Skip to product information
1 of 7

Other Websites

မောင်စူးစမ်း - ဘာဂါနော်မစ်နှင့်စီးပွားရေးဆောင်းပါးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဘာဂါနော်မစ်

          ပထမတော့ အပြောင်အပျက်လို သဘောထားပြီး တွက်ချက် ကြည်ခြင်းဖြစ်၏။ နောက်တော့ တကယ့် သီအိုရီနည်းအရ တွက် ချက်ကြည့်သည့်အခါ ပေါ်ပေါက်သော အဖြေရလဒ်တို့နှင့် သိပ်မ ကွာသည်ကို တွေ့ရှိရ၍ ဤနည်းကို ၁၉၈၆ ခုနှစ်က စပြီး အသုံးပြု လာကြရာ ယခု တွင်ကျယ်နေသည်။

          ဤနည်းကို ဘာဂါနော်မစ်ဟု ခေါ်သည်။ အမေရိကန်ပြည် မက်ဒေါနယ်ကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော အသားညှပ်ပေါင် မုန့် ဟမ်ဘာဂါကို အစွဲပြု၍ ခေါ်ခြင်းဖြစ်၏။ မက်ဒေါနယ် ဟမ်ဘာ ဂါသည် နိုင်ငံပေါင်း ၆၆ နိုင်ငံတို့တွင် သက်ဆိုင်ရာနိုင်ငံတို့မှ ပြည် တွင်းပစ္စည်းတို့ကို အသုံးပြု၍ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပေ သည်။

          ၆၆ နိုင်ငံဆိုသည်မှာ မနည်းပေ။ ရှေ့ဆက်ပြီး နိုင်ငံအတော် များများတွင် တိုးချဲ့ပြီး ရောင်းချဖို့ အလားအလာလည်း ရှိနေသည်။ မက်ဒေါ်နယ်၏ ဟမ်ဘာဂါကို (Big Mac)ဟု ခေါ်ကြသည်။ မက်ကြီးပေါ့။ ဒေါ်လာကဲ့သို့ ကမ္ဘာအနှံ့ ပျံ့နှံ့သည့် အာဂ ဟမ်ဘာဂါ ပါတည်း။

          နိုင်ငံအသီးသီးမှ ငွေကြေးတို့တွင် နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းများ ကိုယ်စီရှိကြသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း ဆိုသည်မှာအကြမ်းဖျင်း ပြောလျှင် သက်ဆိုင်ရာ ငွေကြေးတို့၏ ဝယ်အားကို အသီးသီး အပြန်အလှန် ထင်ဟပ်ခြင်းသာ ဖြစ်၏။

          နိုင်ငံအသီးသီး၏ ငွေကြေးတို့၌ နိုင်ငံခြားငွေ လဲလှယ်ရေး နှုန်းများ အမျိုးမျိုး ရှိကြသည်ကို လူတိုင်းလို သိနေကြပါပြီ။ ဤ နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ မည်သို့ ပေါက်သည်၊ အဘယ့်ကြောင့် ပေါက်သည် စသည်တို့ကို ဤနေရာ၌ ခေတ္တ ဘေးချိတ် ထားလိုက်ပါ။ မေ့ထားလိုက်ပါ။

          အာရုံစိုက်ပြီး စဉ်းစားရမည့် ပြဿနာမှာ နိုင်ငံအသီးသီးမှ ငွေကြေးတို့၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတို့သည် တန်ဖိုးအမှန် အတိုင်း ထင်ဟပ်၏၊ မထင်ဟပ်၏၊ တန်ဖိုးအမှန်ထက် ပိုနေသလော၊ သို့တည်းမဟုတ် တန်ဖိုးအမှန်အောက် လျော့နေသလော စသည့် ကိစ္စတို့သာ ဖြစ်ပါသည်။ ဖော်ပြပါ မေးခွန်းတို့ကို ပညာစကားနှင့် (equilibrium price, overvaluation, undervaluation) စသည်ဖြင့် ခေါ်ကြပါသည်။

