Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်ထွန်းသူ - ပြေးနှင့်ဂန္ထ၀င်မြောက်ဝထ္ထုတိုများ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

ပြေး

          တော်ရီးစ် မိသားစုပိုင် ယာတောသည် မွန်ထရေးမြို့၏ အောက် ဘက် ဆယ့်ငါးမိုင်ခန့်အကွာ ပင်လယ်ကမ်းခြေဘက်၌တည်ရှိသည်။ ခပ် ပြေပြေနိမ့်ဆင်းသွားသော တောင်စောင်းဆင်ခြေလျှောပေါ်၌ တည်ရှိခြင်းဖြစ် ၍ ဧက အနည်းငယ်မျှသာ ကျယ်ဝန်းသည်။ သို့သော်လည်း ယာတောသည်တောင်စောင်းမှသည် လှိုင်းလုံးဖြူဖြူဖွေးဖွေးများတည်ရာ ပင်လယ်ကမ်းစပ် အထိ ရောက်သည်။ ယာတော၏ နောက်ဘက်တွင် ကျောက်တုံးကျောက်ခဲ များဖြင့် ပြည့်နေသည့် တောင်တန်းကြီးများသည် မားမားမတ်မတ်ရပ်လျက် ရှိသည်။

          ယာတော အဆောက်အအုံများသည် တောင်စောင်းဆင်ခြေလျှော ပေါ်တွင် အစုလိုက်အပြုံလိုက် တည်ရှိနေကြသည်။ အားလုံးသည် ဝှေ့ယမ်း တိုက်ခိုက်နေသော လေနောက်သို့ လိုက်ပါသွားပြီး ပင်လယ်ပြင်ထဲသို့ သက် ဆင်းသွားကြတော့မည့်နှယ်ရှိမည်။ သစ်သားတဲငယ်နှင့် ဖရိုဖရဲ ပြိုလဲတော့ မည့်နှယ်ဖြစ်နေသော ကျီသည် စွတ်စိုထိုင်းမှိုင်းပြီး၊ ဆားဓာတ်ပါသော လေ ဒဏ်ကို အမြဲတစေခံထားရသဖြင့် ညိုမွဲမွဲ အရောင်အဆင်းကို ဆောင်လျက်ရှိသည်။

          ယာမြေပေါ်တွင် မြင်းနှစ်ကောင်၊ နွားမကြီး တစ်ကောင်နှင့် နွား နီပေါက်စလေး တစ်ကောင်၊ ဝက်ခြောက်ကောင်နှင့် အဆီအသားမရှိသော ကြုံလှီလှီကြက်ရောင်စုံ တစ်အုပ်တို့ရှိသည်။ တောင်စောင်း တစ်နေရာတွင် ဂျုံခင်း တစ်ခင်းရှိသည်။ မြေဆီမြေနှစ်ဟူ၍ လုံးဝမရှိသော မြေပေါ်၌ စိုက် ပျိုးထားခြင်းဖြစ်၍ ဂျုံပင်များသည် ဖွံ့ဖြိုးသန်စွမ်းခြင်းမရှိ။

          အမေ တော်ရီးစ်သည် ပိန်ပိန်ပါးပါး၊ အသားအရေခြောက်ခန်းခန်း၊ အလွန်ရှေးဆန်သည့် ဟန်အမူအရာမျိုးရှိသည်။ ယာတောကို သူဦးစီးလာခဲ့ သည်မှာ ဆယ်နှစ်နီးပါးရှိခဲ့ပြီ၊ သူ့ယောက်ျား ကွယ်လွန်ကတည်းက ယာ တောကို သူ ဦးစီးလာခဲ့ရခြင်းဖြစ်၏။ သူ့ယောက်ျားသည် တစ်ရက်တွင် ထုံးစံအတိုင်း ယာမြေသို့ အလုပ်ဆင်းသည်။ အမှတ်တမဲ့ကျောက်ခဲတစ်လုံး ကို နင်းမိပြီ ချော်လဲသည်။

