မောင်ခေတ်ထွန်း - ထူးဆန်းသောအံ့ဖွယ်ဖိနပ်ကလေး
အံ့ဖွယ်ဖိနပ်
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်တွင် ဘုရင်ကြီးတစ်ပါး ရှိလေ သည်။
ဘုရင်ကြီးနှင့်မိဖုရားကြီးတို့သည် တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင်ကြကာ ယုယကြင်နာလျက်ရှိကြလေသည်။ မကြာမီ မိဖုရား ကြီးသည် သားယောက်ျားကလေးတစ်ဦး ဖွားမြင်ရာ ဘုရင်ကြီး နှင့် မိဖုရားကြီးတို့သည် အလွန်ပျော်ရွှင်ကြလေသည်။ ပြီး က မကြာမီ မိဖုရားကြီးတွင် ကိုယ်ဝန်ရှိလာပြန်လေသည်။ သမီး မိန်းကလေးလိုချင်ကြ၍ ယခုမွေးမည့် ကလေးသည် မိန်း ကလေးဖြစ်ပါစေဟု ဆုတောင်းကြလေသည်။ သို့သော် မွေးလာ သည့်ကလေးကား မိန်းကလေး မဟုတ်ပေ။ လေးမြို့ယောက်ျားကလေး ဖြစ်နေလေသည်။ သည် ထိုအခါ မိဖုရားကြီးက -
“ကိစ္စမရှိဘူး။ ညီမလေးအတွက် အစ်ကိုနှစ်ယောက် မွေးဖွားလာခြင်းဖြစ်၏။ နောက်မွေးလာမည့် ညီမလေးအတွက်အစ်ကိုနှစ်ယောက် စောင့်နေတဲ့သဘောပေါ့”
ဟု ဖြေသိမ့်ကာ ဆိုလေသည်။ သို့သော် တတိယမွေးလာသည့် ကလေးသည်လည်း ယောက်ျားလေးပင်။
ဘုရင်ကြီးနှင့် မိဖုရားကြီးသည် စိတ်မချမ်းမသာ ဖြစ်စ ပြုလာပြီဖြစ်သည်။ သို့သော် သူတို့က စတုတ္ထမြောက်ကလေး သည် မိန်းကလေး ဧကန်ဖြစ်ရမည်ဟု ယုံကြည်ထင်မှတ်နေကြ လေသည်။
သို့သော် စတုတ္ထမြောက်ကလေးသည် မိန်းကလေး မဟုတ်ပြန်ချေ။ ယောက်ျားလေးပင်။ မိဖုရားကြီး နောက်ထပ် မွေးလာသည့် ကလေးများအားလုံးသည် ယောက်ျားများချည်းပင် ဖြစ်၏။
၁၂ ယောက်မြောက် ယောက်ျားကလေးကို မွေးဖွားလာ သည့်အခါတွင်မူ ဘုရင်ကြီးနှင့် မိဖုရားကြီးတို့သည် အလွန်ပင် စိတ်ညစ်သွားကြသည်။ တစ်ရွာ ပြီး သူတို့၏ သားကလေးများမှာ ကိုယ်ခန္ဓာကြီးထွားကြ သည်။ အားခွန်ဗလ တောင့်တင်းကျန်းမာကြသည်။ ဘုရင်ကြီးနှင့် မိဖုရားကြီးတို့မှာ သူတို့သားများကို ချစ်ခင်နှစ်သက်ကြသော်လည်း သမီးမိန်းကလေးကို လိုချင်သည့်စိတ်ကား တားဆီးမရခဲ့ချေ။
