မောင်တင်ဦး(ရုက္ခ) - အနာဂါတ်စွမ်းအင်
အခန်း (၁)
ယနေ့စွမ်းအင်
လေယာဉ်ကြီးသည် လေယာဉ်ပြေးလမ်းတစ်လျှောက် အမြန်ပြေးနေစဉ် တုန်ခါနေ သည့်အသိကို ကျွန်တော် ရလိုက်စဉ်မှာပင် လေယာဉ်ကြီးသည် ကောင်းကင်ယံကို ထိုးတက် ပျံသန်းမှုပြုပါတော့သည်။ လေယာဉ်၏ စက်ယန္တရားများသည် တစ်စက္ကန့်တွင် လောင်စာစွမ်း အင် ၁ ၅ လီတာကို လောင်ကျွမ်းမှုပြုရင်း အီစတန်ဘူ(လ်)မြို့၏ ကောင်းကင်ယံတွင် ပျံသန်းနေပါသည်။ အီစတန်ဘူ(လ်)မြို့တွင် အချိန်မှာ ညနေ ခုနစ် နာရီရှိနေပြီဖြစ်ပြီး ဖေဖော် ဝါရီလ၏ ညနေပိုင်းအအေးဓာတ်ကို မြို့ပြနေလူဦးရေ ၁၃ သန်းက ခံစားနေရလျက် ရှိနေ ကြမည်ဖြစ်သည်။ ယခု ညနေပိုင်းအချိန်တွင်မှာပင် အချို့သော မြို့ပြနေသူများသည် အလုပ်စခန်းမှ မိမိတို့နေအိမ်များရှိရာဆီသို့ ကိုယ်ပိုင်မော်တော်ကား၊ ဘတ်(စ်)ကား၊ ရထား၊ လှေသင်္ဘောများနှင့် ပြန်နေကြမည်ကို လေယာဉ်စီးရင်းနှင့် ကျွန်တော်တွေးနေခဲ့မိပါသည်။
လေယာဉ်၏ မှန်ပြတင်းပေါက်မှ အောက်ဘက်ရှိ အီစတန်ဘူ(လ်)မြို့ကို ကြည့်လိုက် သည့်အခါတွင်လည်း စက်ရုံများ၊ လမ်းမများ၊ ဈေးဆိုင်များ၊ အိမ်များနှင့် မာမာရာပင်လယ် (Marmara Sea)səoze: C$upsaugos«p:389 08$&$28:6$30ps &:cmpeup: မြင်နေရပါသည်။ မြို့ပြ၏ ထိန်ညီးနေသည့် မီးရောင်များကို ကြည့်ရသည်မှာ ည၏အလှကို ပုံဖော်နေသလို ဖြစ်သော်လည်း ယင်းမီးများ ထိန်လင်းနေနိုင်ရန်အတွက် စွမ်းအင်ပမာဏ မည်မျှလိုမည်ကို သင် တွေးကြည့်ပါ။ ယင်းစွမ်းအင်များကိုလည်း ဘယ်က ရရှိလာသည်ကို သင် ဆက်ပြီးတွေးကြည့်ပါ။
လေယာဉ်ပေါ်မှ ဆင်းသက်ပြီးနောက် နှစ်နာရီခန့်အကြာတွင်တော့ တူရကီအရှေ့ပိုင်း တွင်ရှိသည့် အေဒါနာမြို့ (Adana) ကျွန်တော့်အိမ်၏ အိမ်ရှေ့တံခါးဝသို့ဆီ ရောက်ရှိပြီး အိမ်တံခါးကို ဖွင့်လိုက်ပါသည်။ မီးဖိုချောင်တွင် ချက်ပြုတ်ထားသည့် ဟင်းအနံ့ရလိုက်သည် ကို သတိပြုမိသလို တီဗွီမှအသံများကိုလည်း ကြားလိုက်ရပါသည်။ အိမ်ထဲရှိ တယ်လီဖုန်း ၏ မီးနီလုံးလေးဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်ကိုလည်း မြင်ရပါသည်။ တကယ်တမ်း တွင်မူ အိမ်တစ်ခုလုံးတွင်ရှိနေသည့် စက်ယန္တရားများအနက် တချို့သည် သတင်းအချက် အလက်သယ်ပို့မှုများကို လက်ခံလျက်၊ တချို့တချို့သည်လည်း အဝတ်များကိုလျှော်ဖွပ် ပေးလျက်၊ အစားအစာတွေချက်ပြုတ်ပေးလျက်၊ အခန်းတွင်းအပူချိန်ပေးလျက်နှင့် အသီးသီးလုပ်ဆောင်နေကြလျက် ရှိကြပါသည်။
