မောင်ဆုရှင် - ၂၁ရာစုလူမူ၀ေါဟာရများ(၃)
အကယ်ဒီမစ်
Academic
“အကယ်ဒီမစ်” တို့နဲ့ အစုအဝေးကို “အကယ်ဒီမီယာ ' (Academia) လို့ ခေါ်ဝေါ် သုံးနှုန်းကြပါတယ်။ ပညာရှင်တို့ရဲ့ အသိုင်းအဝိုင်းပါ။ ပညာရှင်ထို့ကို လေးစားကြည်ညိုတာ ရှိသလို လက်တွေ့ မဆန်ဘူးလို့ ဝေဖန်ချက် များလည်း အစဉ်အဆက် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပညာရှာခြင်းမှာ
မွေ့လျှော်ပြီး သူ့ပညာနဲ့သူ ကျေနပ်တဲ့ သဘာဝ ရှိကြတဲ့သူတွေပါကြလို့ ဖြစ်ပါထယ်။ သူတို့ဟာ အကယ်ဒီမစ်တွေပေါ့။
နာမဝိသေသန အနေနဲ့ သုံးတဲ့အခါ ပညာရှင်ဆန်တယ်၊ ပညာပိုင်း ဖြစ်တယ်ဆိုတဲ့ အနက်ကို သဘောပေါက်ရပါတယ်။ ပညာရှင် မဟုတ်ရင်လည်းလောကကြီးမှာ အဆင့်အတန်း မြင့်မြင့် မနေနိုင်တော့ဘူးလား ဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး။ မွေ့လျော်ခြင်းနဲ့ ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် တစ်ခါက “ပညာရှိတို့ အလယ်မှာ' ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို အက်ဆေးပုံစံနဲ့ ရေးမိပါတယ်။ အကြောင်းအရာကတော့ ထက္ကသိုလ်ပညာရှင်နဲ့ လူပြန်တော်ပညာရှိ မြန်မာပညာရှိတို့ အကြားမှာ အကြောင်းအားလျော်စွာ အလုပ်သဘောအရ ကျင်လည်ရင်းနဲ့ သူတို့ ပြောပုံ၊ ဝတ်ဖုံ၊ ဆတ်ဆံပုံတို့ကို အစည်းအဝေးတွေ၊ စာပေလုပ်ငန်းခွင်တွေမှာ မြင်တွေ့ ကြည်းအားကျ အတုယူရတဲ့အကြောင်း ဖြစ်ပါတယ်။ မှော်ပီ ဆရာသိန်းကြီးရဲ့ “နှောင်းဖြစ်စာတန်း” ထဲမှာ ဖတ်ရတဲ့ စကားဝိုင်းတွေလို စိတ်ဝင်စားစရာ အကြောင်းတွေ ဖြစ်ပါတယ်။
အကယ်ဒီမစ်တို့ရဲ့ လောကကို ယေဘုယျအားဖြင့် တက္ကသိုလ် လောကလို့ ဆိုရမယ် ထင်ပါတယ်။ တက္ကသိုလ် လောကမှာ ဝတ်ပုံစားပုံကို ဂရုစိုက်နိုင်ဘဲနဲ့ သူ့ဘာသာရပ်ကိုသာ သူ သဲသဲမဲမဲ ချဲ့ထွင် အဖြေရှာနေတဲ့ သူတွေရှိတတ်ပါတယ်။ သူတို့ ထဲက ခင်မင်ရင်း ရှိတဲ့ တချို့ကို ‘လွတ်နေတဲ့ ပါမောက္ခကြီးများ' ရယ်လို့ ကျွန်တော်တို့ မြန်မာစာရေးဆရာ များကတောင်သရော်ပြီး ရေးသားဖူးပါတယ်။
