Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - အာလာဒင်နှင့်ထူးဆန်းသောမီးခွက်ပုံပြင်များ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

အာလာဒင်နှင့် ထူးဆန်းသောမီးခွက်

          တစ်ခါက တရုတ်ပြည်တွင် အာလာဒင် အမည်ရှိ လူငယ်ကလေး တစ်ဦးရှိလေသည်။ သူနှင့် သူ့မိခင်သည် အလွန်ဆင်းရဲ၍ တဲငယ် ကလေးတစ်ခုတွင် နေရရှာလေသည်။ ။

          အာလာဒင်ကလေးသည် နေ့စဉ် လမ်းထဲတွင် အပေါင်း အဖော်များနှင့် ကစား၍သာ အချိန်ဖြုန်းနေလေသည်။

          တစ်နေ့တွင် လူတစ်ယောက်သည် လမ်းထဲသို့ ရောက်ရှိ လာကာ သူတို့ကစားနေသည်ကို စောင့်ကြည့်နေလေသည်။ ထို့ နောက် ထိုလူကြီးသည် အာလာဒင်အား -

          “မင်း ဘယ်သူလဲ”ဟု မေးလေသည်။ အာလာဒင်က“ကျွန်တော့်နာမည် အာလာဒင်ပါ”

          ဟု ပြန်ဖြေသည်။

           ထိုအခါ လူကြီးက

          “ဒါဖြင့် ငါဟာ မင်းရဲ့ ဦးလေးပဲ”

          ဟု ပြောဆိုလေသည်။ အမှန်မှာ ထိုလူကြီးသည် အာလာဒင်၏ ဦးလေး မဟုတ်ပေ။ လိမ်ညာပြောဆိုခြင်းသာ ဖြစ်သည်။ ထိုလူကြီးသည် မှော် ဆရာကြီးတစ်ဦးသာ ဖြစ်သည်။

          အာလာဒင်လည်း မှော်ဆရာကြီးက သူ့ဦးလေးဟုဆို၍ မှော် ဆရာကြီးအား သူ့အိမ်သို့ ခေါ်ဆောင်သွားလေသည်။ အိမ်ရောက် သော် အာလာဒင်က သူ့မိခင်အား

          “အမေရေ..ဒီမှာ ကျွန်တော့်ဦးလေး အာဖရိကက ရောက် နေတယ်၊ လာကြည့်ပါဦး”

          ဟု အိမ်ပေါက်ဝမှနေ၍ အားရ ဝမ်း သာစွာ ပြောဆိုလေသည်။

          အာလာဒင်၏ မိခင်လည်း မှော်ဆရာကြီးအား ကြိုဆိုကာ အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် စားဖွယ်သောက် ဖွယ်ရာများ ယူဆောင်လာကာ မှော်ဆရာကြီးနှင့်အတူ ညစာ စားသောက်ကြသည်။ ။

          မှော်ဆရာကြီးက အာလာဒင်အား

          “ငါ့တူ အာလာဒင်၊ ဦးလေး မင်းကို အင်္ကျီလှလှကလေး တွေ ဝယ်ပေးမယ်”

          ဟု ဆိုသည်။

          “မှော်ဆရာကြီး၏စကားကို ကြားသော် အာလာဒင်တို့ သား အမိသည် အလွန်ဝမ်းသာသွားကြလေသည်။

          နောက်တစ်နေ့တွင် အာလာဒင်နှင့် မှော်ဆရာကြီးသည် ဈေးသို့ သွားရောက်ကြလေသည်။ ဈေးထဲတွင် မှော်ဆရာကြီး က အာလာဒင်အား အင်္ကျီအဝတ်အစားသစ်များ ဝယ်ပေးသည်။ အာလာဒင်သည် အင်္ကျီအဝတ်အစား ရရှိ၍ ဝမ်းသာနေလေသည်။