သို့သော် နောက်ဆုံးတွင် သူတို့၏ ဖြစ်ချင်ဆုံးသော ဆန္ဒ ကား ပြည့်ဝသွားပြီ ဖြစ်သည်။ ( ၁၃ ယောက်မြောက် မွေးဖွားလာသည့် ကလေးကား ရှားရှားပါးပါး မိန်းကလေးဖြစ်နေလေသည်။ သူတို့၏ ပျော်ရွှင်မှုကား ဖော်ပြ၍မရနိုင်တော့ချေ။
မိဖုရားကြီးသည် အားရဝမ်းသာစွာဖြင့် သူသား ၁၂ ယောက်ကို ခေါ်ကာ သူတို့၏ ညီမချောလေးအား ပြသသည်။ ဘုရင်ကြီးလည်း ဝမ်းသာလွန်း၍ နန်းတော်တွင် စားပွဲကြီးကို ကျင်းပကာ အယုတ်အလတ် အမြတ်မရွေး ကျွေးမွေးလေသည်။
စားပွဲအခမ်းအနားကြီးတွင် သမီးတော်မင်းသမီးလေးအား ဧည့်ပရိသတ်အပေါင်းရှေ့တွင် ပွဲထုတ်လေသည်။ ။
ပရိသတ်အပေါင်းသည် မင်းသမီးကလေးအား ကောင်း ချီးပေးကြလေသည်။ ချီးမွမ်းထောမနာပြုကြသည်။
ထိုအချိန်တွင် နန်းတော်တံခါးကြီး ပွင့်လာကာ နတ်သမီး သုံးပါးသည် အထဲသို့ ဝင်လာကြလေသည်။
ပရိသတ်အားလုံးသည် နတ်သမီးသုံးဖော်ကို မြင်သော် ငြိမ်သက်သွားကြသည်။ သူတို့က နတ်သမီးများသည် ဘုရင့်သမီးတော်ကလေးအား ဆုလာဘ်များပေးရန် ရောက်ရှိလာကြခြင်းဖြစ် သည်ဟု သိနေကြလေသည်။
ပထမ နတ်သမီးက -
“မင်းသမီးကလေးရဲ့ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့ မှ နာမကျန်းမဖြစ်စေရဘူး”
ဟု ဆုလက်ဆောင်ပေးသည်။ ဒုတိယနတ်သမီးက -
“မင်းသမီးကလေးဟာ ဘဝတစ်လျှောက်လုံး ချောမော လှပသူ ဖြစ်ပါစေ”
ဟု ဆုလာဘ်ပေးသည်။
တတိယနတ်သမီးက -
“မင်းသမီးကလေးဟာ ဘဝတစ်လျှောက်လုံး ကောင်းမှု တွေနဲ့သာ တွေ့ကြုံရမယ်၊ မကောင်းတာ ဘာမှမဖြစ်စေရဘူး”
ဟုဆုလာဘ်ပေးလေသည်။
ထိုသို့ နတ်သမီးသုံးပါးသည် မင်းသမီးကလေးအား ဆုလာဘ်လက်ဆောင်များပေးကြပြီးနောက် ကြီးမားသော အလင်း ရောင်ကြီး ပေါ်လာပြီးနောက် နတ်သမီးသုံးပါးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားကြလေသည်။
ပရိသတ်အပေါင်းလည်း ကံကောင်းသော မင်းသမီး ကလေးအတွက် အချင်းချင်း ချီးကျူးစကား ပြောဆိုကြလေသည်။
နန်းရင်ပြင်တစ်ခုလုံး ပရိသတ်အပေါင်း၏ စကားသံများ ဖြင့် စည်ဝေလျက်ရှိနေလေသည်။ ထိုအချိန်တွင် နန်းတော်တံခါး ကြီးသည် ပြန်ပွင့်လာပြန်ကာ အနက်ရောင်ဝတ်ထားသော အဘွား အိုတစ်ဦးသည် နန်းတော်ထဲသို့ ဝင်ရောက်ပြေးဝင်လာလေသည်။
