Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - ကလေးများအတွက်ဗဟုသုတဉာဏ်စမ်းပဟေဠိ

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
Type

ကလေးများအတွက် ဉာဏ်စမ်းပဟေဠိ အမှာစာ

          ဤ “ကလေးလူငယ်များအတွက် ဉာဏ်စမ်းပဟေဠိ “စာအုပ် သည် ကလေးလူငယ်များ ပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ စာအုပ်စာတမ်းပေါင်း မြောက်မြားစွာထဲမှ ထုတ်နုတ်ပြုစုရေးသားထား သည့် စာအုပ်ဖြစ်ပါသည်။ မြန်မာ၊ အင်္ဂလိပ်စာအုပ်စာတမ်းများ များပြား လှ၍ မှီငြမ်းပြုစာအုပ်များ၏ အမည်များကို မဖော်ပြတော့ပါ။ ဤစာအုပ် မှတစ်ဆင့် ကလေးများ စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုလိုစိတ် တိုး ပွားစေရန် ရည်သန်၍ ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွား ရေး၊ သမိုင်း၊ ပထဝီ၊ အာကာသ၊ သိပ္ပံ၊ ဆေးပညာ၊ စာပေနှင့် အနုပညာ၊ ယဉ်ကျေးမှုစသည်ဖြင့် ကဏ္ဍစုံမှ ဗဟုသုတအဖုံဖုံတို့ကို ရွေးနုတ်ဖော်ပြ ထားပါသည်။ အဆိုပါစာအုပ်စာတမ်းများကို ရေးသားကြသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

          ဤဉာဏ်စမ်းပဟေဠိများကို မူလက “ရတနာပန်းခင်းရုပ်စုံ မဂ္ဂဇင်း” တွင် လစဉ်ဖော်ပြခဲ့ပါသည်။ ယခု တစ်စုတစ်စည်းတည်း ထုတ်ဝေလိုက်ခြင်းဖြစ်ပါသည်။

          ယခု စာအုပ်သည် အမှတ်စဉ် (၁) ဖြစ်၏။ နောင်တွင် အတွဲစဉ် များအဖြစ် ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ပါသည်။

          ကလေးလူငယ်များ ပညာဗဟုသုတ တိုးတက်ကြွယ်ဝနိုင်ကြ ပါစေ ...

မောင်ခေတ်ထွန်း ၂၆-၁၁-၂ဝ၁၅

  1. The fear of Vegetable ကို ဆေးပညာဝေါဟာရအရ မည်သို့ခေါ်ဆိုပါသနည်း။
  2. ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်တု Tallest Status သည် မည်သည့်နိုင်ငံ၊ မည်သည့်မြို့တွင် တည်ရှိပါသနည်း။
  3. ပထမဆုံး နီဂရိုးလူမျိုးများ၏ လွတ်လပ်သောနိုင်ငံအဖြစ် လီဘီး ရီးယားသမ္မတနိုင်ငံ Republic of Liberia ကို မည်သည့်ခုနှစ်က တည်ထောင်ခဲ့ပါသနည်း။ ။
  4. ၁၉၄၆ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ပြီးစီးကြောင်း တရားဝင် ကြေညာခဲ့သူမှာ မည်သူဖြစ်ပါသနည်း။
