Skip to product information
1 of 10

Other Websites

မောင်စူးစမ်း - စျေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ(၁)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အခန်း (၁)
 
ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ဈေးကွက်ရှာဖွေထူထောင်ခြင်း
ဖောက်သည်တန်ဖိုးနှင့် ကျေနပ်မှုကို ဖန်တီးခြင်း
 

            “Swoosh” “နေရာတကာ၌ ရောက်နေသည်”ဤစကားသည် ရှေး ဟောင်းဒဏ္ဍာရီမှ နတ်ဘုရားမ (the Greek goddess of victory) ကို ရည်ညွှန်းသည်။ အားကစား 'မဂ္ဂဇင်း၊ ဘတ်စကက်ဘောကစားပွဲ၊ ရုပ်မြင် သံကြား၊ ဂေါက်သီးကစားပွဲ ကြည့်ချင်တာကို ကြည့်လိုက်လျှင် နိုက်- NIKE ကိုတွေ့ ရမည်။ ၎င်းနှင့်အတူ Swoosh ကိုလည်း တွေ့ရမည်။ နိုက်၏ ကုန် အမှတ်တံဆိပ် ဘရင်း(န်)brand ပေတည်း။

နိုက်ဘရင်း(န်)၏ ခွန်အားနှင့်လိုဂိုတို့သည် နိုက်၏ ဈေးကွက်ရှာ စူပါကျွမ်းကျင်မှုကို အကျယ်ကြီး ပြောပြနေသည်။ နိုက်၏ မဟာဗျူဟာသည် နာမည်ကျော်အားကစားသမားတို့ကို ဗဟိုပြုရင်း မိမိပစ္စည်း အရည်အသွေးကိုအထူးတိုးတက်ကောင်းမွန်အောင် ကြိုးစားသည်။ ကြော်ငြာလှုပ်ရှားမှု၌ “လုပ် ကြည့်ပါ” “Just do it” ဆောင်ပုဒ်ကလည်း အားကစားဈေးကွက်ရှာဖွေမှု၏ မျက်နှာပြင်ကို အမြဲတမ်းပြောင်းလဲ ပေးနေသည်။

          နိုက်သည် နာမည်ကြီးတို့၏ထောက်ခံမှု (big name endorsement) တို့ဖြင့်လည်းကောင်း၊ တောက်တောက်ပြောင်ပြောင် ပြိုးပြိုးပြက်ပြက် အရောင်း မြှင့်တင်ရေးပွဲကြီးတို့ဖြင့် လည်းကောင်း၊ အာရုံစူးစိုက်မှု အများဆုံးရနိုင်သောကြော်ငြာလုပ်ငန်းတို့ဖြင့်လည်းကောင်း၊ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာကို အသုံးပြုခဲ့သည်။ နှစ်အတော်ကြာကြာ၌ နိုက်သည် အချို့သောနာမည် ကြီးဆုံးသူတို့နှင့် ဆက်နွယ်မိခဲ့သည်။ မည်သည့်အားကစားမျိုးကို ကြည့် ကြည့် သင်အနှစ်သက်ဆုံး အားကစားသမား တစ်ဦးဦးသည် နိုက်အမှတ် တံဆိပ် နိုက်ဆုရှ်ကိုသာ ဝတ်ဆင်နေရမည်ဖြစ်သည်။

          သို့ရာတွင် ကောင်းမွန်သော ဈေးကွက်ရှာဖွေမှုသည် အရောင်း မြှင့်တင်ရေးကို အကြီးအကျယ်ပြုလုပ်ခြင်းနှင့် ကတိစကားတို့ထက် လိုကြောင်း နိုက်က သိသည်။ ယင်းမှာ ဖောက်သည်တို့အား တန်ဖိုးအစစ်အမှန်တို့ ဖြည့် ဆည်းပေးရေးကို သိခြင်းဖြစ်သည်၊ နိုက်၏ ကနဦး အောင်မြင်မှုသည် အပြေး ဖိနပ်နှင့် ဘတ်စကက်ဘောဖိနပ်တို့ကို နည်းပညာအရ သာလွန်ကောင်း မွန်အောင် ထုတ်လုပ်နိုင်သောကြောင့် ဖြစ်သည်၊ ဤပစ္စည်းတို့သည် အား ကစားပစ္စည်းတို့တွင် တီထွင်ဆန်းသစ်မှုများ ရှားပါးမှုအပေါ် စိတ်ပျက်နေသော လေးနက်သည့် အားကစားသမားတို့အတွက် အတော် အဆင်ပြေသွားသည်။ ယနေ့အထိ နိုက်သည် ပစ္စည်းအမျိုးမျိုး တိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ အရေးတွင် ရှေ့ဆောင်နေသည်။

