Skip to product information
1 of 12

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - အနီနှင့်အနက်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out
အနီ နှင့် အနက်
(၁)

          လူတစ်စုက သူတို့အား ကွန်မင်ချီဟု အမည်ပေးခဲ့ကြသည်။ ထိုအခါ တစ်ကမ္ဘာလုံး ကလည်း သူတို့အားကွန်မင်ချီဟုပင် သိနေကြသည်။ လူမျိုးတစ်စုအတွင်း ကိုယ့်အုပ်စုနှင့် ကိုယ် ဖွဲ့စည်း၍ စုပေါင်းနေထိုင်လျက်ရှိကြသော အုပ်စုများအတွင်းမှာတော့ တစ်အုပ်စုနှင့် တစ်အုပ်စု မတူကြောင်း သိသာစေရန် “ကျွဲသားစားသူများ'၊ “ဒရယ်သားစားသူများ'၊ “ပျားရည်စားသူများ” စသည်ဖြင့် အမည်တစ်မျိုးစီ ပေး၍ ခေါ်ဝေါ်သုံးစွဲလေ့ရှိကြ၏။ လူမျိုးတစ်မျိုးလုံး အနေဖြင့်မူ သူတို့တွင် အမည် မရှိချေ။ သူတို့အဖို့ ရှိရန်လည်း မလိုပေ။ သူတို့အနေဖြင့် သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်ရှိ အခြားလူမျိုးများထက် အဖက်ဖက်တွင် သာလွန်မြင့်မြတ်ပြီး ကောင်းကင်ဘုံရှိ ဝိညာဉ်များ၏ အထူးတလည် အရေးပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူရရှိနေကြသည့် “လူဆန်သော လူများ”ဟု သတ်မှတ်ထားပြီး ဖြစ်ပေသည်။ ။

          အရုဏ်တက် ထွက်ပြူစ အလင်းရောင်သည် တောင်နှစ်လုံးပေါ်သို့ စီးဆင်း ကျလာလျက်ရှိ၏။ ထိုအချိန်တွင် ကွန်မင်ချီ အမျိုးသားတစ်ဦးဖြစ်သော မြင်းညိုရှင်သည် အထက်ကောင်းကင်ဘုံမှ ဝိညာဉ်တော် ကြွအလာကို စိုးရိမ်ခြင်း ကြီးစွာဖြင့်မျှော်လင့် စောင့်စားလျက်ရှိလေသည်။ ယခုလို အချိန်မျိုးတွင် ဝိညာဉ်တော်သည် အိပ်ပျော်ကောင်း အိပ်ပျော်နေပေလိမ့်မည်။

          မည်သို့ပင်ဖြစ်စေ သူကတော့ လူမျိုးစု၏ စစ်သူရဲကောင်းတစ်ဦး အနေဖြင့်လည်း ကောင်း၊ သူ့လူမျိုးစုအတွင်းမှ ယောက်ျားကောင်း ယောက်ျားမြတ် တစ်ဦးအနေဖြင့် လည်းကောင်း ဝိညာဉ်တော်က အပ်နှင်းမည့် ဆေးဝါးအတတ်ပညာနှင့် ထက်မြက်သော စွမ်းရည်သတ္တိထူးများကို စောင့်၍ ယူရလိမ့်မည် ဖြစ်၏။

          အမှန်တော့ ဤနေ့ ဤရက် ဤအချိန် ဤကာလကို သူမျှော်လင့်စောင့်စား ခဲ့သည်မှာ တစ်ဆယ့်ရှစ်နွေမျှပင် ရှိခဲ့ပြီ။ သူ့အနေဖြင့် ဤနေ့ ဤရက်အတွက် ကြိုတင် ပြင်ဆင်လာခဲ့ရသည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီ။

          လူဖြူများ အခြေစိုက်ရာ နယ်မြေ၏ အပြင်ဘက်မိုင်တစ်ရာ ပတ်လည်အတွင်း တွင် တက္ကဆပ်ပြည်နယ် အနောက်ဘက်ဒေသ လွင်ပြင်များသည် တစ်ခုပေါ်တစ်ခု မေးတင်ကာ တည်ရှိနေကြသည်။ မျှော်ကြည့်၍ မဆုံးနိုင်သော ပရေးရီး မြက်ခင်းပြင်သည် လွင်ပြင် အားလုံးကို မြစိမ်းရောင် ကတ္တီပါကော်ဇောကြီးတစ်ချပ်ဖြင့် ဖြန့်အုပ်လွှမ်းခြုံထား သည့်နှယ် ရှိသည်။

          ထိုလွင်ပြင်များပေါ်၌ မားမားမတ်မတ် ရပ်တည်လျက်ရှိသော တောင်ညီနောင် သည် ပင်လယ်ရေပြင်ကြီးပေါ် သင်္ဘောကြီးနှစ်စင်း အပြိုင်ခုတ်မောင်းရန် အားယူနေကြ သည့်နှယ် ရှိ၏။ လူဖြူများစွာသည် ဤတောင်ညီနောင်ကို သိကြပါ၏။ သို့သော်လည်း မြင်ဖူးသူ အနည်းငယ်မျှသာ ရှိလေသည်။

          တောင်ဘက်မိုင်ပေါင်းများစွာ ကွာလှမ်းသောနေရာတွင် ဘရာဇောမြစ်သည် တောင်ညီနောင် ခြေရင်းမှပတ်ကာ ခက်ရင်းခွပုံသဏ္ဍာန် ဖြာထွက်ပြီး အရှေ့တောင် အရပ်ဆီသို့ နှေးကွေးစွာဖြင့် မြွေလိမ်မြွေကောက် စီဆင်းလျက်ရှိ၏ ။ နွေရာသီဆိုလျှင် ဘရာဇောမြစ်၏ မြစ်ကြောင်းသည် ကျဉ်းမြောင်းသွားလေသည်။ မြစ်ရေပြင်မှာလည်း ဆားနှင့်လချေးကျောက်များဖြင့် ပြည့်ကာ မသန့်မစင် မကြည်မလင်ဖြစ်လာသည်။

