သည်ကို အနောက်ပိုင်းဒေသတွင်ရှိ အင်ဒီးယန်းလူမျိုးစု မသိကြချေ။ သိသည့်တိုင်အောင်လည်း ယုံတမ်းစကားတစ်ခုလို ဖြစ်နေသည်။

          ထိုစဉ်အခါက ဝက်ဝံငယ်၏ ပျောက်ဆုံးနေသော တောင်ကြားကို နာမည်လည်း မပေးရသေး။ နာမည်ပေးဖို့မဆိုထားနှင့် တွေ့ပင် မတွေ့ကြ သေး။

          ထိုစဉ်က ဤတောင်ကြားသည် တိုက်ကြီးတစ်တိုက်ဟု ခေါ်ဆို ရမည့် မြေပြင်ကြီးတစ်ခု၏ အလယ်ဗဟိုခန့်၌ မားမားမတ်မတ် ရပ်တည်နေ ကြသော မြင့်မားသည့် လွင်ပြင်ကြီးများနှင့် မြင့်မားသည့် တောင်စဉ်တောင်တန်းများ၊ လက်ဟန်မကုန်းအတွင်း၌ အမြဲတစေ

ပြောင်းလဲဖြစ်ပေါ်နေသော သီဥတုများ၏ ပြုပြင်မှုများကို ခံယူကာ တိတ်ဆိတ်ငြိမ်သက်လျက် ရှိ-ည်။

          ဤသည်တို့ကား 'နေရာနှင့်အားကို ဖော်ပြခြင်းပေတည်း။

          ချီယင်နီရွာ၏ သားတော်များသည် စက်ဝိုင်းပုံစံ အဝိုင်းလိုက် တည်ရှိနေကြသည်။ ချီယင်နီလူမျိုးတို့၏ လေ့ထုံးစံအတိုင်း မိသားစု ဆယ်ဦးလျှင် တစ်အုပ်စုဖွဲ့၍ တည်ဆောက်နေထိုင်ကြခြင်း ဖြစ်၏။ ရွာထဲ တွင် အားလုံး ဆယ်အုပ်စုမျှရှိသည်။ အုပ်စုနှစ်ခု၏ကြားတွင် ကွင်းကျယ် ကြီးရှိ၍ ထိုကွင်းကျယ်ကြီးသည် ရွာအဝင်လမ်းမကြီး ဖြစ်သည်။

          ရွာလယ်လမ်းမကြီး၏ အနောက်ပိုင်း စက်ဝိုင်းခြမ်းပုံသဏ္ဌာန် တည်ရှိနေသော တဲများထဲမှ တစ်လုံးသော တဲထဲတွင် အမျိုးသမီးများသည် အစားအသောက်များ ပြင်ဆင်တည်ခင်းနေကြသည်။ မီးဖိုတစ်ဖိုလည်း မွှေးပေးထားသည်။

          ထို့နောက် တဲအတွင်းမှ အားလုံး ထွက်ခွာသွားကြသည်။ သူတို့ ထွက်ခွာသွားကြသည်မှာ တခြားကြောင့်မဟုတ်။ ယနေ့ တဲအတွင်း၌ ဆေးတံသောက်ပွဲ အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ရန် ရှိနေသောကြောင့် ဖြစ်သည်။

          ယောက်ျားများသည် တစ်ဦးချင်းစီ တန်းစီ၍ တဲအတွင်းသို့ ဝင်လာ ကြသည်။ တဲအတွင်းရောက်သည့်အခါ ညာဘက်သို့ လျှောက်သွားပြီး တစ်ခဏမျှ ရပ်နေသည်။ တဲ၏နောက်ဘက်ထရံနားရှိ ကွပ်ပျစ်ပေါ်၌ ထိုင်နေသော တဲရှင်က ဝင်လာသူအား ဆီး၍ နှုတ်ဆက်သည်။

          ထိုင်ရမည့်နေရာကို ညွှန်ပြသည်။ ထိုအခါကျမှ ဝင်လာသူသည် တဲရှင် ညွှန်ပြသည့်နေရာသို့ သွား၍ ထိုင်သည်။ ဝင်လာသူများသည် သူတို့ နေရာယူကြသည့်အခါ တဲရှင်နှင့် မီးဖိုကြားမှ ဖြတ်မသွားမိအောင် အထူး သတိထားကြသည်။

