Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - တရုတ်ရိုးရာပုံပြင်ကမ္ဘာ(၁)

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

စကားပြောတဲ့ငှက်ကလေး

          တရုတ်ပြည်ရဲ့ ဧကရာဇ်ဘုရင်မဟာ ခန့်ညားပြီး သြဇာအာ ဏာရှိတဲ့ သူဖြစ်တယ်။ သူ့နန်းတော်ကို စကျင်ကျောက်နဲ့ ရွှေစင် ရွှေပြားနဲ့ ဆောက်လုပ်မွမ်းမံထားတယ်။ သူထိုင်တဲ့ ပလ္လင်တော်ကို ကျောက်စိမ်းခြင်္သေ့ရုပ်က စောင့်ကြပ်နေတယ်။ ခန်းမအဆောင် ဆောင်မှာ နာမည်ကျော် ပန်းချီကျော်တွေရဲ့ လက်ရာ ပန်းချီကား တွေကို ချိတ်ဆွဲထားတယ်။ အခန်းတွေကိုလည်း အကောင်းဆုံးသိုး မွေးနဲ့ ငွေချည်နဲ့ရက်လုပ်ထားတဲ့ ကော်ဇောတွေကို ခင်းကျင်းထားတယ်။ သူ့ အကြံပေးတွေဟာလည်း ဉာဏ်ပညာအဆင့်အတန်း အမြင့်ဆုံး ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။ တိုက်ရေး ခိုက်ရေးမှာ အထူး ကျွမ်းကျင်တဲ့ စစ်သည်တော်တွေကိုလည်း သူ့ကိုယ်ရံတော်တပ် အဖြစ် ဖွဲ့စည်းထားတယ်။ မည်သူမဆို သူ့ကိုဦးညွတ်အလေးပြုပြီး မှ လျှောက်တင်စရာရှိ လျှောက်တင်ရတယ်။

          ဒါပေမဲ့ တစ်နှစ်လောက်အကြာမှာ သူ့ကို တစ်ပတ်ရိုက်ဖို့ အသက်ကြီးကြီးလူတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ အဲဒီလူ ဟာ တိုင်းပြည်နဲ့အတော်ဝေးဝေးနေရာမှာ နေထိုင်သူဖြစ်တယ်။ သူဟာ နှစ်ပေါင်းများစွာ စကားပြောနိုင်တဲ့ ငှက်ကလေးတစ်ကောင်ကို မွေးမြူထားတယ်။ သူဟာ သူ့ငှက်ကို ဘယ်ကိုပဲသွား သွား ခေါ်သွားလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး စကားပြောဆိုကြကာ ရယ် မောစရာရှိရင်လည်း အတူတူရယ်မောကြတယ်။

          တစ်နှစ်မှာ သီးနှံတွေ မအောင်မြင်လို့ အဘိုးအိုဟာ ဆင်းရဲ သွားခဲ့တယ်။

          “ငါ့မှာ တန်ဖိုးရှိတဲ့ပစ္စည်းဆိုလို့ ငါ့ငှက်ကလေးပဲ ကျန်တော့ တယ်။ ဒီငှက်နဲ့ ငွေရှာရမယ်” လို့ဆိုကာ အဘိုးအိုဟာ ငှက်ကို ပခုံးပေါ်တင်ပြီး ဧကရာဇ်ဘုရင်မကြီးရဲ့ လှပတဲ့နန်းတော်ကြီးတည် ရှိရာ ပီကင်းမြို့သို့လာခဲ့တယ်။ သူတို့ဟာ လမ်းခရီးမှာ ရွှေမြို့တော် ရောက်ရင် ဘာလုပ်ရမယ်ဆိုတာကို တီးတိုးတိုင်ပင်ခဲ့ကြတယ်။ ခရီးသွားအတော်များများက အလွန်အံ့သြစရာကောင်းတဲ့ စကား ပြောတတ်တဲ့ ငှက်ကလေးအကြောင်းကို သိရှိသွားကြတယ်။ အဘိုး အိုနဲ့ ငှက်ကလေးတို့ဟာ မကြာမီ ပီကင်းမြို့သို့ ရောက်ရှိလာကြ တယ်။ လူတိုင်းက သူတို့အကြောင်းပဲ ပြောဆိုနေကြတယ်။ အဲဒီစကားဟာ ဧကရာဇ်ဘုရင်မကြီးနား ရောက်ရှိသွားတယ်။ ဘုရင်မ ကြီးက အဘိုးအိုကို ဆင့်ခေါ်လိုက်ပြီး ငှက်ကို သူ့အား ရောင်းဖို့ ပြောကြားတယ်။ အဘိုးအိုးက ခေါင်းခါပြီး