  5. ပနားမားတူးမြောင်းနေ့ Panama Canal Day ကို မည်သည့် နိုင်ငံတွင် နှစ်စဉ် မည်သည့်လနှင့် ရက်တို့၌ ကျင်းပကြသနည်း။
  6. ကမ္ဘာ့တေးဂီတလောကတွင် ထင်ရှားကျော်ကြားခဲ့သည့် တိရစ္ဆာန်အမည်များဖြင့် ဖွဲ့စည်းထားသည့် တေးဂီတအဖွဲ့ ၅ ဖွဲ့မှာ မည်သည့်အဖွဲ့များ ဖြစ်ကြသနည်း။
  7. ကမ္ဘာပေါ်တွင် ပထမဆုံးသော ဘလောက်တုံးဖြင့် ရိုက်နှိပ်ခဲ့ သည့်စာအုပ်မှာ မည်သည့်စာအုပ်ဖြစ်၍ မည်သည့်နိုင်ငံတွင် မည်သည့်နှစ်က ပုံနှိပ်ခဲ့ပါသနည်း။
  8. လိုဏ်ဂူ Cave များအား လေ့လာသည့် သိပ္ပံပညာရှင်ကို မည်သို့ ခေါ်ဆိုကြသနည်း။
  9. ရှေးဂရိနိုင်ငံခေတ်က Home of the gods ဟူ၍ ထင်ရှားခဲ့သည့်တောင်မှာ မည်သည့်တောင်ဖြစ်ပါသနည်း။ ။
  10. ရှေးခေတ် မက်ဆိုပိုတေး မီး,ယားတိုင်းပြည် Meso-potamia သည် ယခုအခါ မည်သည့်နိုင်ငံတွင် တည်ရှိပါသနည်း။
  11. ရှေးအီဂျစ်ခေတ်ကာလက မည်သည့် ဖာရော့ Pharaoh ဘုရင် လက်ထက်တွင် ရုပ်တုအမြောက်အမြား ထုလုပ်ထားရှိခဲ့ပါသနည်း။
  12. ၁၂။ ပင်-အမေရိကလေကြောင်းလိုင်း Pan American ၏ ပထမဆုံးကမ္ဘာပတ်နိုင်ငံတကာ ကုန်သွယ်လေကြောင်းလိုင်းအဖြစ် ဖွင့်လှစ်ပျံသန်းခဲ့သည့် နှစ်၊ လ၊ ရက်ကို ဖော်ပြပါ။
  13. ဒုတိယကမ္ဘာစစ်ကြီးသည် မည်သည့် အကြောင်းကြောင့်မည်သည့်အချိန်က စတင်ဖြစ်ပွားခဲ့ပါသနည်း။
  14. “ကမ္ဘာ့သက်သတ်လွတ်စားသူများနေ့' World Vigetairan Dayကို နှစ်စဉ် မည်သည့်လ၊ နေ့ရက်တွင် ကျင်းပကြပါသနည်း။
  15. ၁၉၈၂ ခုနှစ်က ကမ္ဘာပေါ်တွင် ပထမဆုံး နှလုံးတုဖြင့် ခွဲစိတ်အစားထိုးကုသနည်းကို တီထွင်ခဲ့သူမှာ မည်သူဖြစ်ပါသနည်း။
  16. ကမ္ဘာ့ပထမဆုံး ရော့အင်ရိုး Rock 'n' rool သီချင်းအမည်နှင့် သီဆိုသူကို ဖော်ပြပါ။
  17. ၁၆ ရာစုက ပန်းချီပညာရှင်နှင့် တီထွင်သူပညာရှင် လီယိုနာဒို Bloesj Leonardo da Vinchi သည် ယခုခေတ် ဟယ်လီကော် ပတာ Helicopter ဟူ၍ ဖြစ်ပေါ် လာစေမည့် ဝင်ရိုးတွင် လည်သည့် တောင်ပံစက်ဒီဇိုင်းကို ရေးဆွဲခဲ့ရာတွင် အဆိုပါစက်ကို ယင်းကာလက မည်သို့ခေါ်ဆိုခဲ့ပါသနည်း။
  18. မြန်မာ့ဓလေ့ထုံးစံ၊ ရှေးဟောင်းပုံပြင်၊ ဗုဒ္ဓသာသနာ၊ ပညာရေးစသည့်ဆောင်းပါးပေါင်း မြောက်မြားစွာကို ရေးသားခဲ့ကာ “လွတ်တော်မှတ်တမ်း ကောက်နုတ်ချက်”၊ အင်္ဂလိပ်ဘာသာဖြင့် “ကလျာဏီသိမ်ကျောက်စာ”၊ “မြန်မာဘာသာမူလတန်းလက်စွဲ၊ “မဟာဇနကဇာတ်တော်ကြီး”၊ “ပုဂံသုတေသနမှတ်စု”၊ “မန္တလေး သုတေသနမှတ်စု” စသည်တို့ကို ပြန်ဆိုပြုစုခဲ့သူ မြန်မာတိုင်း ရင်းသား တရုတ်အနွယ်ဝင် ပညာရှင်ကြီးမှာ မည်သူဖြစ်ပါသနည်း။
