Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - မြစ်ကြီးမစ္စစ္စပီ

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
(၁)
မြစ်နှင့် မြစ်၏သမိုင်း

           မစ္စစ္စပီသည် ဖတ်၍ကောင်းမည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ဤမြစ်သည် သာမန်မြစ်တစ်မြစ် မဟုတ်။ အဘက်ဘက်တွင် ထူးခြားသော အင်္ဂါရပ်များ ရှိနေသည့် မြစ်တစ်မြစ် ဖြစ်၏။ မစ္စစ္စပီ၏ ပင်မမြစ်ဖြစ်သော “မစ်ဇူရီမြစ်ကိုပါ ထည့်တွက်ပါက မစ္စစ္စပီသည် မိုင်ပေါင်းလေးထောင့်သုံးရာမျှ ရှိသဖြင့်ကမ္ဘာ ပေါ်တွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကွေ့အကောက်အများဆုံး မြစ်လည်း ဖြစ်၏။ လူတို့အသုံးပြုနေသည့် ဤမြစ်၏ မိုင်ပေါင်းတစ်ထောင့် သုံးရာခရီးအနက် ကျီးတစ်ကောင်တည့်တည့်မတ်မတ် တောက်လျှောက် ပျံသန်း နိုင်သည့် ခရီးဟူ၍ မိုင်ပေါင်းခြောက်ရာခုနစ်ဆယ့်ငါးမိုင်မျှသာ ရှိလေသည်။

           ဤမြစ်မှ လူတို့အကျိုးအတွက် ထုတ်ပေးနေနိုင်သည့် ရေအင်အားမှာ စိန့်လော့ရင့်စ် မြစ်ရေထက် သုံးဆမျှပိုသည်။ ရိုင်းမြစ်ရေထက် နှစ်ဆယ့်ငါးဆ မျှ ပို၍ သိမ်းစ်မြစ်ထက် အဆပေါင်းသုံးရာ သုံးဆယ့်ရှစ်ဆမျှ ပို၏။ ဤမြစ်လောက် ကြီးမားကျယ်ပြန့်သော မြစ်ဝှမ်းဒေသမျိုး ပိုင်ဆိုင်သည့်မြစ်ဟူ၍ တစ်မြစ်မှမရှိ။ ဤမြစ်သည် သူ့ကိုပြည်နယ်နှင့် နယ်မြေဒေသပေါင်း နှစ်ဆယ့် ရှစ်ခုမှ ရယူထားခြင်းဖြစ်၏။ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေပေါ်ရှိ ဒီလာဝဲယား ပြည်နယ်အတွင်းမှလည်းကောင်း ယင်းပြည်နယ်နှင့် ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုး တန်းဆင်ခြေလျှော အနိမ့်ပိုင်းထဲမှ အိုင်ဒါဟိုပြည်နယ်တို့ကြားရှိ လောင်ဂျီ တွဒ် လေ့ဆယ့်ငါးဒီဂရီအထိ ကျယ်ပြန့်သော တောပိုင်းဒေသအားလုံးဆီမှ လည်းကောင်း ရယူထားခြင်းဖြစ်၏။

            မစ္စစ္စပီမြစ်မှ လက်ခံရယူပြီး ပင်လယ်ကွေ့ဆီသို့ သယ်ယူသွားသော ရေသည် မီးသင်္ဘောများ ခုတ်မောင်းသွားလာနိုင်သည့် မြစ်ခွဲမြစ်လက်တက် ပေါင်းငါးဆယ့်လေးခုနှင့် သစ်ဖောင်ဝါးဖောင်များ၊ ကုန်တင်လှေကြီးများ ဝင်ထွက်သွားလာနိုင်သော မိုင်ပေါင်းရာနှင့်ချီ၍သာ ရှည်လျားသည့် မြစ်အချို့ မှ ရေများဖြစ်သည်။ မစ္စစ္စပီမြစ်၏ မြစ်ဝှမ်းဒေသ၏ ဧရိယာ အကျယ်အဝန်း သည် အင်္ဂလန်၊ ဝေလ၊ စကော့တလန်၊ အိုင်ယာလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ သြစတြီးယား၊ အီတလီနှင့် တူရကီနိုင်ငံများရှိ မြစ်ဝှမ်း ဒေသအားလုံးပေါင်း ဧရိယာအကျယ်အဝန်းနှင့် အတူတူဖြစ်သည်။ ဤမျှလောက် ကျယ်ဝန်းသော ဒေသတစ်ခုလုံးနီးပါးမျှ မြေသြဇာ အလွန်ကောင်း သည်။ မစ္စစ္စပီတောင်ကြားဒေသသည်ကား ထူးထူးခြားခြား မြေသြဇာကောင်း သည့် ဒေသတစ်ခု ဖြစ်လေသည်။