          အဲဒီကိစ္စတွေ စဉ်းစားဖို့ရာအလို့ငှာ ပေါင်မုန့် အသားညှပ် ဟမ်ဘာဂါက ဘာ့ကြောင့် ဝင်ရှုပ်လာရသနည်းဟု မေးစရာ ရှိလာ ပါသည်။ မေးလည်း မေးလိုက်၏။

          အရင်တုန်းကဆိုလျှင် ကြားဖူးကြပါလိမ့်မည်။ ငွေတန်ဖိုးတို့ ကို ရွှေဖြင့် ချိန်စက်ကြည့်ကြသည်ဟူ၍။ တကယ်လည်း ရွှေကို အခြေခံပြီး နိုင်ငံအသီးသီး၏ ငွေကြေးတို့ကို တန်ဖိုးဖြတ် ကြည့်ခဲ့ကြ ပါသည်။ ရွှေစံချိန်စနစ် (Gold Standard) ဟူ၍လည်းကောင်း၊ ရွှေလဲလှည်နှုန်းစံချိန်စနစ် (Gold Exchange Standard) ဟူ၍ လည်းကောင်း အသီးသီး ခေါ်ဝေါ်ခဲ့ကြသည်။

          ယခု အပျော်သဘောဖြင့် မက်ဒေါ်နယ် ဟမ်ဘာဂါကို စံချိန် ထားပြီး နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးတို့ကို တန်ဖိုးဖြတ်ကြည့် လာကြပါသည်။ ဤသို့ တန်ဖိုးဖြတ်ကြည့်ခြင်းကို စွဲ၍ ဘာဂါနော် မစ်ဟု အပြောင်အပျက် နာမည်ပေးခြင်း ဖြစ်ကြသည်။ ဟမ်ဘာဂါ ကို ရွှေနှင့် အလားတူ စဉ်းစားခြင်း ဖြစ်ပေသည်။

          ဟော... ခုတော့ အပြောင်အပျက် တွက်နည်းက စနစ်တ ကျ တွက်နည်းကဲ့သို့ပင် အဖြေရလဒ်ချင်း မတိမ်းမယိမ်း ဖြစ်နေ သည့်အတွက် လေးလေးနက်နက် စဉ်းစားရတော့မည့်ကိန်းဆိုက် နေသည်။ ဤနည်းဖြင့် ၁၉၈၆ ခုနှစ်မှစ၍ တွက်ပြခဲ့ရာ ယခု ၁၉၉၃ ခုနှစ်အတွက်လည်း တွက်ပြပြီး ဖြစ်သည်။

          ဤကိစ္စအလို့ငှာ နိုင်ငံခြားငွေ လဲလှယ်ရေးနှုန်း သီအိုရီကို အနည်းငယ် ရှင်းရန် လိုမည်။ နိုင်ငံခြားငွေ လဲလှယ်ရေးဆိုင်ရာ သီအိုရီတွင် ပီသုံးလုံးဟူ၍ ရှိသည်။ Purchasing, Power, Parity ဟုခေါ် ကြသည်။ ပီသုံးလုံးမှာ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးတန်ဖိုးကို ဝယ်အား (purchasing power) ပေါ် အခြေခံ၍ တွက်ချက် ကြည့်ခြင်း ဖြစ်သည်။

          ပီသုံးလုံး သီအိုရီအရ နိုင်ငံနှစ်နိုင်ငံ၏ ငွေကြေးလဲလှယ်ရေး နှုန်းထားသည် ဤနှစ်နိုင်ငံ ငွေကြေးအသီးသီး၏ ဝယ်အားတို့ ညီမျှ မှုပေါ် အခြေခံ မူတည်ပေသည်။ ရှင်းလင်းအောင် ထပ်မံပြောရလျှင် နှစ်နိုင်ငံအတွင်းရှိ အလားတူသော ကုန်ပစ္စည်းနှင့် ဝန်ဆောင် မှု တစ်စုံတစ်စီးတို့ကို ခြင်းတစ်ခြင်းစီထဲ ထည့်ကြည့်ပါ။ ဤတစ်ခြင်း စီကို သက်ဆိုင်ရာငွေကြေးတို့ဖြင့် ဝယ်ခြမ်းကြည့်ပါ။ (က) နိုင်ငံက လည်း (က) နိုင်ငံကခြင်းကို (က) ငွေကြေးဖြင့် ဝယ်ကြည့်။