          တောင်ကျရေများကြောင့် ပေါ်ထွန်းလာရသော မြစ်လက်တက်များအတွင်းမှ ထိုးထွက် စီးဆင်းလာသောရေများသည် ချောင်းငယ်နှစ်ခုကို ဖြစ်ပေါ်လာစေ၏။ မြင်းညိုရှင်တို့ လူမျိုးစုသည် ယင်းချောင်းနှစ်သွယ် တစ်လျှောက်တွင် တဲငယ်များဆောက်ကာ အခြေစိုက်ထားကြလေသည်။

          နေ့ခင်း နေ့လယ်ဘက်ဆိုလျှင် မြင်းညိုရှင်တို့ လူစုသည် သူတို့ မွေးမြူထားသော မြင်းများကို မြက်ထူထပ်လှသည့် တောင်တန်းဆင်ခြေလျှောများပေါ်၌ လံထားလေ့ ရှိသည်။ နေ့လယ်နေ့ခင်းဆိုတော့ မြင်သာထင်သာရှိသဖြင့် မြင်းများကို အစောင့် အကြပ်ထူထပ်စွာ ချထားဖို့မလို။ ကလေးများနှင့်သာ လွှဲထားလေ့ရှိ၏။ ညဘက်ဆို လျှင်တော့ခြင်းများကို စနစ်တကျ ပြန်သိမ်းရသည်။ အစောင့်များ ကျကျနန ချထား ရသည်။

          ကီအိုဝါ လူမျိုးစုများမှာ မြင်းညိုရှင်တို့နှင့် မဟာမိတ်အဖြစ် ရပ်တည်လာခဲ့ သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သဖြင့် ကီအိုဝါ လူမျိုးစုများကတော့ သူတို့ မြင်းများကို ခိုးကြလိမ့်မည် မဟုတ်ပေ။

          အနောက်ဘက်နှင့် အနောက်တောင်ဘက်အရပ်များတွင်မူ အပေချီလူမျိုးစု လှည့်လည် ကျက်စားလျက်ရှိသည်။ အပေချီများကတော့ ယုံကြည်စိတ်ချရသူများ မဟုတ်ပေ။ အပေချီ များသည် အလွန်ကောက်ကျစ်စဉ်းလဲသူများဖြစ်၏။ မြင်းညိုရှင်တို့ လူမျိုးစုနှင့် ကမ္ဘာရန် ဖြစ်ခဲ့သည်မှာလည်း နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၏။ ဘာကြောင့် ကမ္ဘာရန် ဖြစ်ခဲ့သည် ဟူသောအချက်ကိုမူ သိသူ တစ်ဦးမှ မရှိချေ။

          မြင်းမိုရှင်သည် တစ်နွေလုံး မြင်းအုပ်စောင့်န်ကိုအ ယူခဲ့သည်။ လွန်ခဲ့သော ညကမှအစောင့်တာဝန်မှ လွတ်ခဲ့သဖြင့် သူ့အတွက် ဆေးဝါး အက် ရှာဖွေရန် ပြင်ဆင်နိုင်ခဲ့သည်။ မြင်းမိုရှင်သည် နတ်ဆရာ ညွှန်ပေးအပ် ရှေးဦးစွာ ချောင်းအတွင်း၌ ရေချိုးခဲ့သည်။ ပြီးတော့ အရိုးဆေးကို သောက်ခ်၏ ။ ထိုကိစ္စများ ပြီးသော် နတ်ဆရာက သူ့အတွက် ဂါထာမန္တန်များ ရွတ်ဖက်ပေးသည်။ ထို့နောက် သူ၏ မျက်နှာနှင့် ရင်ဘတ်များတွင် အင်းကွက်များနှင့် အမှတ်အသား လက္ခဏာများကို ဆေးဖြင့် ရေးခြယ်ပေးလိုက်လေသည်။

          ယနေ့အရုဏ်တက်တွင် မြင်းညိုရှင်သည် သူတို့ရွာနှင့် အနီးဆုံးသော တောင်တန်းဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူသည် ပန်းရည်များ တပ်ဆင်ထားသည့် ဖိနပ်ပျော့ကို စီးကာ သွေးနီရောင် ဆိုးထားသော အ၀တ်အစားများကို ဝတ်ဆင်လာခဲ့သည်။

          သူတို့ လူမျိုးစု၏ ထုံးတမ်းစဉ်လာအရ သူသည် သုံးရက် သို့မဟုတ် လေးရက်နှင့် လေးညတိတိ လူသူ ကင်းဝေးသည့်နေရာတွင် တစ်ယောက်တည်း နေရမည်ဖြစ်သည်။ သူ နေရမည့် နေရာသည် သူနှင့်သူ့အား ကူညီစောင့်ရှောက်ပေးမည့် ဝိညာဉ်များကို တခြားလူများ က လုံးဝအနှောင့်အယှက် မပေးနိုင်သောနေရာဖြစ်ရမည်။ အကယ်၍ သူ ကံကောင်းပါမူ လေးရက်မပြည့်မီ ကြားရက်တစ်ချိန်ချိန်တွင် ဝိညာဉ် တော်ထံမှ ထူးခြားသော အတိတ် နိမိတ် လက္ခဏာ တစ်ခုခုကို ရလိမ့်မည် ဖြစ်၏။