တစ်ခါတုန်းတ “သတိမေ့တတ်တဲ့ ပါမောက္ခကြီး' (The Absentmmded Professor) ဆိုပြီး ရုပ်ရှင် တစ်ကား လာဖူးပါတယ်။ ဇာတ်မြူးပါ။ ဝေါ့ဒစ္စနေ ရုပ်ရှင်က ထုတ်လုပ်တယ်လို့ ထင်ပါတယ်။ ၁၉၀၀ပြည့် အစွန်းက ဟင်နရီဖို့ဒ်ဆိုသူ ဖို့ဒ်ကားသူဌေးကြီး တီထွင်တဲ့ တီပုံစံ (T-Model) ကားကလေး ကောင်းကင်ကို ပျံတက်သွားတဲ့ အဖြစ်အပျက်ကလေးလည်း ပါတယ်။ အဲဒီ ပါက္ခကြီး ထွင်တာပေါ့။ သူဟာ လုပ်ငန်းကို ထမင်းမေ့ ဟင်းမေ့ ဂရုစိုက်ရလွန်းလို့ နေ့စဉ် ကိစ္စတွေမှာ အိမ်မှုကိစ္စ၊ လူမှုကိစ္စတွေကို မေ့မေ့လျော့လျော့ဖြစ်ရတဲ့ အဖြစ်အပျက်တွေလည်း ပါ ပါတယ်။
ပညာရှင် အသိုင်းအဝိုင်းက လူတွေဟာ တသီးတခြား တစ်ထီး တစ်နန်းနဲ့ နေတတ်ကြလွန်းလို့ သူတို့ကို ဆင်စွယ်နန်း (Ivory Tower) မှာ နေတဲ့ လူတွေလို့ ငေါ့တော့တော့နဲ့ အမည်ပေးကြပါတယ်။ ငေါ့ရင်း
စောင်းရင်းနဲ့ပဲ ဒီဝေါဟာရလည်း သုံးရိုးစွဲရိုး ဖြစ်လာခဲ့တယ်လို့ ဆိုရပါ လိမ့်မယ်။
အကယ်ဒီမစ်ပိုင်းက ပုဂ္ဂိုလ်တွေကို လက်တွေ့မဆန်ဘဲအောက်ခြေ လွတ်နေတယ်လို့ ဆိုရပေမဲ့ ရူပဗေဒ၊ ဓာတုဗေဒနဲ့ စတ်မှုနည်းပညာတွေမှာ သူတို့ ကျေးဇူးနဲ့ ဂျက်လေယာဉ်က အစ အဏုမြူဗုံး အထိ ပေါ်ပေါက်ခဲ့ ပါတယ်။ လက်တွေ့နယ်ပယ်နဲ့ ဆက်မိခဲ့တာတွေပေါ့။ သိပ္ပံပညာမှာ ရိုးရိုးသိပ္ပံနဲ့ အသုံးချ သိပ္ပံဆိုပြီး ဘာသာတွဲ နှစ်မျိုး ခွဲခြားထားပေမဲ့ လုပ်ငန်း ချင်းတော့ ဆက်နေပါသည်။
သူတို့ရဲ့ ပညာကို သူတို့ ဘယ်လောက် အတွယ်အတာ ရှိတယ် ဆိုတာကိုလည်း ခရစ် မပေါ်မီ နှစ် ၃၀၀ လောက်တ ဂျော်မက်ထရီ ပညာကိုလိုက်စား တီထွင်ခဲ့တဲ့ ယူကလစ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက စစ်မက်ရောက်လို့ သူ့အိမ်ထဲ ရန်သူတွေ ဝင်လာတာတောင်မှ အသူ့အသက်ဘေးကို မတွေမိဆဲ ကြမ်းပေါ်မှာ သူစမ်းသပ် ရေးဆွဲနေတဲ့ စက်ဝိုင်းတွေ ပျက်သွားမှာ စိုးလို့ “ငါ့စက်၀ိုင်းတွေကို မဖျက်နဲ့..