အဘွားအိုသည် ပါးစပ်မှလည်း -
“ခဏစောင့်...ခဏစောင့်၊ မင်းသမီးကလေးကို ဆုပေး ဖို့ကျန်သေးတယ်၊ မပြီးသေးဘူး”
ဟု အော်ပြောနေလေသည်။
လူအားလုံးလည်း ငြိမ်သက်သွားကြကာ အဘွားအိုကို ကြည့်နေကြလေသည်။ ။ သည် အဘွားအိုသည် အင်္ကျီအိတ်ထဲမှ အလွန်သေးငယ်သည့် ငွေဖိနပ်တစ်ရန်ကို ထုတ်ယူကာ မင်းသမီးလေး၏ ခြေထောက် တွင် ဝတ်ဆင်ပေးလိုက်လေသည်။
ထို့နောက် အဘွားအိုက -
“ဒီဖိနပ်ဟာ ထူးဆန်းတဲ့ ဖိနပ်လေးဖြစ်တယ်၊ မင်းသမီး ကလေးဟာ ဒီဖိနပ်ကိုစီးပြီး လူတွေရဲ့ နှလုံးသားတွေထဲမှာ လျှောက်လှမ်းသွားလိမ့်မယ်၊ ဟား...ဟား....ဟား”
ဟု ရယ်မောကာ ပြန်လည်ထွက်ခွာသွားလေသည်။
အဘွားအို အပြင်ဘက်သို့ရောက်ရှိသွားသည်အထိ အဘွား အို၏ ရယ်မောသံကို အဆက်မပြတ် ကြားကြရလေသည်။
“လူတွေရဲ့ နှလုံးသားထဲကို လျှောက်လှမ်းလိမ့်မယ်”
ဆိုတဲ့ အဓိပ္ပာယ်က ဘာကိုပြောတာလဲ၊ ကြားရသူတိုင်း အနက် အဓိပ္ပာယ်အမျိုးမျိုး ဖော်နေကြလေသည်။
ဘုရင်ကြီးက ပညာရှိတစ်ဦးအား - “သင် လူတွေရဲ့နှလုံးသားထဲမှာ လမ်းလျှောက်နိုင်သလား” ဟုမေးလေသည်။ ပြီးရင် တစ် ထိုအခါ ပညာရှိက သူ့ခြေထောက်ကြီးကို ကြည့်ကာ “အို...အရှင်မင်းကြီး၊ ကျွန်တော်မျိုး မလျှောက်နိုင်ပါ” ဟုလျှောက်တင်သည်။
ပညာရှိကြီး၏ လျှောက်တင်ချက်ကို ကြားသော် ဘုရင် ကြီးက -
“ဒါဖြင့် ဒီစကားက ဘာအဓိပ္ပာယ်လဲ” “ကျွန်တော်မျိုး မသိနားမလည်ကြောင်းပါ အရှင်မင်းကြီး” ဟု ပညာရှိက ပြန်လည်လျှောက်တင်သည်။ ထိုအခါ ဘုရင်ကြီးက နောက်ပညာရှိကြီးတစ်ပါးအား “အဲဒီအဓိပ္ပာယ်ကိုကော အသင်သိပါသလား”ဟု မေးပြန်သည်။
ဒုတိယပညာရှိကလည်း မသိကြောင်း ပြန်ဖြေသည်။ ဘုရင်ကြီးသည် တတိယမြောက်ပညာရှိအား မေးပြန်သည်။ တတိယမြောက် ပညာရှိကလည်း မဖြေနိုင်ပေ။
ထိုသို့ဖြင့် ဘုရင်ကြီးသည် ပညာရှိများအား အဘွားအို ပြောဆိုသွားသည့် စကား၏အဓိပ္ပာယ်ကို ယနေ့ညမတိုင်မီ ဖြေ ကြားရမည်ဟု အမိန့်တော်ချမှတ်ကာ ပြန်စေလေသည်။ ပညာ ရှိများသည် စားပွဲမပြီးဆုံးသေးမီ ပြန်ကြ၍ များစွာ စိတ်မသာ မယာရှိကြလေသည်။ သို့သော် သူတို့သည် ဘုရင်ကြီး၏ အမိန့် အတိုင်း ယနေ့မတိုင်မီ အဘွားအို၏စကားကို အနက်အဓိပ္ပာယ် ဖော်နိုင်ရန် နန်းတော်မှ ထွက်ခွာလာခဲ့ကြလေသည်။ ။
