Skip to product information
1 of 12

Other Websites

မောင်ဇေယျာ - ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်(၁၉၀၉-၁၉၇၄)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ဦးသန့် အမှတ်တရ
                                                                                                                          ဦး သက် ထွန်း

 

လေးစားအပ်သော လူကြီးမင်းများ 

အမျိုးသမီး၊ အမျိုးသားများခင်ဗျာ

          မြန်မာပရိသတ်တွေကိုယ်စား အမှတ်တရစကား အနည်းငယ်ပြောကြားခွင့်ရလို့ ဒီအခမ်းအနား စီစဉ်ကျင်းပ တဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ဒီနေ့အခမ်းအနားကိုတက်ရောက်လာသူတွေထဲမှာ ကျွန်တော့်ထက်ပိုပြီးဦးသန့်မိသားစုနဲ့ရင်းနှီးကျွမ်းဝင်သူတွေပါတာတွေ့ရပါတယ်။အခုလိုလေးစားဖွယ်ရာ

မိသားစုနဲ့ ကျွန်တော် ဘယ်လို စတင်သိကျွမ်းခဲ့သလဲဆိုတော့ ကျွန်တော့်အမျိုးသမီး ဒေါ်ခင်ခင်အုန်းနဲ့ ဦးသန့်၏သမီး ဒေါ်အေးအေးသန့်တို့ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ရန်ကုန်တက္ကသိုလ်တက် ရင်း တွေ့ဆုံဖူးကြလို့ ဖြစ်ပါတယ်။ ကျွန်တော့် အမျိုးသမီးဟာ ကျွန်တော်နဲ့ လက်ထပ်လိုက်လို့ ပညာရေးတစ်ခန်း ရပ်သွား ရတာ။ ဒါကြောင့်လည်း ကျွန်တော့်ကို “ပုခက်အလစ်သုတ် သမား”လို့ ခေါ်တာလည်း ဖြစ်ပါတယ်။ ဒါဟာ အစိုးရက ကျွန်တော့်ကိုဒုတိယလေးနှစ်စီးပွားရေးစီမံကိန်းရေးဆွဲပေးလို့ဝဏ္ဏကျော်ထင်ဘွဲ့မချီးမြှင့်ခင်ကတည်းက ကျွန်တော် ဟာ ဒီဘွဲ့ကို ရခဲ့တာလို့ ပြောလို့ရပါတယ်။ ဗမာစကားက ကြွယ်တော့ တချို့ နိုင်ငံခြားသားတွေ မျက်စိလည်ကြတာ အများကြီး ကျွန်တော် ကြုံဖူးတယ်။ ဥပမာ ကျွန်တော့်ဘွဲ့ကို ဝမ်းနာ၊ ကျောတင်းဆိုပြီး သူတို့ ဖတ်ကြတယ်။ ဒီဘွဲ့ မျိုးကို ရခဲ့တဲ့သူအများစုဟာ အခုအချိန်မှာ သက်ရှစ်ဆယ်၊ ကိုး ဆယ်ကျော်တွေ ဖြစ်နေကြလို့ ဒီလိုမျိုးရောဂါတွေ ခံကြရတဲ့ အရွယ်တွေ ဖြစ်နေကြပါပြီ။ ကျွန်တော်နဲ့ဦးသန့်နဲ့ ဆက်စပ် တဲ့နောက်တစ်နေရာ ရှိသေးတယ်။ ကျွန်တော့်သား နှစ်ယောက် ပါရီနှင့်လန်ဒန်မှာ သင်္ချာဘာသာနဲ့ တက္ကသိုလ် တက်တုန်းက အမေရိကမှနေတဲ့ ဒေါက်တာတင်မြင့်ဦး ရေးသားခဲ့တဲ့ ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ခဲ့ရတယ်လေ။ ဒီ စာအုပ်တွေက ဆိုင်ရာဘာသာရပ်နယ်ပယ်မှာတော့ တကယ့် ထိပ်တန်းကျတဲ့စာအုပ်တွေ ဖြစ်ပါတယ်။ နောက် တတိယ ဆက်စပ်မှုက ၁၉၅၈ ခုနှစ်တုန်းက ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဦးသန့်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့ဖူးတယ်။