           မစ္စစ္စပီမြစ်၏ နောက်တစ်ခုထူးခြားချက်မှာ မြစ်ပြင်သည် မြစ်ဝဘက် သို့ နီးလာလေ ကျယ်ပြန့်လေ ဖြစ်သွားရမည့်အစား တဖြည်းဖြည်းချင်းပို၍ ပို၍ ကျဉ်းမြောင်းကာ ရေပို၍ နက်လာခြင်းဖြစ်သည်။ အိုဟိုင်းယိုးမြစ်နှင့် ဆုံတွေ့ရာ မြစ်ဆုံမှနေ၍ ပင်လယ်ပြင်ဆီသို့ စီးဆင်းနေသည့် ခရီးတစ်ဝက် ခန့်အထိတော့ မြစ်ပြင်၏အကျယ်သည် တစ်မိုင်ခန့်ရှိသည်။ သို့သော်လည်း ထိုနေရာမှစ၍ ပင်လယ်ပြင်ဘက်ရောက်သည္အထိ မြစ်ပြင်၏အကျယ်သည် တဖြည်းဖြည်းချင်း လျော့နည်းကျဉ်းမြောင်းလာခဲ့၏။ မြစ်ဝ၏ အထက်ဘက်ရှိ “တောင်ကြားလမ်းများ’ဆီသို့ ရောက်သည့်အခါတွင်မူ မြစ်အကျယ်သည် မိုင်ဝက်ကျော်ရုံကလေးမျှသာ ရှိတော့၏။ အိုဟိုင်းယိုးမြစ်နှင့် တွေ့ဆုံသည့် မြစ်ဆုံတွင် မစ္စစ္စပီမြစ်၏အနက်သည် ရှစ်ဆယ့်ခုနစ်ပေမျှရှိသည်။ တဖြည်းဖြည်း နှင့်ရေအနက်သည်တိုး၍တိုး၍ သွားခဲ့ရာ မြစ်ဝက်အထက်ဘက်နား ရောက် သည့်အခါ ရေအနက်သည် ပေပေါင်း တစ်ရာနှစ်ဆယ့်ကိုးပေအထိ ရှိသွားခဲ့ လေပြီ။

           နယူးအိုလီယင်မြို့မှ ထုတ်ဝေသော “တိုင်းမ်-ဒီမိုကရက်” သတင်းစာ တွင် ဆောင်းပါးတစ်ပုဒ်ပါခဲ့ဖူးသည်။ နားလည်ကျွမ်းကျင်သော အင်ဂျင်နီယာ များ၏ အစီရင်ခံစာများအပေါ် အခြေခံ၍ ရေးသားထားသော ထိုဆောင်းပါး က မစ္စစ္စပီမြစ်သည် နှစ်စဉ်နှစ်တိုင်း ရွှံ့နွံတန်ချိန်ပေါင်း သန်းလေးရာ့ခြောက်//

မစ္စစ္စပီ တန်ကို မက္ကဆီကိုပင်လယ်ကွေ့ထဲသို့ ချပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။ ယင်းရွှံ့နွံများသည် အစိုင်အခဲဖြစ်သွားခဲ့ရာ ထုထည်အားဖြင့် စတုရန်း တစ်မိုင် ခန့်ရှိပြီး အမြင့်ပေ နှစ်ရာလေးဆယ့်တစ်ပေမြင့်သည့် မြေထုကြီးအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့၏။ ယင်းရွှံ့နှံ့ရွံ့နှစ်များသည် မြေထုကြီးအား ပို၍ပို၍ ကြီးမားကျယ်ပြန့်သွားအောင် တဖြည်းဖြည်းချင်း ဖန်တီးတည်ဆောက်ပေးလျက် ရှိလေသည်။

           မစ္စစ္စပီမြစ်၏ နောက်တစ်ခုထူးခြားချက်မှာ အခြားမဟုတ်။ အချို့ ကျဉ်းမြောင်းသော မြေနေရာများပေါ်မှ ခုန်ကျော်ဖြတ်သန်း၍ စီးဆင်းလေခြင်း ဖြစ်သည်။ ထိုနေရာများတွင် မြစ်သည် တည့်မတ်ဖြောင့်တန်းစွာ စီးဆင်းခြင်း ဖြစ်၏။ ရှည်လျားခြင်းလည်းမရှိဘဲ တစ်နေရာခုန်ကျော် ဖြတ်သန်းလျှင် မိုင် အရှည်သုံး ဆယ်မျှသာရှိသည်။ ယင်းကဲ့သို့သော ခုန်ကျော်ဖြတ်သန်းမှုများ ကြောင့် ထူးဆန်းသော အကျိုးသက်ရောက်များသည် ဖြစ်ပေါ်လာကြသည်။ တောပိုင်းခရိုင်နယ်မြေများအတွင်း၌ မြစ်ဆိပ်မြို့များ ပေါ်ထွန်းလာကြပြီး ယင်း မြို့များ၏ ရှေ့တည့်တည့်တွင် သဲသောင်ကြီးများနှင့် သစ်တောကြီးများ မားမား မတ်မတ် တည်ရှိလာကြခြင်းဖြစ်သည်။ ထို့ပြင်လည်း ယခင်က ဗစ်စ်ဘတ်ဂ် မြို့၏ အောက်ဘက်သုံးမိုင်ကွာ၌ တည်ရှိခဲ့သော ဒယ်လ်တာမြို့သည် မစ္စစ္စပီမြစ် ၏ ခုန်ကျော်ဖြတ်သန်း စီးဆင်းမှုကြောင့် တည်နေရာသည် လုံးဝပြောင်းလဲသွား သည်။ ယခုအခါတွင် ဒယ်လ်တာမြို့သည် ဗစ်စ်ဘတ်ဂ်မြို့၏ အထက်ဘက် နှစ်မိုင်အကွာတွင် တည်ရှိနေခဲ့လေပြီ။