သူတို့သည် စာကြည့်ခန်းထဲ၌ စာအုပ်များကို လှန်လှော ရှာဖွေ ဖတ်ရှုပါက စာအုပ်တစ်အုပ်ထဲတွင် အဘွားအိုစကား၏ အနက်အဓိပ္ပာယ်ကို ဖော်နိုင်မည့်အဖြေကို ရရှိလိမ့်မည်ဟု တွေးမိ ကြလေသည်။
ထို့ကြောင့် သူတို့သည် စာကြည့်ခန်းသို့ လာကြလေသည်။ သူတို့သည် စာအုပ်များကို လှန်လှောဖတ်ရှုကြသည်။ အဓိပ္ပာယ် များဖော်ကြသည်။ သို့သော် သူတို့သည် အနက်အဓိပ္ပာယ်ဖော်ကြ ရာ၌ တစ်ဦးနှင့်တစ်ဦး “သူမှန်သည်၊ ငါမှန်သည်”ဟုဆိုကာ ငြင်းခုံကြသည်။ ရန်ဆောင်ကြသည်။ တွန်းထိုးကြသည်။ ထိုအခါ သူတို့၏ မုတ်ဆိတ်မွေးများသည် ဘယ်ညာ ယိမ်းနွဲ့ကာနေကြလေ သည်။ နောက်ဆုံးနှစ်ဦးသည် သတ်ပုတ်ကြကာ လုံးထွေးသွားကြ သည်။ သူတို့နှစ်ဦး၏ မုတ်ဆိတ်မွေးများသည် လိမ်ရှုပ်ငြိတွယ်အံ့ဖွယ်ဖိနပ် သွားကြကာ ချည်ပြီးသကဲ့သို့ ဖြစ်သွားသည်။ တခြားသူများက အချိန်အတော်ကြာမှ ပြေသွားကြသည်။
ထိုအချိန်တွင် ဟားတိုက်ရယ်မောလိုက်သော အသံတစ်သံ ကို ကြားလိုက်ရပြီး နန်းတော်ထဲ၌ မင်းသမီးကလေးအား ဖိနပ်ပေး ခဲ့သော အဘွားအိုသည် သူတို့ထံသို့ ရောက်ရှိလာလေသည်။
ပညာရှိများက အဘွားအိုအား အဘွားအို ပြောကြားခဲ့သည့် လူတွေရဲ့နှလုံးသားထဲမှာ လမ်းလျှောက်ရလိမ့်မယ်ဟူသော စကား ၏ အနက်အဓိပ္ပာယ်ကို ပြောပြရန် တောင်းဆိုကြသည်။ ထိုအခါ အဘွားအိုက -
“လူတွေရဲ့နှလုံးသားထဲမှာ လျှောက်လှမ်းပါ”ဆိုတာက
“မင်းသမီးကလေးက အားလုံးက သူ့ကိုချစ်အောင် လုပ်လိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ဟု ပြန်ပြောလေသည်။
ပညာရှိများက -
“အားလုံး ဟုတ်လား” ဟု ပြန်မေးသည်။
“ဟုတ်ပါတယ်၊ အားလုံးဆိုရာမှာ ယောက်ျား၊ မိန်းမ၊ ယောက်ျားကလေး၊ မိန်းကလေး၊ ခွေး၊ ကြောင်၊ ဆင်တွေအားလုံး ပါဝင်ပါတယ်”ဟု ပြောဆိုကာ အဘွားအိုသည် တဟားဟား ရယ်မော၍ ထွက်ခွာသွားလေသည်။
ပညာရှိများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် မိကြသည်။ သူတို့အထဲတွင် အသက်အကြီးဆုံးပညာရှိကြီးက
