Skip to product information
1 of 2

Other Websites

မောင်ဆုရှင် - ပင်လယ်ပြာနှင့်တံငါအို

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

သူသည် လှေငယ်တစ်စင်းဖြင့် ပင်လယ်ကွေ့ ရေစီးကြောင်းထဲတွင် တစ်ကိုယ်တည်း ငါးဖမ်းလေ့ရှိသော တံငါအိုတစ်ဦး ဖြစ်၏။ ရက်ပေါင်း ၈၄ ရက်မျှ ငါးဖမ်း ထွက်ခဲ့ပြီးသည့်နောက် ယခုတိုင် ငါးတစ်ကောင်မျှ မရသေးချေ။ ပထမအရက် ၄ဝ တွင် သူငယ်ကလေးတစ်ယောက်သည် သူနှင့်အတူ ပင်လယ်ပြင်သို့ ပါလာလေ့ ရှိ၏။ သို့ရာတွင် ရက်ပေါင်း ၄၀ တိတိ ငါး တင်ကောင်မျှ မရခဲ့သောအခါ တံငါအို အဘိုးကြီးသည် ကံဆိုးမိုးမှောင် ကျနေပြီဖြစ်ကြောင်း သူငယ်ကလေး၏ မိဘများက ပြောကြားလျက် သူငယ် ကလေးအား အခြားလှေတစ်စင်းနှင့် လိုက်စေလေသည်။ ယင်းလှေသစ်မှာ ပထမ တစ်ပတ်အတွင်း အတော်ဆူဖြိုးသော ငါးသုံးကောင်ကို ဖမ်းမိခဲ့သည်။ သူငယ်ကလေးကား နေ့စဉ်နေ့စဉ် လှေခွက်ချည်းဟောင်းလောင်းဖြင့် ပြန်လာရသော အဘိုးအိုကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်မိ၏။ အဘိုးအို ပြန်လာ ချိန်များ၌ သူသည် ကမ်းစပ်သို့ဆင်း၍ ကြိုးခွေများ၊ သံချိတ်နှင့် ငါးထိုးမှိန်း များကို ကူ၍ သယ်ပေးလေ့ရှိ၏။ ရွက်တိုင်တွင် ပတ်ချည်ထားသောရွက် ထည်ကို သိမ်းဆည်းပေးလေ့ရှိ၏။ အဘိုးအို၏ တံငါလှေငယ်မှ ရွက်ဖျင် မှာ ဂျုံအိတ်စများနှင့် ဖာထားရသောကြောင့် ရွက်ဖွင့်လိုက်သောအခါ ထာဝရ အရှုံးပေးခြင်း၏ သရုပ်ကို ဖော်ပြနေသော အလံနှင့်ပင် တူသေးတော့ သည်။

အဘိုးအိုသည် ပိန်ပါးကြုံလှီလှ၏။ လည်ပင်းတွင် အရေပြားများ တွန့်လိမ်၍ အရေးအကြောင်းများပေါ်လျက် ရှိ၏။ ပင်လယ်ထဲတွင် နေပူ စပ်ခါး သွားလာခဲ့ရသောကြောင့် ပါးပြင်ပေါ်တွင် အညိုရောင် ထူပျစ်ပျစ် ၊ အရေပြားကင်ဆာကွက်များ အကွက်လိုက် ထလျက်ရှိ၏။ ထိုအကွက်များသည် မျက်နှာဘေးဘက်တိုင်အောင် ပျံ့နှံ့သွား၏။ သူ့လက်များမှာ ငါးအမျိုး မျိုး တို့ကို မျှားကြိုးငင်၍ ကိုင်တွယ် ဖမ်းဆီးခဲ့ရသောကြောင့် ကြမ်းထော် စုတ်ပြတ်လျက် ရှိ၏။ သို့သော် လက်တွင် ထိုဒဏ်ရာများသည် အသစ် စက်စက် မဟုတ်ချေ။ ငါးဟူ၍ မရှိသော သဲကန္တာရထဲ၌ အနှစ်နှစ်အလလ က လေတိုက်စားထားသည့် သဲခုံများ အသွင်မျိုး ဖြစ်လေသည်။

