Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

မောင်ဆက်ပိုင် - စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်လက်စွဲ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out
Type

အောင်မြင်မှုကို ကြိုတင်ပြီး မမျှော်လင့်ပါနှင့်

         စွန့်ဦးတီထွင်ခြင်းဟာ တာတိုအပြေးပြိုင်ပွဲမျိုးမဟုတ်ဘဲ တာဝေး အပြေးပြိုင်ပွဲနဲ့ ဆင်တူပါတယ်။ သင်ပြုလုပ်မယ့် အလုပ်တစ်ခုအတွက် သင့်မှာ ကောင်းမွန်တဲ့ အမြင်တစ်ခုအပြင် သင်နဲ့ သင့်ရဲ့ အဖွဲ့ အစည်း အတွက်ပါ အခြေအနေ၊ အချိန်အခါကောင်းမျိုး ရရှိပိုင်ဆိုင်နေသော်ငြား လည်း မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေစမြဲပါပဲ။

         သင့်ဖောက်သည်ရဲ့ သဘောတူညီမှုနှုန်းဟာ သင်မျှော်လင့်ထား တာထက် နှေးကွေးနေမယ်ဆိုရင် သင့်ဖောက်သည်အပေါ် ကူညီပံ့ပိုးမှုမှာ အချိန်ဘယ်လောက်၊ လူအင်အား ဘယ်လောက်သုံးသင့်သလဲဆိုတာကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ တီဗီမှာပြသတဲ့ ကြော်ငြာ တွေဟာ သင့်ကို မက်လုံးတွေ ပေးနိုင်ပါတယ်။ ဘာပဲပြောပြော သင့်ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်တယ်ဆိုတာ အလျင်အမြန် ကြီးပွားချမ်းသာဖို့အတွက်တော့ တော်တော်လေးကို ဆိုးရွားတဲ့ နည်းလမ်း တစ်ခုပါပဲ။

         ဘာပဲဖြစ်ဖြစ် အဓိကအရေးကြီးတာက ရေရှည်ကိုကြည့်တတ် ဖို့ရယ် သင့်ဆုံးဖြတ်ချက်ကို ယိမ်းယိုင်မသွားဖို့ရယ်ပါ။ သင့်ရဲ့ ထုတ်ကုန် ပစ္စည်းအပေါ်၊ သင့်ရဲ့ အဖွဲ့ အစည်းအပေါ်နဲ့ သင့်ကိုယ်သင်အပေါ်မှာ ယုံကြည်မှုရှိပါ။ အပေါ်ယံ ကောင်းကွက်တွေ၊ သင့်ကို စိတ်ဓာတ် တက် ကြွစေမယ့် ခဏတာအောင်မြင်မှုတွေအပေါ်ကိုတော့ မှီခိုခြင်းမပြုပါနဲ့။

သမိုင်းကြောင်းကိုလျစ်လျူမရှုပါနှင့်

         စွန့်ဦးတီထွင်သူတိုင်းဟာ သူတို့ကိုယ်သူတို့ တစ်မူထူးခြားပြီး ပြည့်စုံကောင်းမွန်တယ်လို့ မှတ်ယူတတ်ကြသလို သူတို့ထက်အရင် အခြားသူတွေလည်း အဲဒီလိုမျိုး ကြိုးစားခဲ့ကြပြီး ရှုံးနိမ့်ခဲ့ကြတာပါ။

         အဲဒီလို ရှုံးနိမ့်ခဲ့ကြတဲ့ ကုမ္ပဏီတွေကို ခေါင်းထဲက ဖယ်ထုတ်ပစ် မယ့်အစား သူတို့တွေထံကနေ ဘယ်လိုအရာတွေ လေ့လာသင်ယူနိုင် မလဲဆိုတာကို ကြိုးစားအားထုတ်သင့်ပါတယ်။ သူတို့ ဘယ်နေရာတွေ မှာ မှားခဲ့သလဲ။ သူတို့ထုတ်ကုန်တွေရဲ့ အားသာချက်တွေကို လိုက်လံ ရှင်းပြနေတဲ့နေရာမှာ မှားယွင်းတဲ့အလုပ်မျိုး လုပ်ခဲ့သလား။ သူတို့မှာ စွန့်စားပြီး အရောင်းအဝယ်ပြုလုပ်ဖို့အတွက် ငွေကြေးမရှိလို့လား။ ဒါမှမဟုတ် စီမံအုပ်ချုပ်တဲ့အဖွဲ့ ဟာ အတွေ့အကြုံနည်းပါးလို့လားစတဲ့ အချက်တွေပဲဖြစ်ပါတယ်။