          မြင်းညိုရှင်တို့ ကွန်မင်ချီများသည် တစ်နေရာရာတွင်အခြေချ၍ အတည်တကျ နေထိုင်လေ့ရှိသူများမဟုတ်ပေ။ မကြာခဏ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်း နေထိုင်လေ့ ရှိသည်။ သူတို့တွင် စနစ်တကျ ကိုးကွယ်သည့် ဘာသာလည်းမရှိ။ နေမင်းကြီး၏ တစ်ဖက်တွင် နေထိုင်လျက်ရှိသည်ဟု ယုံကြည်ထားသော အရာ ခပ်သိမ်းကို ပြည့်စုံလုံ လောက်စွာဖြည့်တင်းပေးနေသော ဖခင်ကြီး ́ကိုသာ ကိုးကွယ် ကြသည်။ လူတိုင်းသည် ထိုဝိညာဉ်တော်ဖခင်ကြီးနှင့် အဆက်အသွယ်ရအောင် ပူဇော်ပသခြင်းအမှု ပြုကြလေသည်။ ။

          သူတို့၏ ယုံကြည်ချက်အရ ကမ္ဘာကြီးသည် အမျိုးမျိုးအဖုံဖုံ ကွဲပြားခြား နားလျက်ရှိသော ဝိညာဉ်ပေါင်းများစွာ၏ စိုးမိုးအုပ်ချုပ်မှုအောက်တွင်ရှိသည်။ အချို့ ဝိညာဉ်များသည် မေတ္တာနှင့်ကရုဏာ တရားများကို လက်ကိုင်ထားသော “ဝိညာဉ်ကောင်းဝိညာဉ်မြတ်များ” ဖြစ်ကြ၍ တချို့ ကျတော့ ဆိုးညစ်ယုတ်မာသော မကောင်းဆိုးဝါး “မိစ္ဆာဝိညာဉ်များ”ဖြစ်သည်။ လူတိုင်း လူတိုင်းပင် မိမိတို့ကြိုက်နှစ်သက်ရာ ဝိညာဉ်ကို ရွေးချယ် ကိုးကွယ်ပြီး ယင်းဝိညာဉ်၏ လမ်းညွှန်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများကို ရယူနိုင်ကြသည်။

          သို့သော်လည်း ကွန်မင်ချီ လူငယ်တစ်ယောက်သည် သူ ကိုးကွယ်နေသောနောနောမဟုတ်၊ ဟက်တက်ကြီး။ ဒဏ်ရာက နက်လည်းနက်သည်။ ထွက်လိုက်သည့် သွေးတွေကလည်း မြင်လို့မကောင်း။

          သူသည် မလှမ်းမကမ်းရှိ မြက်ခြောက်ပင်များဆီသို့ တရွေ့ရွေ့ တွားသွားသည်။ မြက်ခြောက်လက်တစ်ဆုပ်စာခန့် ဆွဲနုတ်လိုက်ပြီး ဒဏ်ရာဟက်တက်ကွဲအတွင်းသို့ ဖိသိပ် ထားလိုက်၏။ အတန်ကြာတော့သွေး တိတ်သွားလေသည်။

          တစ်ကိုယ်လုံး အပြင်းအထန် နာကျင်ကိုက်ခဲနေသည့်ကြားမှပင် သူ့ ဒိုင်းကို လိုက်ရှာသည်။ ပြန်တွေ့၏။ ချက်ချင်းပင် ထောင်ထိပ်ဆီသို့ ဦးတည်ကာ ဆက်တက် သည်။ ဒဏ်ရာများ အရှိန်ကြောင့် စောစောကလောက် သွက်သွက်လက်လက် မတက်နိုင်။ ခြေထောက်များမှာ ခဲများဆွဲထားသည့်နှယ် လေးလံနှေးကွေးလျက် ရှိသည်။သို့သော်လည်း ဇွတ်အားခဲပြီး တရွတ်ဆွဲတက်သည်။

          အတော်ကြာကြာ တက်မိသော် တောင်ထိပ်သို့ ရောက်လေသည်။ သူသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ကျောက်တုံးတစ်တုံးဆီသွားကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး အောက်ဘက်လွင်ပြင်ဆီသို့ မျှော် ကြည့်နေမိလေ၏။

          ပူနွေးသော လေသည် အရှိန်အဟုန်ပြင်းစွာဖြင့် သူ့ တစ်ကိုယ်လုံးအား သိမ်းကျုံး ရိုက်ခတ်လာသည်။ ချွေးတစိုစိုဖြစ်ကာ ပူလောင်လျက်ရှိသော ခန္ဓာကိုယ်သည် ချက်ချင်းပင် အေးမြလန်းဆန်းသွားသည်။ နာကျင်နေသောဝေဒနာမှာလည်း စောစော ကလောက် မပြင်းထန်တော့။ ဖြည်းဖြည်းချင်း သက်သာလာလေသည်။

          ဤလေသည် သူ့အား ခင်မင်ရင်းနှီးသော မိတ်ဆွေတစ်ယောက်သဖွယ် အပြေးအလွှား ရောက်လာပြီး ဆီးကြို ပိုက်ထွေးပေသည်။ မစ္ဆေရစိတ် များလွန်းလှသော မိစ္ဆာဝိညာဉ် တချို့သည် သူ့အား တောင်ပေါ်သို့ ဆက်မတက်တော့ဘဲ လက်လျှော့ သွားအောင် ဝိုင်း၍ ဖျက်လိုဖျက်ဆီး ပြုကြ၏။ သူ၏ အနိုင်မခံ အရှုံးမပေးသော စိတ်ဆန္ဒကြောင့် သူကပင် အနိုင်ရလိမ့်မည်ဟုတွက်သည်။ တွေ့နေရသည့် နိမိတ် လက္ခဏာများကတော့ သူ့အတွက် အားတက်စရာ ကောင်းသည်။