          ရက်တဲ့စနိတ်ခေါ် မြွေဆိုးတစ်ကောင်ပေါ် မှောက်လျက်လဲခြင်းဖြစ် ၍ ရင်ဘတ်တွင် မြွေအကိုက်ခံရသည်။ အလွန်အဆိပ်ပြင်းသော မြွေမျိုး အကိုက်ခံရခြင်းဖြစ်၍ ဘာမှလုပ်၍မရ။

          အမေ တော်ရီးစ်တွင် သားသမီးသုံးယောက်ကျန်ခဲ့သည်။ အငယ် နှစ်ယောက်ဖြစ်သော အေမဲယိုးနှင့် ရိုစီတို့သည် တစ်ယောက်က အသက် ဆယ့်နှစ်နှစ်၊ တစ်ယောက်က အသက် ဆယ့်လေးနှစ်........နှစ်ယောက်စလုံး အသက်အရွယ်နှင့်မလိုက်အောင် ကြုံလှီသေးကွေးကြသည်။ ။

          အမေ တော်ရီးစ်သည် ကျောင်းပြေးကလေးသူငယ်များ ထိန်းသိမ်း ရေးအရာရှိ ယာတောဘက်သို့မလာသည့်ရက်များနှင့် လှိုင်းလေမထန်သည့် ရက်များတွင် ဤကလေးနှစ်ယောက်အား ယာတော အောက်ဘက်ရှိ ကျောက်ဆောင်များဆီသို့ လွှတ်၍ ငါးမျှားခိုင်းလေ့ရှိသည်။

          အကြီးဆုံးသား မက်ပီသည် အသက်ဆယ့်ကိုးနှစ်၊ အရပ်မြင့်မြင့် အမြဲပြုံးရွှင်နေသော မျက်နှာထားရှိသည်။ နူးညံ့သိမ်မွေ့သဖြင့် ချစ်စရာကောင်းသော်လည်း၊ အလွန်အပျင်းထူသည်။ မက်ပီသည် ခေါင်းရှည်ရှည်။ ထိပ်ချွန်ချွန် ကြမ်းတမ်းထူထဲသော အနက်ရောင် ဆံပင်များသည် ဘေး နှစ်ဖက်နှင့် နောက်တွင် ဖားလျားကျလျက်ရှိသည်။ ရှေ့ဘက်သို့ ကျနေသောဆံပင်များကို အမေ တော်ရီးစ်က ညှပ်ပေးထားသဖြင့် သူ့မျက်လုံးများသည် ကြည့်၍ရနေခြင်းဖြစ်၏။

          မက်ပီ၏ ပါးရိုးများသည် အင်ဒီးယန်းလူမျိုးတို့၏ ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ရှိသည်။ နှာခေါင်းသည် လင်းယုန်ငှက်တစ်ကောင်၏ နှာခေါင်း သဖွယ် ခပ်ကောက်ကောက်။ ပါးစပ်ကျတော့ ခပ်သေးသေးခပ်ပါးပါးဖြစ်၍ မိန်းကလေးပါးစပ်နှင့်တူသည်။ မေးစေ့သည် ခပ်ချွန်ချွန် သူ့ခြေထောက်နှင့် လက်များသည် ရှည်လျားလွန်းသဖြင့် လူပုံသည် ကလန်ကလားနိုင်လွန်း လှ၏။ မည်သို့ပင်ဖြစ်စေ မက်ပီသည် အလွန်ပျင်းရိသော လူငယ်တစ် ယောက်ဖြစ်၏။