အဘိုးအိုနှင့် ပတ်သက်သမျှ အကြောင်းတို့မှာ အားလုံးပင် ဟောင်းအို ၍ ဇရာသဘောကို ဆောင်နေကြ၏။ တစ်ခုသာ ကျန်သည်ကား ပင်လယ်ရေပြင်ကဲ့သို့ သူ၏ ပြာလဲ့လဲ့ မျက်လုံးများပင် ဖြစ်သည်။ ထိုမျက်လုံးများသည် အနိုင်မခံ အရှုံးမပေးခြင်း၊ ရွှင်လန်းတက်ကြွခြင်းတို့ကို ဖော်ပြလျက် ရှိ၏။

“ဒီမှာ အဘဆန်တီယာဂို၊ ကျွန်တော် အဘလှေနဲ့ ပြန်လိုက်နိုင်တော့မယ်။ ဟိုရက်က ပိုက်ဆံ အတော်ရလိုက်ပြီလေ”ဟု သူငယ်ကလေးသည် တံငါလှေဆိပ်မှ ကမ်းစပ်ပေါ်သို့ တက်လာရင်း အဘိုးအိုအား ပြောကြား လိုက်သည်။

အဘိုးအိုသည် သူငယ်ကလေးအား တံငါလုပ်ငန်းကို သင်ကြားပေး ခဲ့သူဖြစ်၍ သူငယ်ကလေးကလည်း အဘိုးအိုကို ချစ်ကြည်ကိုးစားလျက် ရှိသည်။

“ကွာ၊ မလိုက်ပါနဲ့ကွာ။ မင်းလိုက်တဲ့ လှေတွေဟာ လှေဦးစိုပါတယ်။ သူတို့နဲ့ မခွဲပါနဲ့”ဟု အဘိုးအိုက ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ အဘရယ်၊ အဘ တစ်ခါတုန်းက ၈၇ ရက်လုံးလုံး ပင်လယ် ကို ထွက်ထွက်သွားလိုက်တာ ငါးလည်း တစ်ကောင်မှ မရခဲ့ဘူး။ ရမယ့် ရတော့ အဘနဲ့ကျွန်တော် တနင်္ဂနွေ သုံးပတ်လုံးလုံး ငါးကြီးတွေ ရက်ဆက် ဖမ်းမိခဲ့တာ မှတ်မိတယ် မဟုတ်လား”

“အေးကွ၊ မှတ်မိပါတယ်” ဟု အဘိုးအိုက ပြောလိုက်၏။ “မင်းလည်း ငါ့ကို သံသယရှိလို့ စွန့်ပစ်သွားတာ မဟုတ်ဘူးဆိုတာ အဘ သိပါတယ်”

“အဖေက ကျွန်တော့်ကို လှေပြောင်း လိုက်ခိုင်းလို့ပါ။ ကျွန်တော်က ကလေးဆိုတော့ သူ့စကားကို နားထောင်ရမှာပေါ့”

“အေးလေ၊ ဟုတ်ပါတယ်။ ဒီလိုပဲ နားထောင်ရမှာပေါ့" ဟူ၍ အဘိုးအိုက ပြန်ပြောလိုက်သည်။

“သူကတော့ အယုံအကြည် သိပ်မရှိဘူးဗျာ”

“အေး မယုံရင်လည်း ရှိမှာပေါ့လေ။ ဒါပေမဲ့ တို့ကတော့ ကိုယ့်ကိုယ် ကိုယ်ယုံသားပဲ မဟုတ်လားကွာ"

“ဟုတ်တာပေါ့ အဘ'ဟု သူငယ်ကလေးက ပြန်ပြောသည်။ “ကျွန်တော့်တို့ ဘီယာဆိုင် သွားရအောင်၊ အဘကို ကျွန်တော် ဘီယာ တိုက်မယ်။ ပြီးမှ ဒီပစ္စည်းတွေ အိမ်သယ်သွားကြတာပေါ့”

“တိုက်နိုင်ပါတယ်ကွာ၊ တို့တံငါသည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ပြုစုရပါတယ်”