          သူသည် ကျွဲသားရေ ဝတ်ရုံကို မြေကြီးပေါ် ဖြန့်ခင်းလိုက်ပြီး အရိုးဆေးတံထဲသို့ ဆေးတစ်ဆုံစာ ထည့်လိုက်၏။ ပြီးတော့ မီးခတ်ကျောက်နှင့် မြက်ခြောက် အနည်းငယ်ကို ရှုံ့၍ မီးမွှေးသည်။ ထို့နောက် ဆေးတံကို သောက်လေသည်။

          ဆေးတစ်ဆုံ သောက်ပြီးသောအခါ ကျောက်တုံးအစွန်းတွင်ထိုင်၍ အရှေ့ တည့်တည်သို့ မျက်နှာမူလိုက်သည်။ ကောင်းကင်ဘုံမှ ဝိညာဉ်တော်အလာကို မျှော်လင့်စောင့်စားနေ တော့မည်ဖြစ်သည်။ စောင့်ရမည့် အချိန်ကာလမှာ ကြာမြင့်ပေ လိမ့်မည်။ ဤကိစ္စမှာ အထီးကျန် နိုင်လွန်းနေသော ကိစ္စတစ်ခုဖြစ်ကြောင်း သူ ကောင်းစွာ သိနေသည်။

          သူ - လေ့လာသိရှိထားသမျှဆိုလျှင် ဝိညာဉ်တော်ထံမှ အတိတ်နိမိတ်၁၉ အရိပ်အယောင်များသည် မြန်မြန်ဆန်ဆန် ရောက်မလာတတ်။ သူသည် သူ၏ စိတ်အာရုံကို ဝိညာဉ်များ အပေါ်၌ စူးစိုက်ထားနိုင်အောင် ကြိုးစားသည်။ သို့သော်လည်း မရ။ သူ့မျက်လုံးများက သူနှင့်အလွန်အလှမ်းဝေးနေသော သူ့ ရွာအပေါ် စူးစိုက် နေခိုက်တွင် သူ၏ စိတ်အာရုံက အတိတ်ဆီသို့ ပျံ့လွင့်လျက် ရှိလေသည်။

          သူ့ အဖေသည် အလွန် ထက်မြက်သော ဆေးစွမ်းကောင်းများ ပိုင်ဆိုင်သူ ဖြစ်သည်။ ရန်သူများ၏ စခန်းများအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်ပြီး မြင်းများကို ခိုးယူခဲ့သည့် အကြိမ်ပေါင်း မရေမတွက်နိုင်။ သူ့အဖေသည် စစ်ပွဲပေါင်းများစွာကိုလည်း ခေါင်းဆောင်၍ တိုက်ခိုက်ခဲ့ဖူးသည်။ သူ့တပ်မှ တပ်သားတစ်ယောက် ကျဆုံးခဲ့သဖြင့် သူ့မျက်နှာကို ဆေးနက်ခြယ်၍ သူ့မြင်း၏ အမြီးကို ဖြတ်၍ ပြန်လာခဲ့ရသည်ဟူသော အဖြစ်မျိုးမှာ မရှိသလောက် နည်းပါးလှပေသည်။ သို့သော်လည်း သူ့အဖေသည် နောက်ဆုံးတွင်အပေချီ တို့အား ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဦးဆောင်တိုက်ခိုက်သည့် စစ်ပွဲ၌ ကျဆုံးခဲ့ရလေသည်။

          ထိုစဉ်က မျက်နှာတွင် ဆေးနက်များခြယ်လိမ်း၍ ပြန်လာကြသော သူ့ အဖေ၏ ရဲဘော်ရဲဘက်များကို မြင်းညိုရှင် မြင်တွေ့ခဲ့ရဖူးသည်။ ထိုမြင်ကွင်းသည် ထမင်းလုံး တစ္ဆေခြောက်သည့်နှယ် သူ၏စိတ်အာရုံအတွင်းသို့ မကြာခဏဝင်ရောက်လာ တတ် သည်။ ဝင်ရောက်လာသည့်အခါတိုင်းလည်း စိတ်လှုပ်ရှားခြင်း ဖြစ်ရ၏။

          ထိုနေ့က သူ့အဖေ တိုက်ပွဲ၌ ကျဆုံးသွားပြီဟု သိလိုက်ရသောအခါ သူ့အမေသည် ဝမ်းနည်းပက်လက် ငိုကြွေးရှာသည်။ သည့်နောက်တော့ သူတို့လူမျိုး ထုံးစံအတိုင်း အမေသည် ဆံပင်ကို တိုသွားအောင် ဖြတ်ပစ်ရသည်။ ပြီးတော့ သူ့ တစ်ကိုယ်လုံးအား ဓားနှင့် မွန်းရသည်။ ထိုနေ့က အမေသည် ဓားနှင့်မွှန်းထားသော ဒဏ်ရာများမှ သွေးထွက် လွန်သဖြင့် သတိလစ်ပြီး မေ့မြော၍ပင် သွားခဲ့သည်။

