Skip to product information
1 of 15

စိတ်ကူးချိုချိုစာပေ

မောင်ချို(စိတ်ပညာ) - ပရိတ်သတ်ရှေ့ထွက်ဟောမယ်ပြောမယ်ဆိုရင်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type
အခန်း ( ၁ )
ဘာကြောင့် ဟောချင် ပြောချင်ရတာတုံး

          သင် ဘာကြောင့် ပြောချင်၊ ဟောချင်ရသည်ကို သင့်ကိုယ်သင် မေး ကြည့်မိပါသလား။ သင်ဟာ ဘယ်လိုလူဆိုတာကိုရော သိပါရဲ့လား။ အဟောအပြောကောင်းသူ တစ်ယောက် ဖြစ်နိုင်တဲ့ သင့်ရဲ့ ကိုယ်ပိုင် အရည် အသွေးတွေကိုရော သတိထားမိပါရဲ့လား။

           အများအားဖြင့်ကတော့ အခြေအနေက တောင်းဆိုတဲ့အတွက် လူ တွေရှေ့ထွက်ပြီး ပြောသင့်တာတွေ ပြောခဲ့ရတယ်။ ကိုယ့်မှာ ဒီလို ပြောနိုင်၊ ဆိုနိုင်တဲ့ အရည်အချင်းမျိုး ရှိသလား၊ မရှိဘူးလား ဆန်းစစ်ချိန် မရှိခဲ့ပါဘူး။ သင် လုပ်နေတဲ့ အလုပ်ရဲ့ အနေအထားက လူရှေ့ထွက်ထွက်ပြီး ပြောရမယ့် အခြေအနေ၊ အချိန်အခါတွေ ရှိခဲ့မှာပါ။ ပြောရင်း၊ ဟောရင်းနဲ့ နောက်မှ သိရတာက ကိုယ့်မှာ ဒီလို ဟောရပြောရတဲ့အခါမှာ ဟောနိုင်၊ ပြောနိုင်တဲ့ အရည်အချင်းရှိလို့ ဟောခိုင်း၊ ပြောခိုင်းတာ ဖြစ်တယ် ဆိုတာပါပဲ။ ပရိသတ် ကလည်း လက်ခံတယ်၊ ကိုယ်ကလည်း ပြောနိုင်တယ်။ ဒီလိုနဲ့ နောက်ပိုင်း ပိုကောင်းအောင် ပြောချင်လာတယ်။ ကောင်းကောင်းမွန်မွန် ထိထိရောက် ရောက်ရှိတဲ့ ဟောရပြောရတဲ့ အလုပ်မျိုး လုပ်ချင်လာတယ်။

          သင် ဆန္ဒရှိလို့ ဟောတဲ့၊ ပြောတဲ့ဘက်မှာ ထူးချွန်ချင်စိတ်ရှိလာပြီ ဆိုလျှင် အောက်မှာ ဖော်ပြထားတဲ့ အချက်တွေဟာ သင့်ရဲ့ ထူးထူးချွန်ချွန် ဖြစ်ဖို့ စိတ်ကို အထောက်အကူပြုနိုင်ပါတယ်။