          အမေ တော်ရီးစ်သည် သူ့သားအား အလွန်သတ္တိကောင်းသည့် လူချောကလေးတစ်ယောက်ဟုထင်သည်။ သို့သော်လည်း သူ့ထင်မြင်ချက် ကို မက်ပီအား လုံးဝအသိမပေး ‘နှင့်အဖေရဲ့ မိသားစုထဲမှာ မိန်းမပျင်းတစ်ယောက် ပါလာဟန်တူတယ်။ ဒါကြောင့် ငါ့မှာ နင့်လိုသားမျိုးတစ်ယောက် မွေးလာတာနေမှာဟု အမေ တော်ရီးစ်က ပြောသည်။ ပြီးတော့ နှင့်ကိုယ် ဝန်နဲ့တုန်းက တစ်ရက်မှာ အလွန်အပျင်းထူတဲ့ ကိုယိုတိဝံပုလွေ တစ်ကောင် ချုံထဲက ထွက်လာပြီး ငါ့ကိုစိုက်ကြည့်နေဖူးတယ်။ အဲဒါကြောင့် နင်ဟာ အလွန်အပျင်းကြီးတဲ့ကောင်ဖြစ်လာတာ နေမှာပဲဟုလည်း အမေ တော်ရီးစ် က ပြောသည်။

          မက်ပီကတော့ ဘာမှမသိနားမလည်သည့် သိုးငယ်လေးတစ်ကောင် သဖွယ် ပြုံးနေသည်။ သူ့လက်ထဲမှ ဓားမြှောင်ကို မြေကြီးထဲ ထိုးလိုက်၊ နုတ်လိုက်လုပ်နေသည်။ သူ့ဓားမြှောင်အသွားထက်စေရန်နှင့် သံချေး မတက် စေရန် လုပ်နေခြင်းပေတည်း။

          ဤဓားမြှောင်သည် သူ့အတွက် အမွေပစ္စည်းတစ်ခုဖြစ်သည်။ သူ့ အဖေ အမြဲတစေကိုင်ခဲ့သော ဓားမြှောင်ဖြစ်၏။ ဓားမြှောင်သည် ခပ်ကြီး ကြီး ရှည်လျားလျားဖြစ်သည်။ အသွားကို အရိုးထဲသို့ ခေါက်သွင်းလို့ရ သည်။ အရိုးပေါ်တွင် ခလုတ်ကလေးတစ်ခုရှိ၍ ထိုခလုတ်ကို နှိပ်လိုက်လျှင် ဓားသွားသည် ဖျတ်ခနဲ အပြင်သို့ထွက်လာသည်။ ဤဓားမြှောင်သည် မက်ပီ အမြတ်နိုးဆုံးဖြစ်သည်။ သူ့အဖေကိုင်ခဲ့သော ဓားမြှောင်ဖြစ်၍ သူ့ကိုယ်နှင့်မကွာအောင် ထားသည်။

          အလွန်နေသာသည့် နံနက်ခင်းတစ်နေ့တွင်ဖြစ်သည်။ ကမ်းပါး အောက်ဘက် အနိမ့်ပိုင်းထဲရှိ ပင်လယ်ပြင်သည် အပြာရောင်သန်းနေသည်။ ရေပြင်သည် နေရောင်အောက်တွင် တဝင်းဝင်း တလက်လက်ဖြစ်နေသည်။

          လှိုင်းလုံးဖြူဖြူများသည် အစုလိုက်အပြုံလိုက် ဖြည်းဖြည်းသာသာ ပြေးလာပြီး သောင်ခုံကျောက်တန်းပေါ်တက်လာလျက်ရှိသည်။ ယာတော နောက်ဖက်ရှိ တောင်တန်းကြီးများသည်ပင်လျှင် အေးမြသာယာသည့် အသွင် သဏ္ဌာန်ကို ဆောင်နေကြသည်။

          “မက်ပီရေ...ဟေး..မက်ပီ၊ အမေ့ဆီကိုလာစမ်း၊ အမေ မင့်ကို ခိုင်းစရာတစ်ခုရှိလို့”

          သစ်သားတဲငယ်အတွင်းမှ အမေ တော်ရီးစ်၏ခေါ်သံထွက်ပေါ်လာ သည်။

          အပြင်မှ ထူးသံမကြားရ၊ အမေက ခေါင်းတစ်ချက်ထောင်ကာ နား စွင့်သည်။ ကျီ၏ နောက်ဘက်မှ ရယ်သံများကြားလိုက်ရ၏။ အမေ တော်ရီးစ် သည် ထိုင်ရာမှထကာ သူ့စကပ်ကို လက်နှစ်ဖက်ဖြင့်မ၍ ရယ်သံများ လာရာ ဘက်သို့ ခပ်သုတ်သုတ်လျှောက်သွားသည်။