          နိုက်သည် မိမိဖောက်သည်တို့အား အားကစားဂီယာ ကောင်းဖြည့် စွမ်းသည်ထက်ပိုမိုအကျိုးဆောင်ပေးသည်။ မိမိ၏ website (www. nike. com) တွင် အလေးအနက် ဖော်ပြထားသလို “နိုက်သည် အမှန်တရားကို အမြဲ သိရှိသည်၊ ဖိနပ်အကြောင်းထက် ဖိနပ်က သင့်ကို ဘယ်ခေါ်ဆောင်သွား သနည်းဆိုသောအချက်၏ အမှန်တရားကို ပို၍ အလေးထားသည်။”

          ဖိနပ်၊ အသုံးအဆောင်ပစ္စည်းများနှင့် ကိရိယာတို့ကို ကျော်လွန်၍ နိုက်ကဘဝ နည်းလမ်းတစ်ရပ်၊ အားကစားယဉ်ကျေးမှုနှင့် “လုပ်ကြည့်ပါ" သဘောထားတို့ကိုလည်း ဈေးကွက်တင်သည်။ နိုက်ကို စတင်တည်ထောင် သူလည်းဖြစ်၊ စီအီးအိုလည်း ဖြစ်သော Phil Knight က ဤသို့ပြောသည် “အခြေခံအားဖြင့်ပြောရလျှင် ကျွန်တော်တို့၏ ယဉ်ကျေးမှုနှင့် ကျွန်တော် တို့၏ စတိုင်သည် သူ ပုန်တစ်ယောက်ဖြစ်ရန် ဖြစ်သည်။” ကုမ္ပဏီသည် အားကစားအပေါ် အမှန်တကယ်စိတ်အားထက်သန်မှုရှိသည်။ အစဉ်အလာကို လမ်းခွဲထွက်သည်။ ပြင်းပြင်းထန်ထန် အလုပ်လုပ်သည်။ လေးနက်သော အားကစားလုပ်ငန်းတို့တွင် ပါဝင်သည်။ နိုက်အကြောင်း မည်သူ့ကိုမဆို မေးကြည့်ပါ။ အဲသည်လူက ပြောပါလိမ့်မည်။ “နိုက်သည် အားကစားသမား တွေဖြစ်သည်။ အားကစားသမားသည် အားကစားစပို့(တ်) ဖြစ်သည်။ နိုက်သည် အားကစားစပို့(တ်) ဖြစ်သည်။”

          နိုက်သည် ဖောက်သည်တို့၏ ကိုယ်ခန္ဓာကို ဂရုစိုက်သကဲ့သို့ပင် သူတို့၏အသက်ကိုလည်း ဂရုစိုက်သည်။ အရောင်းမြှင့်တင် ရေးလုပ်ငန်း သက်သက်ကိုသာ လုပ်ဆောင်သည် မဟုတ်ပါ။ အားလုံးအကျိုးငှာ အားကစား လုပ်ငန်းများကိုလည်း မြှင့်တင်အားပေးသည်။ ဥပမာ-မကြာသေးမီက ထည့် သွင်းခဲ့သော “နိုက်-လုပ်ကြည့်ပါ”ကြော်ငြာစီးရီးတွင် အမျိုးသမီး အားကစား လှုပ်ရှားမှုတို့ကို ပြင်းပြင်းထန်ထန် ထောက်ခံထားသည်။ မိန်းကလေးနှင့် အမျိုးသမီးများအား ကစားလှုပ်ရှားမှုတွင် ပါဝင်ကြခြင်းအတွက်လည်း နိုက်က အကျိုးအမြတ်တွေ အများကြီးပေးခဲ့သည်။ နိုက်သည် သိပ်မထင်မရှားဖြစ်သည့် အားကစားနည်းတို့တွင်လည်း စီးပွားရေးအရ တွက်ခြေမကိုက်စေကာမူ ရင်းနှီး မြုပ်နှံသည်။ ဤသို့ ဆောင်ရွက်မှုတို့ကြောင့် နိုက်သည် အားကစားပစ္စည်း ကောင်းများ ထုတ်လုပ်သောကုမ္ပဏီ အဖြစ်သာမဟုတ်ဘဲ အများကို ဂရုစိုက် စောင့်ရှောက်သော ကုမ္ပဏီအဖြစ်လည်း ထူထောင်မိလာသည်။

