Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်စိန်ဝင်း(ပုတီးကုန်း) - ဝထ္ထုတိုငါးပုဒ်

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out

ရစ်ဘီးနှင့် စက္ကူစွန်

          အမေသည် ကျွန်တော့်ကို မွေးဖွားရန်သက်သက် လောကထဲသို့ ရောက်လာခဲ့လေသလားဟု တစ်ခါတစ်ရံ ကျွန်တော်တွေးမိပါသည်။

          အမေ့ကို ကျွန်တော့်အဘိုးက အိမ်ထောင်ချပေးတော့ အမေ့ အသက်က နှစ်ဆယ့်တစ်။ ဆွေစုမျိုးစုအသိုက်အဝန်း၊ ရပ်ထဲ ရွာထဲ တင်မက အနီးအနား ရပ်ရွာတွေအထိ သြဇာလွှမ်းမိုးသည့် အဘိုး၏ အစီအမံကို အမိန့်တစ်ခုနှယ် နာခံရုံမှတစ်ပါး အမေစဉ်းစားစရာမရှိခဲ့ ပါ။ ချစ်သူရည်းစားသနာဟူ၍လည်း မရှိခဲ့။ အဖေ့မှာ ချစ်သူရည်းစား ရှိခဲ့သည်၊ မရှိခဲ့သည်လည်း မသိခဲ့။

          လက်ထပ်ပြီးတော့ အဘိုးအိမ်မှာ အဖေက လိုက်လာခဲ့ရသည်။ သည်မှာပဲ အဘိုးနှင့် အဖေ၏ပြဿနာက စခဲ့သည်ဆို၏။ အဘိုးကအမြဲတက်ကြွဖျတ်လတ်ပြီး အမြော်အမြင်ကြီးသူ၊ စီးပွားရေးလာဘ် မြင်သူ၊ တိကျပြတ်သားသူ၊အဖေကအေးအေးဆေးဆေးနေတတ်ပြီးရောင့်ရဲတင်းတိမ်စိတ်ရှိသူ၊ စကားများစွာမပြောတတ်သူ။ သည်တော့ စရိုက်ချင်းက မတူတော့ လုပ်ငန်းတွေမှာလည်း အဘိုးကရှေ့ကိုကြိုမြင် သလောက် အဖေက မလိုက်နိုင်၊ မမြင်နိုင်။

           “မင်းတော်တော် အ တဲ့ကောင်ပဲ” ဆိုသည့်မှတ်ချက် အတိုးနှုတ်မှထွက်လာတော့၏။ မကြာမကြာ သည်လိုမှတ်ချက်မျိုး ကြားရတော့ အဖေ စိတ်ခု လာသည်။ အဘိုးနှင့် အတူမနေဖို့ ဆုံးဖြတ်ခဲ့ဟန်တူသည်။

          ကျွန်တော့်ကိုမွေးပြီးလို့ လေးလမပြည့်ခင်မှာ အဖေ အိမ်ပေါ်က ဆင်းသွားတော့၏။

အဖေ့မိဘတွေကလည်း ပြည့်ပြည့်စုံစုံမို့ ဘာမှပူစရာမလို။

           “အမေက ဘာလို့ အဖေ့နောက်လိုက်မသွားခဲ့တာလဲ”

           “လိုက်သွားရမလားလို့ မေးတော့... ဒီလောက်အ,တဲ့ လူနောက် လိုက်သွားရင်

နင်မွေးထားတဲ့သား... ဘယ်တော့မှ လူတစ်လုံး သူတစ် လုံးဖြစ်မှာမဟုတ်ဘူး။ လိုက်ချင်ရင် ကလေးထားခဲ့လို့ နင့်အဘိုးကပြော တာ”

          ကျွန်တော့်အမေ့ကို နားလည်သွားသည်။ သူ့သားလူတစ်လုံး သူတစ်လုံးဖြစ်ရေးနှင့်အိမ်ထောင်ရေးကိစ္စသည် အမေ့နှလုံးသားကို ချည်နှောင်ပြီး တစ်ဖက်စီ ဆွဲနေသည့်ကြိုးနှစ်စဖြစ်နေလိမ့်မည်။ အဘိုး ၏ အရိပ်သည် သူ့သားအတွက် အလုံခြုံဆုံးနှင့် အဘိုး၏ပခုံးသည် သူ့သားကို အမြင့်ဆုံးရောက်အောင် တွန်းတင်အပေးနိုင်ဆုံးဟု အမေယုံခဲ့ဟန်တူသည်။