          အဲဒီတုန်းက မြန်မာကို ဘားမားလို့ ခေါ်ခဲ့ကြတဲ့အချိန် လေ။ ဘီနဲ့စတော့ ဗမာကိုယ်စားလှယ်အဖွဲ့ ဟာ ရှေ့တန်း ကျကျမှာ နေရာမှာရပြီး အာရှနိုင်ငံတွေအုပ်စုကို မကြာခဏ ဆိုသလို သဘာပတိလုပ်ခွင့် ရလေ့ရှိတယ်။ အထွေထွေညီလာခံရဲ့ အာရှအုပ်စုဟာ နယူးယောက်အပြင် ပါရီလို အခြားဥရောပမြို့ကြီးတွေမှာလည်း အုပ်စုအဆင့် အစည်း အဝေးတွေ လုပ်လေ့ရှိကြတယ်။ အာရှအုပ်စုမှာ ရှေ့ဆုံးက အာဖဂန်နစ္စတန်ဖြစ်ပေမယ့် အစည်းအဝေးအချိန်မီမရောက်လို့သူတို့နောက်ကဗမာကိုယ်စားလှယ်အဖွဲ့ကပဲသဘာပတိအရွေးခံရလေ့ရှိတယ်။စစ်အေးခေတ်တစ်လျှောက်လုံး ပါကစ္စတန်က တရုတ်နှင့် မဟာမိတ်ဖွဲ့ပြီး အိန္ဒိယက ရုရှားနဲ့ ဖွဲ့လေ့ရှိတယ်။ အဲဒီတော့ တရုတ်နဲ့ ပါကစ္စတန်အဖွဲ့တွေက ဗမာကိုယ်စားလှယ်အဖွဲ့ သဘာပတိလုပ်တဲ့ အစည်းအဝေး တွေမှာ ဘက်လိုက်မှုကင်းတာ သိလို့ ဗမာရဲ့ သဘာပတိ သက်တမ်းထပ်တိုးဖို့ ကိစ္စကို အမြဲတမ်း ထောက်ခံဖို့ လက် မနှေးကြဘူး။ အိန္ဒိယကိုယ်စားလှယ်တွေကလည်း ဒီလိုပါပဲ။ ဗမာရဲ့ သဘာပတိ အခန်းကဏ္ဍကို လိုလားတယ်။ ဒါက ကုလသမဂ္ဂမှာရော၊ယူနက်စကိုမှာပါကျွန်တော်ကြုံခဲ့ရတဲ့အတွေ့အကြုံပါ။ဒီလိုဖြစ်ရတာတစ်စိတ်တစ်ပိုင်းက ဦးသန့်ကြောင့်ပါ။ သူက အပြင်ပန်းကြည့်ရင် အင်မတန် အေးဆေး တည်ငြိမ်တဲ့လူလေ။

          အဲဒီတုန်းက ဦးနုအစိုးရရဲ့အမြဲတမ်းအတွင်းဝန်ရာထူးဖြစ်တဲ့ဦးသန့်ဟာကုလသမဂ္ဂဆိုင်ရာအမြဲတမ်းမြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လိုရောက်သလဲဆိုတာ စိတ်ဝင် စားဖို့ ကောင်းပါတယ်။ တစ်နေ့မှာဝန်ကြီးချုပ်ဦးနုက သူ့ သူငယ်ချင်းဦးသန့်ကို ကြည့်ရတာ ဖျော့တော့တော့နဲ့ ညှိုးငယ် နေတာတွေ့လို့ အခုလိုမေးတယ်။ “ကိုသန့်၊ ခင်ဗျား ကြည့်ရ တာ နေကောင်းပုံမရဘူး၊ ဘာဖြစ်လို့လဲဗျာ” ဦးသန့်က ဦးနု ကို တည့်တည့်ပြန်ကြည့်ပြီး အခုလို ပြောတယ်တဲ့။ “ပြဿနာ ကတော့ ခင်ဗျားက ကျွန်တော့်ကို တာဝန်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်ပေးနေတော့ ကျွန်တော်သိပ်မလုပ်နိုင်တော့ဘူးဗျာ”ဒီတော့မှပဲဦးနုဟာနိုင်ငံရေးသမားတစ်ယောက်အနေနဲ့သူလုပ်ချင်နေတာတွေကများနေတော့ အကောင်အထည် ဖော်တဲ့နေရာမှာ ကိုယ့်လူရင်းတွေကို သူတို့ခံနိုင်တာထက် ပိုပြီး ခိုင်းနေမိပါလားလို့ သဘောပေါက်သွားတယ်။ ဒီတော့ သူက ချက်ချင်းတောင်းပန်တယ်။ “ဪ- ဆောရီးပဲ ကိုသန့် ရာ။ ခင်ဗျား သံတမန်အလုပ်နဲ့ နိုင်ငံခြားကိုသွားပြီး ခဏ အနားယူသွားယူပေါ့ဗျာ”လို့ ပြောလိုက်တယ်။ အဲဒီတုန်းကနယူးယောက်ကနေရာလွတ်နေတော့ဦးသန့်အဲဒီကိုရောက်သွားတာဖြစ်တယ်။ကုလသမဂ္ဂကိုယ်စားလှယ် အလုပ်ဆိုတာ အနားယူဖို့လိုတဲ့သူတွေ သွားနားလို့ရတဲ့ အလုပ်မျိုးလို့ ထင်နေသလား မသိပါဘူး။