  19. စူးအက်တူးမြောင်း Suez Canal ကို မည်သည့်နိုင်ငံကမည်သည့်နှစ်၊ လ၊ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပါသနည်း။
  20. “ကလေးများ ကျန်းမာရေးနေ့” Child Heath Day ကို နှစ်စဉ်မည်သည့်လ၊ ရက်တွင် ကျင်းပကြပါသနည်း။ ။
  21. စက္ကန့် ၂၀ အတွင်း ကလေးငိုကြွေးရခြင်း ၅ မျိုးကို ခွဲခြားပေးနိုင်သည့် စက်ကိရိယာကို တီထွင်ခဲ့သူ စပိန်လူမျိုး လျှပ်စစ်ပညာရှင်မှာ မည်သူဖြစ်ပါသနည်း။
  22. ပထမဆုံး 747 ဂျမ်ဘိုဂျက် Jumbo jet ကို မည်သည့်နှစ်ကတည်ဆောက်ကာ မည်သည့်နှစ်တွင် စတင်ပျံသန်းခဲ့ပါသနည်း။
  23. ရောမခေတ်က ရောမမြို့တော်ကို မည်သည့်မြစ် ကမ်းပေါ်တွင်တည်ဆောက်ခဲ့ပါသနည်း။
  24. ဂရိတ်ဗြိတိန်နိုင်ငံတွင် မြို့တစ်မြို့၌ နေထိုင်သူများကို Novacas trians ဟူ၍ ခေါ်ဝေါ်ကြရာ ယင်းမြို့မှာ မည်သည့်မြို့ ဖြစ်ပါသနည်း။
  25. ကော်ဖီထုပ် cole ကို ခေါ်ဆိုသည့် နောက်အမည်တစ်မျိုးကားအဘယ်နည်း။//
  26. ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ပုလိပ်ရောဂါ အကြီးအကျယ်ကျရောက်ခဲ့သောနှစ်နှင့် အကြီးမားဆုံးသော မီးလောင်ကျွမ်း မှုကြီး ဖြစ်ပွားခဲ့သည့်နှစ်များကို ဖော်ပြပါ။ ။
  27. အခြေအနေအရ လိုအပ်သည်နှင့် တစ်ပြိုင်နက် နေရာမရွေး၊ အချိန်အခါမရွေးကိုယ်တိုင်လိုက်လံ ဆော်ဩပြီး အင်္ဂလိပ်တို့ကို အနိုင်ရလျှင်ရ၊ မရလျှင် အသက်အသေခံမည်ဟု ရဲရဲဝံ့ဝံ့ကြွေးကြော်ရင်း ဗုံးထိမှန်ကာ ကျဆုံးသွားသည်အထိ အသက်အသေ ခံကာ သူအလွန်လိုလားသည့် သတ္တိစံနမူနာကိုပြခဲ့သူ မြန်မာ စစ်သူကြီးမှာ မည်သူဖြစ်၍ မည်သည့်စစ်ပွဲ၌ အဆိုပါစကားကိုကြွေးကြော်ခဲ့ပါသနည်း။ ။
  28. ၁၉၆၀ ပြည့်နှစ်က မိုင်ပေါင်း ၃၆,ဝ၁၄ မိုင်ကို ရ၆ ရက်ဖြင့်ပထမဆုံး ကမ္ဘာကိုပတ်ကာသွားခဲ့သော ရေငုပ်သင်္ဘော၏အမည်ကို ဖော်ပြပါ။
  29. ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးကို လက်တင်ဘာသာစကားဖြင့်မည်သို့ခေါ်ဆို၍ မည်သည့်အဓိပ္ပာယ်ရ သနည်း။