          အဖေက လူကြီးသူကြီးများနှင့်လာပြီး သူ့အိမ်ကိုလိုက်ခဲ့ဖို့ အမေ့ ကိုသုံးကြိမ်ခေါ်ခဲ့သော်လည်း အမေ မလိုက်ခဲ့၊ အမေ မလိုက်လျှင် နောက်ထပ်အိမ်ထောင်ပြုတော့မည်ဟု နောက်ဆုံးအကြိမ် အတိအလင်း ကြေညာခဲ့သော်လည်း အမေက မတုန်လှုပ်။

          သည်လိုနှင့် အဖေက သူ့ငယ်ရည်းစားနှင့် နောက်အိမ်ထောင်ပြု သွားခဲ့သည်။

          အဖေမရှိတဲ့ကလေး၊ မိဘမပြည့်စုံတဲ့ ကလေးတွေဟာ စိတ်ခံစား မှုတစ်ခုခုရှိတတ်တယ်။ ချွတ်ယွင်းတတ်တယ်လို့ ငါကြားဖူးတယ်။ ဒီတော့ ဒီကလေးကို ငါတို့သားလို့ပဲ အသိပေးထားရမယ်”

          ကျွန်တော်က အဘိုးနှင့်အဘွားကိုသာ ကျွန်တော့်အဖေနှင့်အမေ ဟု စသိခဲ့ရသည်။ ကျွန်တော်ကြီးတော် အပျိုကြီးနှင့် ကျွန်တော့်အမေ တို့သည် ကျွန်တော်နှင့်မောင်နှမများဟု စနားလည်ခဲ့ရသည်။ သည်လို နှင့် ကျွန်တော်သည် အမေ့ကို အမေဟု မခေါ်ဖြစ်ခဲ့ပါ။ အမေကလည်း အဘိုးစကားအတိုင်း ကျွန်တော့်ကို အမေတစ်ဦးနှယ် မဆက်ဆံဖြစ်ခဲ့ လေသလား ကျွန်တော်တွေးသည်။

          ကျွန်တော့်အသက် ခြောက်နှစ်မှာ ကျောင်းစထားတော့မှ အဘိုး သည် ကျွန်တော့်အဖေမဟုတ်မှန်း ကျွန်တော် သိခွင့်ကြုံခဲ့ရပါ၏။

           “ဒီလို ဘယ်ဖြစ်မလဲ။ အမှန်အတိုင်းပဲ ကလေးအဖေနာမည် ထည့်ရမယ်။ အဲဒီလိုမှ မထည့်နိုင်ရင်တော့ ကျုပ် ကျောင်းမှာမထားနဲ့။ တခြားကျောင်းသွားရင်လည်း ဒီလိုပဲပြောမှာပဲ”

          အဘိုး၏ မိတ်ဆွေသူငယ်ချင်းဖြစ်သော ကျောင်းဆရာကြီး၏စကားကို ကျွန်တော်ကြားရတော့ အံ့သြသွားမိသည်။ နောက်ဆုံးမှာ

တော့ အဘိုးက လက်လျှော့ပြီး ကျွန်တော့်အဖေရင်းနာမည်နှင့် ကျောင်းအပ်လိုက်ရသည်။

           “အေး... ဟုတ်တယ်... အဲဒါ မင်းအဖေပဲ။ ဒါပေမဲ့ အခုမရှိတော့ဘူး”

          လမ်းမှာ ကျွန်တော်ကမေးတော့ အဘိုးက တိုတိုပြတ်ပြတ်ဖြေ သည်။

           “နောက်လည်း ဘယ်တော့မှမမေးနဲ့” ကျွန်တော်လည်း ထပ်ပြီး မမေးရဲတော့ပါ။

          ကျွန်တော် အရွယ်ရောက်လာလေလေ အဘိုးသည် ကျွန်တော့် အတွက် အားကျစံပြုစရာ သူရဲကောင်းတစ်ဦး ဖြစ်လာလေလေပင်။ အဘိုး၏တိကျပြတ်သားမှု၊ အမြော်အမြင်ကြီးမှု၊ အများအကျိုးဆောင်မှု တို့ကို ကျွန်တော် နားလည်လာခဲ့ရသည်။

          သည်အချိန်က လေးတန်းအောင်လျှင် လုပ်ငန်းခွင်ဝင်စေခဲ့သော တောဓလေ့၊ တောပတ်ဝန်းကျင်မှာ ပညာထက်တန်ဖိုးရှိသော အရာမရှိ ဟု အဘိုးက လက်ခံသည်။ လယ်လုပ်ငန်း၊ ဆန်စက်လုပ်ငန်း စသဖြင့် လုပ်ငန်းတွေ ဒီလောက်ရှိပါလျက် ဘာကြောင့် ကျွန်တော့်ကို ကျောင်း ဆက်ထားနေရတာလဲဟု အများက အဘိုးကို ပြောခဲ့ကြသည်။

          ခုနစ်တန်း စကောလားရှစ်စာမေးပွဲကို ခရိုင်မှာ ပထမရပြီး ကျွန်တော် အောင်ခဲ့ချိန်မှာတော့...

