မောင်စိန်၀င်း(ပုတီးကုန်း) - လွမ်းရိပ်ညို့ညို
(၁)
ဧည့်ခန်းထဲမှာထိုင်နေသည့် ဖေဖေနှင့် မေမေက သူ့ကို လှမ်းကြည့်၏။ ညီမငယ်က မေမေ့ဘေးမှာ ထိုင်နေရာက ထရပ်ရင်း နေရာပြောင်းထိုင်သည်။ မကြည်မလင် မျက်နှာတို့
ကြောင့် ဝေခွဲရခက်စွာ အံ့ဩပြန်၏။ တစ်စုံတရာကိစ္စ အလိုလိုသိရင်း အတွေးမှာ ညိုသက်မွန် ရောက်သည်။ မွန့်မိဘ အသိုင်းအဝိုင်းနှင့် ပတ်သက်၍ ပြောစရာစကားရှိပြီလား ထင်ကြည့်၏။ မွန်နှင့် သူ ဖုန်းမပြောဖြစ်သည်က လေးငါးရက်သာ ရှိဦးမည်။
'လာ သား”
ဖေဖေက လှမ်းခေါ်သည် ဖေဖေ့ဘေးမှာကပ်ပြီး သူထိုင်ရင်း မေမေ့မျက်နှာကို အကဲခတ်၏။ မေမေ့မျက်နှာ အတည်အတင်းကြောင့် မေမေ့ရင်တွင်းက အလှုပ်အရှားကို နားလည်နေသလို။
“ဘာလိုဖြစ်တာလဲ သား”
“ခင်ဗျာ”
မေမေ့အသံ အတင်းအပြတ်ကို နားမလည်နိုင်စွာ အံ့ဩစကား နှုတ်မှထွက်၏။
“ရော့ ... ဒီမှာ ဖတ်ကြည့်ကွာ”
စာမျက်နှာလှန်ထားပြီးသား သတင်းစာကို စားပွဲပေါ် က ကောက်ယူရင်း ဖေဖေက သူ့ဆီကမ်း၏။
စူးစူးရှရှမြည်လာတယ်လီဖုန်းသံကြောင့် သတင်း ၊စာလှမ်းယူပြီး အကြည့်မရောက်နိုင်သေး။
"သမီး ဘယ်သူ့မေးမေး မရှိဘူးပြော၊ ဒီကိစ္စပဲနေဦးမှာ”
''မေမေ့စကား မဆုံးခင် ညီမငယ်က ဖုန်းဆီထသွား သည်။ ,
'ဘယ်လောက်ရှက်ဖို့ကောင်းလဲ'
အံကြိတ်ပြောလိုက်သည့်စကားသံက မကျယ်သော်ငြားဒေါသများဖြင့် ပြည့်လျှံနေတာ သိသာ၏။
“ဪ.. ဟုတ်ကဲ့ အပြင်သွားကြပါတယ်ရှင်”
ညီမငယ်ကပြောပြီး ဖုန်းကို ချလိုက်၏။
“ဖုန်းပိတ်ထားလိုက်” မေမေက လှမ်းပြောပြန်သည်။
သတင်းစာကို ကောက်ယူပြီး ဖေဖေညွှန်ပြသည့်နေရာ ကြည့်လိုက်၏။
စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းခြင်း
ကျွန်မ မညိုသက်မွန်နှင့် ကိုမြတ်ထူးဇော်တို့၏
(.............)နေ့က ပြုလုပ်ပြီးစီးခဲ့သော
စေ့စပ်ကြောင်း လမ်းခြင်းကို ကျွန်မ ညိုသက်မွန်၏ သင်္ဘောဆန္ဒ
အလျောက် ဖျက်သိမ်းလိုက်ကြောင်း ကြေငြာအပ်ပါ
သည်။
ညိုသက်မွန်
အိပ်မက်မဟုတ်မှန်း နားလည်သော်လည်း အံ့သြစိတ်၊ ရှက်ရွံ့ စိတ်၊ သိမ်ငယ်စိတ်၊ ဒေါသစိတ်တို့ဖြင့် ရင်သည် လှုပ်သည်။ တက်တစ်ချက် ခေါက်မိသွားသည်။ သတင်းစာကိုစားပွဲပေါ် လှမ်းတင်လိုက်၏။
“သားနဲ့ ဘာပြသနာရှိလဲ”