           မစ္စစ္စပီမြစ်၏ ရုတ်တရက်ဖြတ်သန်းစီးဆင်းမှုကြောင့် ဤမြစ်ဆိပ်မြို့ နှစ်မြို့စလုံးသည် တောပိုင်းဘက်သို့ ဆုတ်ခွာသွားကြသည်။ ဤဖြတ်သန်း စီးဆင်းမှုသည် နယ်နိမိတ်သတ်ထားသည့် နေရာများနှင့် တရားစီရင်ပိုင်ခွင့် သက်ရောက်မှုများကိုပါ အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။ ဥပမာအား ဖြင့် ယနေ့ မစ္စစ္စပီ ပြည်နယ်တွင်း၌ နေထိုင်လျက်ရှိသော လူတစ်ယောက်သည် ထိုည ညဦးပိုင်းတွင် ရုတ်တရက်ဖြစ်ပေါ်လာသည့် ဖြတ်သန်းစီးဆင်းမှုတည်း ဟူသော မြစ်ကြောင်းပြောင်းလဲမှုကြောင့် နောက်တစ်နေ့တွင် သူသည် သူ ကိုယ်တိုင်နှင့် သူမနေ့က နေထိုင်ခဲ့ရာ ကုန်းမြေသည် မြစ်၏အခြားတစ် ဖက်၌ ရောက်နေသည်ကိုလည်းကောင်း၊ သူရော သူ့မြေပါ လူဝီစီးယားနားပြည်နယ်အတွင်း၌ ရောက်နေပြီဖြစ်၍ ယင်းပြည်နယ်၏ တရားဥပဒေ စိုးမိုးမှု နယ်ပယ်အတွင်း၌ ကျရောက်နေသည်ကိုလည်းကောင်း တွေ့နေရ၏။ ရှေးခတ် အခါက ယင်းဖြစ်ရပ်မျိုးများသည် မြစ်အထက်ပိုင်းဒေသများ၌ မကြာခဏ ဖြစ်ပွားခဲ့ရာ မစ်ဇူရီပြည်နယ်မှ ကျွန်တစ်ယောက်သည် မြစ်ကြောင်း ပြောင်းလဲ မှုကြောင့် အီလီနွိုက်စ် ပြည်နယ်တွင်းသို့ ရောက်သွားပြီး လွတ်လပ်သော လူတစ်ယောက် ဖြစ်နေသည်နှင့် ကြုံရတတ်လေသည်။

           မစ္စစ္စပီသည် ယင်း၏တည်နေရာကို ရုတ်တရက်တစ်ဖက်သို့ တိုးဝင် ဖြတ်သန်းစီးဆင်းခြင်းတစ်ခုတည်းနှင့်သာ ပြောင်းလဲစေသည် မဟုတ်။ ယင်း၏ မူလ စီးဆင်းနေရာ မြစ်ကြောင်းတစ်ခုလုံးကို ဘေးသို့ ဖြန့်ကြက်စီးဆင်း ခြင်းအားဖြင့်လည်း ပြောင်းလဲမှုဖြစ်ပေါ်အောင် ပြုလုပ်လေ့ရှိ၏။ လူဝီစီးယား နားပြည်နယ် ဟာ့ဒ်တိုင်းမ်ဒေသတွင် မစ္စစ္စပီသည် ထိုဒေသ၏ အနောက်ဘက် ပိုင်း နှစ်မိုင်ခန့်အကျယ်အထိကို ရယူပိုင်ဆိုင်ထားသည်။ သို့သော်လည်း မူလ စီးဆင်းရာ မြစ်ကြောင်းတစ်ခုလုံး၏ ပြောင်းလဲစီးဆင်းမှုကြောင့် ထိုဒေသ သည် ယခုအခါတွင် လူဝီစီးယားနားပြည်နယ်တွင်း၌ မရှိတော့ပေ။ ဒေသ တစ်ခုလုံး မြစ်၏ အခြားတစ်ဖက်ရှိ မစ္စစ္စပီပြည်နယ်တွင်းသို့ ရောက်ရှိသွားခဲ့ ရလေ၏။