  • ယနေ့ခေတ်ဟာ အပြိုင်အဆိုင် တက်လမ်းရှာနေတဲ့ ခေတ်ပါ။ သင်ဟာ တကယ့်ကို ထူးထူးချွန်ချွန် ဟောပြောနိုင်သူ တစ်ယောက်ဖြစ်လျှင် သင့်ရဲ့ ဟောပြောနိုင်စွမ်းကို အသုံးပြုပြီး လူတွေကို သင့်ရဲ့ စကားလုံးတွေနဲ့ ဆွဲဆောင်နိုင်တယ်။ လူတွေ ရဲ့ စိတ်တွေကို သင့်ရဲ့ ဟောပြောမှုပညာနဲ့ လွှမ်းမိုးထားနိုင် တယ်။ သင့်အယူအဆတွေကို လူအများ နားထဲ စွဲသွားအောင် ပြောဆိုနိုင်တယ်။ အဟောအပြောကောင်းသူ တစ်ယောက်ဟာ ကြီးမားတဲ့ ပရိသတ်ကြီးကို တစ်အောင့်အတွင်းမှာ သင့်ဘက် ပါလာအောင် ဆွဲဆောင်နိုင်စွမ်း ရှိတယ်။
  • ပြောရင်း ဟောရင်းရလာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် တွေကို တခြားနေရာတွေမှာ အသုံးပြုနိုင်တယ်။ ပရိသတ်ကို ရင်ဆိုင်ပြောဆိုရာမှာ စိုးရိမ်စိတ်မရှိသူ တစ်ယောက်ဟာ တခြား အခြေအနေတွေမှာလည်း စိုးရိမ်ပူပန်မှုနည်းမှာ သေချာပါ တယ်။ စိုးရိမ်ပူပန်မှုနည်းတဲ့လူ၊ မရှိတဲ့ လူဟာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာမှာ အထစ်အငေါ့ နည်းပြီး အောင်မြင်မှု ရတတ်ပါတယ်။ အချေအတင် ပြောရမယ့် ကိစ္စတွေမှာ ပရိ သတ်ရှေ့ထွက် ပြောဆိုနိုင်စွမ်းရှိသူက သာပါတယ်။ လူ အနည်းငယ် စုပြီး ပြောဆိုဆွေးနွေးရမယ့် ကိစ္စမျိုးတွေမှာ ပရိ သတ်ရှေ့ အဟောအပြောကောင်းသူဟာ အလိုလို နေရာရပြီး ဦးဆောင်သူ ဖြစ်သွားနိုင်ပါတယ်။ ။
  • ဟောတတ်၊ ပြောတတ်လျှင် တစ်ဖက်သားအတွက်လည်း စိတ် ဝင်စားစရာ၊ စိတ်ချမ်းသာစရာ ဖြစ်တတ်ပါတယ်။ တစ်ဖက် သားတွေလည်း သင့်ကြောင့် အကြံကောင်းဉာဏ်ကောင်းတွေ ရသွားနိုင်သလို အတွေးသစ်၊ အမြင်သစ်တွေလည်း ရသွားနိုင် ပါတယ်။ သို့သော် ကြီးမားတဲ့ ပရိသတ်ကြီးကို ထိန်းချုပ်ပြောဆိုဖို့ကတော့ အစွမ်းအစကောင်းတွေ ရှိဖို့ လိုပါတယ်။ အကယ်၍ သင် ပရိသတ်ကြီးကို ဆွဲဆောင်ပြောဆိုနိုင်ပြီ ဆိုရင်တော့ ပရိသတ်ကြီးရဲ့ လက်ခုပ်သံတွေဟာ သင့်ရဲ့ မနောမှာ ပီတိတွေ လွှမ်းသွားနိုင်ပါတယ်။

 