၊ ငါ့ စက်ဝိုင်းတွေကိုမဖျက်နဲ့” လို့အော်ဟစ် ကန့်ကွက်ရင်း ရန်သူ့လက်မှာ အသက် ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အာခီးမီးဒီးစ် (ဘီစီ-၂၇-၁၂) ဆိုတဲ့ ပညာရှင်ကြီးကတော့ နေထိုင် ရင်း ရွှေအတု ဟုတ်မဟုတ် စစ်ဆေးနိုင်တဲ့ နည်းကို သဘောပေါက် သွားလို့ တွေ့ပြီ... ငါ တွေ့ပြီ" လို့ ဂရိဘာသာစကားနဲ့ အော်ဟစ်ရင်း လမ်းမပေါ်ကို ကိုယ်လုံးတီးဗလာနဲ့ ပြေးထွက်သွားခဲ့တယ် လို့ ဆိုပါတယ်။ သူလည်းပဲ ယူကလစ်လိုပဲ ထင်ရှားကျန်ရစ်ပါတယ်။
အဲဒီ စစ္စလီကျွန်းသား အာခီမီးဒီးစ် ကပဲ “ကုတ်တံ' ဆိုတဲ့ အလေး အပင်ကို မပြီးရွေ့နိုင်တဲ့ ပထမဦးဆုံး ပေါ်တဲ့ စက်သဘောကို သုံးနိုင်လို့ “ထောက်စရာ တန်စရာ နေရာသာ ပေးစမ်းပါ၊ ကမ္ဘာကြီးကို ကုတ်တံနဲ့
ကော်ပြီးရွေ့ပြမယ်” လို့ကြုံးဝါးခဲ့တယ်လို့ အဆိုရှိပါတယ်။ ပိုင်သာဂိုးရပ်စ် (ဘီစီ ၅၀၀-၅၀၀) ဆိုသူ ဂရိပညာရှင်ဟာလည်း သင်္ချာနဲ့နက္ခတ်ဗေဒ ပညာကို တီထွင်ခဲ့ပါသေးတယ်။
ဒီလို လက်တွေ့ဆန်တဲ့ လေ့လာသူ ပညာရှင်တွေ ရှိသလို သူ့ ဝါသနာနဲ့သူ ကိုင်းညွတ်မိသလို အချိန်ယူပြီး လေ့လာနေတဲ့ သူမျိုးတွေ လည်း ဒုနဲ့ဒေး ဖြစ်ပါတယ်။ ပါရှင်း ကဗျာဆရာကြီး အိုမာခယမ်ရဲ့ ဘ၀ကို နက်နက်နဲနဲ တစ်သက်လုံး လေ့လာနေတဲ့ သူတွေရှိသလို ပိုးဖလံကောင် လေးတွေ အကြောင်းကို အချိန်ကုန်ခံပြီး ကမ္ဘာလှည့် လေ့လာနေတဲ့ သူမျိုးလည်း မရှားပါဘူး။
ဒီလို အဘဝနဲ့ ချီပြီး ပညာလိုက်စားတဲ့ အလုပ်မျိုးကို ဂရိခေတ် တွေးခေါ်ရှင်တွေက စခဲ့တယ်လို့ အမှတ် ပြုကြပါတယ်။ အထူးသဖြင့် ဆရာဆရာတွေပါ။ ဆိုကရေးတီးတို့ ပလေတို ထို့ဆိုရင် တွေးရင်း ခေါ်ရင်း အမှန်တရားဆိုတာ ဘာလဲလို့ ရှာခဲ့ကြသူတွေပါ။ အာရှမှာ သူတို့ထက် စောတဲ့ သူတွေလည်း ရှိကြပါတယ်။
ခုခေတ်မှာလည်း သူတို့ ခေတ်တုန်းကလို တွေးချင်တာတွေး ကြံချင်တာကြံဆိုပြီး၊ နိဂုံး အဖြေရရင်ပြီးရော ဆိုပြီး နေရေး စားရေး မကြောင့်ကြ ရအောင် စီစဉ်ပေးပြီး ငွေကြေး စရိတ်စကလည်း ပုံပေးပြီး အလုပ်လုပ်စေ တဲ့ “အတွေးတိုင်ကီ” လို့ ခေါ်တဲ့ ၁၉၆၆ခုနှစ်လောက် စပြီး ပေါ်တဲ့ အဖွဲ့အစည်းမျိုးလည်း