“မင်းအဘိုးပြောတာ သိပ်မှန်တာပဲ။ အမေ ဆုံးဖြတ်ရကျိုး နပ်ပါ တယ်”

          ဟု အမေမျက်ရည်ဝဲပြီး ပြောခဲ့သည်ပဲ။

          ကျွန်တော်ဆယ်တန်းအောင်၊ တက္ကသိုလ်မှ ဘွဲ့ တွေ ဘာတွေရ၊သည်လိုအဆင့်မြင့်လာလေလေ အမေကတော့ သူ့လောင်းကစားပွဲမှာ သူအနိုင်ရလေလေဟု ထင်ခဲ့လေမည်။

          ကျွန်တော်တို့အိမ်မှာ အိမ်သားငါးဦးရှိသည့်အနက် အမေသည် အအေးဆုံးနှင့် ဘယ်ကိစ္စကိုမှ ဝင်၍ပါဝင်ပြောဆိုခြင်းမရှိဆုံးသူပင်။ ကျွန်တော် အရွယ်ရောက်ချိန် အဘိုး၏ လုပ်ငန်းကိုင်ငန်းမှအစ အငယ် ဆုံး ကျွန်တော် ဝင်ပြီးပြောမိသော်ငြား အမေကတော့ ဘာမှ စိတ်မဝင် စားသလိုပင်။ | သူ့ဘဝသည် အဘိုး၏ ပုံစံခွက်ထဲမှာသာ ရှိနေရမည်ပဲဟု အမေ့ မှာ အစွဲကြီး စွဲလမ်းသွားလေပြီလားဟု ကျွန်တော်ကြီးလာတော့ တွေး ဖြစ်သည်။

          ကျွန်တော်သည် အဘိုး၏မြေးဟူ၍သာ။ ပတ်ဝန်းကျင်က လည်း ဂုဏ်ပုဒ်ဖော်လျက် အမေ၏သားဟု ဘယ်တော့မှ အမှတ် သညာ မထားခဲ့ကြ။

           “ ဦးမောင်ကြီးရဲ့ မြေးလေးက တော်လိုက်တာ”

          ကျွန်တော်စာမေးပွဲတွေအောင်တိုင်း ပတ်ဝန်းကျင်က ကျွန်တော့် အဘိုး၏ အမည်နှင့်ယှဉ်ပြီး ချီးကျူးစမြဲ။

          အမေ ဘယ်လိုခံစားရမည် မသိသော်လည်း ပီတိမျက်နှာက တော့ သူ့စွန့်လွှတ်ရမှုများက ကျွန်တော့်အောင်မြင်မှုများအဖြစ် ပြောင်း သွားရခြင်းကို ကျေကျေနပ်နပ်ဖြစ်နေသည့်ဟန်။

          ကျွန်တော်သည် စက္ကူစွန်ကလေးတစ်ခုဖြစ်ပါက အမေသည် ရစ်လုံးတစ်ခုသာဖြစ်ပါသည်။ အဘိုးကတော့ စွန်လွှတ်နေသူတစ်ဦး ဖြစ်ပြီး စက္ကူစွန်လေး လေမိပြီး

မြင့်သထက်မြင့်တက်သွားအောင်ကြိုးစားနေသူပင်။

          ရှစ်တန်းအောင်သည့်အခါ ကျွန်တော့်ကို ကျောင်းကောင်း ကောင်း ပြောင်းထားရမည်ဟု ဆုံးဖြတ်ပြီး မိသားစုနှင့်ခွဲကာ မြို့ကြီးကို ပို့ပါသည်။ အမေ့မျက်နှာ၌ သားကိုမခွဲချင်သဖြင့် ကြေကွဲဆွေးမြည့်ရိပ် များ ပြည့်နေသော်ငြား၊ အဘိုး၏ ဆုံးဖြတ်ချက်ကိုကား မကန့်ကွက်ရဲ ရှာ။ သည်လိုနှင့် ကျွန်တော်သည် ရစ်လုံးနှင့် ပို၍ဝေးရာဝေးရာ အမြင့် ကို တက်သွားသော စွန်ကလေးတစ်ခုပမာ အမေနှင့်ဝေးကွာ ဝေးကွာ၍ သွားရပါတော့သည်။