          သူတို့မိသားစု တာဝန်ကတော့ မြင်းညိုရှင်၏ ဦးလေး ဝတ်ရုံနက်၏လက်သို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။ မြင်းညိုရှင်တို့ ကွန်မင်ချီများလိုက်နာရသော ရှေးအစဉ် အလာ ဓလေ့ထုံးစံအရ ဦးလေးဝတ်ရုံနက်သည် သူ့တွင် မယားတစ်ယောက် ရှိနေပြီ ဖြစ်သော်လည်း သူ့အစ်ကို၏ ဇနီး မုဆိုးမကို သူ့မယားအဖြစ် သိမ်းပိုက်ခဲ့ရသည်။ ဤသို့ဖြင့် မြင်းညိုရှင်တို့ မောင်နှမသည် သူ့ဦးလေး၏ သားသမီးများ ဖြစ်လာခဲ့ရသည်။ ဤအဖြစ်မျိုးမှာ လူဆန်သော ကွန်မင်ချီလူမျိုးများကြားတွင် အမြဲတစေ ကြုံတွေ့ရ တတ်သော ဖြစ်ရိုးဖြစ်စဉ် တစ်ခုပေတည်း။

          ညဉ့်အမှောင်ထု ကျရောက်လာသည်။ မြင်းညိုရှင်သည် ထိုအမှောင်ထု အောက်ဝယ် နှစ်လျက်ရှိ၏။ အထီးကျန်နိုင်လွန်းနေသဖြင့် ညှိုးငယ်စိတ်ပင် ဖြစ်ပေါ် လာသည်။ သူသည် ကျွဲရေဝတ်ရုံကိုခြုံ၍ လဲလျောင်းနေရာမှ တိုက်ခတ်နေသော လေသံကို နားထောင်သည်။ ပြီးတော့ ကျိုင်းကောင်အော်သံများ။ လရောင်ရိပ်ကိုခို၍ တေးဆိုနေကြသော ငှက်သံများ။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ကြိုးစားသည်။ မရ။ သူ့ဒူးမှ အနာမှာ ပြင်းထန်စွာ နာကျင် ကိုက်ခဲလျက်ရှိလေပြီ။

          နောက်နေ့ မနက်ကျတော့ အရုဏ်မတက်မီ သူ အိပ်ရာမှ နိုးသည်။ သူသည် ဆေးတံတစ်ဆုံပြီးတစ်ဆုံ သောက်၍ ဖြည်းဖြည်းချင်း တက်လာနေသော နေမင်းမှပေးမည့် တန်ခိုးသတ္တိများကို ရယူသည်။ ဒူးခေါင်းကတော့ တင်းမာနေပေပြီ။ ဟက်တက်ကွဲ နေသော အနာမှာ အဆမတန် ရောင်ကိုင်းလျက် ရှိလေပြီ။ သူ့ဘယ်ဘက်ခြေထောက်မှာ ကောင်းစွာ မထောက်နိုင်တော့။

          သူသည် အနာသက်သာအောင်လုပ်ဖို့ နည်းလမ်းရှာသည်။ ခြေထော့နင်း တော့ နင်းဖြင့်ပင် အနီးအနားတစ်ဝိုက်တွင် လှည့်လည်သွားလာပြီး ဆေးမြစ်လေး ဘာလေး ရလိုရငြား ရှာဖွေကြည့်သည်။ ကံအားလျော်စွာပင် အလွန်ဆူးများသော သစ်တော်သီး အရိုင်းပင်တစ်ပင်တွေ့ သည်။ သူ့လက်ကို ဆူးများမစူးအောင် သတိထား၍ သစ်တော်သီး တစ်လုံး၏ ထိပ်ပိုင်းကို ခွာယူလိုက်ပြီး အနာပေါ်အုံကာ ကျပ်စည်းထား လိုက်လေ၏။

          သူ့ပါးစပ်မှာ ရေငတ်လွန်း၍ ခြောက်သွေ့နေသည်။ ဆာလွန်းသဖြင့် သူ့ ဝမ်းဗိုက်ထဲမှာလည်း နာလျက်ရှိသည်။ သူသည် စိတ်အားထက်သန်စွာဖြင့် သူ့စိတ်ကို ဝိညာဉ်များအပေါ်၌ စူးစိုက်နေမိအောင် အားထုတ်ပြန်သည်။ နေ့တာမှာ ရှည်လွန်းလှရုံမျှ မက ငြိမ်သက်တိတ်ဆိတ် လွန်းလှပေသည်။ ဝိညာဉ်များ၏ အရိပ်အယောင်ကိုတော့ အစအနမျှပင် မမြင်ရသေး။

          ညဉ့်အမှောင်ထုသည် နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။ အထီးကျန်နိုင် မှုကလည်း စိုးမိုးလာပြန်၏။ သူသည် သူ့ရွာဆီသို့ မျှော်ကြည့်သည်။ သူ့စိတ် အာရုံဝယ် သူ့မိသားစု၏ ရုပ်လွှာသည် ပေါ်လာသည်။

          ယခုလို ညပိုင်းဆိုလျှင် သူ၏ “ဦးလေး အဖေ”သည် သူ့အနီး၌ စုဝိုင်း၍ ထိုင်နေကြသော မိသားစုအား သူ၏ စွန့်စားခန်းများကို ပုံပြင်သဖွယ် ပြောပြနေပေ လိမ့်မည်။ အပေချီများအားဝင်ရောက်တိုက်ခိုက် လုယက်ဖျက်ဆီးခဲ့ကြပုံများ၊ လူဖြူ စခန်းများကို ဝင်ရောက်တိုက်ခိုက်ကာ မြင်းနှင့်နွားများ လုယူခဲ့ကြပုံများ၊ ပြီးတော့ မိမိတို့လုယူလာခဲ့သည့် နွားများထဲမှ တချို့ကို မိမိတို့အမျိုးသမီးများအတွက် အခိုင်းအစေ အဖြစ် သုံးဖို့ဟူသောရည်ရွယ်ချက်ဖြင့် မက္ကဆီကန် ကွန်မင်ချီရော့စ်များထံမှ သုံ့ပန်း အမျိုးသမီးများနှင့်လဲလှယ်ယူခဲ့ကြပုံများစသည်စသည်များမှာ စိတ်ဝင်စားစရာ ကောင်း လှသည်။သူသည် ဒုတိယညတွင်လည်း ဆေးတံသောက်ရင်း လဲလျောင်းရင်း အချိန်ကုန် ပြန်၏။ ခြေထောက်မှ အနာကလည်း သူ့ အား ဒုက္ခပေးလျက်ရှိသည်။ အနာပြင်းပြင်း ထန်ထန် နာနေသည့်ကြားမှပင် ရေငတ်ခြင်းနှင့် ဆာလောင်မွတ်သိပ်ခြင်း ဒဏ်များ