           မစ္စစ္စပီမြစ်၏ ထူးခြားမှုများကို ရှေ့တွင်လည်း ဖတ်ရှုကြရဦးမည်ဖြစ်ရာ ယခုလောလောဆယ်တွင် ဤမျှလောက်သိရပါက လုံလောက်ပြီဟုဆိုရပေလိမ့် မည်။ ထို့ကြောင့်လည်း မစ္စစ္စပီ၏အသွင်အပြင်နှင့် အနေအထားများကို ခေတ္တမျှ မေ့ထားပြီး မစ္စစ္စပီ၏သမိုင်းကြောင်းကို အနည်းငယ်မျှလေ့လာသိရှိထားရန် လိုအပ်လိမ့်မည် ဖြစ်ပါသည်။

           မစ္စစ္စပီမြစ်ကို စတင်မြင်တွေ့ခဲ့သည့် ပထမဆုံးသောလူဖြူမှာ “ဒီဆိုကို” ဖြစ်သည်။ သူမြင်တွေ့ခဲ့သည့်နှစ်မှာ ၁၅၄၂ခုဖြစ်၏။ သူမြင်ခဲ့ရသည့် နေဝင်ချိန် အလှကို ဖော်ပြရုံမှတစ်ပါး အခြားသော ထူးခြားချက်များကို ဖော်ပြခြင်းမရှိ။ ထို့ကြောင့်လည်း နေဝင်ချိန်ဟူသော အချက်ကိုသာ သိရပြီး နေဝင်ချိန်ကို မည်သူမှ ကိုယ်တိုင်ကိုယ်ကျ မြင်ကြရသည်မဟုတ်။ ထိုစဉ်က ဒီဆိုတို မြင်တွေ့ ခဲ့ရသော နေဝင်ချိန်ကို ပန်းချီကားတစ်ကား ရေးဆွဲမှတ်တမ်းတင်ထားခဲ့လျှင် ကောင်းလေစွဟုသာ တောင့်တနေကြရ၏။

           မည်သို့ပင်ဖြစ်စေ မစ္စစ္စပီမြစ်ကို ဒီဆိုတို စတင်တွေ့ရှိချိန်တွင် ရိုမင် ကက်သလစ်ဘာသာကို စတင်တည်ထောင်ခဲ့သည့် သူတော်စင် စိန့်အစ်ဂ်နေ ရှီးယပ်စ်လိုယိုလာ၏အမည်မှာ မထင်မရှားနှင့် လူသိမများသေးသည့် အချိန် ဖြစ်သည်။ ထိုစဉ်က ရိုမင်ကက်သလစ်ဘာသာ၏ သက်တမ်းမှာ တစ်နှစ်ပင် မပြည့်သေး။ မိုက်ကယ်အန်ဂျီလို ရေးဆွဲထားသည့်စစ္စတင်း ဘုရားရှိခိုးကျောင်း နံရံမှ “နောက်ဆုံးစီရင်ချက်” ပန်းချီကားပေါ်မှ ဆေးများပင် မခြောက်သေး။

           ထိုအချိန်ကာလတွင် စကော့လူမျိုးတို့၏ ဘုရင်မမေရီကွင်းကိုလည်း မမွေးသေး။ ပြင်သစ်နိုင်ငံ၏ ဒုတိယမြောက်ဟင်နရီဘုရင်၏ မိဖုရားအဖြစ် ထင်ရှားလာမည့် ကက်သရင်းဒီမီဒီဆီသည်ကလေးမျှသာရှိသေးသည်။ အင်္ဂလန် နိုင်ငံ၏ အယ်လီဇဘက်ဘုရင်မမှာလည်း ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေး သည်။ ပြင်သစ်နိုင်ငံမှ ပရိုတက်စတင့်ဘာသာ ပြုပြင်ပြောင်းလဲရေးသမား ဂျွန်ကယ်လ်ဗင်၊ အီတလီပန်းချီဆရာကြီး ဘင်ဗီနုတိုဆယ်လီနီနှင့် ဟိုးလီရိုမင် အင်ပါယာ အရှင်စပိန်ဘုရင် ပဉ္စမမြောက်ချားလ်စ်တို့ နာမည်အကြီးဆုံး အခြေ အနေသို့ ရောက်နေချိန်ဖြစ်၏။ သူတို့သုံးဦးသည် တစ်ဦးချင်းစီ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သမိုင်းတွင်ရစ်အောင် ကြိုးပမ်းနေသူများဖြစ်သည်။