          ကျွန်တော် ရန်ကုန်မှာ အခြေတကျဖြစ်သည့်အချိန်မှာ အဘိုးနှင့် အဘွားမရှိတော့ပါ။ ကျွန်တော့်ကြီးတော်(ကျွန်တော်၏ မွေးစားအမေ) နှင့် အမေတို့နှစ်ဦးသာ ကျန်ခဲ့ပါသည်။ ကျွန်တော့်မွေးစားအမေသည် အဘိုး၏ခြေရာကို နင်းနိုင်သူဖြစ်ပြီး လုပ်ငန်းအားလုံးကို ဦးစီးလုပ်ကိုင် နေသူဖြစ်သည်။ လုပ်ငန်းတွေကို စွန့်ထားခဲ့ပြီး ကျွန်တော်နှင့်လိုက် မနေနိုင်ကြပါ။ ကျွန်တော့်၏ မွေးစားအမေ၊ ကျွန်တော်ကြီးတော်သည် ကျွန်တော့်အိမ်ကို အလည်လာရင်း နှလုံးရောဂါဖြင့် ကျွန်တော့်လက်မှာ ပင် ဆုံးသွားခဲ့ရရှာပါသည်။

          အမေ တစ်ဦးတည်းကျန်ခဲ့ပြီမို့ ကျွန်တော်နှင့်အတူနေဖို့ခေါ်ထား သော်လည်း အမေမနေနိုင်ခဲ့ပါ။

          ဆေးကုသဖို့ ကျွန်တော့်အိမ်မှာ တစ်လနီးပါးနေရသည်ကိုပင် အမေ မပျော်ပိုက်မှန်း ကျွန်တော် နားလည်နိုင်ခဲ့သည်။

          သည်တော့ အမေ့ကို တောကအိမ်မှာပြန်ပို့ရင်း ကျွန်တော်ကသာ မကြာမကြာသွားတွေ့ဖို့ ဆုံးဖြတ်ရသည်။ ကျွန်တော့်တူဝမ်းကွဲ လင်မယားကို အမေ့အတွက် အဖော်အဖြစ် အိမ်မှာထားပေးလိုက်ရသည်။

          ခွေးကလေးတွေ၊ ကြောင်ကလေးတွေနှင့် အိမ်မှာရှိသည့် နွားတွေ ကိုအမေအလွန်ချစ်တတ်ခဲ့တာ... ဟိုတုန်းကတည်းက သတိထားဖြစ် သည်။

          အမေသည် သူ့သားကို ဆုံးမစကားတွေ တဖွဖွမပြော။ ယုယု ယယနွေးနွေးထွေးထွေးမနေ။ အမေ့စိတ်မှာ ကျွန်တော်သည် အဘိုး၏ သားဖြစ်၍၊ အဘိုးကသာ အစစအရာရာ ပြောပိုင်ဆိုပိုင်၊ ချစ်ပိုင်ခွင့်ရှိ သည်ဟု မှတ်ယူထားခဲ့ဟန်တူသည်။ အဘိုးက သည်လိုအခွင့်အရေး တွေ ယူထားမှလည်း ကျွန်တော်မြင့်သထက်မြင့်ရာကို ရောက်မည်ဟု ယုံကြည်ထားပုံရသည်။ စွန်လွှတ်သူ၏ လက်တွင်းမှ ရစ်ဘီးတစ်ခုနှယ် အမေကျေနပ်စွာနေခဲ့ရင်း အမေ့အတွင်းစိတ်တို့က တိရစ္ဆာန်တို့ကို ယုယ ချစ်ခင်နွေးထွေးတတ်သွားတာလားဟု ကျွန်တော် ကြီးတော့ စဉ်းစား လာမိပြန်၏။

          ကျွန်တော် မှတ်မိနေသေးသည်။

          အိမ်မှာ “တောကျော်” ဆိုသည့် နွားကြီးတစ်ကောင်ရှိသည်။ အမေအလွန်ချစ်သည်။ အမေနှင့် အကျွမ်းတဝင်ရှိလှသည်။ အမေသည် တောကျော်ကို အစာကျွေး၊ ရေတိုက် ကိုယ်တိုင်လုပ်သည်။ တောကျော် ကို နဖားကြိုးအသစ်လဲစရာရှိလျှင် တခြားမည်သူမျှ တောကျော်အနား မကပ်ရဲ။ နဖားကြိုးအထိုးမခံ။ အမေတစ်ဦးတည်းသာ တောကျော်၏ နဖားကြိုးအသစ်ကို လဲပေးလို့ရသည်။

          သည်လိုနှင့် တောကျော်က တစ်နေ့တခြား အိုမင်းလာပြီး နွား အသစ်လဲရမည့်အချိန်ကို ရောက်လာတော့သည်။ တောကျော်ကို