သင်ကိုယ်တိုင်သည်လည်း အိမ်တွင်နေရင်း စာအုပ်တစ်အုပ်ကို ဖတ်ကောင်းဖတ်နေပါ လိမ့်မည်။ သင့်အခန်းတွင် မီးများကိုဖွင့်ထားလျက်ပဲလား။ သို့မဟုတ် သီချင်းသံကို သင် နားထောင်ခံစားနေလျက်ပဲလား။ သင့်ပတ်ဝန်းကျင်တွင်လည်း စက်ယန္တရားတွေ မည်မျှရှိနေ ပါသလဲ။
သင် စာဖတ်၍ကောင်းနေသော ယခုအချိန်၌ပင် ဘီလျံပေါင်းများစွာရှိသည့် လျှပ်စစ် မီးလုံးများ၊ ကွန်ပျူတာများ၊ ရုပ်မြင်သံကြားစက်များ၊ ရေခဲသေတ္တာများကို ကမ္ဘာတစ်ဝှမ်း တွင် သုံးစွဲနေကြမည်ဖြစ်သည်။ တစ်ဖန် လမ်းမများပေါ်တွင်လည်း ကားအစီးရေ ၂၅ သန်းမျှကို မောင်းနှင်လျက် ခရီးသွားနေကြမည်ဖြစ်သကဲ့သို့ ခရီးသည် ရ၀၀,ဝ၀ဝ ခန့်သည် လည်း တစ်နေရာမှတစ်နေရာသို့ လေယာဉ်ဖြင့် ခရီးနှင်လျက်ရှိနေမည်ဖြစ်ပါသည်။ ယခုဖော်ပြထားသော လူမှုကိစ္စရပ်အသီးသီးတို့ကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ကြရန်အတွက် စွမ်းအင်လိုအပ်ပါသည်။ ထိုသို့ လိုအပ်သောစွမ်းအင်ကို လောင်စာများဖြစ်သည့် ကျောက်မီးသွေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ကို သုံးစွဲခြင်းမှရရှိကြသည်။ ယခုကဲ့သို့သာ စွမ်းအင်အ တွက် လောင်စာများကို သုံးစွဲနေပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် စွမ်းအင်ပေးစွမ်းနိုင်မည့် လောင်စာများ ကုန်ခန်းသွားနိုင်ပေသည်။ ထိုသို့ဖြစ်လာလျှင် ကျွန်ုပ်တို့လိုအပ်လျက်ရှိနေ သောစွမ်းအင်ကို အနာဂတ်တွင် မည်သည်က ထုတ်ယူရရှိနိုင်ပါမည်နည်း။ ယင်းသို့ စွမ်းအင် လောင်စာများ မရှိတော့ခြင်းကလည်း ကျွန်ုပ်တို့ ဤကမ္ဘာကြီးတွင် ဘယ်ကဲ့သို့သော ပြောင်း လဲမှုများကို ပေါ်ပေါက်စေပါမည်နည်း။
အခန်း (၂)
ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ
လူသားသည် မိမိတို့အတွက် အသုံးအဆောင်ပစ္စည်းပစ္စယများကို ထုတ်လုပ်မှုပြုကြ ရာတွင် လက်များကိုသာ အဓိကထားပြီး အသုံးချဆောင်ရွက်ခဲ့ကြသည်မှာ နှစ်ပေါင်းထောင် ချီနေခဲ့ပြီဖြစ်သည်။ ထို့အပြင်လည်း လူသားတို့သည် ခရီးသွားလာခြင်း၊ ရွှေ့ပြောင်းမှုပြုခြင်းနှင့် တည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြရာတွင်လည်း ရေ၊ လေ နှင့် တိရစ္ဆာန်တို့၏စွမ်းအားကို အသုံးချပြီး ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် လူအများစုက လည်း မိမိတို့နေထိုင်ရာနေအိမ်များကို အနွေးဓာတ်ပေးရန်နှင့် အစားအစာများချက်ပြုတ်ရန် အတွက် ထင်းများကို လောင်စာအဖြစ်နှင့် သုံးစွဲခဲ့ကြသည်။ ၁ရ၆၅ ခုနှစ် အောက်တိုဘာလ အရောက်တွင် အင်ဂျင်နီယာလေးတစ်ဦးဖြစ်သည့် ဂျိမ်း(စ်)ဝပ် (James Wat) က စက် ယန္တရားတစ်ခုကို တီထွင်နိုင်ခဲ့သည်။ ကမ္ဘာကြီး၏ ပြောင်းလဲမှုတွင် တစ်ခန်းတစ်ကဏ္ဍဆန်း သစ်စေနိုင်ခဲ့သော အဆိုပါစက်ယန္တရားမှာ ဂျိမ်း(စ်)ဝပ် တီထွင်ခဲ့သည့် ရေနွေးငွေ့ အင်ဂျင် စက်ဖြစ်ပေသည်။
ယင်း ဂျိမ်း(စ်)ဝပ်၏ ရေနွေးငွေ့အင်ဂျင်စက် ဆောင်ရွက်ပုံမှာ ယခုကဲ့သို့ဖြစ်ပါသည်။ အင်ဂျင်စက်တွင် ထည့်ထားသောရေကို ကျောက်မီးသွေးဖြင့်အပူပေးကာ ရေနွေးငွေ့ကို ရရှိ စေသည်။ ရေနွေးငွေ့များ အင်ဂျင်စက်အတွင်းသို့ ရောက်ရှိလျှင် အဆိုပါရေနွေးငွေ့ အင်ဂျင် စက်အစိတ်အပိုင်းများ၏ ရွေ့လျားခုတ်မောင်းမှုကို ဖြစ်စေသည်။ ၁ရ၆၅ ခုနှစ်မတိုင်မီကာလ ကပင် ရေနွေးငွေ့ အင်ဂျင်စက်များ ပေါ်ပေါက်ခဲ့ပြီးဖြစ်သော်လည်း ဂျိမ်း(စ်)ဝပ် တီထွင်ထားသော ရေနွေးငွေ့အင်ဂျင်စက်သည် ကနဦးထွက်ရှိပြီးဖြစ်သော ရေနွေးငွေ့ အင်ဂျင်စက်များ ထက် သာလွန်ကောင်းမွန်သည့်အတွက် စက်ရုံကြီးများတွင် တပ်ဆင်ထားသော အလွန် ကြီးမားသည့် စက်ယန္တရားကြီးများကိုပင် ခုတ်မောင်း ပေးနိုင်စွမ်းရှိခဲ့ပေသည်။ ဂျိမ်း(စ်)ဝပ်၏ ရေနွေးငွေ့စက် ပေါ်ပေါက်ပြီးချိန်တွင် နိုင်ငံတစ်ဝန်း၌ စက်ရုံကြီးများ တည်ထောင်လာကြ တော့သည်။