          ထို့နောက် အာလာဒင်နှင့် မှော်ဆရာကြီးသည် စကား စမြည်ပြောရင်း လမ်းလျှောက်လာကြသည်။

          မကြာမီ သူတို့သည် တောင်ကုန်းတစ်ခုသို့ ရောက်ရှိလာ ကြသည်။ မှော်ဆရာကြီးက အာလာဒင်အား

          “ကဲ..ဒီမှာ နားကြစို့။ မင်း ထင်းရှာပြီး မီးဖိုကြီးတစ်ခု ဖိုကွာ”ဟု ခိုင်းလေသည်။ ။

          အာလာဒင်လည်း ထင်းများကို ယူဆောင်ကာ မီးဖိုလေ သည်။ မကြာမီ မီးအရှိန်များ တက်လာကာ မီးဖိုကြီးတစ်ခု ဖြစ်လာလေသည်။

          မှော်ဆရာကြီးလည်း နှုတ်မှ မန်းမှုတ်ရင်း မီးဖိုထဲသို့ တစ်စုံ တစ်ရာ ပစ္စည်းများထည့်နေလေသည်။ မကြာမီ မြေကြီးသည် တုန်ခါလာပြီး ကျယ်လောင်သော အသံကြီးနှင့်အတူ မြေကြီးထဲမှ မီးခိုးများ ထွက်လာလေသည်။ ထိုအခြင်းအရာကို မြင်သော် အာလာဒင်လည်း အလွန်ကြောက်ရွံ့ တုန်လှုပ်သွားသည်။

          ထို့နောက် ချက်ချင်းပင် မြေကြီးသည် အက်ကွဲလာပြီး မြေ ကြီးထဲမှ လိုဏ်ခေါင်းကြီးတစ်ခု ပေါ်လာလေသည်။ လိုဏ်ခေါင်းဝ ကို ကြီးမားသော ကျောက်ပြားကြီးက ပိတ်ဆို့ထားလေသည်။

          မှော်ဆရာကြီးက အာလာဒင်အား - -

          “အဲဒီကျောက်ပြားအောက်မှာ မီးခွက်တစ်ခု ရှိတယ်။ ဆင်း ပြီးသွားယူချေ။ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဒီလက်စွပ်ကို ဝတ်ထား””

          ဟု ပြောဆိုကာ လက်စွပ်ကို ပေး၍ အာလာဒင်အား လိုဏ်ခေါင်းအတွင်းသို့ ဆင်းစေသည်။

          အာလာဒင်လည်း မှော်ဆရာကြီး၏ လက်စွပ်ကို ဝတ်ဆင် ကာ လိုဏ်ခေါင်းဝသို့ ဆင်းလာခဲ့သည်။ ထို့နောက် လိုဏ်ခေါင်းဝ တွင် ပိတ်ဆို့ထားသော ကျောက်ပြားကြီးကို ဆွဲမ တင်လိုက်သည်။ ထိုအခါ လိုဏ်ခေါင်းကြီးအတွင်းသို့ ဆင်းရန် လှေကား ထစ်များကို တွေ့မြင်ရလေသည်။ အာလာဒင်လည်း လှေကား ထစ်အတိုင်း အောက်သို့ ဆင်းသွားလေသည်။