          မက်ပီသည် သေတ္တာပျက်တစ်လုံးကိုကျောနှင့်မှီပြီး ထိုင်နေသည်။ သူ၏ ဖွေးဖွေးဖြူနေသော သွားများသည် နေရောင်ဖြင့် ဝင်းလက်နေကြ သည်။

          သူ၏ဘယ်ဘက်နှင့်ညာဘက်ဘေးတွင် အသားမည်းမည်း အငယ် နှစ်ယောက်ရပ်နေသည်။ ကလေးနှစ်ယောက်သည် တစ်စုံတစ်ခုကို မျှော်လင့် ချက်ကြီးစွာဖြင့် စောင့်စားနေသည့် အရိပ်လက္ခဏာများ ဖော်ပြနေကြသည်။

          ရုတ်တရက် အေမဲယိုး၏ နှုတ်မှ အော်သံတစ်ချက်ထွက်လာသည်။ ‘

          " ယား..."

,           မက်ပီ၏ လက်ကောက်ဝတ်သည် မြွေတစ်ကောင်၏ ဦးခေါင်းသ ဖွယ် အလွန်သွက်လက်လျင်မြန်စွာ လှုပ်ရှားသွားသည်။ လေထဲတွင်ဦးခနဲ ဖြတ်သန်းသွားသော ဓားမြှောင်ဓားသွားသည် ဝင်းခနဲလက်သွားသည်။ ဒုတ် ခနဲမြည်သံပေးကာ ရှေ့တည့်တည့်မှ သစ်သားတိုင်တွင် ဝင်စိုက်သည်။

          အနက်ရောင် ဓားရိုးသည် တဖျတ်ဖျတ် ခါယမ်းလျက်ရှိသည်။ ဓားမြှောင် ဝင်စိုက်မိသည်နှင့် တစ်ပြိုင်နက် မောင်နှမသုံးယောက်၏ ရယ်သံများသည် ထွက်ပေါ်လာသည်။

          ရိုစီသည် သစ်သားတိုင်ဆီသို့ ပြေးသွားပြီး ဓားမြှောင်ကို ဆွဲနှုတ် ကာ မက်ပီထံ ပြန်ပြေးလာသည်။ သူ့လက်ထဲမှဓားမြှောင်ကို မက်ပီအား လှမ်းပေးသည်။ မက်ပီက ဓားမြှောင်ကို ပိတ်လိုက်ပြီး လက်ဖဝါးထဲ ပြန်ထည့် သည်။ ထို့နောက် ပြုံးဖြဲဖြဲမျက်နှာထားဖြင့် မိုးကောင်းကင်ဆီသို့ ငေးကြည့်နေ သည်။

          “ယား

          မက်ပီ၏လက်ဖဝါးထဲမှ ဓားမြှောင်သည် ဖျတ်ခနဲ ခုန်ထွက်လာပြီး သစ်သားတိုင်တွင် နောက်တစ်ကြိမ်ဝင်စိုက်ပြန်သည်။ အမေတော်ရီးစ်က သူတို့ရှေ့၌ ဝင်ရပ်ကာ ဆူပူကြိမ်းမောင်းခြင်း ပြုသည်။

          “တစ်နေကုန် တစ်နေခန်း ဒီဓားမြှောင်နဲ့ ဒီအလုပ်ပဲ လုပ်နေတာပဲ။ နင်က ဒီဓားမြှောင်ကို ကစားစရာအရုပ်တစ်ခုလို သဘောထားပြီး လုပ်နေ တာကိုး” | ဟု ဒေါသတကြီး အော်ပြောသည်။

          တဲ့အကောင် မက်ပီ....ထစမ်း၊ ဖိနပ်တွေကို ဝါးစားသလို ဖျက်ဆီး နေတဲ့ နင့်ခြေထောက်တွေကို ထူပြီး ထရပ်စမ်း”