  • ပြောဟောတတ်သူတွေဟာ သူတို့ရဲ့ အရည်အသွေးတူ မိတ် ဆွေများထက် ပို၍ သြဇာရှိလာတတ်ပါတယ်။ အထက် လူကြီးက ဌာနဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ ဟောပြောဖို့ လိုလျှင် အပြောအဟောဘက် စွမ်းတဲ့လူကိုသာ တာဝန်ပေး တတ်ပါတယ်။ ဒီလို တာဝန်ပေးခံရခြင်းဟာ နောင်ရာထူး တိုးတက်ရေးအတွက် များစွာ အထောက်အကူ ဖြစ်ပါတယ်။
  • စင်ပေါ်မှာ ပရိသတ်ကို ဖျော်ဖြေတာနဲ့ ပရိသတ်ကို ဟောပြော တာ မတူပါဘူး။ သင်က ဟောပြောသူပါ၊ ဖျော်ဖြေ သူနဲ့ ဟောပြောသူ မတူတာရှိသလို တူတာ ရှိပါတယ်။ စင်ပေါ် တက်ရပါတယ်။ စင်ရှေ့မှာ ပရိသတ် ရှိပါတယ်။ ပရိသတ် ရှေ့က စင်ပေါ်တက်ခွင့်ရခြင်းဟာ ထူးမြတ်တဲ့ ဂုဏ်ဒြပ်တစ်ခုပါ။
  • ပြောရမယ့် အကောင်းဆုံး အချက်တွေ မပြောလိုက်မိတာလည်း ရှိနိုင်ပါတယ်။ ဒီအတွက် စိတ်စနောင့်စနင်း မရှိပါစေနဲ့။ အဆင်မပြေမှုဆိုတာ အားလုံး မကင်းနိုင်တဲ့ ကိစ္စရပ်တွေပါ။
  • အဆင်မပြေတာကို ပြေအောင် လုပ်လိုက်နိုင်တယ် ဆိုရင်ကိုက သင့်ထံသို့ ဆုလာဘ်ကောင်းတွေ ရောက်လာဖို့က ကျိန်းသေ သွားပါတယ်။ ကြီးမားတဲ့ လူအုပ်ကြီးကို ပြောဟောဖို့အတွက် အဆင်မပြေစရာတွေ အများကြီး ရှိပါတယ်။ သင်ကိုယ်တိုင် ဖြေရှင်းရမှာပါ။ ဒီလိုဖြေရှင်းလိုက်နိုင်ရင် သင့်စိတ်ခွန်အားတွေ တိုးလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မြင့်လာမှာပါ။
  • သင့်ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ဟောပြောနိုင်စွမ်းရှိသူ တစ်ယောက်လို့ ထည့်သွင်းပြောဆိုနိုင်ခြင်းသည် သင်၏ ကိုယ်ရေး မှတ်တမ်းကို ပိုပြီး ခံ့ညားသွားစေပါတယ်။ ဒီအချက်ပေါ် မူတည်ပြီး သင့်ကို လူတွေ့ စစ်မေးကြရမည့်သူများသည် သင့်ကို မတွေ့ခင်ကပင် သင့်ရဲ့ အရည်အသွေးပေါ်တွင် အခြေ ခံ၍ သင့်ကို အမှတ်ပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။
  • ဘဝရဲ့ ရည်မှန်းချက်တွေ ပြည့်ဖို့ဆိုတာ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ဖြစ်လာနိုင်ပါတယ်။
  • အခက်အခဲကို ရင်ဆိုင်ပြီးတာနဲ့ ပင်ကိုစိတ် အနေအထား ပြန် ရောက်ရအောင် မိမိကိုယ်မိမိ လုပ်ယူကြရပါတယ်။ ဒီနေရာမှာ လူစုလူဝေးကို ရင်ဆိုင်ဝံ့တဲ့ အဟောအပြောသမားဟာ သာမန် လူတွေထက် စိတ်လှုပ်ရှားမှုကို မူလပကတိ တည်ငြိမ်စိတ် ပြန်ရောက်အောင် ဆောင်ရွက်ရာတွင် ပိုပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ပါတယ်။
  • ပြောဖို့၊ ဟောဖို့ အစီအစဉ်တွေ ကျကျနန ဆွဲရတယ်၊ ပြင်ဆင်မှု တွေ လုပ်ရတယ်။ လိုအပ်တာတွေ အကုန်လုပ်ထားရတယ်။ ဒါမှ ဟောတဲ့ ပြောတဲ့နေရာ အဆင်ပြေ ချောမွေ့မှာ။ လူရှေ့ သူရှေ့ စကားပြောတယ်ဆိုတာ သာမန်အလုပ် မဟုတ်ပါဘူး။ အလွန်အရေးပါတဲ့ အလုပ်ပါ။ ဒီလို အရေးပါတဲ့အတွက် သင် ဟာ လိုအပ်တာကို ပြင်ဆင်လုပ်ကိုင်ရတဲ့ အကျင့်ရသွားတဲ့ အခါ သင်ဟာ ဘယ်လိုကိစ္စမျိုး၌မဆို သေသေချာချာ ပြင်ဆင် လုပ်ကိုင်ပြီးမှလုပ်တဲ့ အလေ့အထ ရသွားတယ်။ ဒါဟာ အဟော၊ အပြောသမားတွေမှာ နောက်ထပ် ရှိသွားတဲ့ ကောင်းမွန် အဖိုးတန်တဲ့ အမူအကျင့်ပေါ့။

           ဟောပြောတဲ့ အတတ်ပညာရဲ့ နောက်မှာ စီးပွားရေး၊ လူမှုဆက်ဆံ ရေး အတတ်ပညာတွေပါ ပါလာပါတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်ပါးစပ်နဲ့ ပြောရတာ ဆိုးခံကောင်းစံ ဆိုတဲ့အတိုင်း ကိုယ့်ခြေစုံပေါ် ကိုယ်ရပ်ပြီး ပင်ကို အစွမ်းအစနဲ့ လုပ်ရတဲ့ အလုပ်မို့ သင့်ရဲ့ ဟောချင် ပြောချင်စိတ်က သင့်ဘဝ ရဲ့ အောင်မြင်မှု အထွတ်အထိပ်ကို ပို့ပေးနိုင်တယ်။ ဟောတတ်ပြောတတ်ပြီ ဆိုတဲ့နောက် အထွတ်အထိပ် တက်ရမယ့် လမ်းဟာ သင့်အတွက် မတ် စောက်စောက်ကြီး မဟုတ်တော့ပါဘူး။