           မစ္စစ္စပီမြစ်ကမ်းပါးထက်သို့ ဒီဆိုတိုဆိုက်ရောက်ချိန်တွင် ဂျာမန်အမျိုး သား ဘာသာ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် မာတင်လူသာ မကွယ် လွန်သေး၊ ဒီဆိုတိုမစ္စစ္စပီမြစ်ကမ်းပါးပေါ်ရောက်ပြီး နောက်နှစ်နှစ်ကြာမှ ကွယ် လွန်ခဲ့ခြင်းဖြစ်၏။ သူရောက်ခဲ့သော အချိန်သည် ဆာဗီတပ်စ်အား မီးရှို့မသတ်မီ ဆယ့်တစ်နှစ်အလိုကဖြစ်၍ စိန့်ဘာသိုလိုမြူးလူသတ်ပွဲကြီး မဖြစ်မီနှစ်ပေါင်း သုံးဆယ်အလိုက ဖြစ်သည်။ နောင်တစ်ခေတ်တွင် နာမည်ကြီးလာမည့် “ရာဘီ လေ့စ်”စာအုပ်ကိုပင် ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေး။ ဤဘက်ခေတ်တွင် နာမည် ကျော်ကြား လူကြိုက်များခဲ့သည့် စပိန်စာရေးဆရာကြီး ဆာဗင်တီးစ်၏ “ဒွန်တွိ ဆုတ်” ဝတ္ထုကြီးကိုလည်း ရေးပင် မရေးရသေး။ အင်္ဂလိပ်ကဗျာဆရာနှင့် ပြဇာတ်ဆရာကြီး ရှိတ်စပီးယားမှာ မွေးပင်မမွေးသေး။ အင်္ဂလန်သမိုင်းတွင် နိုင်ငံခေါင်းဆောင်ကြီးအဖြစ် ထူးခြားထင်ရှားခဲ့သော အိုလီဗာကရွမ်ဝဲလ်၏ အမည်ကို အင်္ဂလိပ်လူမျိုးများကြားသိဖို့ နှစ်တစ်ရာနီးပါးမျှလိုသေးသော အချိန် ဖြစ်လေသည်။

           မစ္စစ္စပီမြစ်အား တွေ့ရှိခဲ့သည့်အချိန်ကာလကို သတ်မှတ်၍ရသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ယင်းအားတွေ့ရှိမှုကြောင့် ကျွန်တော်တို့နိုင်ငံသည် အသစ် အသစ်ဖြစ်သော ပြုပြင်မှုများ၊ ပြောင်းလဲမှုများနှင့် တိုးတက်မှုများဖြစ်ပေါ်ခဲ့သည် မှာလည်း သံသယဖြစ်ဖွယ်ရာမရှိပေ။

           ဒီဆိုတိုသည် မစ္စစ္စပီမြစ်ကိုမြင်ရုံမျှ မြင်တွေ့ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ လေရာ သူ့ဘုန်းတော်ကြီးများနှင့် စစ်သားများကသူ့အား မြစ်အတွင်း၌ မြှုပ်နှံ သဂြိုဟ်ခဲ့ကြသည်။ ထိုခေတ်အခါက စပိန်လူမျိုးတို့ ဓလေ့ထုံးစံအတိုင်း နေရပ် ဌာနေသို့ ပြန်ရောက်သွားကြသည့်အခါ ဘုန်းတော်ကြီးများနှင့် စစ်သားများ သည် မစ္စစ္စပီမြစ်၏အရွယ်ပမာဏနှင့် အခြင်းအရာများကို သူတို့ တွေ့မြင်ရ သည်ထက် ဆယ်ဆမျှ ပို၍ချဲ့ကားပြောဆိုကြပေလိမ့်မည်။

           ဤသို့ဖြင့် မစ္စစ္စပီမြစ်အပေါ် စိတ်ဝင်စားလာကြသော လူများထဲမှ စွန့်စားရှာဖွေသူများသည် ချက်ချင်းပင် မြစ်ရှိရာသို့ ခရီးထွက်ကာ နှိုက်နှိုက် ချွတ်ချွတ် လေ့လာစူးစမ်းကြသည်။ သူတို့လူစု ဒေသပြန်ရောက်၍ သူတို့ တွေ့မြင်ခဲ့ရသမျှကို ပြောပြသည့်အခါတွင်မူ စိတ်လှုပ်ရှားလောက်အောင် ထူးခြားဆန်းကြယ်မှုများ မရှိဟု ယူဆလာခဲ့ကြ၏။ ဤတွင်မစ္စစ္စပီမြစ်သည် နှစ်ပေါင်းအတော်ကြီးကြာမျှ လူဖြူတစ်ဦးတစ်ယောက်မျှ လာရောက်လည်ပတ် ခြင်းမရှိတော့ဘဲ စွန့်ပစ်ထားခြင်းခံခဲ့ရပြန်သည်။ နောက်ထပ်မစ္စစ္စပီနှင့် အထိ အတွေ့မရှိဘဲ ကုန်လွန်ခဲ့ရသည့် ကြားကာလသည် အချိန်ကာလအားဖြင့် နည်းနည်းနောနောမဟုတ်။ ယင်းအချိန်ကာလကို ဤနည်းဖြင့် တွက်ချက်လျှင် ရနိုင်သည်။

