Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - ကလေးများအတွက်တော်စတွိုင်းပုံပြင်များ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out
Type

စည်လွတ်ကြီး

          တစ်ခါက အယ်မီလီယန်အမည်ရှိ အလုပ်သမားတစ်ဦးရှိသည်။ တစ်နေ့တွင် သူသည် အလုပ်လုပ်ရန် လယ်ကွင်းကို ဖြတ်သွားစဉ် တစ်စုံတစ်ဦးက သူ့အားလှမ်းခေါ်သံကို ကြားရသည် အယ်မီလီယန် သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ အလွန်ချစ်ဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးကို တွေ့ရှိရလေသည်။ ထို အမျိုးသမီး က သူ့အား “အယ်မီလီယန် ရှင် ဘာဖြစ်လို့ အိမ်ထောင်မပြုသေးတာ လဲ” ဟု မေးလေသည်။

          ထိုအခါ အယ်မီလီယန်က “ကျွန်ုပ် ဘယ်လို အိမ်ထောင်ပြုလို့ ဖြစ်ပါ့မလဲ၊ ကျွန်ုပ်မှာ ဝတ်စရာဆိုလို့ ဝတ်စုံတစ်စုံပဲ ရှိတယ်၊ အပိုမရှိ ဘူး၊ မည်သူက ကျွန်ုပ်ကို ခင်ပွန်းအဖြစ် လက်ထပ်ချင်ကြမှာလဲ”ဟု ပြောဆိုသည်။

          အယ်မီလီယန်၏ စကားကို ကြားသော် အမျိုးသမီးက “ကျွန်မကို ရှင့်ဇနီးအဖြစ် လက်ထပ်ပါ” ဟု ဆိုသည်။

          အယ်မီလီယန်သည် 'ထို အမျိုးသမီးကို နှစ်သက်သည်။ သို့သော် သူသည် အမျိုးသမီးအား “ကျွန်ုပ် သင့်ကို ချစ်ခင်စုံမက်ပါတယ်၊

          'ဒါပေမဲ့ ကျွန်ုပ်တို့ ဘယ်မှာနေလို့ ဘယ်လို စားသောက်နေထိုင်ကြမှာ လဲ” ဟု ပြန်ပြောပြန်သည်။

          ထိုအခါ အမျိုးသမီးက အယ်မီလီယန်အား “ဒါအတွက် ဘာလို့ ပူပန်နေရတာလဲ၊ ကျွန်မတို့ အလုပ်ပိုလုပ်ပြီး အအိပ်လျှော့ရင် ဘယ် နေရာမှာမဆို ဝတ်ဖို့စားဖို့ရှာကြံလို့ ရနိုင်ပါတယ်” ဟု ဆိုသည်။ - အယ်မီလီယန်က “ဒါဆိုကောင်းပြီလေ၊ တို့ လက်ထပ်ကြစို့၊ ဒါပေမဲ့ တို့ ဘယ်ကိုသွားကြမှာလဲ”ဟု မေးလေသည်။

          “ကျွန်မတို့ မြို့ကိုသွားကြမယ်လေ”ဟု အမျိုးသမီးက ပြန်ဖြေ သည်။

          ထိုသို့ဖြင့် အယ်မီလီယန်နှင့် အမျိုးသမီးတို့သည် မြို့သို့ထွက်ခွာ လာကြလေသည်။ သူတို့သည် မြို့စွန်တွင် အိမ်ငယ်ကလေးတစ်လုံးကို တွေ့ ရှိသည်။ သူတို့နှစ်ဦးသည် လက်ထပ်ကြပြီး အိမ်ငယ်ကလေးတွင် နေထိုင်ကြလေသည်။

          တစ်နေ့တွင် ဘုရင်ကြီးသည် မြင်းရထားစီး၍ လာစဉ် အယ်မီ လီယန်၏ အိမ်ကို ဖြတ်သွားမိလေသည်။ ထိုစဉ် ဘုရင်ကြီးသည် အယ်မီလီယန်၏ ဇနီးအား တွေ့မြင်သွားလေသည်။