နောက်ပိုင်းရာစုနှစ်များစွာအကြာတွင် စက်ရုံများ၌ လုပ်ငန်းအမျိုးမျိုးတွင် သုံးစွဲခြင်းပြု နိုင်မည့် စက်ယန္တရားအသစ်များကို ထပ်မံတီထွင်လာခဲ့ကြတော့သည်။ ယင်းစက်ယန္တရား အသစ်များဖြင့် လူတို့အတွက် မရှိမဖြစ် ဝယ်ယူသုံးစွဲကြရသော ပစ္စည်းအသစ်အမျိုးမျိုးတို့ကို ထုတ်လုပ်ပေးနိုင်ခဲ့ပေသည်။ ကျွန်ုပ်တို့အိမ်များတွင်လည်း ပစ္စည်းအမည်အသစ် အမျိုးမျိုး တို့ဖြင့် ပြည့်နှက်လာပါတော့သည်။ နိုင်ငံအများအပြားတွင်လည်း ကျေးလက်နေ လူထောင် ပေါင်းများစွာတို့သည် မြို့ပြများ၌တည်ထောင်ထားသော စက်ရုံကြီးများတွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် မိမိတို့နေထိုင်ရာ ကျေးရွာများကိုစွန့်ခွာပြီး စက်ရုံကြီးများရှိရာ မြို့ပြများ ဆီသို့ ရောက်ရှိလာကြသည်။ ဆင်းရဲသား စက်ရုံလုပ်သားများသည် ခန္ဓာကိုယ်အစိတ်အပိုင်း အင်္ဂါများကိုသာမက အသက်အန္တရာယ်ကိုပါ ဖြစ်စေနိုင်ဖွယ်ရှိသည့် အဆိုပါစက်ယန္တရား များကို လုပ်ငန်းခွင်တွင် ကိုင်တွယ်လုပ်ကိုင်ကြရသည်။ ထိုသို့ အန္တရာယ်ကြားတွင် လုပ်ကိုင် ကြရသည့် အလုပ်ချိန်မှာလည်း နာရီပေါင်းများစွာကြာတတ်ပေသည်။ ထို့ကြောင့် ဆင်းရဲ သားစက်ရုံလုပ်သားများ၏ဘဝသည် ခက်ခဲကြမ်းတမ်းလှသည်ဟူ၍ ဆိုနိုင်ပါသည်။ စက်ရုံ တည်ရာ မြို့ပြများ၏ ကောင်းကင်လေထုတွင်လည်း ကျောက်မီးသွေးလောင်စာလောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာသော မီးခိုးငွေ့ တို့ဖြင့် ပြည့်နှက်လျက်ရှိနေတော့သည်။
၁၈ဝ၄ ခုနှစ်တွင် ပထမဆုံးသော ရေနွေးငွေ့ မောင်းမီးရထားကို တီထွင်နိုင်ခဲ့သည်။ ၁၈၅၀ ပြည့်နှစ်များသို့ ရောက်ရှိချိန်တွင်မူ ရေနွေးငွေ့ မောင်းမီးရထားများနှင့် သင်္ဘောများ သည် ကမ္ဘာအနှံ့ရှိ ခရီးသည်များကို သယ်ဆောင်ခရီးနှင်လျက်ရှိနေကြပြီဖြစ်သည်။ ၁၈၈ဝ ပြည့်လွန်နှစ်များတွင် ပထမဆုံးသော ရေနွေးငွေ့သုံး လျှပ်စစ်စက်ရုံများပေါ်ပေါက်လာသည်။ ယင်းလျှပ်စစ်စက်ရုံများတွင်ရှိသော ရေနွေးငွေ့တာဘိုင်များကို ခုတ်မောင်းရာတွင် လိုအပ်သော ရေနွေးငွေ့များရရှိနိုင်ရန်အတွက် ကျောက်မီးသွေးကို လောင်စာအဖြစ် သုံးစွဲခဲ့ကြရ သည်။ ကျောက်မီးသွေးကို လောင်စာအဖြစ်သုံးစွဲခြင်းဖြင့် ကြီးမားသော စက်ယန္တရားကြီး များဖြစ်သည့် ရေနွေးငွေ့တာဘိုင်များကို မောင်းနှင်ရန်အတွက် လိုအပ်မည့် ရေနွေးငွေ့များ အလုံအလောက်ရရှိစေသည်။ ယင်းရေနွေးငွေ့တာဘိုင်များက တစ်ဖန် လျှပ်စစ်ဓာတ်ထုတ် ပေးမည့် ဂျင်နရေတာများကို လည်ပတ်ခုတ်မောင်းပေးသည်။ ဂျင်နရေတာ၏ ခုတ်မောင်းမှု ပေါ်ထွက်လာသော လျှပ်စစ်ဓာတ်ဖြင့် လမ်းများ၊ လူနေအိမ်များတွင် လျှပ်စစ်မီးများ ထွန်း နိုင်ခဲ့ကြတော့သည်။