ကိုယ့်ပန်းတိုင်ကိုယ်ပုံဖော်ခြင်း ၊

          လူဟာ ကိုယ့်ဘဝကို ကိုယ့်ဘာသာကိုယ် ဆစ်ထုရတာပါ။ လူပျော့ လူညံ့တွေသာ တခြားသူရဲ့ ပုံသွင်းတာကို ခံကြတာပါ။ အကယ်၍ သင်ဟာ အပြောအဟော အလုပ်ကို သန်ပါတယ်၊ ဒီအလုပ်ကိုပဲ အသက်မွေးဝမ်းကျောင်းအဖြစ် သတ်မှတ်ချင်ပါတယ်လို့ အရိုးသားဆုံး စိတ်ထားနဲ့ ဝန်ခံ လိုက်ပြီဆိုရင် သင့်မှာ စံနမူနာထားပြီး လေ့လာရမယ့် လူတွေ အများကြီးပါ။ ထိုသူတွေဟာ သင့်လိုပဲ အဟောအပြောဘက်မှာ ကောင်းဖို့ မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်ပြီး လူ့လောကရဲ့ ထိပ်တန်းနေရာကို တက်လှမ်းသွား ကြတဲ့ လူတွေပါ။ သိသာအောင် နမူနာတချို့ ထုတ်ပြောရရင် အင်္ဂလန်နိုင်ငံ o$:q: Tony Blairu securinesgos Bill Clintoni səsavimo နိုင်ငံသား လူမည်းခေါင်းဆောင် Martin Luther King၊ တောင်အာဖရိက နိုင်ငံ နိုင်ငံရေးခေါင်းဆောင် Nelson Mandela အမေရိကန်သမ္မတ Barack Obama တို့ဟာ အပြောအဟောဘက်မှာ ထူးချွန်ကြသူတွေပါ။ လေ့လာစရာ၊ စံပြုစရာ ပုဂ္ဂိုလ်တွေပါ။ ။

          ဒီလိုလူမျိုးတွေအကြောင်း လေ့လာမယ်၊ ဒီလိုလူတွေ ဘယ်လိုလုပ် တယ်၊ ဘယ်လို ဟောတယ်၊ ပြောတယ် ဆိုတာတွေကို လေ့လာသင့်ပါတယ်။ သေသေချာချာကို လေ့လာသင့်ပါတယ်။ သို့သော် သင် သူတို့ ဖြစ်သွားလို့ မရပါ။ သင်က သတ်သတ် သူတို့က သတ်သတ်ပါ။ ဒီနေရာမှာ အရေးအကြီး ဆုံး အချက်တစ်ချက် ရှိပါတယ်။

          အဲဒါကတော့ သင်ဟာ ဘယ်တော့မှ Tony Blair နဲ့သော် လည်း Gmsê:1 Bill Clinton e. Guscopo:cmsê:1 Martin Luther King e. GBS Wad:cmsê:1 Nelson Mandela casos:cmsê:1 Barack Obama နဲ့ သော်လည်းကောင်း၊ သို့မဟုတ် တခြား သင် စံထားလေ့လာသော သူတစ်ဦးဦးနဲ့ သော်လည်းကောင်း တူမသွားပါစေနဲ့။ ထိုသူတို့၏ ကြိုးစားအားထုတ်ပုံ၊ ဖတ်ရှုလေ့လာပုံ၊ ပြင်ဆင်ပုံတို့ကို လေ့လာပါ။ ပြောဟန် ဆိုဟန်တို့ကို လိုက်တုရန် မလိုပါ။ သင်ဟာ သင့်အသံ၊ သင့်ဟန်နဲ့ ပြောပါ။ဟောပါ။ သင်ဟာ သင်ဖြစ်ပါစေ၊ တခြားသူတစ်ဦးဦးရဲ့ ပုံရိပ် မဖြစ်ပါစေနဲ့။ သင် စံထားသူတို့၏ ပင်ကိုအရည်အချင်းတွေနဲ့ သင့်ပင်ကို အရည်အချင်း တွေကို ပေါင်းစပ်ပြီး သင့်တွင် ကောင်းမွန်သာလွန်တဲ့ အရည်အချင်းသစ်တွေ တိုးပွားလာအောင် ဆောင်ရွက်ပါ။ သင့်ရဲ့ ရည်မှန်းချက်ကိုလည်း ဖြစ်နိုင်ခြေရဲ့ တစ်ဖက်စွန်းအထိ ဆွဲဆန့်မထုတ်ပါနဲ့။ သင် ကြိုက်နှစ်သက်သူနဲ့ တူအောင် သင် လိုက်မတုပါနဲ့။ သင် စံထားသူတွေနဲ့ တူအောင် မလုပ်ပါနဲ့။

