Skip to product information
1 of 3

Other Websites

မောင်ထွန်းသူ - ကြောက်စရာ့ရောမ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နွေစိတ်ရူး

နွေရာသီရောက်လာပြီဆိုရင် ကျုပ်ရင်ထဲမှာ အိမ်က ထွက်ပြေးချင်တဲ့ စိတ်ဟာ အမြဲတမ်း ပေါ်လာတတ်တယ်။ အသက်အရွယ် ငယ်နေသေး တာက တစ်ကြောင်း၊ အိမ်ထောင်သည်ဘဝရောက်နေပြီဖြစ်တဲ့ ကျုပ်ကိုယ် ကျုပ် လင်တစ်ယောက်အဖြစ်၊ ဖခင်တစ်ယောက်အဖြစ် အံဝင်ခွင်ကျ ဖြစ်အောင် မနေတတ်သေးတာလည်း တစ်ကြောင်းကြောင့် ဖြစ်ကောင်းဖြစ် လိမ့်မယ်ထင်ပါရဲ့။

နွေရာသီရောက်လာတဲ့အခါမှာ လူချမ်းသာတွေအတွက်ကတော့ ဘာပြဿနာမှ မရှိပါဘူး။ မနက်ပိုင်းဆိုရင် ပြတင်းပေါက်တွေကို ပိတ် ထား၊ ညပိုင်းကျတော့ ပြန်ဖွင့် ..။ ပြတင်းပေါက်တွေကတစ်ဆင့် ဝင်လာ နေတဲ့ အေးမြမြလေက တဖြူးဖြူး..။ ကျောက်သားသမံတလင်းပေါ်မှာ ခင်းကျင်းထားတဲ့ ပရိဘောဂပစ္စည်းတွေက ခပ်မှိန်မှိန်မီးရောင်အောက်မှာ တလက်လက်၊ အရာဝတ္ထုပစ္စည်းတိုင်းဟာ သူ့နေရာနဲ့သူ၊ အားလုံး နေသားတကျပဲ။ သန့်စင်ဝင်းလက်နေတာပဲ။ တစ်အိမ်လုံးဟာ တိတ်ဆိတ် အေးမြနေတာပဲ။ 

တကယ်လို့ ရေငတ်တယ်ဆိုပါတော့ဗျာ။ အိမ်စေတစ်ယောက်က အင်မတန် အရသာထူးတဲ့ ရေခဲစိမ်အအေးတစ်ခွက်ကို လင်ပန်းလှလှကလေး နဲ့ ထည့်ပြီး လာပို့မယ်။ အအေးကလည်း လိမ္မော်ရည်၊ ဘာလီရည်၊ သံပရာရည် တစ်ခုခု ဖြစ်မှာပေါ့။ လင်ပန်းထဲမှာ ရေခဲ တုံးလေးတွေ ထည့်ထားတဲ့ ခွက်တစ်ခွက်လည်း ပါပေမပေါ့။ အအေးဖန်ခွက်ထဲ ဇွန်းထည့်ပြီး မွှေနေလို့ ထွက်လာနေတဲ့ အသံကလည်း သာယာနေမှာ သေချာပါတယ်။

အင်း...ဒါပေမဲ့ ဆင်းရဲသားတွေရဲ့ အိမ်တွေမှာတော့ အခြေအနေက ပြောင်းပြန်ဇောက်ထိုးပါဗျာ။ နွေရာသီရောက်လို့ နေပူလာတာနဲ့ တစ်ပြိုင် နက် အပူရှိန်ဟာ သေးသေးကျဉ်းကျဉ်း အခန်းလေးထဲကို အတင်းအဓမ္မ တိုးဝင်လာတာပါပဲ။ ရေငတ်လို့ ရေသောက်ချင်လာပြီဆိုရင် ရေကတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ မီးဖိုချောင်ဘုံဘိုင်က ထွက်လာတဲ့ရေဟာ ရေပူကြီး။ ပူလွန်းလို့ လုံးဝအရသာမရှိတဲ့ ဟင်းချိုရည်နဲ့ တူနေတယ်။

