Skip to product information
1 of 11

Other Websites

မောင်စူးစမ်း - စျေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ(၂)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း (၁)
စားသုံးသူဈေးကွက်များနှင့် စားသုံးသူ၊ ဝယ်သူ အပြုအမူများ
 

          ဟာလေဒေးဗစ်ဆန်၏အသည်းနှလုံးမှာ ကဲ့သို့ ကုန်အမှတ်တံဆိပ် အပေါ် သစ္စာရှိမှု (Brand loyalty) သည် အနည်းငယ်မျှလောက်သာ ဖြစ်နိုင်သည်။ “ဟာလေ၏ ပရိသတ်သည် ကျောက်တုံးကျောက်ခဲကြီးကဲ့သို့ ခိုင်မာလှသည်” ဟု ဟာလေပြိုင်ဘက် ရာမာဟာ၏ အရောင်းဌာန ဒုတိယ ဥက္ကဋ္ဌဖြစ်သူက မှတ်ချက်ချသည်။ ရာမာဟာ၏ပရိသတ်သည် သူတို့၏ ကိုယ်ခန္ဓာတွင် ဆေးမှင်ကြောင်မထိုးကြပေ။ သို့ရာတွင် ဟာလေ မော်တော် ဆိုင်ကယ်စီးသူ ၄ဝဝ,ဝဝဝ ကျော်တို့သည် ဖလော်ရီဒါပြည်နယ် ဒေတန်နာ ကမ်းခြေ (Daytona Beach) သို့ လာရောက်ကြပြီး နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဟာလေဒေးဗစ်ဆန် (Bike Week)ပြိုင်ပွဲသို့ ချီတက်ပါဝင်ကြ သည်။ တစ်နိုင်ငံလုံးမှ ဘိုင်စကယ်စီးသူတို့သည် ဟာလေစက်ဘီး အပို ပစ္စည်းမျိုးစုံ သယ်ဆောင်လာကာ ဟာလေစပို့ရှပ်များကို ဝတ်ဆင်ကြ သည်။ သူတို့က “ဟွန်ဒါ စီးမည့်အစား ဟာလေကိုစီးမည်” ဟူ၍ ပြော ဆိုကြသည်။ သင်တန်းပြီးရင်လည်း အသက်          ဤသို့ စူးရှသော ခံစားမှုတို့ကို ခံစားလျက် ဟာလေဒေးဗစ်ဆန်သည် အလျင်အမြန်တိုးတက်လာသော ဟဲဗီးမော်တော်ဆိုင်ကယ်ဈေးကွက်ထဲ၌ ထိပ်တန်းနေရာကို ရယူခဲ့သည်။ ဟာလေ၏ ဟော့ဂ် "Hogs" သည် ယူအက်စ်မော်တော်ဆိုင်ကယ်ဈေးကွက်၏ ငါးပုံတစ်ပုံကို ရယူထားလျက် ရှိပြီး ဟဲဗီးဝိတ် ဆိုင်ကယ်ပစ္စည်းတို့၏ ဈေးကွက် ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည်။ အပိုပစ္စည်းနှင့် ဟာလေအရောင်းတို့မှာ မြန်မြန် ဆန်ဆန် မြင့်တက်လျက်ရှိသည်။

          စင်စစ်၌ နှစ်ပေါင်းများစွာ အပတ်တကုတ်လုပ်ကိုင်ကြိုးစားခဲ့မှုကြောင့် အရောင်း (sales)တို့သည် ရောင်းလိုအား (supply)ထက်ပင်ကျော်နေ ခဲ့သည်။ ဖောက်သည်တို့က မိုဒယ်အသစ်များအတွက် သုံးနှစ်လောက် ကတည်းက အမှာစာများ ပို့ထားကြသည်မှာလည်း မနည်းလှပေ။ အပြင် လမ်းပေါ်ပေါက်ဈေးသည် ကုမ္ပဏီကဖော်ပြသော ဈေးနှုန်းထက်ပင်များနေ သည်။ ဟာလေမော်တော်ဆိုင်ကယ်ကို ဆိုင်မှ ခုဝယ်ပြီး တခြားနေရာ၌ ပြန်ရောင်းလျှင်ပင် အတော်အမြတ်ရနိုင်ကြသည်။ ဟာလေဒေးဗစ်ဆန်၏ အစုရှယ်ယာတို့ကို ၁၉၈၆ ခုနှစ်၌ ထုတ်ရောင်းခဲ့ရာ တန်ဖိုးထက် ၇၁ဝဝ ရာခိုင်နှုန်း ပိုမိုဈေးပေါက်ခဲ့သည်။