ကြောင့် အားနည်းကာ အိပ်ပျော်သွားလေသည်။

          နောက်တစ်နေ့ မနက်တွင် သူ့ခြေထောက်မှာ အဆမတန် ရောင်လျက် ရှိရုံမျှမက အပြင်းအထန် နာကျင်လျက်ရှိသဖြင့် လမ်းမ လျှောက်နိုင်တော့ပေ။လျှောက်ပြန်တော့လည်း ထော့ကျိုးထော့ကျိုးနှင့် ခြေလှမ်း အနည်းငယ်မျှသာ လှမ်းနိုင်သည်။ တစ်နေ့လုံး ဖျားချင်သလိုလို ဖြစ်နေသည်။ မျက်စိများကလည်း ပြာနေသည်။ ဘာကိုပဲကြည့်ကြည့် မသဲမကွဲ မှုန်ဝါးဝါး။ ရေငတ်လွန်း၍ သူ့လျှာမှာ ရောင်လာသည်။ နတ်ဆရာက ဝိညာဉ်ကောင်း ဝိညာဉ်မြတ်များအားပင့်ရာ၌ သီဆိုဖို့ သင်ကြားပေးလိုက်သည့် သီချင်းများကိုပင် ပီသအောင် သီဆိုခြင်း မပြုနိုင်။ သူသည် ကျွဲရေဝတ်ရုံပေါ်၌ လဲလျောင်းကာအိပ်တစ်ဝက် နိုးတစ်ဝက်နှင့်ပင် အချိန်ကုန်ရသည်။

          ထိုညတွင် ပြင်းထန်သော မိုးခြိမ်းသံကြောင့် အိပ်ပျော်နေရာမှ လန့်နိုးလာသည်။ ချက်ချင်းပင် သူ့စိတ်သည် မချမ်းမမြေဖြစ်၏။ သူတို့ လူမျိုးများသည် မိုးသက် မုန်တိုင်းကို အလွန်ကြောက်သည်။ မိုးသက်မုန်တိုင်း အစွမ်းသတ္တိနှင့် အင်အားများသည် သူတို့ထိန်းသိမ်း ချုပ်ကိုင်နိုင်စွမ်း မရှိသောအရာများ ဖြစ်သည်ဟူသော ယုံကြည် ချက်ကြောင့် ကြောက်လန့်ကြခြင်ဖြစ်၏။ သူသည် ထွေထွေထူးထူး စဉ်းစားစိတ်ကူး မနေတော့ဘဲ ပြန်၍ အိပ်ပျော်ဖို့ ကြိုးစားလေသည်။

          ထိုစဉ်အခိုက်မှာပင် သူ့နားထဲမှ သူ့နာမည်ကို ခေါ်သံကြားမိသည်ဟုထင်သည်။ အိပ်နေရာမှ အသာခေါင်းထောင်ပြီး နားစွင့်သည်။ အသံတော့မဖြစ်နိုင်။ အသံဖြစ်ဖို့ထက် သူ၏စိတ်အာရုံ ခံစားမှုတစ်ခု ဖြစ်ဖို့ကများသည်။ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံ တစ်ရာသည် သူ့ စိတ်အာရုံနှင့် ထိတွေ့မိရန် အားထုတ်နေပြီထင်၏။

          ရုတ်တရက် လက်လိုက်သည့် လျှပ်စီးရောင်အောက်ဝယ် သူထိုင်ခဲ့ရာ ကျောက်တုံး ကြီးပေါ်၌ ဝံပုလွေကြီးတစ်ကောင် ရပ်နေသည်ကို ပြက်ပြက်ထင်ထင် မြင်လိုက်ရသည်။ ဂုံပုလွေကြီးမှာ သူတွေ့ခဲ့စဉ်ကထက် အဆများစွာကြီးသည်။ မိမိတို့ ကွန်မင်ချီ မိသားစုများ နေထိုင်သည့် တဲတစ်လုံးထက်ပင် ကြီးသည်။

          ဝံပုလွေကြီးသည် သူ့ထံသို့ တရွေ့ရွေ့ လာသည်။ သူ့မျက်လုံးများဆီသို့ စူးစူးရဲရဲ စိုက်ကြည့်သည်။ “ဘာမှ မကြောက်နဲ့၊ ညီ တစ်ယောက်လို ကူညီစောင့်ရှောက်ဖို့ လာတာ”ဟု ပြောနေသယောင်ရှိသည်။ ခွေးတစ်ကောင်က အနာကို လျှာနှင့်လျက်ပေး သကဲ့သို့ ဝံပုလွေကြီးက သူ့ခြေထောက်မှအနာကို လျှာနှင့်လျက်ပေးသည်။ အနာဆီမှ ဖြစ်ပေါ်နေသော နာကျင်မှုဝေဒနာသည် တဖြည်းဖြည်းနှင့် ပျောက်စပြုလာလေသည်။