          မကြာမီ အာလာဒင်သည် လှပသည့် ဥယျာဉ်တစ်ခုဆီသို့ ရောက်ရှိလာသည်။ ။

          ဥယျာဉ်ထဲတွင် ကျောက်မျက်ရတနာများ ဖြိုးပြက်နေသော ကျောက်မျက်ပင်များကို အများအပြား တွေ့ရလေသည်။ ကျောက် မျက်ရတနာများသည် အနီ၊ အပြာ၊ အစိမ်း၊ အဝါ၊ အဖြူ စသည် ဖြင့် အရောင်အသွေး မျိုးစုံဖြင့် လှပနေကြလေသည်။ ကျောက် မျက်ပင်ကြီးများမှာလည်း အလွန်ကြီးမား၍ နေရောင်ထဲတွင်တောက်လက်နေကြသည်။ အာလာဒင်လည်း ရှေ့ဆက် လျှောက် လှမ်းလာရာ ဥယျာဉ်ကြီး၏ အဆုံးရောက်သော် နံရံကြီးတစ်ခုကို တွေ့ရလေသည်။ နံရံပေါ်တွင် မီးခွက်ကလေး ချိတ်ဆွဲထားသည် ကို တွေ့မြင်ရသည်။ အာလာဒင်သည် လှေကားဖြင့် တက်ကာ နံရံတွင် ချိတ်ဆွဲထားသော မီးခွက်ကလေးကို ဖြုတ်ယူလိုက် သည်။ ထို့နောက် မီးခွက်ကို အင်္ကျီအတွင်းသို့ထည့်လိုက်ပြီး ပြန် ဆင်းလာခဲ့သည်။ ထို့ပြင် အာလာဒင်သည် ဥယျာဉ်ထဲရှိ ကျောက် မျက်ပင်များတွင် သီးနေကြသော ကျောက်မျက်ရတနာများကို ဖြုတ်ယူ၍ သူ့အင်္ကျီအိတ်များထဲသို့ ထည့်သည်။ အင်္ကျီအိတ်တွင် ရတနာများပြည့်သော် အင်္ကျီအတွင်းသို့ ထပ်ထည့်လေသည်။

          ထို့နောက် အာလာဒင်သည် မှော်ဆရာကြီးဆီသို့ ပြန်လာ ခဲ့သည်။ သူ သယ်ဆောင်လာသော ကျောက်မျက်ရတနာများမှာ အလွန်လေးလံနေ၍ အာလာဒင်သည် လှေကားကို ကြိုးစားပြီးတက်သော်လည်း တက်၍မရ ဖြစ်နေလေသည်။

          မှော်ဆရာကြီးက မြေပေါ်မှနေ၍ အာလာဒင်ဆီမှ မီးခွက် ကို လှမ်းတောင်းသည်။ အာလာဒင်သည် မီးခွက်ကို အင်္ကျီအတွင်း နှိုက်ယူသည်။ သို့သော် မီးခွက်သည် ရတနာပစ္စည်းများအောက်ရောက်ရှိနေ၍ မည်မျှကြိုးစားနှိုက်ယူသော်လည်း မီးခွက်ကို ယူ၍ မရ ဖြစ်နေလေသည်။

          မှော်ဆရာကြီးသည် မီးခွက်ကို လိုချင်နေသူဖြစ်၍ အလွန် ဒေါသဖြစ်သွားလေသည်။ သူသည် အောက်သို့ဆင်း၍ မီးခွက်ကို ယူရန်လည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် နောက်ဆုံးတွင် မှော်ဆရာ ကြီးသည် နှုတ်မှ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်ရာ လိုဏ်ခေါင်း ကြီး၏အဖုံးသည် တွင်းဝသို့ တဖြည်းဖြည်းရွေ့လျားသွားပြီး တွင်း ကြီးကို ပိတ်ဆို့လိုက်လေသည်။

          အာလာဒင်သည် မှောင်မှောင်မည်းမည်း လိုဏ်ခေါင်းကြီး ထဲတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့လေသည်။ အာလာဒင်သည် အလွန်ကြောက်ရွံ့နေမိလေသည်။ သူ အော်ဟစ်အကူအညီ တောင်းသော်လည်း သူ့အသံကို မည်သူကြားနိုင်မည်နည်း။ သူသည် မျက်နှာကို လက်ဝါးဖြင့်အုပ်၍ ငိုကြွေးနေလေသည်။ ထိုအခါ လက်ဝါးချင်းထိသွားကာ မှော်ဆရာကြီး ပေး၍ ဝတ်ထားသည့် လက်စွပ်ကို ပွတ်တိုက်မိရက်သား ဖြစ်သွားသည်။ ထိုအခါ ချက် ချင်းပင် အလွန်အရုပ်ဆိုးသော ဘီလူးကြီးတစ်ကောင် သူ့ရှေ့တွင် ပေါ်လာသည်။ အာလာဒင်က ဘီလူးကြီးအား -