           မစ္စစ္စပီမြစ်ကို ဒီဆိုတို မြင်ခဲ့ရပြီးသည့်နောက် နှစ်ပေါင်းအစိတ်မျှ ကုန်လွန်သည့်အခါ ရှိတ်စပီးယားကိုမွေးဖွားသည်။ နှစ်ပေါင်းငါးဆယ်ကျော်မျှ အသက်ရှင် နေထိုင်ခဲ့ပြီး ကဗျာများနှင့်ပြဇာတ်များကို ရေးသားပြုစုခဲ့ပြီး ကုန်လွန်သွားခဲ့၏။ သူမြေတွင်းထဲရောက်ပြီး နှစ်ပေါင်းငါးဆယ်ကျော်ခန့်အကြာ တွင် ဒုတိယလူဖြူတစ်ဦးသည် မစ္စစ္စပီကို မြင်တွေ့ခဲ့ပြန်သည်။

           အမှန်တော့ ကျွန်တော်တို့ခေတ်တွင် ထူးဆန်းသောနေရာတစ်ခုကိုတွေ့ ပါက နောက်ထပ်လေ့လာစူးစမ်းခြင်းမပြုဘဲ နှစ်ပေါင်းတစ်ရာ့သုံးဆယ်ကုန် လွန်သည်အထိ ပစ်ထားကြလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ယောက် သည် မြောက်ဝင်ရိုးစွန်းတည်ရာ နယ်မြေတစ်ခုအတွင်း၌ ချောင်းတစ်ချောင်းတွေ့သည်ဆိုပါစို့။ ဥရောပနှင့်အမေရိကမှ ငွေကြေးအမြောက်အမြား အကုန် အကျခံကာ အဖွဲ့ပေါင်းဆယ့်ငါးဖွဲ့ကို ထိုနေရာသို့လွှတ်၍ လေ့လာခိုင်း ကြလိမ့် မည်ဖြစ်၏။ အကယ်၍အဖွဲ့တစ်ဖွဲ့ က ထိုချောင်းအကြောင်းကို စနစ်တကျ စုံစမ်းလေ့လာသည့်အခါ ကျန်အဖွဲ့ ဆယ့်လေးဖွဲ့ ကလည်း သူ့အပိုင်းနှင့် သူ ဝင်ရောက်၍ လေ့လာကြလိမ့်မည် ဖြစ်ပေသည်။

           မည်သို့ပင်ဖြစ်စေ ထိုစဉ်အခါက ကျွန်တော်တို့၏ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းခြေများထက်၌ လူဖြူများလာရောက်၍ အခြေစိုက်နေထိုင်လျက်ရှိကြ သည်မှာ နှစ်ပေါင်းတစ်ရာ့ငါးဆယ် ကျော်ခဲ့ပြီဖြစ်၏။ ထိုလူဖြူ အားလုံးသည် အင်ဒီးယန်းများနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေကြလေပြီ။ တောင်ပိုင်း ဘက်တွင် စပိန်များသည် အင်ဒီးယန်းများအား တိုက်ကြခိုက်ကြသည်။ လုကြ ယက်ကြသတ်ဖြတ်ကြသည်။ ကျွန်ပြုကြသည်။ ခရစ်ယာန်ဘာသာဝင်များ အဖြစ်သွတ်သွင်းကြသည်။ ထိုဒေသ၏အထက်ဘက်တွင်မူ အင်္ဂလိပ်တို့သည်ရောင်စုံပုတီးများနှင့် စောင်အမျိုးမျိုးကို အင်ဒီးယန်းတို့အား ရောင်းချနေကြ သည်။ ယဉ်ကျေးမှုနယ်ပယ်အတွင်းသို့ ဝင်ရောက်လာအောင် သွေးဆောင် သိမ်းသွင်းရင်း ပစ္စည်းဝယ်တိုင်း လက်ဆောင်အဖြစ် “ဝီစကီ”ကို ပေးကြသည်။

           ကနေဒါနိုင်ငံထဲတွင်မူ ပြင်သစ်တို့သည် အင်ဒီးယန်းများအား အခြေခံ ပညာ ဗဟုသုတများပေးခြင်း၊ ခရစ်ယာန်ဘာသာဝင်ဖြစ်အောင် စည်းရုံး သိမ်းသွင်းခြင်း စသည်များကို ပြုလုပ်နေကြသည်။ လူအမြောက်အမြားကို ပထမကွီဘက်သို့လည်းကောင်း၊ နောင်အခါတွင် မွန်ထရီရယ်သို့လည်းကောင်း လာရောက်၍ သားမွေးများဝယ်ယူကြရန် ဆွဲဆောင်လျက်ရှိကြသည်။