ရှိပါတယ်။ သူတို့ဟာ “အကယ်ဒီမစ်” တွေပါပဲ။ မနေ့တစ်နေ့ကတောင် မပြီးဆုံးသေးတဲ့ တမ္ဘာလောကနဲ့ စကြဝဠာ ခြင်းရာတွေကို ဆတ်လေ့လာနေတဲ့ သိပ္ပံပညာရှင် ခြောက်ဦး အကြောင်းကို ရေးထား တဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အကယ်ဒီမစ်တွေကိုထိရောက်အောင် အားပေးရင်း အသိပညာနယ်ပယ် ကြွယ်ဝတာဟာ အမှန်ပါပဲ။
အက်ဒက်ဗဲလျူး
Added Value
“တန်ဖိုးမြင့်ခြင်း” ရယ်လို့ “အက်ဒတ်ဘဲလျူး' ဆိုတဲ့ ဝေါဟာရကို သုံးစွဲ နေကြတာ၊ ကြားရ ဖတ်ရ ပါတယ်။ စီးပွားကုန်သွယ်မှု သဘောမှာအရေးပါတဲ့အပိုင်း ဖြစ်ပါတယ်။ တန်ဖိုးမြင့်နိုင်ရင် ပိုပြီး တန်ဖိုးကြီးတာပေါ့။ ဝင်ငွေစကားနဲ့ ပြောရင် ဝင်ငွေပိုပြီး တွက်သား ကိုက်တာပါပဲ။
အလွယ်ဆုံး တန်ဖိုးမြှင့်နည်းတော့ ကုန်ကြမ်းကို ကုန်ချော ဖြစ် အောင် လုပ်တာပါ။ ဝါးကို ဝါးလုံး အဖြစ် မရောင်းဘဲနဲ့ တောင်းရက်ရောင်းတယ်။ သစ်ကို အလုံးလိုက် အချောင်းလိုက် မရောင်းဘဲ ပရိဘောဂလုပ်ပြီး ရောင်းတယ်။ ၀ါကို ချည်ခင် လုပ်ပြီးမှ ရောင်းတယ်။ ဒါမှမဟုတ် ချည်ခင်ကို အထည် ရက်လုပ်ပြီး ရောင်းတယ်။ ဟိုရှေးက သာဓကနဲ့ တွတ်ရင် တန်ဖိုးမြှင့်ခြင်း၊ ကိစ္စကို ဒီလိုတွေးမိပါတယ်။
ရှေးကလိုမဟုတ်ဘဲ ကုန်ထုတ်စနစ်၊ ရောင်းဝယ်မှုစနစ်၊ ဝန်ဆောင်မှု စနစ်တွေ တိုးလာတဲ့ ဒီဘက်ပိုင်းမှာတော့ တန်ဖိုးမြှင့်တဲ့ သဘောဟာ ပိုပြီး ရှုပ်ထွေး ကျယ်ပြန့်လာပါတယ်။ ဈေးဆိုင်ကလေး တစ်ဆိုင် ဖွင့်မယ်ဆိုရင် အရပ်ထဲက လူတွေ ဝေးဝေး သွားဝယ်ဖို့ မလိုအောင် လိုချင်တာ အလွယ် ရအောင် လမ်းထောင့်မှာ လာဖွင့်ပေးတာလည်း တန်ဖိုးမြင့်တာ ဖြစ်ပါတယ်။ ကုန်ပဒေသာ ဆိုင်ခွဲကလေး တစ်ခုမှာ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ရွေးချယ် ဝယ်ယူလို့ ရအောင် အမယ်စုံစုံ ထင်ထားတာလည်း တန်ဖိုးမြင့်ရာ ရောက်ပါတယ်။ အဲဒီဆိုင်ထဲမှာပဲ ကိုယ်ကြိုက်ရာ ကိုယ် ကောက်ထည့်ပြီးဆိုင်ပေါက်ဝ အထွက်ကျမှ ငွေချေဖို့ စီစဉ်ပေးထားတော့ ဆိုင်အလုပ်သမား များများ မထားရတော့လို့ ပစ္စည်းကို ဈေးလျှော့နိုင်ပြီး များများရောင်း ကောင်းတာမျိုးဟာလည်း တန်ဖိုးမြင့်နည်း ဖြစ်ပါတယ်။