          ထို့နောက် ဝံပုလွေကြီးသည် အဆင်တန်ဆာ မခြယ်သရသေးသောဒိုင်းကို ပါးစပ်ဖြင့် ကိုက်ချီပြီး သုံးလေးကြိမ်မျှ ခါယမ်းကာ မြင်းညိုရှင်၏ ရှေ့တည့်တည့်၌ ချထားသည်။ မြင်းညိုရှင်သည် ဒိုင်းပေါ်၌ ထင်နေသော ဝံပုလွေခြေရာလေးခုကို ထင်ထင်ရှားရှားမြင်ရသည်။ ပထမနေ့က သဲပေါ်၌ ထင်နေသည့် ဝံပုလွေခြေရာမျိုး။တစ်ခုတော့ ခြားနားမှုရှိ၏။ ယခုတွေ့မြင်ရသည့် ခြေရာများမှာ လတ်ဆတ်နီ ရဲသော သွေးရောင်ဖြစ်သည်။ ပြီးတော့ မိုးကြိုးသွားပုံ။ ဒိုင်း၏ တစ်ဖက် အစွန်း၌ တပ်ဆင်ထားသည့် ငှက်မွေးငှက်တောင်များကလည်း ရောင်စုံဖြစ်သဖြင့် တဝင်းဝင်း တလက်လက်။ ဒိုင်း၏ အောက်ခြေတွင်မူ ကျွဲမြီးတစ်ချောင်း တန်းလန်း ချိတ်လျက်။

          အရေးကြီးသော ကိစ္စမှန်သမျှတွင် သူလုပ်သည့်နည်းအတိုင်းလုပ်ဖို့ ဝံပုလွေကြီး က မြင်းညိုရှင်အားမှာသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ မယှဉ်ပြိုင်နိုင်သည့် အဆောင်ဆေးကိုလည်း ရလိမ့်မည်ဟု ပြောသည်။ ထို့နောက် ဝံပုလွေကြီးသည် ပေါ်လာစဉ်တုန်းကလိုပင် ဖျတ်ခနဲ ပျောက်သွားလေသည်။

          မြင်းညိုရှင် နိုးလာသောအခါ မိုးစင်စင် လင်းနေပေပြီ။ အေးမြသော မိုးစက် မိုးပေါက်များသည်သူ့ကိုယ်ပေါ်သို့ တစ်စက်ချင်း တစ်ယောက်ချင်း ကျရောက်လျက်ရှိ၏။ အဖျားလည်းမရှိတော့။ ခြေထောက်မှာလည်း အရောင်လျော့နေသည်။ ပြင်းပြင်းထန်ထန် နာကျင်ခြင်းလည်း မရှိတော့။ ယမန်နေ့ညက မြင်ခဲ့သမျှကို အသေးစိတ် မှတ်မိသဖြင့် ဝမ်းသာရွှင်မြူးလျက် ရှိ၏။ မြင်ခဲ့ရသမျှသည် ကယောင်ကတမ်းမက်သည့် အိပ်မက်တော့ မဖြစ်နိုင်။ နိမိတ်ပြ အမြင်မျိုးသာ ဖြစ်ရမည်။

          သူ့ ပတ်ဝန်းကျင်ကို စူးစမ်းသောအကြည့်ဖြင့် ကြည့်သည်။ ခြေရာလက်ရာများ ကျန်မကျန်ရှာသည်။ ခြေရာလက်ရာများမှာ ညက ရွာခဲ့သော မိုးရေနှင့် အတူမျောပါသွား ခဲ့လေပြီ။

သူနှင့် ခြေလှမ်းနှစ်ဆယ်ခန့်အကွာရှိ ချုံတစ်ရုံဘေး၌ လဲကျနေသော ဒိုင်း ကိုတော့ လှမ်းမြင်ရသည်။ ထော့နင်း တောနင်း ထသွားပြီး ဒိုင်းကို ကောက်ယူလိုက်၏။ သူသည် ဒိုင်းကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။ သူ့ဒိုင်းပေါ်တွင် အနီရောင်ဝံပုလွေ ခြေရာများလည်းမရှိ။ မိုးကြိုးသွားပုံကိုလည်းမတွေ့။ ငှက်မွေးငှက်တောင်များကိုလည်း မမြင်။ ကျွဲမြီးချိတ်ထားဖို့ ဆိုတာတော့ဝေလာဝေး။

          ဖြည်းဖြည်းချင်း စဉ်းစားကြည့်တော့မှ အဖြစ်မှန်ကို သိမြင်နားလည် သဘောပေါက်လာသည်။ ဝံပုလွေကြီးသည် သူ့ ဒိုင်းပေါ်၌ ရုပ်ဝတ္ထုအသွင် လက္ခဏာ များကို လက်တွေ့ ရေးခြယ်ပေးခဲ့ခြင်း မဟုတ်။ သူ့ ဒိုင်းပေါ်တွင် ထိုပုံထိုနည်းအတိုင်း ခြယ်သ၍ တန်ဆာဆင်ထားရမည်ဟု နိမိတ်လက္ခဏာများ ပြသွားခြင်းသာ ဖြစ်သည်။