          လူအားလုံး တည်ခင်းထားသည့် အစားအစာများကို စားကြ သောက်ကြသည်။ တဲရှင်သည် လူအားလုံး စားသောက်ပြီး၍ လက်များ သုတ်ပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ အားလုံးစားသောက်ပြီးသွားသည့်အခါ တဲရှင်သည် အခမ်းအနားအတွက် အထူး တလည် စီမံပြုလုပ်ထားသော ဆေးတံကိုယူ၍ ဆေးတံသောက်ဆေး ထည့် သည်။ ထို့နောက် စကားစပြောသည်။

          “ရောင်းရင်းတို့ ... ငါတို့ ရန်သူတွေဟာ ငါတို့ရွာနဲ့ ခြောက်ရက် ခရီး အကွာလောက်က နေရာတစ်နေရာမှာ ရွာတစ်ရွာတည်ပြီး စခန်းချနေ ကြတယ်၊ ဒီနှစ် ... ဆောင်းရာသီကလည်း အလွန်ကို ဆိုးဝါးပြီး ပြင်းထန် တယ်၊ ဒီလဟာ ... ကျွဲသစ်တိုးလ၊ ငါတို့ရန်သူတွေ အလုပ်ရှုပ်နေကြမယ့် အချိန်၊ သူတို့ အနေနဲ့ ငါတို့လူစု ရောက်လာလိမ့်မယ်လို့ မျှော်လင့်ကြမှာ မဟုတ်ဘူး၊ အဲဒီတော့ ... သူတို့ကို သွားတိုက်ပြီး မြင်းတွေလုယူဖို့ စစ်ပွဲတစ်ပွဲကို ငါ... ဦးစီးဦးဆောင်ပြုချင်တယ်၊ မင်းတို့ ... ငါနဲ့ လိုက်ကြမလားလို့ ... မေးပါရစေ”

          တဲရှင်သည် ယခင့်ယခင်အချိန်များကလည်း စစ်အဖွဲ့ ပေါင်းများစွာ ကို ဦးစီးဦးဆောင်ပြုခဲ့ဖူးသူ ဖြစ်သည်။ အမြဲတစေ အောင်ပွဲရခဲ့သော စစ်သည်တော်တစ်ဦး ဖြစ်သဖြင့် လူများစုက သူနှင့် လိုက်လာကြလိမ့်မည် ဟု ယုံကြည်သည်။ ဤအချက်နှင့်ပတ်သက်၍ မည်သူ့အပေါ်မှာမှ သံသယမရှိ။

          သူသည် ဆေးတံရိုးနှင့် ကောင်းကင်သို့ ညွှန်ပြသည်။ မြေကြီးကို ညွှန်ပြသည်။ အရှေ့အရပ်၊ မြောက်အရပ်၊ အနောက်အရပ်နှင့် တောင်အရပ် စသော အဓိကကျသည့် အရပ်လေးမျက်နှာကို ညွှန်ပြသည်။

          ဝိညာဉ်များကို တိုင်တည်ခြင်း၊ ဆုတောင်းခြင်း ပြုသည်။ ယင်း အရပ်လေးမျက်နှာတွင် အောင်မြင်ခြင်း၊ တိုက်ရည်ခိုက်ရည်ကောင်းခြင်း နှင့် ရဲရင့်ခြင်း စသည်များ နေထိုင်လျက်ရှိကြသည် မဟုတ်ပါလား။ ထို့နောက် သူသည် ဆေးတံကို မီးညှိပြီး သောက်သည်။ ပြီးလျှင် သူ့ဘယ်ဘက်ဘေး၌ ထိုင်နေသူအား လှမ်းပေးသည်။

          သူ့ဘယ်ဘက်ဘေးမှလူသည် ဆေးတံကိုယူကာ ဆေးတံအိုးကို အောက်ချ၍ တည့်တည့်မတ်မတ် ကိုင်ထားသည်။ သူသည် ဤပုံစံအတိုင်း အချိန်အတော်ကြာကြာ ငြိမ်ဆိတ်နေသည်။ သူထိုင်နေသောနေရာသည် သူတို့လူမျိုး ဓလေ့ထုံးစံအရ ဂုဏ်သိက္ခာအမြင့်မားဆုံးသောနေရာတွင်