          ဒီလောက် ချောမောလှပတဲ့ အမျိုးသမီးဟာ ဘယ်ကလဲ” ဟု မေးကာ မြင်းရထားကို ရပ်စေသည်။ ထို့နောက် အယ်မီလီယန်၏ ဇနီးအား ခေါ်၍ “သင် ဘယ်သူလဲ” ဟု မေးသည်။

          ထိုအခါ အယ်မီလီယန်၏ ဇနီးက “ကျွန်တော်မျိုးမဟာ အလုပ် သမား အယ်မီလီယန်ရဲ့ ဇနီးပါ” ဟု ပြန်လည်လျှောက်တင်သည်။

          “သင်လို လှပတဲ့ အမျိုးသမီးတစ်ဦးက အယ်မီလီယန်လို အလုပ် သမားတစ်ယောက်ကို ဘာလို့ လက်ထပ်ရတာလဲ။ သင်ဟာ မိဖုရား ဖြစ်ထိုက်သူပဲ” ဟု ဘုရင်ကြီးက ဆိုသည်။ ။

          ဘုရင်ကြီး၏ စကားကြားသော် အယ်မီလီယန်က အရှင်မင်းကြီး - ရဲ့ ကြင်နာစကားတွေကို ကြားရတာ အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမရဲ့ အလုပ်သမားဟာ ကျွန်တော်မျိုးမအတွက် အသင့်တော်ဆုံး ခင်ပွန်းတစ်ယောက်ပါပဲ” ဟု ပြန်ပြောသည်။

          ဘုရင်ကြီးသည် အယ်မီလီယန်၏ဇနီးနှင့် ခေတ္တမျှ စကားပြောဆို ပြီးနောက် ပြန်၍ ထွက်ခွာလာခဲ့လေသည်။ ဘုရင်ကြီးသည် နန်းတော် သို့ ပြန်လည်ရောက်ရှိလာသော်လည်း အယ်မီလီယန်၏ ဇနီးကို မေ့၍မရပေ။ သတိရလျက်ရှိသည်။ ညဘက်တွင်လည်း အယ်မီလီယန် ၏ဇနီးကို စဉ်းစားနေ၍ တစ်ညလုံး အိပ်၍မပျော်ပေ။ အယ်မီလီယန်၏ ဇနီးကို မည်သို့ ရယူရမည်ဆိုသည့် နည်းလမ်းကိုသာ စဉ်းစားနေ လေသည်။ နည်းလမ်းကား မရချေ။

          ထိုသို့ဖြင့် နောက်ဆုံးတွင် ဘုရင်ကြီးသည် သူ၏ အမှုထမ်းများကို . ခေါ်၍ အယ်မီလီယန်၏ ဇနီးကိုရယူနိုင်မည့် နည်းလမ်း ရှာကြံကြရန် မိန့်ဆိုလိုက်လေသည်။ ။

          ထိုအခါ ဘုရင့်အမှုထမ်းများက ဘုရင်ကြီးအား “အရှင်မင်းကြီး၊ အယ်မီလီယန်ကို နန်းတော်သို့ လာရောက်ပြီး အလုပ်လုပ်ဖို့ ဆင့်ခေါ် လိုက်ပါ။ ကျွန်တော်မျိုးတို့ သူ့ကို အလွန်ပင်ပန်းလှတဲ့ အလုပ်တွေဖိခိုင်း ပါမယ်၊ ဒါဆို သူသေမှာပဲ၊ သူ့ဇနီးတစ်ဦးတည်း ကျန်တဲ့အခါ အရှင် မင်းကြီးက သူမကို အလွယ်တကူ ရယူနိုင်မှာ ဖြစ်ပါတယ်”ဟု အကြံပြု ကြသည်။

          ဘုရင်ကြီးလည်း သူ့ အမှုထမ်းများ၏ အကြံအတိုင်း လိုက်နာကာ အယ်မီလီယန်အား နန်းတော်သို့ လာရောက်၍ အလုပ်လုပ်ရန် အမိန့်ချ မှတ်လိုက်လေသည်။ ထို့ပြင် အယ်လီမီလီယန် နန်းတော်၌ ရှိနေစဉ် ဇနီးသည်ပါ အတူရှိနေရမည်ဟူ၍လည်း မိန့်ဆိုသည်။