         အဓိကအရေးအကြီးဆုံးအချက်ကတော့ ငါကကော ဘယ်လိုမျိုး မတူကွဲပြားနိုင်မလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ ငါဟာသူတို့ထက်ပိုပြီး ထက်မြက်လို့ပဲဆိုတဲ့ အမျိုးကတော့ ကောင်းတဲ့အဖြေ မျိုး မဟုတ်ပါဘူး။

         Ivy League ကနေ ဘွဲ့ တွေရထားတဲ့သူတွေ၊ ဉာဏ်ကြီးရှင် အဆင့်ရှိတဲ့ ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားတဲ့လူတွေ စတင်ခဲ့တဲ့ စီးပွားရေး တွေဟာလည်း ကျရှုံးခဲ့ကြဖူးပါတယ်။ အကယ်လို့ သင်ဟာ စွန့်ဦးတီထွင် သူတစ်ဦးအနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် အခြားသော စွန့်ဦးတီထွင် သူများရဲ့ ကျရှုံးမှုတွေကို လေးလေးနက်နက် သုံးသပ်သင့်ပါတယ်။

ငွေဟာအရာအားလုံးကိုဖြေရှင်းနိုင်တယ်လို့မယူဆပါနှင့်

         လုပ်ငန်းတစ်ခုရဲ့ စတင်ပျိုးထောင်ဆဲ ဝဲဂယက်ထဲမှာ ပိုက်ဆံဟာ ကုမ္ပဏီရဲ့ ပြသနာတွေအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ မကောင်းတဲ့ ယုံကြည်ချက်တစ်ခုရှိပါတယ်။ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာမျိုးတွေမှာပေါ့။ အဲဒီယုံကြည်မှုဟာ မကောင်းတဲ့အပြင် အဲဒီလို တွေးခေါ်မှု မျိုးဟာ ထူးခြားတဲ့အရည်အသွေးမျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေ အပေါ် များစွာထိခိုက်နစ်နာစေတယ်ဆိုတာ လွန်ခဲ့သော ဆယ်စုနှစ်ခန့် ကတည်းကပါ။

         မှန်ပါတယ်။ ငွေအရင်းအနှီးဆိုတာ စွန့်ဦးတီထွင်ခြင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ အသုံးပြုဖို့က ပိုပြီး အရေးပါပါတယ်။ အဲဒီ ငွေအရင်းအနှီးကို အသုံးပြုဖို့ရာ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ်လုပ်ချင်တဲ့အရာရဲ့ ပုံစံငယ်ကို အရင်ပြုလုပ်ပြီးမှ အလုပ်ဖြစ်မဖြစ်စမ်းသပ်ကာ အကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။ သင်ဟာ သေးငယ်ပြီး၊ အကျိုးသက်ရောက်မှုရှိတဲ့အပြင် ရလဒ်ကောင်းတွေပေးနိုင်တဲ့ အင်ဂျင်တစ်လုံးကို တည်ဆောက်လိုက်ပြီဆိုပါစို့၊ ဒါပေမဲ့ သင်ဟာ အဲဒီအင်ဂျင်လေးကို ရလဒ်ကောင်းတွေ ပိုလိုချင်လို့ သူ့မှာ အသုံးပြုရမယ့် လောင်စာဆီအစား အာကာသယာဉ်မှာ အသုံးပြုတဲ့လောင်စာဆီကို ထည့်သွင်းအသုံးပြုလိုက်မယ်ဆိုရင်တော့ အဲဒီ အင်ဂျင် လေးကို ပျက်စီးစေနိုင်သလိုပဲ သင့်လုပ်ငန်းနဲ့ မကိုက်ညီသေးတဲ့ အလုပ် တစ်ခုကို သင်လုပ်မိပြီဆိုလျှင် သင့်လုပ်ငန်းမှာ ရှိနေပြီးသား ပြဿနာ တွေကို ပိုမိုဆိုးရွားစေပါလိမ့်မယ်။ အဲဒီပြဿနာတွေရဲ့ အရွယ်အစား ကြီးမားလေလေ သင့်အတွက် အလျော်အစားကြီးမားလေပါပဲ။