         ဟာလေဒေးဗစ်ဆန်မှ ဈေးကွက်သမားတို့သည် ဖောက်သည်တို့နှင့် သူတို့၏ အပြုအမူတို့အကြောင်းကို အချိန်အများကြီးယူပြီး စဉ်းစားနေ ခဲ့ကြသည်။ သူတို့သည် သူတို့၏ ဖောက်သည်တို့သည် မည်သူတွေနည်း၊ သူတို့ ဘာတွေစဉ်းစားကြသနည်း၊ ဘယ်လိုခံစားကြသနည်း၊ သူတို့သည် ဟာလေဆိုင်ကယ်ကိုမှ ဘာကြောင့်ဝယ်ရသနည်း၊ စူဇူကီး၊ ဟွန်ဒါ၊ ရာမဟာ တို့ကို အဘယ်ကြောင့် မဝယ်ရသနည်း၊ ဟာလေဝယ်သူတို့သည် အဘယ့်ကြောင့် ဟာလေအပေါ် ပြင်းပြင်းထန်ထန် သစ္စာရှိရသနည်း စသည်ဖြင့် မေးခွန်းတွေထုတ်ကြသည်။ ဤမေးခွန်းတို့သည် ဟာလေပိုင်ရှင်တို့အတွက်ပင် အဖြေရအတော်ခက်လှပေသည်။ အဘယ့်ကြောင့် ဟာလေကိုဝယ်ရ သနည်းဆိုသော စေ့ဆော်ချက်ကို သေသေချာချာမသိပေ။ သို့ရာတွင် ဟာလေစီမံခန့်ခွဲမှုအဖွဲ့ သည် ဖောက်သည်တို့ကို နားလည်ရန်နှင့် သူတို့ အဘယ့်ကြောင့် ဟာလေမှဟာလေ ဖြစ်ရသနည်း ဆိုသော အချက်အပေါ် ဦးစားပေးစဉ်းစားကြသည်။

          ဟာလေကို ဘယ်သူစီးသလဲ။ ဟဲလ်အိန်ဂျဲလ် (Hell's Angles) အုပ်စုက စီးခြင်းမဟုတ်သည့်အတွက် အံ့အားသင့်စရာကောင်းသည်။ ခပ်တုတ်တုတ်ခိုင်ခိုင်၊ သားရေဂျာကင်ဝတ်ပြီး မော်တော်ဆိုင်ကယ်နှင့် လမ်းသလား ပုန်ကန်သူတို့သည် ဟာလေ၏ကျောရိုး ဝယ်သူပရိသတ်များ ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် မော်တော်ဆိုင်ကယ်တို့သည် စီးသူအမျိုးအစား အသစ်တို့ကို မွေးထုတ်ပေးလာသည်။ အသက်ကြီးသူ၊ ပို၍ချမ်းသာသူ၊ ပို၍ပညာတတ်သူတွေ စီးလာကြသည်။ ယခုအခါ ဟာလေသည် “ရာဘီ” rubbies (rich urban bikers) တို့ကို ပို၍ဆွဲဆောင်နေသည်။ ဟာလေ သည် သူပုန်တွေထက် မြို့ပြစီးသူတို့ကို ပို၍ဆွဲဆောင်နေသည်။ ဟာလေ) ဖောက်သည်တစ်ဦး၏ ပျမ်းမျှအသက်သည် ၄၃ နှစ်ရှိ၍ ပုံမှန်အိမ်ထောင်စု ဝင်ငွေ ဒေါ်လာ ၆၆ ၄ဝဝ ရှိသည်။ ဟာလေ၏ ခပ်ကြီးကြီးဇိမ်ခံကရူဇာ (cruisers) သည် ဤဆိုင်ကယ်အသစ် ဝယ်သူတို့အတွက် စီးရလွယ်ကူ သည်။ ဂုဏ်လည်းရှိသည်။ လက်ကောက်ဝတ် လှည့်ချင်သလို လှည့်နိုင် သည်။ ဈေးလည်းချိုသည်။