၁၈၈၅ ခုနှစ်တွင် ဂျာမန်လူမျိုးအင်ဂျင်နီယာ ကာ(လ်)ဘင့်(ဇ်) (Karl Benz) က ပထမ ဆုံးသော မော်တော်ကားကို တီထွင်နိုင်ခဲ့သည်။ သူတီထွင်သော မော်တော်ကားတွင် ဓာတ် ဆီလောင်စာကို သုံးစွဲမည့် အင်ဂျင်အမျိုးအစား အသစ်တစ်မျိုးကို တပ်ဆင်သုံးစွဲခဲ့သည်။ ဓာတ်ဆီလောင်စာသည် အင်ဂျင်၏အတွင်းပိုင်း၌ လောင်ကျွမ်းပေါက်ကွဲခြင်းဖြင့် အင်ဂျင် စက်အစိတ်အပိုင်းများကို ခုတ်မောင်းစေခြင်းကြောင့် ယင်းဓာတ်ဆီသုံးအင်ဂျင်စက်များသည် ရေနွေးငွေ့သုံး အင်ဂျင်စက်များထက် အရွယ်အစားသေးငယ်ကြောင်းတွေ့ရသည်။ နှစ်ပေါင်း ၂ဝ ကာလကြာပြီးချိန်တွင်မူ မော်တော်ကားစက်ရုံများသည် မော်တော်ကားအစီးရေ ထောင် ပေါင်းများစွာကို နှစ်စဉ်ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ယင်းသို့ မော်တော်ကားများပေါ်ပေါက် လာမှုကြောင့် လမ်းပန်းဆက်သွယ်မှုများလည်း ပိုမိုကောင်းမွန်ခဲ့တော့သည်။ ထိုစဉ်အချိန်က ထုတ်လုပ်သော မော်တော်ကားအများစုမှာ ဓာတ်ဆီသုံးကားများ ဖြစ်ကြသည်။ ဓာတ်ဆီကို ရေနံစိမ်းမှတစ်ဆင့် ချက်ထားခြင်းဖြစ်ပေသည်။ ၁၉၀၃ ခုနှစ်တွင် အော်ဗီ(လ်) (Orville) နှင့် ဝီ(လ်)ဗာရိုက် (Wilbur Wright) တို့နှစ်ဦးက ကမ္ဘာ့ပထမဆုံး ဓာတ်ဆီအင်ဂျင်တပ် ဆင်ထားသော လေယာဉ်ကို မောင်းနှင်ပျံသန်းပြခဲ့ကြသည်။
ရေနွေးငွေ့ အင်ဂျင်၊ လျှပ်စစ်ဓာတ်နှင့် မော်တော်ကားတို့ကဲ့သို့သော လူတို့ဖန်တီးထား သည့် အရာများသည် ကမ္ဘာပေါ်ရှိလူသားများ၏ဘဝတွင် ပြောင်းလဲမှုများကို ဖြစ်စေနိုင်ခဲ့ သည်။ ထို့အပြင်လည်း ကျွန်ုပ်တို့အတွက် စွမ်းအင်ရရှိစေနိုင်မည့် လောင်စာအမျိုးအစားများ ပြောင်းလဲသုံးစွဲခြင်းများကို ဖြစ်စေခဲ့သည်။ ယနေ့ ကမ္ဘာအတွက် စွမ်းအင်ပမာဏ ၈ရ ရာခိုင်နှုန်းမျှကို ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို လောင်စာအဖြစ်သုံးစွဲ