သူတို့သည် တားရော့စ်အမည်ရှိ ဘီယာဆိုင်တွင်သွား၍ ထိုင်ကြ သည်။ တံငါသည် အများကပင် အဘိုးကြီးအား မခိုးမခန့် ပြက်ရယ်ပြုကြသည်။ သို့သော် အဘိုးကြီးသည် စိတ်မဆိုးပေ။ သူ့ထက် ပို၍အိုသည့် တံငါ သည် အချို့ကမူကား သူ့ကို ဝမ်းနည်းစွာ စိုက်ကြည့်နေကြသည်။ သို့သော် ထိုသို့ ဖြစ်ခြင်းကို မသိသာစေဘဲ ပင်လယ်ရေစီးကြောင်းများအကြောင်း၊ ရေနက်ပိုင်းများတွင် ပိုက်တန်းချခဲ့ပုံအကြောင်း၊ ရာသီဥတု မှန်မှန်ကလေး သာယာနေပုံ စသည်တို့ကို စကားလှီးလွှဲ၍ ဖွယ်ဖွယ်ရာရာ ပြောဆိုနေကြလေသည်။ ထိုနေ့အဖို့ ငါးကောင်းကောင်းရမိသော တံငါသည်များမှာ ကမ်းသို့ ဆိုက်ကပ်ကြပြီး ဖြစ်ကြသည်။ သူတို့သည် မာလင်ငါးကြီးသားများကို ခုတ်ပိုင်း၍ ဈေးသို့ပို့ရန် ကုန်းပေါင်ပြားနှစ်ချပ်ခံပြီး သယ်ဆောင်လာကြ သည်။ ကုန်းပေါင်ပြားထိပ်မှ လူနှစ်ယောက်စီ တစ်ဖက်တစ်ချက်သယ်၍ လိုက်လာသည်။ ငါးပွဲရုံမှတစ်ဆင့် ဟာဗားနားမြို့ရှိ ဈေးသို့ ပို့ပေးရမည့် ရေခဲတင်ကားကြီးများကို အသင့်စောင့်နေကြသည်။ ငါးမန်းများကို ရလာသော တံငါတို့မှာ ထိုငါးမန်းများကို တစ်ဖက်ပင်လယ်ကွေ့ရှိ ငါးမန်းဆီ ချက်သော ဌာနသို့ သယ်ဆောင်သွားကြ၏။ ထိုနေရာ၌ ငါးမန်းများကို ဇောက်ထိုးဆွဲ၍ ငါးမန်းတောင်များကို ဖြတ်၍ လည်းကောင်း၊ သည်းခြေ များကို ထုတ်၍ လည်းကောင်း၊ အရေခွံကို ခွာ၍ လည်းကောင်း၊ အသားများကို ဆားနယ်ရန် လည်းကောင်း ခွဲခြား၍ ယူကြသည်။

လေသည် အရှေ့ဘက်မှ တိုက်ခတ်လာသောအခါ ငါးမန်းစက်ရုံ ဆီမှ စူးဝါးသောအနံ့များ ပါလာတတ်သည်။ သို့သော် ယနေ့မူကား မြောက်ဘက်သို့ လေတိုက်နေသဖြင့် ထိုအနံ့မျိုး အနည်းငယ်သာ ရရှိသည်။ ဘီယာဆိုင် တစ်ဝိုက်မှာလည်း နေသာလျက် ရှိသည်။

“ဒီမှာ အဘဆန်တီယာဂို” ဟု သူငယ်ကလေးက ခေါ်လိုက်သည်။

“ဟေ ဘာလဲ” ဟု အဘိုးကြီးက ပြန်ထူးလိုက်သည်။ သူသည် ဘီယာခွက်ကို ကိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်များကို စဉ်းစားနေခြင်း ဖြစ်သည်။

'အဘ မနက်ဖြန်ခါ ငါးဖမ်းဖို့အတွက် ဆာဒင်းငါးလေးတွေ ကျွန်တော်သွားယူလိုက်မယ်လေ”

'ဟေ့အေး၊ မယူပါနဲ့ကွာ။ မင်း ဘောလုံးသာ သွားကစားပါ။ ငါလှေလှော်နိုင်ပါသေးတယ်။ ရိုဂယ်လီယိုကို ကွန်ပစ်ခိုင်းမယ်”။

“ကျွန်တော်လည်း လိုက်ချင်တယ် အဘရယ်၊ အဘနဲ့ အတူတူ ငါးဖမ်း မထွက်ရရင်တောင် အဘကို တစ်နည်းနည်းနဲ့တော့ လုပ်ကိုင်ပေး ချင်ပါတယ်”။

“မင်း ငါ့ကို ဘီယာဝယ်တိုက်ပြီးပြီပဲကွ။ မင်းဟာ လူလားမြောက်တဲ့ လူတစ်ယောက် ဖြစ်နေပါပြီ” ဟု အဘိုးအိုက ပြောလိုက်သည်။

“ဒါနဲ့ အဘ ကျွန်တော့်ကို လှေနဲ့ ပထမဆုံး ခေါ်သွားတုန်းက ကျွန်တော့်အသက် ဘယ်လောက်ရှိပြီလဲ ဟင်"