သံရိုင်းတွေ မြေကြီးထဲမှာ ရှိတာကို တူးဖော်ပြီး နိုင်ငံခြားကို တင်ပို့ ရောင်းချကြတယ်။ သံရိုင်းကို ပိုင်ဆိုင်ပြီး မြေပေါ်ရောက်အောင်တူးတာဟာလည်း တန်ဖိုးမြင့်တာပဲ ဖြစ်ပါတယ်။ သံရိုင်းကို သံမဏိဖြစ်အောင် ရောစပ်ကျိုချတ်ရင်လည်း နောက်တစ်ဆင့် တန်ဖိုးမြင့်ရာ ရောက်ပါတယ်။ ဒါတင် မကသေးပါဘူး။ အဲဒီ သံမဏိတွေကို ဒိုင်းမြားဖြစ်အောင် အတန်း၊ အချုပ်၊ အပြားဖြစ်အောင် လုပ်ပြန်ရင် တန်ဖိုးမြင့်ရာ ရောက်ပြန်ရော။ ရှေ့ဆက်လိုက်ရင် သံတုံးသံပြားတို မော်တော်ကားဖြစ်အောင်၊ ရေခဲသေတ္တာ ဖြစ်အောင် လုပ်ပြီးတော့ ထန်ဖိုးမြင့်နိုင်ပြန်တယ်။
ထို့အတူပဲ ပန်းချီဆရာ တစ်ဦးကပိတ်ကားတစ်ချပ်ကို ဝယ်ပြီး ဆေးခြယ်တာမျိုး၊ ပန်းချီလက်ရာကောင်းတင်တာမျိုးတို့ဟာ တန်ဖိုးချင်းတူချင်မှတူမယ်။ ဒါပေမဲ့ တန်ဖိုးမြှင့်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပိတ်စပေါ်မှာဆေးခြယ်တာနဲ့ ပန်းချီကျော် ဆေးခြယ်တာဟာ တန်ဖိုးချင်းများစွာကွာ သွားပါတယ်။
တစ်ခါတလေကျတော့ တန်ဖိုးမြှင့်တာကို တစ်ဆင့်ဆင့်မှာ ပုဂ္ဂိုလ် ရေးအရကိုယ့်စိတ်နဲ့ ကိုယ်မို့ သူများ မလုပ်စေချင်ဘူး။ အိမ်ထောင် ပရိဘောဂကို အဖြူထည် ၀ယ်ပြီး ကိုယ့်စိတ်ကြိုက် အရောင် သုတ်မယ်ပေါ့။ လျှပ်စစ်ဝါသနာ၊ အီလက်ထရွန်နစ် ဝါသနာပါတဲ့သူက အစိတ်အပိုင်းတွေ လိုရာရွေးဝယ်ပြီး ကိုယ့်စိတ်ကြိုက် စက်တစ်လုံး ဆင်မယ်ပေါ့။ ပန်းပုပုံကြမ်းလောင်း၊ အချောကိုင် ထားတာမျိုးတွေ ဝယ်ပြီး ကိုယ့်ဘာသာ ဆေးသုတ်၊ အရောင်တင်ပြီးမှ ရောင်းတာမျိုးကျတော့ စီးပွားရေးအရ တန်ဖိုးကို ကိုယ့်ဘာသာ မြင့်ယူတာ ဖြစ်ပါတယ်။
လုပ်တတ်ရင်မူလ တပင်တပန်း အားထုတ်တဲ့သူ ထက်အောင် နောက်အဆင့်ကို လုပ်တဲ့သူက အကျိုးအမြတ် ရှိပါသေးတယ်။ ပြီးတော့ ဆိုင်လာဝယ်ရမယ့် ပစ္စည်းကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးပြီး အခ