ဟာလေဒေးဗစ်ဆန်သည် ဆိုင်ကယ်အကောင်းစားတို့ကို ထုတ်လုပ် သည်။ အပြောင်းအလဲဖြစ်နေသော ဈေးကွက်နှင့် ဟန်ချက်ညီအောင်ပြု လုပ်သည်။ ကုမ္ပဏီသည် အရောင်းခန်းမတို့ကို ပို၍ တိုးတက်ကောင်း မွန်အောင် ကြံဆသည်။ ရောင်းပုံရောင်းနည်းကိုလည်း ပြင်ဆင်သည်။ သို့ရာတွင် ဟာလေဖောက်သည်တို့သည် အရည်အသွေးမြင့်ဆိုင်ကယ်ကိုဝယ်ယူခြင်းထက် ပိုသည်။ အရောင်းခေတ်စားမှုထက် ပိုသည်။ ဖောက်သည် တို့၏ ပို၍နက်နက်ရှိုင်းရှိုင်းရှိသော စေ့ဆော်မှုတို့ကို နားလည်ရန်အလို့ငှာ ဟာလေသည် ဖိုးကပ်စ်ဂရု (focus group)တို့ကို ဖွဲ့ သည်။ ဤဖိုးကပ်စ် ဂရုသို့ ဆိုင်ကယ်စီးသူများအား ဖိတ်ခေါ်ကာ ဟာလေဒေးဗစ်ဆန်နှင့် ပတ်သက်၍ သူတို့၏အမြင် သဘောထားခံစားမှုတို့ကို ရုပ်ပုံကားချပ်တို့ဖြင့် ဖော်ထုတ်ဆွေးနွေးစေသည်။ ထို့နောက် ဟာလေသည် မေးခွန်းလွှာများ စီ၍၁၆ဝဝဝ လောက်ရှိသော စစ်တမ်းတို့ကို စာတိုက်မှပေးပို့ခဲ့သည်။ ဤ မေးခွန်းလွှာတို့တွင် စံပြစိတ်ပညာ၊ လူမှုဗေဒ၊ လူဦးရေဆိုင်ရာမေးခွန်းတို့ ပါရှိကြသည်။ “ဟာလေသည် ဝက်ဝံတံဆိပ်ကြောင့်လား၊ ခြင်္သေ့တံဆိပ်ကြောင့်လား လူထုတွေကြားထဲ စံပြဖြစ်နေရသနည်း”ဆိုသော စိတ်ခံစားမှု မေးခွန်းမျိုးတို့ကိုလည်း ထည့်သွင်းပေးသည်။ သုတေသနအမျိုးမျိုး လုပ် ကြည့်သောအခါ ကျောရိုးဖောက်သည် (၈) မျိုးကို တွေ့ရသည်။ (၁) စွန့် စားမှုကိုနှစ်သက်သော ဖောက်သည်၊ (၂) ရှေးရိုးအစဉ်အလာသမား၊ (၃) စိတ်အာရုံမြန်သော လက်တွေ့သမား၊ (၄) ရေပန်းစားရာစတိုင်နောက် လိုက် ချင်သူ၊ (၅) ခရီးထွက်ဝါသနာပါသူ၊ (၆) အရင်းရှင်ပုံသဏ္ဌာန်ကြိုက် သူ၊ (၇) ခေါင်းအေးအေးထားနိုင်သော တစ်ကိုယ်တော်နှင့် (၈) တိုက်ကြက် လို ခွပ်ချင်သူများဟူ၍ဖြစ်သည်။ သို့ရာတွင် သူတို့အားလုံးသည် ဟာလေ ကို နှစ်သက်ရာ၌ တူညီသော အခြေခံအကြောင်းတို့ကြောင့် ဖြစ်သည်။ ၎င်းမှာ.. ဟာလေ မန်နေဂျာတစ်ဦးအဆိုအရ ဟာလေကို စွဲမက်ကြ သည်မှာ အမှီခိုကင်းမှု၊ လွတ်လပ်ရေးနှင့် ခွန်အားတို့ကြောင့် ဖြစ်သည်။ ဤအကြောင်းတရားတို့သည် ဟာလေ၏ လောကအလုံးစုံမှန် ဆွဲဆောင် မှု ဖြစ်သည်။