“ငါးနှစ် ရှိပြီကွ။ ငါ ဖမ်းလို့ရတဲ့ ငါးကြီးတွေကို လတ်လတ် ဆတ်ဆတ် လှေပေါ်ဆွဲတင်လိုက်တော့ ငါးကြီး အမြီးခတ်လိုက်တာ မင်းတောင် ကံကောင်းလို့ မသေတယ်၊ လှေဝမ်းလည်း ကံကောင်းလို့ မကွဲ တယ်။ အဲဒါကို မင်း မှတ်မိသေးလား'

“အင်း... ကျွန်တော် မှတ်မိတာကတော့ ငါးကြီး ငါးဖယ်လုံး လူးပြီး လှေထဲမှာ ဝရုန်းသုန်းကား ဖြစ်နေတာရယ်၊ ငါးကြီးကို အဘက ထုရိုက်နေတဲ့ အသံရယ်ပဲ။ အဘက ကျွန်တော့်ကို လှေဦးက ကြိုးပုံဘက်ကို ပစ်တင်ပေး လိုက်တာ မှတ်မိသေးတယ်။ အဲဒီအချိန်မှာ အဘဟာ သစ်ပင်ကြီးကို ခုတ်လှဲ ပြီး အပိုင်းပိုင်း ဖြတ်နေသလိုငါးကြီးကို လုပ်နေတာများ ငါးစိမ်းငါးစိုနံ့တွေ ခုထက်ထိ ကျွန်တော် ရနေသေးတယ်။ သွေးတွေလည်း ကိုယ်မှာ ပေလို့ဗျာ”

“အဲဒါတွေကို မင်း တကယ် မှတ်မိတာလား၊ ဒါမှမဟုတ် ငါ မင်းကို ပြန်ပြောပြထားတာတွေ များလားကွာ”

“ကျွန်တော်တို့ ပထမဆုံး အတူတူ ငါးဖမ်းထွက်တဲ့ နေ့ကစပြီး ဖြစ်ပျက်ခဲ့ဖူးတာတွေကို အကုန် မှတ်မိပါတယ် အဘရ"

အဘိုးကြီးက သူငယ်ကလေးအား နေလောင်ထားသော မျက်လုံးဖြင့် ချစ်ခင်တွယ်တာစွာ ကြည့်လိုက်သည်။

“မင်းသာ ငါ့သား ဖြစ်ရင်ကွာ၊ ငါပင်လယ်ထဲကို နေ့တိုင်း ခေါ် သွားမယ်။ မင်းကံနဲ့ငါ့ကံ ဖြစ်လိုရာဖြစ်ဆိုပြီး လွှဲထားချင်ပါတယ်။ မင်းက မင်းအဖေ၊ မင်းအမေတို့ရဲ့ သားကိုး။ ပြီးတော့ မင်းက လှေဦးစိုတဲ့လှေနဲ့ လိုက်နေရတာပဲကွာ” 

“ဒါနဲ့ ကျွန်တော် ဆာဒင်းငါးလေးတွေ သွားယူလိုက်ရမလား အဘ။ ငါးမျှား လေးချိတ်စာလောက် ဘယ်မှာရမယ်ဆိုတာလည်း ကျွန်တော် သိပါ တယ်” ။

“ငါ့မှာလည်း ဒီနေ့ကျန်တာတွေ ရှိပါသေးတယ်ကွာ၊ ငါးကလေး တွေကို ဆားသိပ်ထားခဲ့ပါတယ်” ။

“နောက်ထပ် လေးခုစာတော့ ကျွန်တော် ရှာပေးပါရစေဗျာ”

“တစ်ခုစာဆို တော်ပါပြီကွာ”ဟု အဘိုးအိုကပြောလိုက်၏။ အဘိုး အိုတွင် ယုံကြည်ချက်၊ မျှော်လင့်ချက်တို့သည် ဘယ်အခါမှ ကုန်ခန်းသည် မရှိပေ။ ပင်လယ်လေညင်းများ ထန်လာသောအခါ၌ ထိုမျှော်လင့်ချက် တို့သည် လန်းဆန်း သစ်လွင်၍ပင် လာရသည်။

‘နှစ်ခုစာဆိုရင်ကောဗျာ” သူငယ်ကလေးက ပြောသည်။

“အေးလေ၊ နှစ်ခုစာဆိုလည်း ယူခဲ့ပေါ့” ဟု အဘိုးကြီးက သဘောတူ လိုက်သည်။

 'ဒါပေမဲ့ မင်း ခိုးဝှက်တော့ လာမှာ မဟုတ်ပါဘူးနော်” ။

'အဲဒီလို လုပ်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဝယ်လာမှာပါ အဘရဲ့'