          “အသင် ဘယ်သူလဲ”ဟု မေးလိုက်သည်။ ဘီလူးကြီးက

          “အရှင့်လက်ထဲမှာ ဝတ်ထားတဲ့လက်စွပ်ဟာ ရိုးရိုးလက်စွပ် မဟုတ်ပါဘူး။ လိုတရ လက်စွပ်ဖြစ်ပါတယ်။ ကျွန်ုပ်ဟာ အဲဒီ လက်စွပ်ကို စောင့်ရတဲ့ လက်စွပ်စောင့်ဘီလူးဖြစ်ပါတယ်။ အရှင် ဘာအလိုရှိပါသလဲ””ဟု ပြန်ဖြေသည်။ ။

          “ကျွန်ုပ် ဒီလိုဏ်ခေါင်းထဲက ထွက်ချင်ပါတယ်”

           ဟု အာလာဒင်က ပြန်ပြောလိုက်သည်။

          “ကောင်းပါပြီ”ဟု ဘီလူးကြီးက ဆိုလိုက်သည်နှင့် တစ် ပြိုင်နက် မြေကြီးသည် ကွဲအက်သွားပြီး အာလာဒင်သည် အပြင် ဘက် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ အာလာဒင်လည်း အလွန်ဝမ်းသာသွားကာ သူ့အမေအိမ်သို့ အမြန်ပြေးသွားလေ သည်။ အိမ်ရောက်သော် အာလာဒင်လည်း သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သူ့အမေအား ပြန်ပြောပြလေသည်။ ထို့ နောက် အာလာဒင်သည် သူ့အမေအား သူယူဆောင်လာသော ကျောက်မျက်ရတနာများနှင့် မီးခွက်တို့ကို ထုတ်ပြကာ

          “အမေ ..ကျွန်တော်တို့အိမ်လာတဲ့ လူကြီးဟာ ကျွန်တော့် ဦးလေး မဟုတ်ဘူး။ အဲဒီလူကြီးဟာ သိပ်ဆိုးတဲ့ မှော်ဆရာကြီး တစ်ယောက်ဗျ”

          ဟု သူ့ကို တွင်းထဲထည့်ပိတ်ခဲ့သည့်အကြောင်း ကို ပြောပြသည်။

          စားချိန်ရောက်သော် အာလာဒင်သည် ဆာလောင်မွတ်သိပ် လာသည်။ သို့သော် အိမ်တွင် စားစရာမရှိ။ သူ့အမေတွင်လည်း စားစရာဝယ်ဖို့ ငွေမရှိချေ။

          ထိုစဉ် အာလာဒင်သည် ရုတ်တရက် အကြံတစ်ခုရရှိသွား သည်။

          “ကျွန်တော် ဒီမီးခွက်ကို ရောင်းပြီး စားစရာတွေ ဝယ် မယ်

          ဟု အာလာဒင်က ဆိုသည်။

          သူ့အမေက -

          “သားအကြံ ကောင်းတယ်။ မေမေ မီးခွက်ကလေးကို ပြောင်အောင် တိုက်လိုက်ဦးမယ်”

          ဟု ပြန်ပြောသည်။

          ထို့နောက် အာလာဒင်၏ မိခင်သည် မီးခွက်ကလေးကို ပြောင်လက်အောင် သဲဖြင့် ပွတ်တိုက်လေသည်။ ထိုသို့ မီးခွက်ကို ပွတ်တိုက်လိုက်သည့်အတွက် မီးခွက်ထဲမှ ဘီလူးကြီးတစ်ကောင် သည် သူတို့ရှေ့တွင် ပေါ်လာလေသည်။ ဘီလူးကြီးသည် ကိုယ် ခန္ဓာကြီးမားကာ အလွန် အရုပ်ဆိုးလေသည်။ ဘီလူးကြီးကိုမြင် သော် အာလာဒင်၏မိခင်သည် ကြောက်ရွံ့ ထိတ်လန့်သွားသည်။ ဘီလူးကြီးက -