          ဖောက်သည်တို့ကိုဂရုစိုက်စောင့်ရှောက်ခြင်းသည်နိုက်အတွက်လည်းအကျိုးအမြတ်ဝင်ငွေအတော်များများ ဝင်စေသည်။ ၁၉၉၇ခုနှစ်နောက်ဆုံးထားသော ဆယ်စုနှစ်တွင် နိုက်ဝင်ငွေသည် မယုံကြည်နိုင်လောက် သောနှုန်းအဖြစ် နှစ်စဉ် ၂၁ ရာခိုင်နှုန်းတိုး၍ ဝင် ခဲ့သည်။ ရင်းနှီးမြုပ်နှံသူတို့အား နှစ်စဉ်ပေးငွေမှာ ပျမ်းမျှ ၄၇ ရာခိုင်နှုန်း ရှိခဲ့သည်။ နိုက် “ဖလက်အောက်” သည် ကမ္ဘာ့အားကစား ဖိနပ်ဈေးကွက်ကို စိုးမိုးထားသည်။ ယူအက်စ်ဈေး ကွက်တွင် ၄၇ ရာခိုင်နှုန်း ရရှိထားရာ၊ အနီးစပ်ဆုံးပြိုင်ဘက် Reebok ၏ ဝေစုထက် နှစ်ဆရထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှား ဈေးကွက်၌ ၂၇ ရာခိုင် နှုန်း ရရှိထားသည့် နိုက်သည် ပစ္စည်းအမျိုးအစားအသစ်တွေကြားထဲ၊ အား ကစားမျိုးစုံကြားထဲ၊ ကမ္ဘာ့ဒေသအားလုံးထဲ ခပ်ကြမ်းကြမ်းဝင်ရောက် ထိုး ဖောက်သည်။ နှစ်အနည်းငယ်အတွင်း၌ နိုက်၏ အားကစားအဝတ်အစား တန်ဆာလုပ်ငန်းသည် နိုက်၏ နှစ်စဉ်ရောင်းရငွေ ဒေါ်လာ ၉.၅ ဘီလီယံ၏ လေးပုံတစ်ပုံအထိ ထောင်တက်သွားခဲ့သည်။ ထို့အပြင် နိုက်သည် မိမိ၏ ဆူ(ရှ်)လိုဂို အမှတ်တံဆိပ်ကို နေကာမျက်မှန်မှအစ ဘောလုံး၊ ဘက်တန် လက် အိတ်နှင့် ဟော်ကီအတံတို့အထိ ရိုက်နှိပ်ထားနိုင်သည်။ တစ်ဒါဇင်ခန့်ရှိသော အားကစားအမျိုးအစားအသစ်များဖြစ်သည့် ဘေ့(စ်)ဘော၊ ဂေါက်သီး၊ ရေခဲပြင်နှင့် လမ်းပေါ်ဟော်ကီ၊ စကိတ်၊ နံရံတက်နှင့် တောင်တက် စသည်တို့ ထဲသို့လည်း ထိုးဖောက်ဝင်ရောက်ခဲ့သည်။