          ပြောပြောဆိုဆို အမေ တော်ရီးစ်သည် မက်ပီ၏ လက်မောင်း တစ် ဖက်ကိုဆွဲ၍ထူသည်။ မက်ပီက အမေ့မျက်နှာကို ခပ်ဖြည်းဖြည်းမျက်နှာ ၈ ပေးဖြင့် ကြည့်ကာ မထချင်ထချင်နှင့် ထရပ်သည်။

          “ဒီမယ် တဲ့...မက်ပီ၊ ငါပြောတာ နားထောင်စမ်း” ဟု အမေ တော်ရီးစ်က ပြောသည်။

          “ဟေ့ကောင် ငပျင်း....၊ ငါပြောတာ သေသေချာချာနားထောင်၊ မြင်း ကိုသွားဖမ်းပြီး ကုန်းနှီးတင်လိုက်၊ နင်.....မွန်ထရေးမြို့ကို သွားရမယ်။ ဆေး ကုန်နေပြီ၊ ဆားလဲကုန်နေပြီ၊ အခုချက်ချင်းသွား... သွားဆို သွားစမ်း၊ မြင်းကို အရင်သွားဖမ်း”

          တော်လှန်အာခံချင်သည့် အမူအရာသည် မက်ပီမျက်နှာတွင် ထင်ဟပ်

          “ကျုပ်ကို မွန်ထရေးလွှတ်မယ် ဟုတ်လား”

          `ဟု မကျေနပ်သည့်လေသံဖြင့် မေးသည်။

          “ကျုပ်တစ်ယောက်တည်း သွားရမယ် ဟုတ်လား.........။ အမေ ခိုင်းတာ ကြီးက မဟုတ်သေးပါဘူးဗျာ...”

          အမေ တော်ရီးစ်က မက်ပီအား မျက်မှောင်ကုတ်၍ ကြည့်သည်။ “စကားမများနဲ့” ဟု ပြောသည်။

          နင်သကြားလုံးဝယ်စားရလိမ့်မယ်လို့ မထင်နဲ့..၊ ငါက ဆေးနဲ့ဆား ဝယ်ဖို့ပဲ၊ ပိုက်ဆံပေးမှာ တစ်ပြားမှ ပိုမပေးဘူးနားလည်လား”

          မက်ပီက ပြုံးသည်။

          “ကျုပ်သွားရင် ဦးထုတ်ပတ်တဲ့ သားရေကြိုးပြားကလေးတော့ တပ်ပေး လိုက်မယ် မဟုတ်လား အမေ”

          ဟု မေးသည်။ ။

          အမေ တော်ရီးစ်သည် သူ့သားအပေါ် သနားစိတ်ကလေး ဝင်လာ သည်။ ထို့ကြောင့်လည်း တစ်ထစ်လျှော့ပေးလိုက်သည်။ ။

          “အေး...မက်ပီ၊ သားရေကြိုးပြားတော့ တပ်ချင်ရင် တပ်သွား” မက်ပီသည် ချက်ချင်းပင် ရွှင်မြူးတက်ကြွလာသည်။ အမေ လက်ကိုင်ပဝါအစိမ်းကလေးကော ယူသွားရမလား”

          “အေး..........မြန်မြန်သွားပြီး ဘာပြဿနာမှ မရှိဘဲ မြန်မြန်ပြန်လာမယ် ဆိုရင် လက်ကိုင်ပဝါအစိမ်းလည်း ပေးလိုက်မယ်။ ပြီးတော့ နင် အစာစား တဲ့အခါ လက်ကိုင်ပဝါကို မပေစေနဲ့ကြားလား၊ ပေအောင်လုပ်မယ်ဆိုရင် တော့ ငါ မပေးလိုက်ချင်ဘူး”

          “မမေ့စေရပါဘူး အမေရာ စိတ်ချပါ။ ကျုပ် သတိထားပြီး ကိုင်မှာ ပေါ့၊ ကျုပ်ကလေး မဟုတ်တော့ပါဘူး အမေရာ...လူကြီးတစ်ယောက် ဖြစ်နေပါပြီ”