          “ဒီငှက်နဲ့ ကျွန်တော်မျိုးဟာ မိတ်ဟောင်းဆွေဟောင်းတွေပါ။ ဒါ့ကြောင့် ကျွန်တော်မျိုး ဒီငှက်နဲ့ မခွဲနိုင်ပါဘူး” လို့ လျှောက်တင် လေတယ်။

          ဧကရာဇ်ဘုရင်ဟာ ငြင်းပယ်မှုကို လက်ခံလေ့ရှိသူမဟုတ် လို့ အဘိုးအိုရဲ့ စကားကို ဂရုမထားတော့ဘဲ ငှက်ဘက်သို့လှည့်ကာ

          “အသင် ငါ့ရဲ့ လှပတဲ့ ဒီနန်းတော်ကြီးထဲမှာ ငါနဲ့အတူ ဇိမ် ကျကျမနေချင်ဘူးလား” လို့ မေးလိုက်လေတယ်။

          “ကျွန်တော်မျိုး နေချင်ပါတယ်” လို့ ငှက်က ပြန်ပြောတယ်။ အဲဒီအခါ ဧကရာဇ်ဘုရင်မကြီးက

          “ငါ သင့်အတွက် ဒီအဘိုးအိုကို ဘယ်လောက်ပေးလိုက်ရ မလဲ” လို့ မေးတဲ့အခါ ငှက်က “ငွေအသပြာ တစ်ဆယ်ပေးရင်ရပါ တယ်” လို့ ပြန်ပြောလေတယ်။

          ဘုရင်မကြီးလည်း အဘိုးအိုရဲ့ ပခုံးပေါ်က ငှက်ကိုယူလိုက် ကာ ငှက်ကို ရွှေလှောင်အိမ်ထဲထည့်ပြီးမှ သူ့အမှုထမ်းတွေကို အဘိုးအိုအား ငွေအသပြာ တစ်ဆယ်ကို ပေးစေလိုက်တယ်။ အဲဒီငွေ ဟာ လယ်သမားတစ်ယောက်အဖို့ အလွန်များပြားတဲ့ ငွေဖြစ်တယ်။

          အဲဒီနောက် လယ်သမားအဘိုးအိုဟာ ငွေကိုပိုက်ကာ “ဒီငှက် ဟာ ကျေးဇူးမသိ၊ သစ္စာမရှိတဲ့ငှက်ပဲ။ ငါ့နှလုံးတွေတော့ ကြေကွဲ ကုန်ပါပြီ”လို့ပါးစပ်က ညည်းတွားပြောဆိုကာ သူ့ရွာသို့ပြန်လာ ခဲ့လေတယ်။ အဲဒီနေ့မှာ ငှက်ကလေးဟာ ဘုရင်မကြီးနဲ့ စကားတွေပြောလိုက်၊ ရယ်မောလိုက်နဲ့ ပြုံးပျော်နေတယ်။ ငှက်ကလေး ဟာ ကောင်းပေ့ဆိုတဲ့ အစားအစာတွေ စားသောက်ပြီးတဲ့အခါ သူဘယ်နေရာမှာ ရေချိုးရမလဲလို့ ဘုရင်မကြီးကို မေးတယ်။ ဘုရင် မကြီးက သူ့အခန်းရဲ့ အောက်ဘက်ရှိ ကြာရေကန်ကို ညွှန်ပြကာ