မိတ်ဆက်နိဒါန်း
အနာဂတ်စွမ်းအင်
သဘာဝဓာတ်ငွေ့များကို အလွန်ကြီးမားသော ပိုက်လိုင်းကြီးများအတိုင်း ကမ္ဘာတစ် ခွင်သို့ သယ်ပို့လျက်ရှိပါသည်။ ရေနံနှင့် ကျောက်မီးသွေးများကိုလည်း တစ်နိုင်ငံမှတစ်နိုင်ငံ ဆီသို့ အလွန်ကြီးမားသည့်သင်္ဘောကြီးများဖြင့် သယ်ပို့နေကြသည်မှာ ခရီးမိုင်ပေါင်းထောင် ချီသည့် အကွာအဝေးသို့ပင် ခရီးပေါက်သယ်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့ ရေခဲသေတ္တာ အတွင်းမှ ဖျော်ရည်အေးတစ်ခွက်ကို ယူသောက်လိုက်စဉ်၊ မီးခလုတ်တစ်ချက် ဖွင့်လိုက်စဉ် တို့မှာ စွမ်းအင်ရရေးအတွက် ဘယ်ပုံလုပ်နေရသည်ကို စဉ်းစားကြမည်တော့ မဟုတ်ပါ။ ထို သို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့အတွက် စွမ်းအင်လိုအပ်သည့်အချိန်တွင် စွမ်းအင်က အမြဲကို ရှိ နေလို့သာ ဖြစ်ပါသည်။
နာရီများသည် ရပ်နားခြင်းမရှိလို့ အချိန်တွေဟာ ကုန်ဆုံးနေမြဲ ကုန်နေလျက်ပါ။ ထို့ | အတူပဲ အစဉ်စွမ်းအင်လိုအပ်နေတဲ့ ကျွန်ုပ်တို့အတွက်လည်း အစဉ်သုံးနေရတဲ့ စွမ်းအင်ပေးလောင်စာများဖြစ်သော ရေနံ၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့တို့သည်လည်း ကုန်ဆုံးနေမြဲ ( ပါ။ တစ်နေ့နေ့တွင်တော့ ရပ်နားခြင်းမရှိသည့် နာရီများနှင့် ဖွဲ့ထားသော တစ်နေ့တာဆိုသောအချိန်များ ကုန်ဆုံးနေသကဲ့သို့ အမြဲသုံးနေရသည့် ယင်းစွမ်းအင်ပေး လောင်စာများသည်လည်း ကုန်ဆုံးပျောက်ဆုံးကြမည်သာ ဖြစ်ပါသည်။ သိပ္ပံပညာရှင်များက အနာဂတ်အတွက် စွမ်းအင်ရရှိနိုင်မည့် နည်းလမ်းများကို ကြိုးပမ်းရှာဖွေလျက်ရှိနေကြပါသည်။ သိပ္ပံပညာရှင်များ၏ နည်းလမ်းရှာဖွေရင်း ပေါ်ပေါက်လာသော တွေ့ရှိချက်အချို့မှာ သင့်အတွက် အံ့သြစရာတော့ ဖြစ်နေပါလိမ့်မည်။ အနာဂတ်ကာလတွင် လေတိုက်စွမ်းအားနှင့် ရွက်လွှင့် မည့်ကား၊ မြစ်အတွင်းကြမ်းပြင်နေရာတွင် ရှိနေပြီး မြစ်မှပေါ်ထွက်မည့် စွမ်းအားဖြင့် လည် ပတ်မည့်တာဘိုင်တို့အပြင် လူကထွက်သည့် အပူငွေ့စွမ်းအားဖြင့် မောင်းနှင်မည့်စက်ယန္တရား များတို့ကို သင်တွေ့လာရဖို့ရှိပါသည်။ ယင်းကဲ့သို့သော အနာဂတ်ကာလမှာလည်း သိပ်မဝေး တော့ပါ။ သိပ်မကြာတော့ပါ။