(ခ)နိုင်ငံကလည်း (ခ) နိုင်ငံက ခြင်းကို (ခ) ငွေကြေးဖြင့် ဝယ် ကြည့်။ ငွေဘယ်လောက်စီနှင့် ဝယ်လို့ရသလဲလို့ တွက်ကြည့်လျှင် (က) ငွေကြေးနှင့် (ခ) ငွေကြေးတို့ အရေအတွက်ကို ရပေမည်။ ဤအရေအတွက်သည်ပင် နှစ်နိုင်ငံငွေကြေးလဲလှယ်ရေးနှုန်း ဖြစ် ပေမည်။

          ဤသို့အားဖြင့် ဝယ်အားချင်း ညီမျှသော လဲလှယ်ရေးနှုန်းကို ချိန်ခွင်လျာ မှန်နှုန်းဟု ခေါ်ကြသည်။ လက်တွေ့အားဖြင့် အပြန် အလှန် ရောင်းဝယ်ဖောက်ကား ကြသောအခါ နှုန်းထားတို့သည် ယာယီအားဖြင့် ဟိုဘက် ဒီဘက် အပြောင်းအလဲ လှုပ်ရှားမှုများ ဖြစ်၏။ သို့သော် ရေရှည်၌ ဝယ်အားချင်း ညီမျှသည့်နှုန်း တစ်ဝိုက်စီ သို့ ရှေးရှု လှုပ်ရှားကြရမည်ဟု ဆို၏။

          ဘာဂါနော်မစ်သည် အထက်တွင် ဖော်ပြခဲ့သော ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု အမည်စုံတစ်စုံ သို့မဟုတ် တစ်စည်း (bundle) နေရာတွင် ဟမ်ဘာဂါကို အစားထိုးလိုက်ပေသည်။ ဟမ်ဘာဂါသည် ကမ္ဘာသုံးကုန် ဖြစ်လာပြီမို့ ဤသို့ ကုန်ပစ္စည်း အမည်ပေါင်းစုံတို့ကို တစ်စည်းတည်း စည်းကြည့်ရန် မလိုတော့ဟု ပြောလာကြသည်။ ဟမ်ဘာ ဂါကိုပင် ကိုယ်စားလှယ်အဖြစ် သုံးလျှင် ရနိုင်ပါပြီဟု ဆိုလာကြသည်။ ဟမ်ဘာဂါသည် ကမ္ဘာ့စံ ဖြစ်ပြီ။ ကမ္ဘာ့ကိုယ်စား လှယ် ဖြစ်ပြီ။

          မက်ကြီး ဘာဂါ၏ ပျမ်းမျှရောင်းဈေးနှုန်းသည် အမေရိကန် မြို့ကြီးလေးမြို့၌ ရောင်းခွန်အပါအဝင် ၂- ၂၈ဒေါ်လာ ဖြစ်ပါ သည်။ ဂျပန်နိုင်ငံတွင် ဘာဂါရောင်းဈေးသည် ၃၉၁ ယန်းဖြစ် သည်။ ဤဈေးနှုန်း နှစ်ခုကို စားကြည့်လိုက်ပါ။ ၁၇၁ ယန်းရမည်။ဤသည်ပင် မက်ကြီး ဘာဂါ၏ ပီသုံးလုံးတန်ဖိုး ဖြစ်ပေသည်။

          ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံတွင် တစ် ဒေါ်လာ တစ်ဒေါ်လာကို ၁၁၃ ယန်းနှင့် ဝယ်နိုင်သည်။ ပီသုံးလုံး တန်ဖိုးသည် အထက်တွင် ဖော်ပြသည့်အတိုင်း ၁၇၁ ယန်း ဖြစ်၍ လဲလှယ်ရေးနှုန်းသည် ၁၁၃ ယန်း ဖြစ်သောကြောင့် ဂျပန်ယန်းငွေ သည် ဒေါ်လာနှင့် လဲလှယ်ရာတွင် ၅၁ရာခိုင်နှုန်းပို၍ တန်ဖိုး ကြီးနေ၏။ စိတ်ဝင်စားသူများ တွက်ချက်ကြည့်ကြသည်။