  30. ပုဂံမြို့ အုတ်မြို့ရိုးရှိ သရဗာတံခါး (သရပါတံခါး)ကို မည်သူတည်ဆောက်ခဲ့ပါသနည်း။
  31. တစ်နေ့လျှင် နေရောင်ခြည်ကို ၁၁ နာရီ ၄၅ မိနစ်ခန့်နှင့်တစ်နှစ်လျှင် နာရီပေါင်း ၄၃ဝဝ ခန့် ရရှိသည့်နေရာမှာ မည်သည့်နေရာဖြစ်ပါသနည်း။ ။
  32. ကမ္ဘာပေါ်တွင် အားကစားနည်းတစ်ခုဖြစ်သည့် ဘတ်စကတ်ဘောကစားနည်း Basketball ကို မည်သူက စတင် တီထွင်ခဲ့ပါသနည်း။
  33. “သူရဲကောင်းနှင့်လူငယ်နေ့' Hero and Youth Day ကို မည်သည့်နိုင်ငံက နှစ်စဉ် မည်သည့်လ၊ ရက်တို့တွင် ကျင်းပခဲ့ပါ//သနည်း။
  34. 'Buffalo Bill' ကို မည်သူ့အား ဂုဏ်ပြုခေါ်ဝေါ် မှည့်ခေါ်ခဲ့ပါသနည်း။
  35. ဆရာဝန်သုံးနားကြပ် Stethoscope ကိုမည်သူက မည်သည့်နှစ်တွင် တီထွင်ခဲ့ပါသနည်း။
  36. ကမ္ဘာပေါ်တွင် အကြီးဆုံးသော စာကြည့်တိုက်ကြီးမှာ မည်သည့် နိုင်ငံရှိ မည်သည့် စာကြည့်တိုက်ကြီးဖြစ်ကာ ဧက မည်မျှ ကျယ်ဝန်း၍ စာအုပ်ပေါင်းမည်မျှခန့်ရှိပါသနည်း။
  37. စာပို့တံဆိပ်ခေါင်းဖြင့် စာပို့စနစ်ကို မည်သည့်နှစ်တွင် စတင်တီထွင်ကာ အသုံးပြုခဲ့ပါသနည်း။
  38. ပုဂံမြို့၌ ယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို မည်သည့်ခုနှစ်က တရားဝင်ဖွင့်လှစ်နိုင်ခဲ့သနည်း။
  39. ၁၉၃၄ ခုနှစ်တွင် ဂျာမန်အာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာAdolf Hitler စီးနင်းရန် ဒီဇိုင်းဆင် တည်ဆောက်ခဲ့သော ကားမှာ မည်သည့်ကားဖြစ်၍ မည်သူက ဒီဇိုင်းပြုလုပ် တည်ဆောက်ပေးခဲ့သနည်း။
  40. ၁၃ ရာစုက အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့၌ မြေငလျင်လှုပ်၍ ပြိုကျပျက်စီးသွားသော ကမ္ဘာကျော်အထိမ်းအမှတ် အဆောက်အဦမှာ မည်သည့် အဆောက်အဦ ဖြစ်ပါသနည်း။ အိန္ဒိယကြံ့ Indian Rhinoceros နှင့် အာဖရိကကြုံ African Rhinoceros တို့တွင် ကိုယ်ခန္ဓာ၌ မည်သည်တို့ မတူကြ သနည်း။
  41. အိန္ဒိယကြံ့ Indian Rhinoceros နှင့် အာဖရိကကြံ့ Africa Rhinoceros တို့တွင် ကိုယ်ခန္တာ၌ မည်သည်တို့ မတူကြသနည်း ။
  42. World Hello Day ကို နှစ်စဉ် မည်သည့်လ၊ ရက်တို့တွင်ကျင်းပကြပါသနည်း။
  43. ရှေးခေတ်က ကျင်းပပြုလုပ်သော အိုလံပစ်အားကစားပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအတွက် ချီးမြှင့်သော ဆုများမှာ မည်သည့်ပစ္စည်းများ ဖြစ်ကြသနည်း။