           ယင်းလူဖြူများသည် သူတို့နေထိုင်ရာ ဒေသများ၏အနောက်ဘက် အလွန်ဝေးကွာသောဒေသ၌ မြစ်ကြီးတစ်မြစ်ရှိနေကြောင်းကို မုချမသွေကြား ကြရလိမ့်မည်ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူတို့ကြားခဲ့ကြသည်မှာ မရေမရာရှိခဲ့၏။ တိတိကျကျနှင့် မည်မည်ရရလည်းမဟုတ်။ မြစ်၏အချိုး အစားနှင့်ပမာဏကိုလည်းကောင်း တည်ရာဒေသကိုလည်းကောင်း ခန့်မှန်းရ ခက်ခဲခဲ့ကြဟန်တူ၏။ ယင်းသတင်း၏ လျှို့ဝှက်နက်နဲမှုသည် လူတို့၏ အထူး အဆန်းသိချင်စိတ်ကို နှိုးဆွပေးခဲ့ရုံမျှမက မရောက်ဘူးသေးသောဒေသသို့ သွား၍ တိတိကျကျ စုံစမ်းလေ့လာလိုသည့် ဆန္ဒကိုပါ ပြင်းထန်စေခဲ့သည်။ သို့သော်လည်း လက်တွေ့ကား ဖြစ်ပေါ်မလာခဲ့ပေ။

           သိသာထင်ရှားလျက်ရှိသည့်အချက်မှာ ဤကဲ့သို့သော မြစ်မျိုးကို လို လားသူတစ်ဦးမှ ရှိဟန်မတူ။ လိုအပ်သည်ဟုလည်း ယူဆဟန်မတူ။ အထူး အဆန်းတစ်ခုဟုလည်း မြင်ကြဟန်မတူ။ ဤသို့ဖြင့် မစ္စစ္စပီမြစ်သည် နောက်ထပ် နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကြာမျှ အနှောင့်အယှက် ကင်းမဲ့စွာဖြင့် ဈေးကွက် ပြင်ပ၌ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်၏။ မစ္စစ္စပီမြစ်အား ဒီဆိုတို တွေ့ခဲ့စဉ်က သူသည်မြစ်တစ်ခုကို လိုက်လံရှာဖွေနေခြင်းမဟုတ်။ ထို့ကြောင့်လည်း သူသည် မစ္စစ္စပီအား တန်ဖိုးထားခြင်းမရှိ။ အထူးတလည် စိတ်ဝင်စားမှုလည်း မဖော်ပြခဲ့။

           သို့သော်လည်း နောက်ဆုံးတွင် ပြင်သစ်လူမျိုး “လာဆယ်လီ” ဆိုသူ သည် ထိုမြစ်ကို မတွေ့တွေ့အောင်ရှာဖွေပြီး စူးစမ်းလေ့လာလျှင် အကျိုးရှိ လိမ့်မည်ဟု စိတ်ကူးရသည်။ လူတစ်ဦးသည် အများက ပစ်ပယ်ထားသည့် အရေးပါအရာရောက်သော စိတ်ကူးတစ်ခုကို ဆုပ်ကိုင်ပြီဟု သိရသည့်အခါ မျိုးတွင် အခြားလူအများကပါ ယင်းစိတ်ကူးနောက်သို့ အပူတပြင်းလိုက်လာ တတ်ကြသည်မှာ လူ့လောကနယ်ပယ်တွင် အမြဲတစေပေါ်ပေါက်လာတတ် သည့် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်၏။ ယခုကိစ္စတွင်လည်း ထိုအတိုင်းပင် ဖြစ်လာ ခဲ့လေသည်။

           ဤတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝအတိုင်း သူ့ဘာသာသူ မေးခွန်း တစ်ခု အလိုအလျောက်ထွက်ပေါ်လာသည်။ လူတွေအနေဖြင့် သူတို့အရင် ဘိုးစဉ်ဘောင်ဆက် ခေတ်ငါးခေတ်အတွင်းက မည်သူမှစိတ်မဝင်စားခဲ့သောမြစ် အား အခုမှဘာကြောင့်စိတ်ဝင်တစားဖြစ်ကာ လိုလားလာကြပါသနည်း။ ဤ မေးခွန်းအတွက် သိသာထင်ရှားသောအချက်မှာ နောက်ပိုင်းခေတ်တွင် လူများ သည် ဤမြစ်အားအသုံးပြုရန် နည်းလမ်းတစ်ခုကို သူတို့ရှာဖွေတွေ့ရှိထားပြီဟု တွေးမိကြသောကြောင့်ဖြစ်၏။ ထို့ပြင်လည်း မစ္စစ္စပီမြစ်သည် ယင်း၏ရေများကို ကယ်လီဖိုးနီးယား ပင်လယ်ကွေ့အတွင်းသို့ သွန်ချပေးနေသည်ဟု ယုံကြည် မှုရှိလာသည်။ ထိုအတိုင်းဆိုပါမူ ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့သွားရာ ဖြတ် လမ်းတစ်ခု ရရှိလာနိုင်သည်ဟု တွက်မိခဲ့ကြသည်။ ဟိုအရင်တုန်းကတော့ လူတို့အနေဖြင့် မစ္စစ္စပီမြစ်သည် ယင်း၏ရေများကို အတ္တလန္တိတ်သမုဒ္ဒရာ သို့မဟုတ် ဗာဂျီးနီးယားပင်လယ်တွင်းသို့ သွန်ချနေသည်ဟု ယူဆခဲ့ကြသည် မဟုတ်ပါလား။