“ကျေးဇူးပါပဲကွာ' ဟု အဘိုးအိုက ပြောလိုက်သည်။ သူသည် စိတ် ငယ်စရာ ကြုံသောအခါ၌လည်း မည်သို့မျှ လှုပ်ရှားခြင်း မဖြစ်တတ်အောင် ကျင့်သားရခဲ့ပြီး ဖြစ်သည်။ စိတ်ငယ်စရာ၊ နှိမ့်ချစရာ ကြုံရရုံဖြင့် ဂုဏ် မငယ်နိုင်၊ တကယ့်ဂုဏ်သိက္ခာကို မဆုံးရှုံးနိုင်ဟု သူသဘောပိုက်ထားသည်။

“ဒီရေအတိုင်းသာ ဆိုရင်တော့ မနက်ဖြန်ခါ နေ့ကောင်းတစ်နေ့ ဖြစ်မှာပဲကွ”ဟု သူက ပြောသည်။

“မင်းသာ ငါ့သား ဖြစ်ရင်ကွာ၊ ငါပင်လယ်ထဲကို နေ့တိုင်း ခေါ် သွားမယ်။ မင်းကံနဲ့ငါ့ကံ ဖြစ်လိုရာဖြစ်ဆိုပြီး လွှဲထားချင်ပါတယ်။ မင်းက မင်းအဖေ၊ မင်းအမေတို့ရဲ့ သားကိုး။ ပြီးတော့ မင်းက လှေဦးစိုတဲ့လှေနဲ့ လိုက်နေရတာပဲကွာ” 

“ဒါနဲ့ ကျွန်တော် ဆာဒင်းငါးလေးတွေ သွားယူလိုက်ရမလား အဘ။ ငါးမျှား လေးချိတ်စာလောက် ဘယ်မှာရမယ်ဆိုတာလည်း ကျွန်တော် သိပါ တယ်” ။

“ငါ့မှာလည်း ဒီနေ့ကျန်တာတွေ ရှိပါသေးတယ်ကွာ၊ ငါးကလေး တွေကို ဆားသိပ်ထားခဲ့ပါတယ်” ။

“နောက်ထပ် လေးခုစာတော့ ကျွန်တော် ရှာပေးပါရစေဗျာ”

“တစ်ခုစာဆို တော်ပါပြီကွာ”ဟု အဘိုးအိုကပြောလိုက်၏။ အဘိုး အိုတွင် ယုံကြည်ချက်၊ မျှော်လင့်ချက်တို့သည် ဘယ်အခါမှ ကုန်ခန်းသည် မရှိပေ။ ပင်လယ်လေညင်းများ ထန်လာသောအခါ၌ ထိုမျှော်လင့်ချက် တို့သည် လန်းဆန်း သစ်လွင်၍ပင် လာရသည်။

‘နှစ်ခုစာဆိုရင်ကောဗျာ” သူငယ်ကလေးက ပြောသည်။

“အေးလေ၊ နှစ်ခုစာဆိုလည်း ယူခဲ့ပေါ့” ဟု အဘိုးကြီးက သဘောတူ လိုက်သည်။

 'ဒါပေမဲ့ မင်း ခိုးဝှက်တော့ လာမှာ မဟုတ်ပါဘူးနော်” ။

'အဲဒီလို လုပ်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော် ဝယ်လာမှာပါ အဘရဲ့'

“ကျေးဇူးပါပဲကွာ' ဟု အဘိုးအိုက ပြောလိုက်သည်။ သူသည် စိတ် ငယ်စရာ ကြုံသောအခါ၌လည်း မည်သို့မျှ လှုပ်ရှားခြင်း မဖြစ်တတ်အောင် ကျင့်သားရခဲ့ပြီး ဖြစ်သည်။ စိတ်ငယ်စရာ၊ နှိမ့်ချစရာ ကြုံရရုံဖြင့် ဂုဏ် မငယ်နိုင်၊ တကယ့်ဂုဏ်သိက္ခာကို မဆုံးရှုံးနိုင်ဟု သူသဘောပိုက်ထားသည်။

“ဒီရေအတိုင်းသာ ဆိုရင်တော့ မနက်ဖြန်ခါ နေ့ကောင်းတစ်နေ့ ဖြစ်မှာပဲကွ”ဟု သူက ပြောသည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)