          သို့သော် ၁၉၉၈ ခုနှစ်တွင် နိုက်သည် စီးပွားရေးကျဆင်းကာ၊ အရောင်းလျော့ကျခဲ့သည်။ ကုမ္ပဏီတွင် တွေ့ရသော အခက်အခဲတို့နှင့် ပတ် သက်၍ အကြောင်းမျိုးစုံရှိနေသည်။ တောင်တက်သော “ အညိုရောင် ဖိနပ် ခရေဇီ” နှင့် တင်ဘာလင် Timberland ကဲ့သို့သော အပြင်ထွက်ကစားသည့် နည်းလမ်းတို့သည် အားကစားသမားစနစ် လုပ်ငန်းထဲ တိုးဝင်လာသည်။ ပြိုင်ဆိုင်မှုကလည်း တိုးတက်ကောင်းမွန်လာရာ ပြန်လည်သန်စွမ်းအောင် ပြုလုပ် လာသည့် အာဒီဒက်(စ်)သည် အမေရိကား၌ အရောင်းထောင်တက်ခဲ့သည်။ သူ ထောင်တက်သဖြင့် နိုက်အရောင်း ကျသွားသည်။ ပို၍ဆိုးဝါးသွားသည့် အချက်မှာ တက္ကသိုလ်အသီးသီးမှ ကောလိပ်ကျောင်းသားတို့က နိုက်သည် အာရှ၌ ကလေးအလုပ်သမားတို့ကို ခေါင်းပုံဖြတ်သည်။ အားကစားကိုစီးပွားရေးဆန်အောင် သိပ်လုပ်လွန်းသည်ဆိုသော အကြောင်းပြချက်တို့ဖြင့် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြလာသောအချက်ဖြစ်သည်။

          သို့ရာတွင် နိုက်၏ အကြီးမားဆုံး အဟန့်အတား အခက်အခဲမှာ တစ်ခြားမဟုတ်။ မိမိ၏မယုံကြည်နိုင်လောက်အောင် ရရှိထားသောအောင် မြင်မှုပင် ဖြစ်ပါသည်။ အမေရိကားအပေါ် လိုအပ်တာထက်ပိုပြီး မြန်မြန်ဆန်ဆန် Swoosh က အရိပ်ထိုးထားသည်။ အမှတ်တံဆိပ် (brand) သည်ကြီးလွန်းသော အမှတ်တံဆိပ်၏ တန်ပြန်ရိုက်ခတ်ခြင်းကို ခံနေရသည်။ swoosh သည် အအေးခံလို့ မရလောက်အောင် ဘုံကိန်းဖြစ်နေသည်။ စိစစ်သုံးသပ်သူတစ်ဦး၏ အမြင်အရဆိုလျှင် တိုက်ဂါးဝုဒ်က နိုက်၏ ပစ္စည်းစုံဖြင့် ပွဲထွက်လာသောအခါ သူ့ကိုယ်ပေါ်၌ လိုဂိုတို့က ပြည့်နှက်နေသည်။ ဘယ်လောက်တောင် ပြည့်နှက် နေသနည်းဆိုလျှင် သူ ဇာထိုးစက်ထဲပိတ်မိ နေသလားလို့ပင် ထင်ရသည်။ နိုက်မှ မန်နေဂျာတစ်ဦးက “အေးဗျာ၊ swoosh တွေများလွန်းလို့ တန်ပြန်အရိုက်ခံရတာတော့ အနည်းငယ်ရှိသွားတယ်” ဟု ဝန်ခံသည်။ ထို့အပြင် အရောင်းတန်ဖိုး ဒေါ်လာကိုးဘီလျံရှိလာသောအခါ နိုက်သည် လမ်းဘေးမှ ပင်မရေစီး ကြောင်းထဲရောက်လာခဲ့သည်။ ယနေ့ဆိုလျှင်ကား နိုက်အတွက် ဇာစ်မြစ်ရှာဖွေခြင်းသည် မိုက္ကရိုဆော့(ဖ်)အတွက် ဇာစ်မြစ်ရှာဖွေခြင်းနှင့်တူနေပြီ။

