Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ထင် - စခန်းနော်လိုရာကွန့်နိုင်တဲ့

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

အဟောင်းမှအသစ်သို့ 

          မြန်မာမှုအရပ်ရပ်တို့သည် ယခု နှစ်ဆယ်ရာစုနှစ်အတွင်း၌ပင် အစဉ် ပြတ်ခဲ့သည်။ အထူးသဖြင့် မြန်မာရိုးရာ ပန်းချီသည် အနောက်နိုင်ငံမှ ဝင်လာသော ဩဇာကို မတွန်းလှန်နိုင်ခဲ့ရကား အစဉ်ပြတ်သည်ဟူသော စကားသည် ပန်းချီအနုပညာအတွက် ပို၍ ဟုတ်မှန်နေသည်။

          ကျွန်ုပ်တို့ လွတ်လပ်ရေးကြိုးပမ်းမှုသည် အလဟဿဖြစ်ခဲ့ပါလျှင် မြန်မာရိုးရာပန်းချီသည် ဦးစွာပထမ အစဉ်ပျက်ဖွယ်ပင်ရှိသည်။

          လွတ်လပ်ပြီးစ မြန်မာ့စိတ်ဓာတ်သည် တစ်သက်တစ်ကျွန်းကျ နေသူတစ်ဦး မမျှော်လင့်ဘဲနှင့် လွတ်လာသောအခါ ခံစားရသော ဝေဒနာနှင့် တူနေသည်။ လွတ်ပညာ့၊ ကျွတ်ပဟေ့။ ငါ့ကိုဘယ်သူမှ မတားကြနှင့်။ ဇက်အုပ်လို့မရဘူးနော်။

          မှန်၏။ ဇက်အုပ်၍မရ။ ဘာမဆို အလွန်အကျွံဖြစ်သည်။ ဇက် အုပ်တတ်ခြင်းကား အနုပညာ၏ သဘောဖြစ်သည်။ သို့သော် လွတ် လပ်ရေးဟူသောစကားကို အတွင်ပြောနေချိန်၌ အနုပညာသည် ချည် တိုင်မှလွတ်သော နွားသိုးကဲ့သို့ အထိန်းအသိမ်းမရှိ၊ မြင်မြင်ကရာ နွား မတမ်းတို့ကို လိုက်၍နေသည်။ သို့သော် တစ်ကောင်ကိုမျှ မမိချေ။

          မြန်မာ့မှုရိုးရာသည် ခေတ္တဆိုသလို ပြတ်နေသောကြောင့်၊ ကျွန်ုပ် တို့သည် အဟောင်းတည်းဟူသော ရိုးရာထဲတွင် တစ်ခါဖူးမျှ ပတ်ပတ် နပ်နပ်မလည်ခဲ့ရသေး၊ မိမိ၏ ပစ္စည်း မည်မျှကြွယ်ဝသည်ကို မခန့်မှန်း တတ်မီ အသစ်ဟူသော ရောယောင်တမ်းတချက်သည် ပေါ်ထွက်လာ သည်။ ထိုအခါ အဟောင်းကိုစွန့်သည်နှင့်တစ်ပြိုင်နက် သစ်ပြီဟု သဘောထားမိတတ်ကြသည်။

          လူတို့သည် အဟောင်းရှိ၍သာ အသစ်ဖြစ်ထွန်းရသည်ဟူသော သဘောတရားကို မေ့ပစ်လိုက်ကြသည်။ အဟောင်းမှ အသစ်သည် ဖွားမြင်လာသည်ဟူသော နိယာမကို ပယ်လိုက်ကြသည်။ ဤတရားလွန် သဘောအတိုင်း ဆက်လက်စခန်းသွားကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် မြန်မာလိုဝတ်ထားသော ဂေါ်ရင်ဂျီဘဝသို့ ဆိုက်ရောက်ကောင်း ဆိုက် ရောက်ကြရပေလိမ့်မည်။

          သို့ရာတွင် ကံကောင်းထောက်မပေသောကြောင့် ကျွန်ုပ်တို့ ခေတ် ထဲတွင် ခေတ်ဟောင်း၏ အမွေစားအမွေခံ အနုပညာသားသမီးတို့ အသင့်အတင့် ကျန်ရှိနေသေးသည်။ အသစ်ဟူ၍ ယောင်ယမ်း အော် ဟစ်နေကြသည်။ အထဲမှ အဟောင်းကို တလည်လည်အောက်မေ့လာ ကြသည်။ ထိုသဘောကြောင့် မြန်မာ့ရိုးရာသတ္တိ၊ မြန်မာ့ရိုးရာ ဉာဏ် စွမ်းတို့သည် အစဉ်အဆက်မပြတ်ဘဲ တည်နေနိုင်သေး၏ဟု ကျွန်ုပ်တို့ ယူဆကြရမည်ဖြစ်သည်။