  44. ၁၉၃ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက် (၁၂၉၂ ခုနှစ်၊ ဝါဆိုလဆုတ် ၁၁ ရက်) တနင်္ဂနွေနေ့ ည ၅ နာရီ အချိန်တွင် ရွှေ တိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီးမှာ “တို့ဗမာ”သီချင်းကို သီဆိုခဲ့သူမှာ မည်သူဖြစ်ပါသနည်း။ ။
  45. ကမ္ဘာ့အနက်ဆုံးဂူကြီး DeepestCave မှာ မည်သည့်ဂူဖြစ်၍မည်သည့်နိုင်ငံ မည်သည့်အရပ်ဒေသတွင် တည်ရှိပါသနည်း။
  46. “ပုရှာသခင် သာသနာအနှစ်တစ်ထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်နှစ်လွန်လေပြီရကားဤအရိမဒ္ဒနပူရမည်သော ပြည်၌ ဗြိ ဘုဝနာ ဒိတျဓမ္မရာဇ်မည်သော မင်းဖြစ်၏”ဟူ၍ ဘွဲ့ အမည်ကိုဖော်ပြထားရာ နန်းတက်သည့်ဘုရင်ကား မည်သူဖြစ်ပါသနည်း။
  47. သားပိုက်ကောင်လေး Baby Kangaroo ကို ခေါ်ဝေါ်သည့်အမည်ကား အဘယ်နည်း။
  48. ကမ္ဘာ့ပထမဆုံး မော်တော်ကားပြိုင်ပွဲချန်ပီယံရွေးပွဲ The FirstWorld Motor Racing Championships ကို မည်သည့်နှစ်တွင် ကျင်းပခဲ့ပါသနည်း။ ။
  49. Sea-Fox ဆိုသည်မှာ မည်သည့်သတ္တဝါကို ခေါ်ဝေါ်ပါသနည်း။
  50. MEZ ဆိုသည်မှာ အဘယ်နည်း။
  51. BC ၃၈၅ ခုနှစ်က တွေးခေါ်ပညာရှင်ကြီး ပလေတို Platoတည်ထောင်ဖွင့်လှစ်ခဲ့သော ကျောင်းအမည်ကို ဖော်ပြပါ။
  52. နိုင်ငံတကာက သတ်မှတ်ထားသည့် သင်္ကေတ အချက်ပြအင်္ဂလိပ်စာလုံး G စာလုံးပါအလံကို လွှင့်တင်ထားလျှင်မည်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေပါသနည်း။ ။
  53. ၅၃။ အသက် ၃၂ နှစ်အရွယ်တွင် ကျောက်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည့် အင်္ဂလန်ဘုရင်မကြီးမှာ မည်သူဖြစ်ပါ သနည်း။
  54. ကလေးကြိုက် ကမ္ဘာကျော် တာဇံ Tarzan ဇာတ်လမ်းများတွင် တာဇံ၏မိတ်ဆွေ မျောက်၏အမည်မှာ အဘယ်နည်း။ ။
  55. ကမ္ဘာပေါ်တွင် တစ်နှစ်ပတ်လုံး ရေခဲနှင့်နှင်းခဲ ဖုံးလွှမ်းနေသည့် နေရာ သုံးနေရာရှိရာယင်းတို့မှာ မည်သည့်နေရာများနည်း။ ။
  56. “ဟိမဝန္တာ” ဟူသော အဓိပ္ပာယ်မှာ အဘယ်နည်း။
  57. ဂြိုဟ်တုဖြင့် အာကာသထဲ သွားရောက်ခဲ့သည့် တိရစ္ဆာန်မှာမည်သည့်တိရစ္ဆာန်ဖြစ်၍ ဓာတ်ငွေ့ လေဘောလုံးဖြင့် ပထမဆုံး လိုက်ပါခဲ့သည့် တိရစ္ဆာန်မှာ မည်သည့်တိရစ္ဆာန်များ ဖြစ်ကြ သနည်း။