          “ဘာ... ဟိုအကောင်၊ နင်က နင့်ကိုယ်နင် လူကြီးတဲ့၊ ငါလေ ပြော လိုက်ရ”

          မက်ပီသည် ခနော်နီခနော်နဲ့ ဖြစ်နေသော ကျီထဲသို့ ဝင်သွားပြီး ကြိုး တစ်ချောင်းယူသည်။ ရွှင်မြူးသွက်လက်သော ခြေလှမ်းများဖြင့် မြင်းဖမ်းရန် တောင်ကုန်းပေါ်တက်သည်။

          နောက် တစ်ခဏမျှအကြာတွင် မက်ပီသည် အဆင်သင့်ဖြစ်နေသည်။ သူသည် သူ့အဖေမြင်းကုန်းနှီးပေါ်၌ ခွထိုင်ကာ တ်တံခါးဝ၌ ရပ်နေသည်။

          မြင်းကုန်းနှီးမှာ သုံးစွဲလာခဲ့သည့် နှစ်များစွာကြာခဲ့ပြီဖြစ်သဖြင့် ဟောင်း နွမ်းလှလေပြီ။ မြင်းကုန်းနှီးကို အုပ်၍ ချုပ်ထားသည့် သားရေစမှာ ပေါက် သည့်နေရာက ပေါက်၍ ပြသည့်နေရာက ပြနေသဖြင့် အတွင်းမှ သစ်သား ဘောင်များကိုပင် မြင်နေရသည်။

          အမေ တော်ရီးစ်သည် သားရေကြိုးပြားကလေး တပ်ထားသည့် ဦး ထုပ်အနက်နှင့် လက်ကိုင်ပဝါအစိမ်းကလေးကိုင်ပြီး တဲထဲမှထွက်လာသည်။ ဦးထုပ်ကို မက်ပီ၏ ခေါင်းတွင် ဆောင်းပေးသည်။ လက်ကိုင်ပဝါ အစိမ်း ကလေးကို မက်ပီ၏ လည်ပင်းတွင် ချည်ပေးသည်။

          မက်ပီ၏ ကိုယ်ပေါ်မှ အပြာရောင် ချည်ကြမ်းအကျီသည် သူ၏ ဂျင်းဘောင်းဘီလောက်မျှပင် အရောင်မပြောင်တော့ပေ။ အလျှော်အဖွပ်နည်း သဖြင့် တစ်ထည်လုံး ကြေးအထပ်ထပ် တက်ကာ မည်းနက်နေသည်။

          အမေ တော်ရီးစ်က ဆေးပုလင်းနှင့် ငွေဒင်္ဂါးပြားများ လှမ်းပေးသည်။ “ဒီဟာက ဆေးဝယ်ဖို့” ဟုပြောသည်။

          “ဟောဒါက ဆားဝယ်ဖို့ ၊ ဒီဟာကိုတော့ နင့်အဖေအတွက် ဆီမီးပူ ဇော်ဖို့ ဖယောင်းတိုင်ဝယ်၊ ဒီဟာကတော့ နင်သကြားလုံးဝယ်စားချင်ရင် ဝယ်စားဖို့ပေးတာ ကြားလား”

          “အမေတို့ မိတ်ဆွေ မစ္စက်ရိုဒရီဂက်စ်က နင့်ကို ညစာကျွေးလိမ့် မယ်။ အိပ်စရာနေရာ ပေးလိမ့်မယ်။ ဘုရားရှိခိုးကျောင်းဝင်တဲ့အခါမှာ သေ သေချာချာရှိခိုးပြီး ဆုတောင်း၊ ဘုရားသခင်နဲ့ မယ်တော် မေရီရဲ့ ရုပ်ပုံတွေကို ကြည့်တဲ့အခါမှာလည်း တွေ့ကရာတွေ စိတ်မကူးနဲ့နော်၊ လှတဲ့အပိုင်းတွေကို ချည်း ကြည့်နေတာ မကောင်းဘူး။ ငါပြောတာ နားလည်ရဲ့ လား ဝံပုလွေ ငပျင်းရဲ့”