          ၁၉၅၈ မှာ လာမယ့် ရွေးကောက်ပွဲအသစ်အတွက် နိုင်ငံရေးသမားတွေ အလုပ်ရှုပ်နေချိန်မှာ ကျွန်တော်က ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ကျွမ်းကျင်သူကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်နေခဲ့တယ်။ကုလသမဂ္ဂမှာရှိနေတုန်း တစ်ခါမှာ ကျွန်တော်ဝတ်စုံအသစ်ချုပ်ချင်တယ် ပြောမိတော့ ကျွန်တော့်သူငယ်ချင်းကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ဂျင်မီပေါ်ထင်က သူ့ဆရာဦးသန့်ချုပ်နေကျ အပ်ချုပ်ဆိုင်ကို ခေါ်သွားတယ်။ အဲဒီဆိုင်က ထိပ်တန်းသံတမန်တွေလာအပ်လေ့ရှိတဲ့ပဉ္စမရိပ်သာလမ်းကအဆင့်မြင့်ဖက်ရှင်ဆိုင်ပဲ။ဘဏ်လုပ်ငန်းရှင်တွေအပ်တဲ့ဆိုင်မျိုးထက်တောင် သာသေး တယ်။ ဦးသန့် အဝတ်အစားကောင်းကို ကြိုက်တယ်ဆိုတာ ကျွန်တော်လည်း ပိုက်ဆံအိတ်နဲ့ရင်းပြီး သိလိုက်ရတယ်ပေါ့ လေ။ နောက်တစ်ချက်က သူ့ဧည့်ခံပွဲတစ်ခုကို ကျွန်တော် ရောက်တော့ သူဟာ ဧည့်သည်တစ်ဦးချင်းစီနဲ့ ဓာတ်ပုံတွဲ ရိုက်လေ့ရှိပြီး အဲဒီဓာတ်ပုံတွေလည်း ကာယကံရှင်တွေဆီကို မပျက်မကွက်ပို့ပေးတဲ့ အလေ့ရှိတယ်။ ဒါဟာ ဂျပန်တွေရဲ့ အလွန်ကောင်းတဲ့ ဓလေ့စရိုက်တစ်ခုပါ။