           သိသာထင်ရှားလျက်ရှိသည့်အချက်မှာ ဤကဲ့သို့သော မြစ်မျိုးကို လို လားသူတစ်ဦးမှ ရှိဟန်မတူ။ လိုအပ်သည်ဟုလည်း ယူဆဟန်မတူ။ အထူး အဆန်းတစ်ခုဟုလည်း မြင်ကြဟန်မတူ။ ဤသို့ဖြင့် မစ္စစ္စပီမြစ်သည် နောက်ထပ် နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကြာမျှ အနှောင့်အယှက် ကင်းမဲ့စွာဖြင့် ဈေးကွက် ပြင်ပ၌ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်၏။ မစ္စစ္စပီမြစ်အား ဒီဆိုတို တွေ့ခဲ့စဉ်က သူသည်မြစ်တစ်ခုကို လိုက်လံရှာဖွေနေခြင်းမဟုတ်။ ထို့ကြောင့်လည်း သူသည် မစ္စစ္စပီအား တန်ဖိုးထားခြင်းမရှိ။ အထူးတလည် စိတ်ဝင်စားမှုလည်း မဖော်ပြခဲ့။

           သို့သော်လည်း နောက်ဆုံးတွင် ပြင်သစ်လူမျိုး “လာဆယ်လီ” ဆိုသူ သည် ထိုမြစ်ကို မတွေ့တွေ့အောင်ရှာဖွေပြီး စူးစမ်းလေ့လာလျှင် အကျိုးရှိ လိမ့်မည်ဟု စိတ်ကူးရသည်။ လူတစ်ဦးသည် အများက ပစ်ပယ်ထားသည့် အရေးပါအရာရောက်သော စိတ်ကူးတစ်ခုကို ဆုပ်ကိုင်ပြီဟု သိရသည့်အခါ မျိုးတွင် အခြားလူအများကပါ ယင်းစိတ်ကူးနောက်သို့ အပူတပြင်းလိုက်လာ တတ်ကြသည်မှာ လူ့လောကနယ်ပယ်တွင် အမြဲတစေပေါ်ပေါက်လာတတ် သည့် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်၏။ ယခုကိစ္စတွင်လည်း ထိုအတိုင်းပင် ဖြစ်လာ ခဲ့လေသည်။

           ဤတွင် ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝအတိုင်း သူ့ဘာသာသူ မေးခွန်း တစ်ခု အလိုအလျောက်ထွက်ပေါ်လာသည်။ လူတွေအနေဖြင့် သူတို့အရင် ဘိုးစဉ်ဘောင်ဆက် ခေတ်ငါးခေတ်အတွင်းက မည်သူမှစိတ်မဝင်စားခဲ့သောမြစ် အား အခုမှဘာကြောင့်စိတ်ဝင်တစားဖြစ်ကာ လိုလားလာကြပါသနည်း။ ဤ မေးခွန်းအတွက် သိသာထင်ရှားသောအချက်မှာ နောက်ပိုင်းခေတ်တွင် လူများ သည် ဤမြစ်အားအသုံးပြုရန် နည်းလမ်းတစ်ခုကို သူတို့ရှာဖွေတွေ့ရှိထားပြီဟု တွေးမိကြသောကြောင့်ဖြစ်၏။ ထို့ပြင်လည်း မစ္စစ္စပီမြစ်သည် ယင်း၏ရေများကို ကယ်လီဖိုးနီးယား ပင်လယ်ကွေ့အတွင်းသို့ သွန်ချပေးနေသည်ဟု ယုံကြည် မှုရှိလာသည်။ ထိုအတိုင်းဆိုပါမူ ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့သွားရာ ဖြတ် လမ်းတစ်ခု ရရှိလာနိုင်သည်ဟု တွက်မိခဲ့ကြသည်။ ဟိုအရင်တုန်းကတော့ လူတို့အနေဖြင့် မစ္စစ္စပီမြစ်သည် ယင်း၏ရေများကို အတ္တလန္တိတ်သမုဒ္ဒရာ သို့မဟုတ် ဗာဂျီးနီးယားပင်လယ်တွင်းသို့ သွန်ချနေသည်ဟု ယူဆခဲ့ကြသည် မဟုတ်ပါလား။