          ဤလေ့လာချက်တို့ကဘာပြသနည်းဆိုသော်ဟာလေဖောက်သည်တို့သည်မော်တော်ဆိုင်ကယ်သက်သက်ကို ဝယ်ယူရုံမဟုတ်ဘဲ သည့်ထက်အပိုဆောင်း၍ ဝယ်ယူနေကြခြင်း ဖြစ်ကြောင်းကို သက်သေထူပြနေသည်။ သူတို့သည် လိုက်ဖ်စတိုင်(ဘဝစတိုင်) တစ်ခု၏ ဖော်ပြချက်ကို ဝယ်ယူခြင်း ဖြစ်သည်။ သဘောထားအမြင်တစ်ခုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ စိစစ်သုံးသပ်သူတစ်ဦးပြောသလို ပြောရလျှင် “ဟာလေဆိုင်ကယ်ကို ပိုင် ဆိုင်ခြင်းသည် ရပ်ကွက်ထဲ၌ “အမိုက်ဆုံး၊ အခိုက်ဆုံး ငတိ” ဆိုသော ဂိုက်ကို ပေါ်လွင်စေသည်။ သင်သည် သွားဆရာဝန် ဖြစ်ကောင်းဖြစ် မည်။ စာရင်းကိုင်တစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သို့သော် မော်တော် ဆိုင်ကယ်ကြောင့် သင်၏ပါဝါကို အထူးပြုသွားစေသည်။ ဟာလေစီးသွား လျှင် သင်၏စိတ်ဓာတ် အသစ်ဖြစ်သွားသည်။ သင်၏ အမှီခိုကင်းမှုကို ကြေညာသလို ဖြစ်သွားသည်။ ဟာလေဆိုင်ကယ်ကို စက်နှိုးခြင်းသည် အင်ဂျင်ကို စက်နှိုးလိုက်ခြင်းထက်ပိုသည်။ အင်ဂျင်စက်သံသည် သင်၏ စိတ်ကူးစိတ်သန်းကို မီးပွားထွက်စေသည်။ ဟာလေကို ရောင်းသည်မှာ အိပ်မက်ကိုရောင်းခြင်း ဖြစ်သည်။ ဟာလေကို ဝယ်ယူခြင်းသည် လူ အများနှင့် တွေ့ဆုံရန် အဟန့်အတားကို ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။ သင်ကိုယ်တိုင်လည်း ကိုယ်ပိုင်ဖော်ထုတ်ချက်ကို သင်၏ စပေ့ (space) ထဲ၌ လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့်ရှိသွားသည်။

          “အဆင့်မြင့်ဟန်၊ လည်ချောင်းသံနှင့် ဟာလေ” ဆိုသော အိုင်ဒီယာ တို့အားလုံးက ဟာလေ၏မှော်ကို ဝိုင်းဝန်းအထောက်အကူပြုထားသည်။ ဤ“အမေရိကန်ဒဏ္ဍာရီ”ကို ပိုင်ဆိုင်ရခြင်းသည် သင့်အား ကြီးကျယ်မှု တစ်ခုခုကို ခံစားမိစေသည်။ ဟာလေမိသားစုဝင်တစ်ဦးကဲ့သို့ ခံစားမိစေ သည်။ ဟာလေတစ်စီးဝယ်ရန် သင်က စောင့်ဆိုင်းရသည်ဆိုသောအချက်မှာ တကယ်ရရှိခြင်းထက် ပို၍ကျေနပ်စရာကောင်းနေသည်။ တကယ်စင်စစ်၌ ကုမ္ပဏီက ပစ္စည်းထုတ်လုပ်မှုကို တမင်တကာပင် ကန့်သတ်ထားသည်။ “ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ ဝယ်လိုအားထက် တစ်စီးစီးလောက်တော့လျော့နေအောင် ထုတ်လုပ်ခြင်း ဖြစ်ပါတယ်”ဟု ဟာလေဒေးဗစ်ဆန် မန်နေဂျာချုပ်က ထုတ်ဖော်ပြောဆိုသည်။

          ဤကဲ့သို့သော ခိုင်မာသည့် ခံစားမှုနှင့် စေ့ဆော်မှုတို့အကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့သော ဟာလေ၏ ကြော်ငြာတွင် တွေ့ရှိနိုင်သည်။

ကြော်ငြာက အနီးကပ် လက်မောင်းတစ်ဖက်ကို ပြထားကာ လက်ရုံး ကြွက်သားတွင် ဟာလေဒေးဗစ်ဆန်၏ မှင်ရုပ်ကို ရေးသားထားသည်။ “မည်သည့်အရာကိုမဆို အခိုင်မာဆုံး သင်ခံစားမိသည့် နောက်ဆုံးအချိန် သည် မည်သည့်အချိန်နည်း” ဟူ၍ ရေးသားထားသည်။ ကြော်ငြာက ပြဿနာကို ဖော်ပြ၍ အဖြေကိုလည်း အကြံပြုထားသည်။