          “ဒီမီးခွက်ဟာ လိုတရ မီးခွက်ဖြစ်ပါတယ်။ ကျွန်ုပ်ဟာ မီးခွက်စောင့်ဘီလူးဖြစ်ပါတယ်။ အရှင် ဘာအလိုရှိပါသလဲ ပြော ပါ”

          ဟု ဆိုသည်။

          “ကျွန်ုပ်တို့စားဖို့ အစားအစာလိုနေပါတယ်”

          ဟု အာလာ ဒင်က ပြန်ပြောသည်။ ။

          “ကောင်းပါပြီ”

          ဟု ဘီလူးကြီးက ဆိုလိုက်သည်နှင့် တစ် ပြိုင်နက် စားကောင်းသောက်ဖွယ်ရာများ အပြည့်ထည့်ထားသည့် လင်ပန်းကြီးသည် အာလာဒင်တို့ရှေ့သို့ ရောက်ရှိလာလေသည်။

          စားဖွယ်သောက်ဖွယ်ရာများ ထည့်ထားသည့် လင်ပန်းကြီး နှင့် ပန်းကန်လုံး၊ ပန်းကန်ပြားများအားလုံးမှာ ရွှေလင်ပန်း၊ ရွှေ ပန်းကန်လုံး၊ ရွှေပန်းကန်ပြားများ ဖြစ်ကြသည်။

          အာလာဒင်နှင့် သူ့မိခင်တို့သည် စားသောက်ဖွယ်ရာများ ကို အားရပါးရ စားသောက်ကြသည်။ သူတို့သည် ဤသို့သော အစားအစာများကို တစ်ခါမျှ မစားဖူး၍ အံ့သြကာ ဝမ်းသာနေ ကြလေသည်။

          စားသောက်ပြီးသော် အာလာဒင်က သူ့မိခင်အား -

          “အမေ..ကျွန်တော် ဈေးကိုသွားပြီး ရွှေပန်းကန်ပြား တစ် ချပ်လောက် သွားရောင်းကာ ကျွန်တော်တို့စားဖို့ အစားအစာ တွေ သွားဝယ်မယ်”

          ဟု ပြောဆိုသည်။

          နံနက်ရောက်သော် အာလာဒင်သည် ရွှေပန်းကန်ပြားတစ် ချပ်ကို ယူဆောင်ကာ ဈေးသို့ သွားလေသည်။ ရွှေပန်းကန်ပြားကို ရောင်းပြီး ရရှိသည့်ငွေဖြင့် အစားအစာများ ဝယ်ယူသည်။

          ဤသို့ဖြင့် အာလာဒင်သည် ငွေလိုတိုင်း ရွှေပန်းကန်ပြား တစ်ချပ် ရောင်းလေသည်။

          တစ်နေ့တွင် အာလာဒင်သည် ရွှေပန်းကန်ပြားကို ရောင်း ချရန် ဈေးသို့သွားသည်။ သို့သော် ထိုနေ့တွင် ဈေးဆိုင်များ ပိတ်ထားကြသည်ကို တွေ့ရလေသည်။

          “ဘာလို့များ ဈေးဆိုင်တွေ ပိတ်ထားကြသလဲ”

          ဟု အာလာ ဒင်က အနီးအနားမှ လူတစ်ယောက်အား မေးလိုက်သည်။

          ထိုလူက သူ့အား

           “ဒီနေ့ ဘုရင့်သမီးတော်ကလေး ရေချိုး ဆိပ် ဆင်းတဲ့နေ့လေ။ ဒါကြောင့် ဆိုင်တွေ ပိတ်ထားကြရတာပါ။ ဘယ်သူမှ မင်းသမီးကလေးကို မကြည့်ရဘူးလို့ အမိန့်ချမှတ် ထားတယ်”

          ဟု ရှင်းပြသည်။ အာလာဒင်လည်း -......