            ကျွန်တော့်အမြင်မှာတော့ ကုလသမဂ္ဂမှာ အမြင့်ဆုံး ရာထူးအထိ အဆင့်ဆင့်တက်သွားနိုင်တာ အမေရိကန်ရဲ့အမြဲတမ်းသံအမတ်ကြီးအတ်ဒလိုင်းစတီဗင်ဆင်နဲ့ရင်းနှီးလို့လည်းပါပါတယ်။စတီဗင်ဆင်ဟာအိုက်ဆင်ဟောင်ဝါနဲ့ ယှဉ်ပြီး နှစ်ကြိမ်တိုင်တိုင် သမ္မတရွေးကောက်ပွဲ ဝင်ဖူးတယ်။ နှစ်ကြိမ်လုံးရှုံးခဲ့လို့ သူ့ကို ထောက်ခံတဲ့ လက်ရှိသမ္မတ ကနေ ဒီက နှစ်သိမ့်ဆုအနေနဲ့ကုလသမဂ္ဂသံအမတ်ကြီးအဖြစ်ခန့်ထားတာဖြစ်တယ်။ ဆိုဗီယက်ယူနီယံကလည်း ဦးသန့်နဲ့ ခင်မင်ရင်းနှီးစွဲ ရှိပြီးသားဖြစ်တယ်။ အကြောင်းကတော့ ဆိုဗီ ယက်ဟာ တိတိကျကျကြားနေတဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ မိတ်ဆွေ ဖြစ်လို့ပါပဲ။အတွင်းရေးမှူးချုပ်ရာထူးအတွက်တခြားတတိယ နိုင်ငံတွေကလည်း ထူးချွန်ထက်မြက်တဲ့ ကိုယ်စားလှယ်လောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် စတီဗင်ဆင် ကလည်း ဦးသန့်ရဲ့ တည်ကြည်မှုနှင့် ဉာဏ်ပညာကြီးမားမှုကို အထင်ကြီးလေးစားတယ်။

          ကျွန်တော်နဲ့ဦးသန့်နောက်တစ်ခါတွေ့တော့၁၉၆၄ဂျီနီဗာမှာကျင်းပတဲ့UNCTADညီလာခံမှာဖြစ်တယ်။အဲဒီ မှာ ကျွန်တော်တို့က အာဂျင်တီးနားစီးပွားရေးပညာရှင် ရော ပရီဗစ်ရှ်နဲ့လက်တွဲပြီး ကြီးငါးကြီး အာရှ-အာဖရိက သဘော တူညီမှု (ဒါကို ဗမာနိုင်ငံပြုအဆိုလို့လည်း ခေါ်တယ်)ကို အကောင်အထည်ဖော်ဖို့ အလုပ်လုပ်နေတာ ဖြစ်တယ်။ အဲဒီ မှာ ဦးသန့်ကလာပြီး ကျွန်တော့်တို့ကို ဂုဏ်ပြုစကားပြောတာ ဖြစ်တယ်။ UNCTAD ပေါ်လာတာ ဖြစ်ပါတယ်။ ဗမာကိုယ်စားလှယ် အဖွဲ့ ကို အဲဒီတုန်းက သံအမတ်ကြီးဗိုလ်မှူးချုပ်မောင်မောင် က ဦးဆောင်ပြီး ဦးသန့်ရဲ့ ညီအငယ်ဆုံး ဦးတင်မောင်လည်းပါတယ်။ သူက ကုန်သွယ်ရေးဆိုင်ရာ အမြဲတမ်း အတွင်းဝန် ဖြစ်တယ်။ ၁၉၆၆ တုန်းကလည်း နိုင်ငံခြားရေးနဲ့ စီမံကိန်း ရေးဆွဲရေးဝန်ကြီး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကျွန်တော် လိုက်ပါခဲ့တုန်းကဦးသန့်မိသားစုနဲ့တစ်ကြိမ်ဆုံဖူးသေးတယ်။ကျွန်တော့်ဇနီးဆေးရုံတင်ရတုန်းကလည်း ဦးသန့်က ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိနဲ့သူ့အိမ်ကိုဖိတ်ပြီး သူနဲ့အတူ ရုပ်ရှင်ကြည့်စေတယ်။ ရုပ်ရှင်ကြည့်တာ လိပ် ပင်လယ်အော်က ကုလသမဂ္ဂရုံးချုပ်မှာ။ တစ်နေ့တာပင်ပန်း သမျှကို အပန်းဖြေတဲ့ နည်းပဲဖြစ်တယ်။ ဦးသန့်ရဲ့ အိုင်ယာ လန်လူမျိုး သက်တော်စောင့်မောင်းတဲ့ ကားကိုစီးရင်း သူနဲ့ အတူ စကားစမြည် ပြောတဲ့အခါ သူ့ဆရာအပေါ် သူ့အမြင် ကို သိရတယ်။ အဲဒီအချိန်က ဦးသန့်ဟာ ဒုတိယရာထူး သက်တမ်းအတွက် အရွေးခံပြီးစအချိန်ပဲ။ သူ့ကိုတခြားနိုင်ငံ ကုလသမဂ္ဂသံအမတ်တွေက လာနှုတ်ဆက်တာတွေ၊ ဖိတ် ခေါ်တာတွေ အများကြီးရှိနေပါလိမ့်မယ်။ သူ့သက်တော် စောင့်က အခုလိုပြောတယ်။ “ကျွန်တော် ညနေစောစောက ဆရာ့ကို သူ့ရုံးခန်းမှာ သွားကြိုတော့ ဆရာ တော်တော်ပင် ပန်းပြီး နုံးချည့်နေတဲ့ပုံပဲ။ ကျွန်တော် သူ့ကိုကြည့်ပြီး စိတ် မကောင်းဖြစ်သွားရတယ်။ ဒီလောက်ဖိအားများတဲ့ ဒီအလုပ် ကို နောင်ငါးနှစ် သူဘယ်လို ရုန်းကန်ဖြတ်သန်းမလဲ ဆိုပြီးတော့လည်း တွေးမိတယ်” ဒါပေမယ့် တကယ်တမ်း ဖြတ် သန်းတဲ့အခါ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဦးသန့်လို ဘဝကိုအရိုးရှင်းဆုံးနေခဲ့တဲ့လူတစ်ယောက်မှာအစွဲအလမ်းဆိုလို့သိပ်များများမရှိဘူး။ဆေးပြင်းလိပ်သောက်တာဟာ သူ့ရဲ့ ရှားရှားပါးပါး အစွဲအလမ်းတစ်ခုပါ။ ဦးသန့် ဆေးပြင်းလိပ် စွဲတဲ့ အကြောင်းကြောင့် ကုလသမဂ္ဂ ယန္တရားအလုပ်လုပ်ပုံရဲ့ ထူးဆန်းချက်တွေကို သိခဲ့ရတယ်။ ဦးသန့် လက်ထက်မှာ ကော်မတီတွေကနေ အထွေထွေညီလာခံကို အလုပ်စီးဆင်း ရမယ့်အစား ညီလာခံက ကော်မတီတွေကို ပြောင်းပြန်စီး သလိုမျိုး ဖြစ်ခဲ့တာတွေလည်း ရှိတယ်။ နောက်ပိုင်းမှာ ပြော ကြတာက ဦးသန့်ဟာ အထွေထွေညီလာခံ ခန်းမထဲမှာ ဆေးလိပ်သောက်လို့ မရတဲ့အတွက် တချို့ အလုပ်တွေကို သူ ဆေးလိပ်သောက်လို့ရတဲ့ကော်မတီရုံးခန်းတွေထဲကို ပြန်ယူ လုပ်တဲ့အတွက် အခုလိုဖြစ်ရတာလို့ ဆိုတယ်။

          ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်လည်း ကိုယ်မသိလိုက် ဘဲနဲ့ တာဝန်ရှိသလိုမျိုး ဖြစ်ခဲ့ရတယ်။ ၁၉၅၈ ခုနှစ်တုန်းက ဒုတိယ(စီးပွားရေး)ကော်မတီမှာ မြန်မာကိုယ်စားလှယ်တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်နေတုန်းက OPAS စီမံကိန်းကို ကန့်ကွက်ပြောကြားခဲ့ဖူးတယ်။ ဒီစီမံကိန်းကို မကိုင်တွယ် တတ်ရင် ကိုလိုနီကို ပြန်သတိရစေတယ်လို့ ကျွန်တော်ထောက်ပြခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော့်ဆွေးနွေးချက်က ကုလသမဂ္ဂရုံးမှာ အချက်ပေးခေါင်းလောင်းတွေ မြည်သွားပုံ ရတယ်။ ဒီတော့ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်း မားရှိုးက စီးပွားရေးကော်မတီကို ဆင်းလာပြီး ဒီစီမံကိန်း အကြောင်း ကိုယ်တိုင်လာရှင်းပြခဲ့တယ်။ အဲဒီတုန်းက ဦးသန့် ဟာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်နေတော့ သတိ လစ်ပြီး ဆင်းရှင်းပြတာ လုပ်ခဲ့လိမ့်မယ်။

          အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက် တမ်းကုန်ဆုံးတဲ့အချိန်မှာ နိုင်ငံအတော်များများက ကိုယ်စားလှယ်တွေကဦးသန့်အနေနဲ့တတိယသက်တမ်းကိုဆက်အရွေးခံရင်သူတို့အစိုးရတွေကထောက်ခံပေးမယ်ဆိုပြီး တိုက်တွန်းကြတာတွေရှိတယ်။ ဒါပေမယ့် ဦးသန့်ရဲ့ မိခင် တိုင်းပြည် ဗမာအစိုးရကတော့ဆက်အရွေးခံမှာကို မထောက် ခံဘူး။ ဦးသန့်ဟာ ငယ်စဉ်ကတည်းက သူ့ညီငယ်တွေအတွက်တက္ကသိုလ်ပညာရေးအလုပ်ကို အနစ်နာခံစွန့်လွှတ်ဖူးတဲ့လူလေ။အခုလည်းသူ့ကိုထပ်အရွေးခံဖို့တိုက်တွန်းတာတွေကိုယဉ်ယဉ်ကျေးကျေးပယ်ချပြီးအနားယူသွားခဲ့တယ်။သူ့ရဲ့ကျန်တဲ့အချိန်တွေကိုဘဝအမှတ်တရများစာအုပ်ရေးဖို့အတွက်မြှုပ်နှံလိုက်တယ်။ဦးသန့်ဟာ စာရေး ဆရာ အာသာမေလာရဲ့ “တံတားပေါ်မှမြင်ကွင်း”စာအုပ်ကို သိပ်ကြိုက်တဲ့သူဖြစ်တော့ သူ့စာအုပ်ကိုလည်း“ကုလသမဂ္ဂမှ မြင်ကွင်း”လို့နာမည်ပေးခဲ့တယ်။ တကယ်တော့လည်း ကုလ သမဂ္ဂဆိုတာ တိုင်းနိုင်ငံတွေကြားမှာ ဆက်သွယ်ပေါင်းကူး ပေးနေတဲ့ တံတားတစ်ခုပဲ မဟုတ်ပါလား။ သူ့ရဲ့ ဒုတိယ စာအုပ်မှာတော့ သူထိတွေ့ ဆက်ဆံဖူးတဲ့ ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်ကြီးတွေရဲ့ ရုပ်ပုံလွှာကိုရေးဖို့သူကြံရွယ်ခဲ့တယ်။ သူ့ကျန်းမာရေးအခြေအနေဆိုးရွားလာလို့ဒီစာအုပ်ကိုပြီးဆုံးအောင်မရေးနိုင်ခဲ့ပါဘူး။တကယ်လို့ပြီးအောင်ရေးနိုင်ခဲ့ရင် ဒီစာအုပ်က အများကြီး ပိုစိတ်ဝင်စားစရာ ကောင်းပါလိမ့် မယ်။ ဦးသန့်ရဲ့ စာနယ်ဇင်းသမား ပါရမီဟာ သူ့မြေး ဒေါက်တာသန့်မြင့်ဦးဆီမှာအမွေအဖြစ်ပါလာပုံရတယ်။ဒေါက်တာသန့်မြင့်ဦးဟာအခုအချိန်အထိသမိုင်းစာအုပ်နှစ်အုပ်တောင် ရေးပြီးပြီလေ။

          ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အပျော် တမ်း သမိုင်းဆရာတစ်ယောက်လို့ ထင်ပါတယ်။ တကယ်လို့ ဦးသန့်ရဲ့အောင်မြင်မှုတွေကို သမိုင်းမှတ်တမ်းအဖြစ် ရေးဖြစ် ခဲ့မယ်ဆိုရင် ပထမဦးဆုံးရေးမယ့် အကြောင်းအရာကတော့ ကျူးဘားဒုံးပျံအကျပ်အတည်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းသူတစ်ယောက်အဖြစ် မှတ်တမ်းတင်ရေးသားမှာ ဖြစ်တယ်။ ဒုတိယအချက်ကတော ကုလသမဂ္ဂထဲမှာ တတိယကမ္ဘာ့နိုင်ငံတွေဘက်ကနေ အခွင့်အရေး

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)