          သင့် ကိုယ်ပိုင်ဟန်၊ ကိုယ့်ဉာဏ်ဖြင့် သင် ပြောပါ၊ ဟောပါ။ သင့်ရဲ့ ကိုယ်ပိုင် ပြောဟန်ဆိုဟန်တွေကို ပကတိအတိုင်း ရှိပါစေ။

စင်ပေါ်တက်ရင် ဘဝင်စိတ်ပါ ထက်ပါစေ

          စင်ပေါ် ရောက်သွားတာနဲ့ အဟောအပြောကောင်းသူတွေ၊ အာဂ လူတွေ ဖြစ်သွားကြတယ်။ မားမားရပ်၊ ရင်ကိုဖွင့်ပြီး ပရိသတ်ကို ဝံ့ဝံ့စားစား ကြည့်ကြတယ်။ ပြောလို့ဟောလို့ပြီးလို့ ဒီလူတွေအနား သင် ရောက်သွားရင် ယခင်က စင်ပေါ်မှာ တွေ့ခဲ့တဲ့ အာဂလူစား အသွင်အပြင်တွေ မရှိတော့ပါဘူး။ သူလိုကိုယ်လို ရိုရိုကျိုးကျိုး လူတွေပဲ ဆိုတာ သင် တွေ့မှာပါ။ စင်အောက် မှာတော့ တစ်မျိုး၊ စင်မြင့်ပေါ် ရောက်သွားတော့ တစ်မျိုး။ အဖြေက ဒီလိုပါ။ “ပရိသတ်ရှေ့မှာ ဟန်ကိုယ့်ဖို့” ဆိုတာမျိုးပါ။ စင်ပေါ်ရောက်ရင် အလိုလိုနေ ရင်း ဒီလူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်တွေ ဝင်လာတယ်။ ကိုယ်ကြီးကို မတ်ပြီး ရင်ကော့ပြီး ရပ်တယ်။ ပရိသတ်ကြီးကို ကြည့်ပြီး အားတက်တယ်၊ ကျေနပ်တယ်၊ ပြီး ဝံ့ဝံ့စားစား ကြည့်တယ်။ အဟောအပြော ကျွမ်းကျင်သူဟာ သူရဲ့ ကိုယ်နေကိုယ်ဟန် ဘယ်လိုရှိရမယ်၊ သူ့ရဲ့ မျက်နှာ အမူအရာ ဘယ်လို ထားရမယ်၊ ဘယ်လို လေယူလေသိမ်းနဲ့ ပြောရမယ် ဆိုတာ သူ့ရဲ့ သွေးထဲ၊ သားထဲကကို သိနေတယ်။ စင်ပေါ်ရောက်ရင် ကိုယ် အမူအရာ၊ ဟန်ပန်၊ လေသံတွေ ပြောင်းသွားပါတယ်။ ဒါကို အတွင်းအဇ္ဈတ္တပြောင်းလဲသွားခြင်းလို့ ခေါ်ရင် သင့်မြတ်ပါတယ်။ စင်ပေါ်မှာ ဒီအဟော အပြော သန်သူတွေဟာ မူလထက် ပိုပြီး ကြီးထွားသွားတယ်လို့ ထင်ကြရ တယ်။ စိတ်တွေလည်း ပိုထက်မြက်သွားကြတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် စန်းတင်လိုက်ခြင်းဖြင့် သူတို့ ပြောတဲ့ စကားတွေ အောင်သွားတယ်။ ပရိ သတ်ကို ဖမ်းစားလိုက်နိုင်တယ်။ ဒါကြောင့် ဘယ်သူပဲဖြစ်ဖြစ် စင်မြင့်ပေါ် တက်ပြီး ပြောရဟောရတော့မယ်ဆိုရင် မှင်မောင်းကောင်းဖို့ လိုပါတယ်။

          ဒီနေရာမှာ လူ့စိတ်ရဲ့ အကြောင်းကို ရှေ့တန်းတင်ပြီး ပြောနေတာ မဟုတ်ပါဘူး။ လူရဲ့ ပင်ကိုအဇ္ဈတ္တသဏ္ဌာန် ပြောင်းလဲသွားခြင်းကိုသာပြောဆိုခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ စင်အောက်မှာ တစ်ကိုယ်။ စင်ပေါ်မှာ တစ်ကိုယ် ခွဲလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်လျှင် စင်