          ဤပြဿနာတို့ကို ဖြေရှင်းရန်အလို့ငှာ နိုက်သည် မူလအခြေခံ တရားတို့ဆီ ပြန်လှည့်သည်။ ယင်းမှာ တီထွင်ဆန်းသစ်မှု၊ ပစ္စည်းအမျိုး အစားအသစ်လိုင်းဖော်ထုတ်ခြင်း၊ အမှတ်တံဆိပ်ခွဲများ ဖန်တီးခြင်း ( ဥပမာ မိုက်ကယ်ဂျော်ဒန် “ခုန်နေသောလူ” လိုဂိုလိုင်း တွင် အခွဲများဖန်တီးခြင်းနှင့် Swoosh ကို အလေးပေးမှုလျှော့ချခြင်း စသည်တို့ဖြစ်ကြသည်။ ဥပမာမကြာသေးမီက ထည့်သောကြော်ငြာတွင် ပစ္စည်း၏ ဆောင်ရွက်မှု အပေါ် ထပ်မံ focus လုပ်ထားပြီး၊ swoosh ကို အထင်ကရ မဖော်ပြဘဲ၊ နိုက်၏ စာသား လိုဂိုအမည်ဖြင့် အဆုံးသတ်ထားလိုက်သည်။ နိုက်သည် မိမိစရိတ်ကိုလည်း လျှော့ချရာ၊ ကြော်ငြာအသုံးစရိတ် ဖောဖောသီသီ သုံးစွဲခဲ့ခြင်းကိုလည်း လျှော့ချလိုက်သည်။ ဤခြေလှမ်းတို့သည် အလုပ်ဖြစ်ပုံရသည်။ နိုက်၏အမြတ်နှင့် စတော့ဈေးနှုန်းတို့သည် ပြန်တက်လာသည်။

          နိုက်သည် ဈေးကွက်သစ်ထဲသို့ ခပ်ကြမ်းကြမ်းဝင်သေးသည်။ အထူးသဖြင့် ပြည်ပဈေးကွက်တို့တွင် ဖြစ်သည်။ နိုက်၏ အမေရိကား ပြင်ပ ရောင်းရငွေသည် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ရှိလာသည်။ အမေရိကားတွင် လွှမ်းမိုးနိုင်သလို ကမ္ဘာနှင့်ချီပြီး လွှမ်းမိုးနိုင်ဖို့ဆိုလျှင် နိုက်သည် ဘောလုံးပွဲတွင် စိုးမိုးနိုင်ရမည်။ ဘောလုံးပွဲသည် ကမ္ဘာတွင်ပေါ်ပြူလာအဖြစ်ဆုံး အားကစား မဟုတ်ပါလား။ ဘောလုံးဈေးကွက်သည် မာလ်တီဘီလျံဒေါ်လာတန်ဖိုး ရှိလေရာ နိုက်၏ဝေစုသည် ၃ ရာခိုင်နှုန်း လောက်ပဲရှိသည်။ ယခုဆိုလျှင်ဘောလုံးပွဲသည် နိုက်၏ ထိပ်ဆုံးဦးစားပေးမှုဖြစ်နေပြီ။ နမူနာစံပြအနေ ဖြင့် နိုက်သည် ကမ္ဘာ့ဖလားဘောလုံးပွဲ ၂၀၀၂ ကို ဘောလုံးကန်ဖိနပ်၊ ခြေအိတ်၊ အဝတ်အထည်တန်ဆာနှင့် ပစ္စည်းများ နံပါတ်တစ်ထောက်ပံ့သူဖြစ်အောင် ပြုလုပ်မည်ဟု နောက်ဆုံးရက်ချိန်းထားသည်။