အတွင်းဘက်မှာကလည်း ကျယ်ကျယ်ဝန်းဝန်းမရှိတော့ လွတ်လွတ် လပ်လပ် လှုပ်ရှားလို့တောင်မရဘူး။ စားပွဲကုလားထိုင်တွေ၊ အဝတ်တွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဟာ တစ်ခုပေါ်တစ်ခု ထပ်ထားသလို ဖြစ်ပြီး ရှုပ်ပွနေတာပဲ။ အခန်းထဲက လူတိုင်းဟာ ရှပ် အင်္ကျီလက်မောင်းတွေကို လိပ်တင်ထားကြရတယ်။ ရှပ်အင်္ကျီတွေကလည်း ချွေးတွေ တစိုစိုနဲ့၊ နံစော်နေတာပဲ။ တကယ်လို့များ ပြတင်းပေါက်တွေကိုသွားပိတ်လိုက်ရင် တစ်ခန်းလုံး မွန်းကျပ်သွားတာပဲ။ ညပိုင်းလေဟာ လူခြောက်ယောက်အိပ်ရတဲ့အခန်းထဲကို လုံးဝ ဝင်မလာနိုင်တော့ဘူးမဟုတ် လား။ အဲဒီတော့ အသက်တောင် ရှူလို့ မဝနိုင်တော့ဘူးပေါ့။တကယ်လို့ ဖွင့်လိုက်ပြန်တော့လည်း အပြင်က နေရောင်ဟာ အထဲကို အတင်းတိုးဝင်လာတယ်။ လူအားလုံး နေပူစာထွက်လှုံနေသလို ဖြစ်ကြရတယ်။ လမ်းမပေါ်ထွက်ရပ်နေသလိုမျိုး ကြုံရတယ်။ အပူငွေ့ နဲ့ အတူ ချွေးနံ့တွေ၊ ဖုန်နံ့တွေ၊ တခြားအနံ့ဆိုးတွေဟာ တစ်ခန်းလုံးမှာ ပျံ့နှံ့နေတတ်တယ်။ အပူဒဏ်ကို သိပ်ပြီး ခံနေရတဲ့အခါမှာ လူတွေဟာလည်း တစ်မျိုး ဖြစ်လာတယ်။ သူတို့ရဲ့ စရိုက်ဟာ စိတ်တိုတယ်။ ဒေါသကြီးတယ်။ ရန်လိုလာတယ်။ ထစ်ခနဲဆိုရင် ရန်ဖြစ်ဖို့ ဝန်မလေးကြ ဘူး။ လူချမ်းသာတစ်ယောက်အဖို့ကတော့ တစ်နေရာမှာ ပူလာရင် တခြားအခန်းတွေထဲ ဝင်ပြီး နေလို့ ရတယ်။ ဆင်းရဲသားတွေအဖို့ကတော့တစ်ခန်းတည်းမှာပဲ စုပြုံတိုးဝှေ့ပြီး နေကြရတာ။ ငါးသေတ္တာဘူးထဲက ငါးတွေနဲ့ ဘာမှ မထူးဘူး။ အိုးခွက်တွေ၊ ဖန်ခွက်တွေ၊ အဝတ်ပုံတွေကြားမှာ နေချင်နေ၊ မနေနိုင်ရင် လမ်းပေါ်ထွက် အဲဒါပဲ။

နေအလွန်ပူပြင်းနေတဲ့ နေ့ရက်တွေထဲက တစ်ရက်မှာပေါ့။ ကျုပ် ဟာ ကျုပ်မိန်းမနဲ့ ရန်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စွပ်ပြုတ်က အရမ်းနည်းနေရုံမကဘူး၊ ပူလွန်းလို့ သောက်တောင် မသောက်နိုင်ဘူး။ ပထမတော့ ကျုပ်ဟာ ကျုပ်မိန်းမနဲ့တင် ရန်ဖြစ်တာပါ။ အဲဒီကိစ္စမှာ ကျုပ်ရဲ့ အမြင်ကတော့ ကျုပ်ယောက်ဖအနေနဲ့ အဲသလို လုပ်ပိုင်ခွင့် မရှိဘူး။ ဒီအကောင်အလုပ်လက်မဲ့ဖြစ်လို့ ကျုပ်ရဲ့ လုပ်စာကို မှီစားနေတာကြာလှပြီ။ ဒီကြားထဲမှာ ကျုပ်ယောက်ဖရဲ့ မိန်းမက ကျုပ်ဘက်က ဝင်ပါပြီး ကျုပ်ကို ကာကွယ်ပေးတယ်။ အဲဒီတော့ အဲဒီကောင်မနဲ့ ကျုပ် နဲ့ ဆက်ပြီး ရန်ဖြစ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်မကကျုပ် ကို ပြီတီတီ၊ ညုတုတုလုပ်နေတာ ကြာပြီ။ အခုလို ကျုပ်ဘက်က ဝင်ပါ တာဟာ မရိုးသားတဲ့စိတ်နဲ့လုပ်တာမို့ ကျုပ်က စက်ဆုတ်တယ်။

သူနဲ့ ရန်ဖြစ်နေတုန်းမှာပဲ အမေက ကျုပ်ကို ဒေါသမကြီးဖို့ ဝင်ပြီး ဖျောင်းဖျတယ်။ ကျုပ်ကလည်းအမေပြောခါမှ ပိုပြီး ဒေါသကြီးလာတော့ အမေနဲ့ ဆက်ပြီး စကားများတယ်။ နောက်ပြီးတော့ အဖေနဲ့ပါ ဆက်ပြီး ရန်ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျုပ်နဲ့အမေနဲ့ စကားများနေကြ တုန်းမှာ သူက သူအစာစားတာ အေးအေးဆေးဆေး စားစမ်းပါရစေလို့ ဝင်ပြောတာကိုးဗျ။ နောက်ဆုံးမှာ ကျုပ်ဟာ ကလေးမကလေးနဲ့ပါ ဒေါသ ဖြစ်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက ငိုနေလို့ ...။

ကျုပ်ဟာ ဒေါသကို မထိန်းနိုင်တော့ဘူး။ ထိုင်နေရာက ဗြုန်းခနဲ ခုန်ထလိုက်ပြီ ကုလားထိုင်မှာ ချိတ်ထားတဲ့ ဂျက်ကက်အင်္ကျီကို ယူဝတ်လိုက် တယ်။ ပြီးတော့... “အားလုံးကို ကျုပ်ပြောလိုက်မယ်၊ ကျုပ် ခင်ဗျားတို့ အားလုံးကို စိတ်ကုန်သွားပြီသိလား၊ ကျုပ် ဆောင်းဝင်ချိန် အောက်တို ဘာလကျမှ ပြန်လာခဲ့တော့မယ်။ ဒီကြားထဲမှာ ကျုပ်ကို မမျှော်လင့်နဲ့ တော့..”လို့ စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပြီး အိမ်က ထွက်လာခဲ့တယ်။

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)