“ကဲ...အခု ကျွန်ုပ်တို့ဘုရင်ကြီးကို သွားပြီးအဖြေပေး လို့ ရပြီ”
ဟု ဆိုလေသည်။
ထိုအခါ အခြားပညာရှိတစ်ဦးက
“အဘွားအို အခုပြောတဲ့ အနက်အဓိပ္ပာယ် စကားတွေကို ဘုရင်ကြီးကို လျှောက်တင်မှာလား”
ဟုမေးသည်။ ။
ထိုအခါ အသက်အကြီးဆုံး ပညာရှိကြီးက -
“အဲဒီလိုတော့ ဘယ်လျှောက်တင်ပါ့မလဲ၊ အဘွားအိုက ကျွန်ုပ်တို့ထက် တော်တယ်လို့ သိသွားပြီး ကျွန်ုပ်တို့ ပညာရှိဆိုတာ ဘယ်သူမှ ယုံကြတော့မှာ မဟုတ်ဘူး”
ဟု ပြန်လည်ပြောဆိုလေ သည်။
ထိုသို့ဖြင့် သူတို့သည် ဘုရင်ကြီးဆီသို့ ရောက်ရှိလာကြ လေသည်။ သူတို့က ဘုရင်ကြီးအား
“အရှင်မင်းကြီး.......ကျွန်တော်မျိုးတို့ အရှင်မင်းကြီး ရှာဖွေ ခိုင်းတဲ့ အဘွားအိုစကားရဲ့ အနက်အဓိပ္ပာယ်ကို ရှာဖွေလို့ တွေ့ခဲ့ပါ ပြီ။ ကျွန်တော်မျိုးတို့ ဒီအဖြေကိုရဖို့ စာအုပ်တွေအတော်များများ ဖတ်ရှုခဲ့ရပါတယ်။ အဘွားအိုပြောသွားတဲ့ လူတွေရဲ့ နှလုံးသား ထဲမှာ လမ်းလျှောက်လိမ့်မယ်ဆိုတဲ့ စကားက မင်းသမီးလေးဟာ သူ့ကိုချစ်အောင် လူတွေကိုလုပ်လိမ့်မယ်လို့ အဓိပ္ပာယ်ရပါတယ်”
ဟု လျှောက်တင်ကြလေသည်။
ဘုရင်ကြီးက
“အားလုံး ဟုတ်လား””ဟု ပြန်မေးသည်။
“မှန်ပါတယ် အရှင်မင်းကြီး၊ အားလုံးပါ။ အားလုံးဆိုရာ မှာ ယောက်ျား၊ မိန်းမ၊ ယောက်ျားကလေး၊ မိန်းကလေး၊ ခွေး၊ ကြောင်နဲ့ ဆင်တွေ ပါပါတယ်”ဟု ပညာရှိများက ပြန်လည်လျှောက်တင်ကြသည်။ ဘုရင်ကြီးလည်း အလွန်ကျေနပ်သွားကာ ပညာရှိများအား စားတော်ကို ဆက်လက်သုံးဆောင်စေလေသည်။စားပွဲများကား အေးစက်၍ နေလေသည်။ စားတော်ကဲသည် စားပွဲအသစ်များ ယူဆောင်လာကာ ချပေးသည်။
အထိန်းတော်လေးများသည် သမီးတော်အား မိဖုရားကြီး ထံသို့ ခေါ်ဆောင်သွားကြသည်။
နှစ်များစွာ ကြာညောင်းသွားခဲ့သည်။ မိဖုရားကြီးလည်း ကွယ်လွန်သွားပြီဖြစ်သည်။ မင်းသမီးကလေးမှာ နတ်သမီးများကောင်းချီးပေးသည့်အတိုင်း ကျန်းမာချမ်းသာစွာဖြင့် အရွယ် ရောက် ကြီးပြင်းလာခဲ့လေသည်။ အလှသွေးများတိုးကာ အလွန် ချောမောလှပသော မင်းသမီးကလေးတစ်ပါး ဖြစ်လာခဲ့လေသည်။ မင်းသမီးကလေးသည် အဘွားအိုပေးခဲ့သည့် ဖိနပ်ကလေးကို အစဉ်အမြဲ ဝတ်ဆင်လေ့ရှိသည်။ ထိုဖိနပ်ကလေးမှာ ထူးဆန်း သော ဖိနပ်ကလေး ဖြစ်သည်။ မင်းသမီးကလေး အရွယ်နှင့်လိုက် ကာ ဖိနပ်သည်လည်း ကြီးလိုက်လာခြင်းဖြစ်သည်။ မင်းသမီး ကလေး အသက်ကြီးလာသော်လည်း ဖိနပ်သည် လိုက်ကြီးလာ၍ မင်းသမီးကလေး၏ ခြေထောက်နှင့် အံဝင်ခွင်ကျ ဖြစ်နေလေ သည်။
ယခု အဘွားအိုပြောကြားသည့် စကားသည် မှန်ကန်လာ ပြီဖြစ်သည်။ မင်းသမီးကလေးသည် လူများ၏နှလုံးသားထဲတွင် လမ်းလျှောက်လျက်ရှိနေပြီ ဖြစ်သည်။ လူတိုင်းသည် မင်းသမီး ကလေးအား ချစ်မြတ်နိုးကြလေသည်။ ယောက်ျား၊ မိန်းမ၊ယောက်ျားကလေး၊ မိန်းကလေး၊ ခွေး၊ ကြောင်နှင့် ဆင် အားလုံး မကျန် မင်းသမီးကလေးအား မချစ်မနှစ်သက်သည်ဟူ၍ မရှိ။
ထိုသို့ဖြင့် မင်းသမီးကလေးမှာ အသက် ၁၅ နှစ်အရွယ်သို့ရောက်ရှိလာလေသည်။ ထိုအချိန်တွင် တိုင်းတစ်ပါးမှ မင်းသား ကလေးတစ်ပါးသည် မင်းသမီးကလေး၏ ဂုဏ်သတင်းကို ကြား သိသွားလေသည်။ မင်းသားလေးသည် မင်းသမီးအား လက်ထပ် လိုချင်နေသည်။
ထိုသို့ဖြင့် မင်းသားလေးသည် မင်းသမီးကလေးရှိရာ တိုင်းပြည်သို့ မြင်းဖြူကြီးကိုစီးကာ တစ်ကိုယ်တည်း ထွက်ခွာ လာခဲ့လေသည်။
ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် မင်းသားလေးသည် မင်းသမီးကလေးရှိရာ တိုင်းပြည်သို့ ရောက်ရှိလာခဲ့လေသည်။
သို့သော် မြို့ထဲသို့ဝင်ရန် မိုးချုပ်နေပြီဖြစ်သည်။
တောထဲတွင် ဖြတ်သန်းလာ၍လည်း သူ့မြင်းမှာ မော ဟိုက်နေပြီ။ သူသည် တစ်ညတည်းခိုနိုင်မည့် နေရာကို ရှာဖွေ သည်။ သစ်ပင်ကြားထဲမှာ အိမ်တစ်အိမ်၏ မီးအလင်းရောင် တစ်ခုကိုမြင်တွေ့ရ၍ ဝမ်းသာသွားသည်။
မင်းသားလေးသည် ထိုအိမ်သို့ရောက်ရှိလာပြီး
“အိမ်ရှင်တို့...အိမ်ရှင်တို့”
ဟု လှမ်းအော်မေးသည်။
အိမ်ထဲမှ
“ဝင်လာခဲ့ပါ”
ဟု အသံကြားရသည်။
မင်းသားလေးသည် တံခါးဖွင့်ကာ အိမ်ထဲတွင် အနက် ရောင်ဝတ်ဆင်ထားသည့် အဘွားအိုကို တွေ့ရသည်။ မင်းသား လေးက အဘွားအိုအား -
“ဒီညအဖို့ အဘွားအိမ်မှာပဲ ကျွန်တော့်ကိုတည်းခွင့်ပြုပါ”