          မက်ပီက ခေါင်းညိတ်သည်။ ဆောင်းထားသည့် ဦးထုပ်နက်အောက် မှ ဆံစများသည် ဘေးတစ်ဘက် တစ်ချက်တွင် ထိုးထွက်နေကြသည်။ သူ့သားသည် လူလားမြောက်လာပြီ၊ ပိန်ရှည်ရှည်မြင်းပေါ်၌ ထိုင်နေသည်မှာ ကျက်သရေရှိလှပါဘိသည်။ အသားမည်းမည်း၊ ပိန်ပါးပါး၊ အရပ်ရှည်ရှည် နှင့် လူချောလေးတစ်ယောက်ဟု ထင်၏။

          “အေးကွယ်၊ အမေက မင်းတစ်ယောက်တည်း မလွှတ်ချင်ပါဘူးကွယ်၊ ဆေးကုန်နေလို့သာ လွှတ်ရတာ”

          ဟု နူးညံ့သိမ်မွေ့သော လေသံဖြင့် တိုးတိုးသာသာပြောသည်။

          “အိမ်မှာက ဆေးမရှိရင် မဖြစ်ဘူးသားရဲ့ သိလား၊ သွားကိုက်တာတို့ ဗိုက်နာတာတို့က ဘယ်အချိန်ထဖြစ်မယ်ဆိုတာ ဘယ်သူမှပြောနိုင်တာ မဟုတ်ဘူး။ ဒါတွေဖြစ်လာလို့ ဆေးမရှိရင် ခက်တယ်သားရဲ့”

          “သွားမယ် အမေ”ဟု မက်ပီက နှုတ်ဆက်သည်။

          “ကျုပ် မြန်မြန်ပြန်လာခဲ့မှာပါ။ နောက်ကိုလည်း မကြာမကြာတစ် ယောက်တည်း လွှတ်လို့ ရပါပြီ အမေရာ၊ ကျုပ် လူကြီးတစ်ယောက်ဖြစ်နေ ပါပြီ”

          “နင်ဟာလေ အခုထက်ထိ ဘာမှမသိနားမလည် သေးတဲ့ငမိုက်ကလေး ပါ”ဟု အမေ တော်ရီးစ်က ရေရွတ်သည်။

          မက်ပီသည် မြင်းပေါ်၌ထိုင်နေရာမှ ကိုယ်ကိုမတ်မတ်ဖြစ်အောင် ပြင် ထိုင်လိုက်သည်။ ထို့နောက် မြင်းကို ခပ်သွက်သွက်နှင်၍ ထွက်သွားသည်။

          အတော်လှမ်းလှမ်းသို့ ရောက်သည့်အခါ နောက်သို့လှည့်ကြည့်သည်။ သူ့အား ရပ်၍ ကြည့်နေသည့် အေမဲ့ယိုး၊ ရိုစီနှင့် အမေ တော်ရီးစ်။ မက်ပီက တစ်ချက်မျှပြုံးပြလိုက်ပြီး မြင်းကို စိုင်းသွားသည်။

          မက်ပီသည် လမ်းအနိမ့်ပိုင်းထဲသို့ ဆင်းကာ မြင်ကွင်းအတွင်းမှ ပျောက်သွားသည်။ ထိုအခါကျမှ အမေ တော်ရီးစ်သည် သူ့ကလေးနှစ် ယောက်အား လှည့်ကြည့်သည်။ ပြီးတော့ သူ့ကိုယ်သူပြောသည်။

          “အေးလေ.... အခုဆိုရင် သူလည်း လူကြီးတစ်ယောက်ဖြစ်လုနီးနေ ပါပြီ။ အိမ်မှာ ယောက်ျားကြီးကြီးမားမား တစ်ယောက် ပြန်ပြီးရှိလာတာကောင်းတာပေါ့”