          ၂၀၀၂ ခုနှစ်တွင်၊ ထိပ်တန်းရောက်အောင် လှုပ်ရှားကြိုးပမ်းမှုသည် လွယ်ကူမည်တော့မဟုတ်ပေ။ ကမ္ဘာ့ဘောလုံးပွဲတို့ကိုအာဒီဒတ်(စ်)ကလွှမ်းမိုးထားခဲ့သည်မှာကြာပါပြီ။ဘောလုံးပွဲပစ္စည်းမျိုးစုံရောင်းသောကမ္ဘာ့ဘော လုံးပွဲဈေးကွက်တွင် အာဒီဒက်(စ်)က ၈ဝ ရာခိုင်နှုန်း ရရှိထားရာ အာဒီဒတ်(စ်) ၏ လွန်ခဲ့သောနှစ်ပေါင်း (၅၀)က ကြိုးပမ်းမှုမျိုးကို နိုက်က နှစ်အနည်းငယ်နှင့် ဝင်တိုးရပေမည်။ ရှေးဟောင်းဂန္တဝင်မြောက် “သင့် မျက်နှာကို တည့်တည့် ကြည့်သော ဈေးကွက်ရှာဗျူဟာ”ကို အသုံးပြုလျှက် နိုက်သည် ပြိုင်ဘက်တို့ အပေါ် တိုက်ခိုက်ရန် ဒေါ်လာသန်းပေါင်း ရာပေါင်းများစွာကို သုံးစွဲလျက် ရှိသည်။ နိုက်၏ ပိုက်ဆံအိတ်ဖွင့်ပြီး သုံးစွဲမှုသည် ကမ္ဘာ့ဘောလုံးလောကကို မိန်းမောတွေဝေစေသည်။ ထို့အပြင် နိုက်၏ ကျယ်ပြန့်သော အရင်းအမြစ်၊ အင်အားကြောင့် အားကစား၏ ဘောဂဗေဒသည် မြန်မြန်သွက်သွက် ပြောင်း လဲသွားနေပြီ။ ဥပမာ- အမ်ဘရို Umbroလက်ထဲမှနေ၍ ကမ္ဘာ့ဖလား ဘောလုံး ချန်ပီယံ ဘရာဇီးအသင်း၏ ဦးစီးမှုကို မှတ်တမ်းအမြင့်ဆုံး ဆယ်နှစ်လျှင် ဒေါ်လာသန်းပေါင်း ၂ဝဝ ပေး၍ လုယူနိုင်ခဲ့သည်။ ထိုနည်းတူစွာ အမေရိကားဘောလုံးအသင်းဦးစီးမှုကိုလည်း ဒေါ်လာသန်း ၁၃ဝ ပေး၍ ရယူထားသည်။

          ပြိုင်ဘက်တို့က နိုက်၏ကျဆင်းမှုသည် ဆက်လက်ဖြစ်နေလိမ့် မည်ဟု မျှော်လင့်နိုင်ကြသည်။ သို့သော်အနည်းငယ်လောက်ကသာ တကယ် ထည့်တွက်သည်။ အများကတော့ နိုက်၏ ဈေးကွက်ရှာနိုင်သော ကျွမ်းကျင်မှု တွင်အံ့အားသင့်နေကြသည်။ ဈေးကွက်သုံးသပ်သူ တစ်ဦးက ဤသို့ ဝေဖန် ပြသည်။ နိုက်သည် ကမ္ဘာတစ်လွှား၌ ကုတ်နှင့် မက်ဒေါ်နယ်တို့ကို လူတိုင်း သိသလို မဟာအမေရိကန်အမှတ်တံဆိပ်တို့အထဲတွင် တစ်ခုအပါအဝင် ဖြစ် နေသေးသည်။ ဖီလာFila ကြော်ငြာအဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူက “ကျွန်တော် တို့က ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစားကြိုးစား၊ ကျွန်တော်တို့ရဲ့ အသံက သူတို့ရဲ့ အသံ လောက်ကျယ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ သူတို့ဟာ သိပ်ခွန်အားကြီးပါတယ်” ဟူ၍လည်းကောင်း၊ ဘောလုံးပွဲနှင့် ပတ်သက်၍ ပူးမားနော့် အမေရိကား၏ ဥက္ကဌဖြစ်သူက “နိုက်၏ နည်းဗျူဟာသည် အပေါ်စီးနှင့်ပြင်းပြင်းထန်ထန် ပြုလုပ်တတ်သော်လည်း နိုက်၏ထိပ်တန်း ဈေးကွက်ရှာနည်းသည် အောင်မြင်မည်ဆိုသောအချက်၌ သံသယ မရှိနိုင်ပါ။ နိုက်က ဘောလုံးလောကကို စိုးမိုးချုပ်ထိန်း ထားပါလိမ့်မည်” ဟူ၍လည်း ကောင်း သုံးသပ်ပြကြသည်။ 