          နံနက်မိုးလင်း၍ အိပ်ရာမှနိုးသော် ဘဝလှုပ်ရှားမှု စပြီ။ လှုပ်ရှားမှု ပန်းတိုင်ရှိရာသို့ သယ်ယူမည့်အရာကို အသုံးပြုပါ။ တစ်ခါက စိတ်လှုပ်ရှား ဖွယ်ကောင်းသည့်အရာသည် ယခုအခါ တုံးကျော်သော လုပ်နေကျဖြစ်လာ သည်။ ဤသို့ပင် စတင်ခံစားရသည်။ ခြွင်းချက်ကား ဟာလေဒေးဗစ်ဆန်ကို သင်ရရှိထားသည့်အခါဖြစ်သည်။ တစ်စုံတစ်ခုက သင်၏အာရုံအား နှိုးဆွဘိသကဲ့သို့ ဖြစ်သွားသည်။ လှိုက်လှိုက်လှဲလှဲ မိုးခြိမ်းသံပေါ်လာသည်။

နောက်ခံကားချပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ရန် ငြင်းဆိုသည်။ ရုတ် ခြည်းဆိုသလို အရာတို့သည် ခြားနားကုန်တော့သည်။ ပို၍ ရှင်းရှင်း လင်းလင်း ဖြစ်လာပြီ။ တကယ့်သရုပ်မှန်အစစ်အဖြစ်လည်း ပိုမိုပီပြင် လာပြီ။ သည်အရာအားလုံးသည် တောက်လျှောက် တစ်လမ်းလုံး ဖြစ်ရ ပါမည်။ ခံစားမှုသည် ကိုယ်ရေးပီသသည်။ အချို့အတွက် ဟာလေတစ်စီး ကို ပိုင်ဆိုင်ရခြင်းသည် ပုဂ္ဂိုလ်ထင်ရှားမှု ဥပဓိရုပ် (individuality)ကို ပေါ်လွင်စေသည်။ တခြားသူတို့အတွက်မူ ဟာလေတစ်စီးကို ပိုင်ဆိုင်ရခြင်း သည် ခြံပေါက်အမွေအနှစ်၏ တစ်စိတ်တစ်ဒေသလို ခံစားရသည်။၁၉ဝ၃ ခုနှစ်ကစတင်၍ မီလ်ဝါကီး (Milwaukee) ဂိုဒေါင်တစ်ခု၌ မွေးဖွားခဲ့သောတွင် ဆွဲဆောင်မှုအကောင်းဆုံး စားသုံးသူဈေးကွက် ဖြစ်နေသည်။ ကမ္ဘာ့ စားသုံးသူဈေးကွက်တွင် လူဦးရေ ၆ဘီလျံရှိသည်။ ဤနှုန်းအတိုင်းသွား လျှင် ကမ္ဘာ့လူဦးရေသည် ၂၀၂၅ ခုနှစ်၌ ၈ဘီလျံအထိ ရှိလာမည်။

            ကမ္ဘာတစ်ဝှမ်းမှ စားသုံးသူတို့သည် အသက်အရွယ်၊ ဝင်ငွေ၊ ပညာ ရေး အဆင့်အတန်းနှင့် အရသာခံစားမှုတို့တွင် အလွန့်အလွန် ခြားနားကြ ကုန်သည်။ သူတို့သည် မယုံကြည်နိုင်လောက်အောင် ပစ္စည်းအမယ်မျိုးစုံ နှင့် ဝန်ဆောင်မှုမျိုးစုံ ဝယ်ကြသည်။ ဤစားသုံးသူတို့အချင်းချင်း မည် သို့ ချိတ်ဆက်မိကြပုံ၊ သူတို့ဝန်းကျင်တစ်ဝိုက် အခြင်းအရာတို့နှင့် ကမ္ဘာ တစ်ဝှမ်း ဆက်စပ်ပုံတို့သည် ကုန်စည်အမျိုးမျိုး၊ ဝန်ဆောင်မှုအမျိုးမျိုးနှင့် ကုမ္ပဏီအမျိုးမျိုးတို့ကို ရွေးချယ်မှုတွင် အကျိုးရိုက်ခတ်မှုများ ရှိပါသည်။ စားသုံးသူတို့၏ အပြုအမူတို့ကို ထိခိုက်ပြောင်းလဲစေနိုင်သော စိတ်ဝင် စားစရာကောင်းသည့် ဖက်တာ (factors)တို့ကို ယခု လေ့လာသုံးသပ် ထားပါသည်။

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)