          သူ၏အမြင်အာရုံတွင် ထင်လာသမျှကို အသေးစိတ် ပြန်ပြောပြလျှင် မည်သူကမှ ယုံကြည်လက်ခံကြလိမ့်မည် မဟုတ်ကြောင်း မြင်းညိုရှင်နားလည်သည်။ တကယ့် ဝံပုလွေ အစစ် ရောက်လာခြင်းမဟုတ်နိုင်။ အဖျားကြောင့် ကယောင် ကတမ်းဖြစ်ကာ စိတ်စွဲပြီး မြင်ရခြင်းမျှသာဖြစ်လိမ့်မည်ဟု လည်းကောင်း၊ ဝံပုလွေက သူ့အနာကို လျှာနှင့်လျက်ပေး သွားသည်ဆိုခြင်းမှာလည်း ဖြစ်နိုင်စရာမရှိ၊ သူ့အနာပေါ် မိုးစက် မိုးပေါက်များ ကျနေခြင်းကို စိတ်က စွဲလမ်းပြီး ဝံပုလွေလျှာနှင့် လျက်ပေးသည်ဟုထင်ခြင်းမျှသာဖြစ်မည်ဟု လည်းကောင်း တချို့ကပြောကြမည်မှာ မလွဲ။ မည်သို့ပင် ဖြစ်စေ သူ့အဖြစ်ကို သူသာလျှင် ကောင်းစွာ နားလည်သည်။

          ရုတ်တရက် သူ့မျက်လုံးများသည် ဒိုင်း၏တစ်ဖက်အစွန်း အမာဆုံးသော နေရာ တစ်လျှောက်တွင်ထင်နေသည့် ခြစ်ရာများအပေါ် စူးစိုက်သွားသည်။ ယခင်က ထိုခြစ်ရာများ လုံးဝမရှိ၊ ယခုမှ တွေ့ရခြင်း။ ထိုခြစ်ရာများသည် ဝံပုလွေတစ်ကောင်၏ သွားရာများပေတည်း။

          သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။ ဝံပုလွေဝိညာဉ်သည် သူ့အတွက် အလွန် ထင်ရှားသော နိမိတ်လက္ခဏာ အမှတ်အသားတစ်ခုကို ထားခဲ့လေပြီ။ , မိုးတိတ်သည်နှင့် တစ်ပြိုင်နက် သူသည် တောင်အောက်သို့ ပြန်ဆင်းသည်။

          တောင်ခြေတွင် ဝံပုလွေများ သတ်ဖြတ် စားသောက်ထားသည့် ကျွဲဆိုးကြီးတစ်ကောင်ကို တွေ့ သည်။ ဤကျွဲသေကောင်ထံမှ ဆေးဝါးများ ရနိုင်လိမ့်ဦးမည်ဟု သူ ထင်သည်။

မြင်းညိုရှင်သည် ကျွဲမြီးကိုဖြတ်၍ သူ့ ဒိုင်းတွင် ကျကျနန အခိုင်အမာ ချည်ထားလိုက် သည်။ ထို့နောက် ကျွဲသေကောင်၏ ဝမ်းဗိုက်ကို ခွဲကြည့်သည်။ ဝမ်းဗိုက်ထဲတွင် ဆံပင် ချည်ထွေး အလုံးတစ်လုံးကို တွေ့ရလေ၏။ ဤဆံပင်ချည်ထွေး အလုံးသည် ဤကျွဲအသက်ရှင် နေစဉ်ကာလ တစ်လျှောက်လုံး သူ့ကိုယ်မွေးများကို လျှာနှင့်လျက်တိုင်း သူ့ပါးစပ်မှ တစ်ဆင့် ဝမ်းဗိုက်တွင်းသို့ မတော်တဆ ရောက်သွားကာ ထိုအမွေးများ ကြေညက်ပြီး အလုံးဖြစ်နေခြင်းပေတည်း။

          မြင်းညိုရှင်တို့ ကွန်မင်ချီလူမျိုးများသည် ထိုကဲ့သို့သော ဆံပင်ချည်ထွေး အလုံးကို များစွာတန်ဖိုးထားကြသည်။ ဤဆံပင်ချည်ထွေးလုံးများသည် တန်ဖိုး မဖြတ်နိုင်လောက်အောင် အစွမ်းထက်သော ဆေးတစ်မျိုးဟုယုံကြည်ကြ၏။ မည်သို့ပင် ဖြစ်စေ ဤဆံပင်ချည်ထွေးများမှာလည်း ဝံပုလွေဝိညာဉ်များက သူ့ အားပေးသည့် လက်ဆောင်တစ်ခုပင် ဖြစ်သည်ဟု မြင်းညိုရှင် အခိုင်အမာယုံကြည်သည်။

          ဤဆံပင်ချည်ထွေးကို တရိုတသေ သိမ်းထားဖို့ ဆေးအိတ်တစ်လုံးတော့ လိုပေလိမ့်မည်။ သူသည် ကျွဲသေကောင်မှအရေအနည်းငယ်ကို လှီးဖြတ်ယူပြီး အိတ် တစ်လုံးလုပ်ကာ ဆံပင်ချည်ထွေးကို ထည့်ထားလိုက်သည်။ ထို့နောက် သူ့ရွာဘက်သို့ ထော့ကျိုးတော့ကျိုးနှင့် လျှောက်လာခဲ့လေ၏။

          မြင်းညိုရှင်သည် အိမ်မှထွက်လာစဉ်တုန်းကတော့ သူ၏အနာဂတ်ဘဝ ခရီး အတွက် လမ်းညွှန်မှုတစ်ခုကိုလိုက်လံရှာဖွေနေသည့် နုနယ်ငယ်ရွယ်သေးသော လူငယ် တစ်ဦးဘဝ။ ယခု အပြန်ကျတော့သူ့ကံကြမ္မာအပေါ်တွင် ယုံကြည်စိတ်ချမှု အပြည့်အဝ ရှိကာ တည်ငြိမ်ရင့်ကျက်နေပြီဖြစ်သည့် လူကြီးတစ်ယောက်အဖြစ်။ သူရဖို့ မျှော်လင့် ထားခဲ့သည့် အရာကိုလည်း သူ ပိုင်ဆိုင်ခဲ့ပြီ။ ထိုအရာကား “ဝံပုလွေဆေး”ပေတည်း။