          “သင်... ဒီကြာရေကန်ထဲမှာ ရေချိုးပါ” လို့ ပြောဆိုလိုက် လေတယ်။

          ဘုရင်မကြီးက ငှက်ကလေးကို ရေချိုးဖို့ ရွှေလှောင်အိမ်ထဲက လွှတ်ပေးလိုက်တဲ့အခါ ငှက်ကလေးဟာ ကြာရေကန်ကြီးဆီ ပျံသန်း သွားပြီး သူ့ကိုယ်လက်တွေကို ရေနဲ့ ဆေးကြောသုတ်သင်လေ တယ်။ အဲဒီနောက် ခေါင်မိုးဆီပျံသန်းသွားကာ ခေါင်မိုးပေါ်မှာနေ ပြီး သူ့အမွေးတွေခြောက်သွားအောင် နေပူလှန်းတယ်။ ပြီးတဲ့အခါ ငှက်ကလေးက ဘုရင်မကြီးအား

          “အခု ကျွန်ုပ် ကျွတ်ပြီ လွတ်ပြီ။ နှုတ်ဆက်ခဲ့ပါတယ်။ ဘုရင် မကြီး” လို့ ပြောဆိုကာ အဝေးသို့ ပျံသန်းသွားလေတယ်။

          ဘုရင်မကြီးလည်း ဒေါသထွက်ကာ အဘိုးအိုကို ရှာကာ သူ့ထံ ခေါ်လာဖို့ သက်တော်စောင့်တွေကို စေလွှတ်လိုက်လေတယ်။

          မကြာမီ အဘိုးအိုရောက်ရှိလာကာ ဘုရင်မကြီးက အဘိုးအို အား..“ငှက် ဘယ်မှာလဲ၊ အသင်က ကျွန်ုပ်ကို လှည့်စားတာလား” လို့မေးလေတယ်။

          အဲဒီအခါ အဘိုးအိုက “ကျွန်တော်မျိုးဆီမှာ ငှက်မရှိပါဘူး။ သူမရှိလို့ ကျွန်တော်မျိုး၊ ကြေကွဲဝမ်းနည်းနေရပါတယ်။ ကျွန်တော်မျိုးဟာ ကျွန်တော်မျိုးရဲ့ငှက်ကို မရောင်းချင်တာ အရှင်တော်မဖုရားလည်း အသိပါ” လို့ ပြောဆိုလေတယ်။

          အားလုံးသော လယ်သမားတွေကလည်း အဘိုးအိုပြောတာ မှန်ကြောင်း ထောက်ခံကြတယ်။ နောက်ဆုံး ဧကရာဇ်ဘုရင်မကြီး လည်း အဘိုးအိုကို ပြန်လွှတ်လိုက်လေတယ်။ အဲဒီနောက်တော့ ဘုရင်မကြီးဟာ အဘိုးအိုကိုလည်းကောင်း၊ ငှက်ကိုလည်းကောင်း ပြန်လည်မတွေ့မမြင်ရတော့ဘူးတဲ့။

          အဘိုးအိုဟာ မိုင်ပေါင်းများစွာကွာဝေးတဲ့ တောင်ကုန်းတွေ နားက မြေကွက်ကလေးဆီလာခဲ့တယ်။ သူဟာ ဧကရာဇ်ဘုရင်မ ကြီးထံမှရရှိထားတဲ့ ငွေအသပြာတစ်ဆယ်ကို အရင်းအနှီးလုပ်ပြီး သူ့ယာခင်းဖွံ့ဖြိုးအောင် အသုံးချတယ်။ လိုအပ်တဲ့ ပစ္စည်းအသုံး အဆောင်တွေကိုလည်း ဝယ်ယူထားရှိတယ်။ သူ့တစ်သက်စာ နေထိုင်စားသောက်ဖို့ လုံလုံလောက်လောက်ရှိနေပြီဖြစ်တယ်။

          တချို့လူတွေက စကားပြောတဲ့ ငှက်ကလေးဟာ အဘိုးအို ရဲ့အိမ်ကလေးထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်နေတာတွေ့တယ်လို့ ဆိုကြသလို၊ တချို့ကလည်း ငှက်ကလေးဟာ အဘိုးအိုနဲ့ တွတ် ထိုး စကားပြောနေတာကို တွေ့ကြတယ်လို့လည်း ဆိုကြတယ်။ ဒါပေမဲ့ ဘယ်သူကမျှ သေသေချာချာ တွေ့မြင်ရတယ်လို့ ပြောဆို ဝံ့တာ မရှိဘူးတဲ့ကွယ်။

          [The Story of Little Red Riding Hood and other tales ossącą The Talking Bird]