          ကမ္ဘာတစ်လွှား ဘောလုံးလောက သို့မဟုတ် အခြားလုပ်ငန်းတို့ တွင် အောင်ပွဲခံမှုတို့မှာ နိုက်က ချက်လက်မှတ်ကြီးကြီးတွေ ရေးပေးခြင်း ထက်ပိုသော အကြောင်းရှိပါသည်။ ထိပ်ဆုံးနေရာ၌ ဆက်လက် ထိန်းသိမ်း ထားရန်အလို့ငှာ နိုက်သည်အလားတူ အရည်အသွေး၊ တီထွင်ဆန်းသစ်မှုနှင့် အမေရိကားတွင် အလွန်ခွန်အားကောင်းသော အမှတ်တံဆိပ်ကို ထူထောင် ပေးသည့် တန်ဖိုးတို့ကို ဖြည့်ဆည်းပေးရပါဦးမည်။ တိုင်းပြည်တစ်ခု စီလိုက်၍ လေးစားမှုရရှိအောင် ကြိုးပမ်းရဦးမည်။ ထို့အပြင် ဈေးကွက် အသစ် တစ်ခုစီ တိုင်း၏ ယဉ်ကျေးမှု အခြေခံအဆောက်အအုံတွင် တစ်စိတ်တစ်ပိုင်းဖြစ်နေအောင် ကြိုးပမ်းရဦးမည်။ သူပုန်ဆန်ဆန် လက်ရှိစနစ်ကို ဆန့်ကျင်သည့် အနေ အထားဖြင့် စတင်သည့်လုပ်ဟန်မျိုးကို မထားရှိနိုင်တော့ပေ။ ဖောက်သည်တို့နှင့်ဆက်ဆံရေးကို ကြီးမားသော နိုက်သည် ပြန်လည်သုံးသပ်ရလိမ့်မည်။ နိုက်က “ကျွန်တော်တို့ အလွန်အမင်း အင်အား ကြီးလာပြီဆို ကတည်းက သူပုန် တစ်ယောက်ဖြစ်ခြင်းနှင့် လူဆိုးတစ်ယောက် ဖြစ်ခြင်းတို့ကြားတွင် သိမ်မွေ့သော မျဉ်းတစ်ခုရှိလာပါသည်။ ဖောက်သည်တို့၏ အမြင်တွင် ကျွန်တော်တို့သည် လှလည်း လှရမည်၊ ကြီးလည်း ကြီးရမည်”ဟု ပြောပြသည်။

          ယနေ့ အဆင့်ဆင့် အောင်မြင်နေသော ကုမ္ပဏီတို့တွင် တူညီသော . အချက်တစ်ချက်ရှိသည်။ ယင်းမှာ နိုက်ကဲ့သို့ပင် သူတို့သည် ဖောက်သည် တို့အပေါ် အာရုံစိုက်၍ ဈေးကွက်ရှာဖွေခြင်းကို ပြင်းပြင်းထန်ထန် အခိုင်အမာ သန္နိဌာန်ချထားသော အချက်ဖြစ်သည်။ သူတို့သည် ကောင်းကောင်းမွန်မွန် အနက်အဓိပ္ပါယ် ရှင်းလင်းနေသော ပစ်မှတ်ဈေးကွက်တို့တွင် ဖောက်သည်တို့၏ လိုအပ်ချက်တို့ကို နားလည်ခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့အပေါ် လုံးလုံး လျားလျား ဦးခိုက်ထားကြသည်။ ဖောက်သည် တို့အတွက် ပို၍သာလွန်ကောင်းမွန်သောတန်ဖိုးတို့ကို ထုတ်လုပ်ပေး၍ သူတို့၏ ကျေနပ်နှစ်သိမ့်မှုကို အမြင့်ဆုံး ရရှိစေရမည်ဆိုသောအမြင်ကို အဖွဲ့ အစည်းအတွင်း၌ အားကောင်းကောင်းနှင့် စေ့ဆော်တိုက်တွန်းကြသည်။ Home Depot မှ Bernie Marcus အခိုင်အမာပြောသလို ပြောရလျှင် “ကျွန်တော်တို့ လူအားလုံးသည် Holy Grail ဆိုတာ ဘာလဲ” ဆိုသည်ကို နားလည်ကြသည်။ ဤ Holy Grail သည် အခြေခံအချက်မဟုတ်ပေ။ ယင်းမှာ ဖောက်သည်တို့အကျိုးကို စောင့်ရှောက် မည်ဟူ၍ အာသီသပြင်းပြင်းနှင့်မျက်စိစုံမှိတ်ပြီး သန္နိဋ္ဌာန်ချထားခြင်း ဖြစ် ပေသည်”

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)