Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

မောင်ချောနွယ် - ရထား

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

         ရထား

ဘယ်လိုလဲ ဆိုတော့ကာ

အင်မတန် သန်းများတဲ့ မိန်းမခေါင်းပေါ်

သန်းတွေ တရွရွ တစိစိ ပွတက်နေသလိုမျိုးလေ

ကဗျာတွေက သူ့ကိုယ်ပေါ်မှာ။

အပေါစား ရက်စတောရင့်တွေက

အလကားရတဲ့ ဆာဒါးဟင်းချိုရည်တွေနဲ့

သူ့ဘဝကို မတည်ဆောက်လိုဘူးတဲ့။

ဒါပေမယ့် ခက်ရပုံများ

စားပွဲပေါ်မှာ သည်ဟင်းချိုရည်တစ်ခွက်ပဲ

 ရှိပါရှင် ပူပူနွေးနွေး ရှိလေတာ။

 

နွမ်းပါးတဲ့ အောက်ခြေ လူတန်းစားတွေနဲ့

ဒူးတင်ပေါင်တင် တစ်တန်းတည်း နေပေမယ့်

ပယ် ဘုံဆန်တဲ့ အိမ်သာမျိုးကျ

သင်းက မကြိုက်ပြန်ဘူးတဲ့။

 

အရက်ဖြူကို ယဉ်ကျေးမှု မြှင့်သောက်တတ်သေး

 ဇိမ်ခံရကောင်းမှန်း သိတတ်သေး

အသုံးချ သောက်ရမည်မှန်း သိတတ်သေးတယ်။

မူးလာရင် ထကဖို့

ဘယ်တော့မှ မမေ့တတ်တဲ့ကောင်လေ

 ဘဝမှာ

သံအမတ်ကလည်း ဖြစ်ခဲ့ချင်သေးသတဲ့။ ။

စကားပြောရာမှာ

အထက်တန်းကျအောင်

တော်ဝင်အောင် ပြောတတ် ပြောနိုင်ပေမယ့်

သူတစ်ဖက်လူကို အမှန်တကယ် ပြောခဲ့တာနဲ့

သူပြန်ပြောပြတဲ့အခါ

ပိုပြောတတ်တဲ့ ဉာဉ်ကလည်း ရှိသေး။

ပါးတဲ့နေရာမှာ ခြင်ထောင်ဇာထက် ပါးပေမယ့်

တကယ့်လက်တွေ့မှာ မကျင့်သုံးဖြစ်လို့

လူတွေက ထူတယ်လို့

အထင်ခံရမြဲ ကောင်လေ။

တစ်ခါတရံတော့လည်း

ဂျစ်ကားပေါ်မှာ

ပေါင်သားအလှ ပေါ်လွင်အောင်

အချိုးကျကျ ထိုင်တတ်တဲ့

အရွယ်ရှိရှိ အရာရှိကတော် တစ်ယောက်လိုလေ ။

အဲသည့် ကဗျာဆရာဆိုတဲ့ကောင်ဟာ

နေထိုင်တတ်သေးတယ်။

 

သူ့သွေးကြောထဲမှာ ဂြိုဟ်တွေ

ကဗျာဆိုတဲ့ ပါပဂြိုဟ်တွေ

စူးဝင်စီးဝင်လို့

မောင်ချောနွယ် ဆိုတဲ့ကောင်ဟာ

ကမ္ဘာပတ် လမ်းကြောင်းထဲမှာ နေတာလို့ ။

 ကြက်ရင်အုပ်လောက်သာရှိတဲ့ သူ့ရင်အုံကို

ကော့ကော့ပြတတ်သေး။

သွေးစိမ်း တစ်ပေါက်ပေါက်နဲ့

တည်ဆောက်ခဲ့ရတဲ့ သူ့ဘ၀ခရီး

ဂီယာကုန် လီဗာကုန်မောင်းနှင်ခဲ့

သူ့ဘဝကို သားရေတစ်ပြားစာယူ

ခင်းကျင်းကြည့်လိုက်ရင်

 မြို့တစ်မြို့ တည်နိုင်တယ် ။

မြစ်တစ်မြစ် စီးဆင်းသွားနိုင်ပေရဲ့။

 

ဒီကောင်က အသည်းက ခပ်ငယ်ငယ်ရယ်လို့

သူ့မွေးသမိခင်က ခဏခဏ

လူကြားထဲ ပြောခံရတဲ့ကောင်ပေါ့

ဘဝကို ရင်ခုန်သလို အရင်းအတိုင်းနေခဲ့။

နာကျင်တဲ့အခါ မအော်ဘဲ

ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး

သူ့အတိဒုက္ခကို တစ်ဖက်လူက

သိရှိလက်ခံပေမယ့်

သူက သူ့ဒုက္ခအပေါ်

ကိုယ်ဖော့ဖော့ နေတတ်လွန်းလို့

တစ်ဝက်ကူညီစာနာမှုသာ ရရှိခဲ့သူပေါ့။

ကုသိုလ်ကံ လိုက်ပုံကလည်း

ပါးစပ်နဲ့ ကူညီပြီး လက်မပါတဲ့ မိတ်ဆွေ

ပေါပြည့်လှတဲ့ကောင်ပေပဲ။

 

ခုံးထ ကမ္ဘာမြေကြီး

အခိုးအငွေ့ သစ်ကိုင်းနဲ့

အဲသည်သစ်ကိုင်းပေါ်က ယောင်ကိုင်းပြည်တည်နာ

 မြစ်နဲ့ကမ္ဘာဦးကို တူးဆွလာတဲ့လက်

အမှန်တရားကတော့ လူတွေလိုပါပဲ

အောင်စ နည်းနည်းရယ်ပါ

 သာမန်လူနဲ့ မတူတဲ့အရာဆိုလို့

 ဒါတွေပဲ သူ့မှာ ရှိရဲ့။