          အဟောင်းအသစ်ဟူသည်တို့မှာ ပညတ်သဘောမျှသာ ဖြစ်သည်။ ပရမတ်သဘောအရ ဖြစ်စဉ်ဟူသမျှသည် ဥပါဒ်ဋီဘင်အပေါ်၌ တည် နေသည်။ ဖြစ်ပြီးလျှင်တည်, တည်ပြီးလျှင် ပျက်, ပျက်ပြီးလျှင် တစ်ဖန် ပြန်၍ဖြစ်၏။ ယင်းသို့မှ မဖြစ်နိုင်လျှင် သေပြီဟုခေါ်ရသည်။ ဖြစ်တည် ပျက် အစဉ်ရှိနေသမျှ ရှင်နေသည်။ ထို့ကြောင့် ပရမတ်သဘောအရစခန်းနော် လိုရာကွန့်နိုင်တဲ့ ကြည့်လျှင် မြန်မာမှုအရပ်ရပ်တို့ရှင်နေမှ မြန်မာ့လွတ်လပ်ရေးဟူသည့် အရသာကို တွေ့နိုင်ပေလိမ့်မည်။

          အဟောင်းကို ဝိညာဉ်မတွယ်ဘဲ သစ်သည်ဟုဆိုလျှင် မိုးကျရွှေ ကိုယ်သာ ဖြစ်ချိမ့်မည်။ မိုးကျရွှေကိုယ်တို့သည် မြေကြီးကို မထိ။ သီး ခြားလွတ်ကင်း၍ တည်လိုက တည်နိုင်သည်။ သို့သော် မြေကြီးနှင့် ကား ဆက်စပ်၍မရကောင်း။

          လူသည် အသစ်သစ်ကိုသာလျှင်အလို ရှိတတ်သည်မှန်၏။ သို့ သော် အစဉ်ပြတ်သော အသစ်သည် လူ့အဖို့ အဓိပ္ပာယ်မရှိ။ အနုပညာ သဘောအရကြည့်လျှင် လူ၌ သူ့ရိုးရာနှင့်သူ ရှိ၏။ ရိုးရာမရှိသောသူ မှာ အတိတ်မရှိသောသူဖြစ်၏။ အတိတ်မရှိသောသူ၏ ပစ္စုပ္ပန်သည် သုညအတိဖြစ်သည်။ ပစ္စုပ္ပန်၌ သုညဖြစ်လျှင် အနာဂတ်၌ သုညပင် ဖြစ်ရပေမည်။ သို့သော် ဤစကားကို လက်မခံလို၍ အတိတ်ပင် မရှိသော် လည်း တိုးတက်နိုင်၏ဟု ဇွတ်ငြင်းလိုလျှင် ထိုသူ့အတွက် အနာဂတ်တို့ ၌ သုညတစ်လုံးမှသည် နှစ်လုံးဖြစ်လာနိုင်သည်ဟု ဆိုကြပါစို့။

          အထက်ပါသဘောသည် စီးပွားရေးအရလည်း မှန်၏။ လူမှုရေး အရလည်း ဟုတ်၏ ။ နိုင်ငံရေးအရလည်း ဟုတ်မှန်၏။

          ထို့ကြောင့် ရိုးရာမှကင်းကွာသော အသစ်သည် လူနှင့် ကင်းကွာ သော အသစ်သာဖြစ်ပေလိမ့်မည်။

          အနုပညာ၏သဘောကို လေးနက်စွာ သုံးသပ်လေ့လာလျက်ရှိ ကြသော နိုင်ငံတကာတို့၌ ဥပါဒ်ဋ္ဌိဘင်သဘောကို လက်မလွှတ်ကြပေ။ အဆုံးစွန်စကားပြောရလျှင် မာ့ခ်စ်သည်ပင်လျှင် စီးပွားရေးစနစ်သစ်ကို ကြံဆရာ၌ လူဖြစ်စဉ်ကို ဥပါဒ်ဋ္ဌိဘင်သဘောနှင့် ကြည့်ရှုသုံးသပ်ခဲ့ ပေသည်။

          သူများသစ်လို့ သစ်ရပါသည်ဟူသော သဘောကို ကျွန်တော်တို့လက်ခံထိုက်သည်မဟုတ်။ ထိုရောကျော်သဘောမှာ အတွင်းဓာတ်ခံ အင်အားနည်းသူတို့၏ သဘောဖြစ်သည်။ အတိတ်နှင့် ပစ္စုပ္ပန်ဆက် စပ်၍ အနာဂတ်အဖို့ အထောက်အပံ့ဖြစ်နိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့ အားလုံးသည် ပရမတ်ဆရာများ မဟုတ်ကြချေ။ ထို့ကြောင့် ပရမတ် သဘောအရ ဟောင်းသော သစ်သော ပဓာန မဟုတ်ဟု ဆိုစေကာမူ လူသည် အဟောင်းမှအသစ်သို့ အစဉ်မပျက် ကူးပြောင်းနေလိုသူဖြစ်ရာ အသစ်ကို လက်ခံရမည်မှာ ထုံးစံပင်ဖြစ်သည်။ ထုံးစံ၏သဘောသည် ပင်လျှင် ရိုးရာအစဉ်မပျက်သော သဘောပင်ဖြစ်သည်။ ။

          ကျွန်ုပ်တို့သည် အဟောင်းမှအသစ်သို့ ရှေးရှုကြရမည်။ သို့သော် ကြောင်းကျိုးဆက်စပ်နေမှ အသစ်သည် တည်နိုင်မည်။ ယင်းသို့မဟုတ် ပါက အသစ်သည် ဘင်)တွင် ဆုံးလိမ့်မည်။

ဗမာပြည်ပန်းချီသမဂ္ဂနှစ်ပတ်လည်စာစောင်၊ နိုဝင်ဘာ၊ ၁၉၅၁။