          လောလောဆယ်၌ စီးပွားရေးပညာရှင်တို့သည် အမေရိကန် တစ်ဒေါ်လာလျှင် ယန်း၁၀၀နှုန်း ရောက်သည်အထိ ယန်းငွေတန် ဖိုး တက်သွားလိမ့်မည်ဟု ခန့်မှန်းထားကြ၏။ ဤသို့ ခန့်မှန်းရင်း ယင်းအချက်ကို ထည့်သွင်း စဉ်းစားနေကြရသည်။

          အထက်ဖေါ်ပြပါ ဂျပန်တွက်နည်းကဲ့သို့ပင် မက်ကြီး ဘာဂါ ရောင်းသော နိုင်ငံတိုင်းတို့အတွက်လည်း တွက်ချက်ကြည့်ကြပါ သည်။ ဤသို့ တွက်ချက်ရာ၌ ဘာဂါတစ်လုံးကို သက်ဆိုင်ရာ နိုင်ငံ အလိုက် ပြည်တွင်း ငွေကြေးဖြင့် ရောင်းဈေး၊ ဒေါ်လာဖြင့် ရောင်း ဈေး၊ အမှန်တကယ် ဖြစ်ထွန်းနေသော နိုင်ငံခြားငွေလဲလှယ်ရေး နှုန်း။ ဒေါ်လာ၏ ပီသုံးလုံးတန်ဖိုး စသည်တို့ကို တွက်ချက်ယူပါ သည်။ ဤသို့ ပြုပြီးသည့်နောက် နိုင်ငံအလိုက် ငွေကြေးလဲလှယ်ရေး နှုန်းထားတို့သည် တန်ဖိုးမည်မျှ ပိုပြနေသနည်း။ သို့တည်းမဟုတ် တန်ဖိုးမည်မျှ အောက်နိမ့်နေသနည်း စသည့် အချက်တို့ကို ထပ်မံ တွက်ချက် ယူကြပါသည်။ 

          ဤတွက်ချက်နည်းကို ဟမ်ဘာဂါစံနည်းဟု ခေါ်ကြသည်။ ရွှေစံချိန် နည်းကိုတုပခြင်း ဖြစ်၍ ဤသို့ခေါ်ခြင်း ဖြစ်တန်ရာသည်။

ပီသုံးလုံးတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းထား များ ချိန်ခွင်လျာ မှန်စေရန် “စံ” သဘောပင် ဖြစ်ပါ၏။ သို့ရာတွင် နိုင်ငံခြားငွေ လဲလှယ်ရေးနှုန်းတို့သည် ယခုအခါ၌ ပီသုံးလုံးမှုဖြင့် လှုပ်ရှားနေကြသည် မဟုတ်ပေ။ အခြားအကြောင်းတို့ဖြင့် ပြောင်း လဲလှုပ်ရှားနေကြခြင်း ဖြစ်သည်။

          အထူးသဖြင့် အတိုးနှုန်း အပြောင်းအလဲတို့သည် နိုင်ငံခြား ငွေ လဲလှယ်ရေးနှုန်းတို့ကို အလွန်ပင် ဗယောက်ဗယက် ဖြစ်စေပါ သည်။နိုင်ငံခြားငွေ လဲလှယ်ရေးနှုန်းနှင့် အတိုးနှုန်းမှာ ဆက်စပ်နေ ပေသည်။

သို့သော် နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံသူတို့သည် လည်းကောင်း၊ ငွေဈေးကစားသူတို့သည် လည်းကောင်း ဟမ်ဘာဂါပုံစံကို လျစ်လျူ မရှုရဲဘဲ ဖြစ်နေကြသည်။ ပေါ့သေးသေး သဘောမထားနိုင်ဘဲဘာဂါနော်မစ်ကို လေ့လာနေကြရသည်။ တစ်ဖက်ကလည်း အတိုး နှုန်း အပြောင်းအလဲကို မျက်ခြည်မပြတ် အာရုံစိုက် နေကြရသည်။

 

မြန်မာ့စီးပွားရေးဂျာနယ် 

အတွဲ ၁၊ အမှတ် ၁၃

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)