“ဘာမှမရှိဘူး မေမေ”
“ဘာပြဿနာမှမရှိဘဲ ဒီလို ရုတ်တရက်ဆုံးဖြတ်ပါ့မလား”
“သားလည်း ဘာကိုမှနားမလည်နိုင်တော့ဘူး ဖေဖေ“
ကိုကိုတို့ နောက်ဆုံးစကားပြောတော့ ပြဿနာဘာမှမရှိဘူး ညီမလေး၊ မင်္ဂလာဆောင်ဖို့ကိစ္စ ဘာတွေတောင် အကျယ်မချဲ့ဖို့ မွန် ပြောနေသေးတာပဲ”
“ကျွန်တော် မွန့်ဆီ ဖုန်းဆက်မယ်” ထိုင်ရာမှ ထရပ်၏။
“မဆက်နဲ့ သား” “ဘာကြောင့်ဆိုတာ ကျွန်တော်သိချင်တယ် မေမေ
“မင်းဆက်ရင်လည်း ဘယ်အတွေ့ခံမှာတဲ့လဲ၊ မေမေ တို့မိတ်ဆွေတွေက အံ့သြပြီး ဆက်နေကြတာတောင် မေမေတို့ ၊ အတွေ့မှမခံတာ"
ညိုသက်မွန် သူ့ကို ရှောင်မည်ဆိုတာ သူ နားလည် သည်ပဲ။
“သားကိုတော့ တစ်ခုခုပြောသင့်ပါတယ်”
“သူ့မိသားစုကြောင့် ဖြစ်မလား”
“မွန်က ခေါင်းမာတယ်၊ မဖြစ်နိုင်ဘူး မေမေ"
“ချင်းစိမ်းနဲ့ မိဿလင်ပေါ့ ကိုကိုရာ၊ ဘာကြောင့်ဆို
“သိလို့လည်း ဘာထူးမှာတဲ့လဲ”
“သမီးပြောတာ အမှန်ပဲသား၊ သံသရာမဆက်ချင်ပါနဲ့တော့။
သားတို့ချင်းညှိနှိုင်းလို့ ပြန်ပြေလည်တယ်ဆိုရင်တောင် မိသားစုအရှက်ရအောင်လုပ်တဲ့ကိစ္စအပေါ် မေမေတို့အမြင်ရျင်းတော့မှာ မဟုတ်ဘူး”
မေမေ့စကားကြောင့် သက်ပြင်းရှည်ချရင်း လေပူကို မုတ်ထုတ်မိပြီး ဖြစ်သွားသည်။ ရင်ထဲမှာတော့ ပေါ့ပါးမသွား။
“ဘာလိုဖြစ်ဖြစ် မင်းမှာ အပြစ်တစ်စုံတစ်ရာ၊ သူလက်မနိုင်တဲ့ အားနည်းချက်တစ်ခုခုရှိလို့ပဲလို့ ပတ်၀န်းကျင်ကတော့တွေးမှာပဲ။ ဒါလည်း သဘာဝကျတယ်လေ၊ နောက်တစ်ခုက တို့မိဘတွေကြောင့်လားဆိုပြီး တို့ကိုလည်း ထိခိုက်တဲ့အတွေး နိုင်တာပဲ”
ဖေဖေ့ထံမှ တွေးတွေးဆဆ ပြောသည့်စကား။
"ကိုယ့်ကိစ္စတစ်ခုက မိသားစုအသိုင်းအဝိုင်းကို ထိခိုက် လာစေသည်ပဲအတွေးက လိပ်ပြာငယ်ချင်စရာ။
“စောစောစီးစီး ဇာတ်သိမ်းခန်းရောက်သွားတာကောင်းတယ်ပဲတွေးပါ သားရယ်၊ ကိုယ်က ယောက်ျားလေးပဲ”
မေမေ့ထံမှ စကားကြောင့် မေမေ့မျက်နှာဆီ အကြည့်ရောက်ပြန်၏။
“ကိုကို့သူငယ်ချင်းတွေလည်း ဖုန်းဆက်ကြတယ်”
ညီမလေးကို သူ ခေါင်းညိတ်ပြလိုက်သည်။
အားလုံးက ပဟေဠိဖြစ်နေကြမည်ပဲ။
“လွန်ခဲ့သူအပတ်ထဲကပင် စေ့စပ်ကြောင်းလမ်းပြီးစီးကြောင်း သတင်း ၊ သတင်းစာတွေထဲ ပါသွားခဲ့သည်လေ။
ဒေါသတရားဖြင့် နာကြည်းမှုများစွာကို ဖြစ်စေချင်ပါသတဲ့လား ညိုသက်မွန်ရယ်။