          ဘုရင့်စေတမန်များသည် အယ်မီလီယန်ထံသို့ လာရောက်၍ ဘုရင်ကြီး၏ အမိန့်ကို ပေးသည်။ ထိုအခါ အယ်မီလီယန်၏ ဇနီးက အယ်မီလီယန်အား “ရှင် နန်းတော်မှာ တစ်နေ့လုံး အလုပ်သွားလုပ်ပါ။ ညကျရင်သာပြန်လာခဲ့ပါ” ဟု ပြောဆိုသည်။

          ထိုသို့ဖြင့် အယ်မီလီယန်သည် နန်းတော်သို့ ထွက်ခွာ လာခဲ့လေ သည်။ အယ်မီလီယန်သည် နန်းတော်သို့ ရောက်သော် ဘဏ္ဍာစိုးက “သူ့အား “အသင်ဘာဖြစ်လို့ သင့်မိန်းမကို မခေါ်လာရတာလဲဟု မေး သည်။

          ထိုအခါ အယ်မီလီယန်က ဘဏ္ဍာစိုးအား “ကျွန်ုပ်အလုပ်လုပ်ဖို့လာတာ ဘာဖြစ်လို့ ကျွန်ုပ်ဇနီးကို ဒီကို ခေါ်လာခဲ့ရမှာလဲ။ သူက အိမ်မှာ နေရစ်ခဲ့ရမှာပေါ့” ဟု ပြန်ပြောသည်။

          နန်းတော်တွင် ဘုရင့်အမှုထမ်းများသည် အယ်မီလီယန်အား လူ ၂ ယောက်စာ လုပ်ရမည့် အလုပ်များကို ခိုင်းကြသည်။ သူသည် အလုပ်ကို စတင်လုပ်သည်။ အယ်မီလီယန်က ထိုအလုပ်များသည် တစ်နေ့တည်းနှင့် ပြီးလိမ့်မည်မဟုတ်ဟု မျှော်လင့်ထားသည်။

          သို့သော် ညနေချိန် ရောက်လာသည့်အခါ အလုပ်များ အားလုံး ပြီးစီးသွားလေသည်။

          အယ်မီလီယန်၏ အလုပ်များ ပြီးစီးသွားသည်ကို ဘဏ္ဍာစိုး မြင်သော် အယ်မီလီယန်အား နောက်တစ်နေ့တွင် ပထမနေ့ထက် ၄ ဆမျှ ရှိသော အလုပ်များကို ပေးလေသည်။ အယ်မီလီယန်လည်း အလုပ်များကို ပြီးစီးအောင် လုပ်သည်။

          ထို့နောက် ညမိုးချုပ်ချိန်တွင် အိမ်သို့ပြန်လာသည်။ အိမ်ရောက် သော် အိမ်သည် သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့မြင်ရသည်။ ညစာ ပင် ချက်ပြုတ်ပြီးစီး၍ စားရန် အဆင့်သင့်ဖြစ်နေသည်။ သူ့ဇနီးသည် စားပွဲဘေးတွင် ထိုင်၍အပ်ချုပ်ကာ သူ့ကို ထိုင်စောင့်နေသည်။ သူ့အား ဆီးကြိုနှုတ်ဆက်ကာ ညစာကို ကျွေးမွေးသည်။ ထို့နောက် သူ့ အလုပ် အကြောင်းကို မေးမြန်းသည်။

          အယ်မီလီယန်က “တော်တော်ဆိုးတဲ့ အလုပ်တွေပဲ၊ သူတို့က ငါကို အလုပ်တွေ မနိုင်ရင်ကာ ပေးကြတယ်၊ အလုပ်နဲ့ဖိပြီး သတ်ချင် . တယ်နဲ့ တူတယ်” ဟု ဆိုသည်။

          “အလုပ်အတွက် ဘာမှမပူပါနဲ့၊ ရှင်ဟာ အလုပ်လုပ်နေရင်း အလုပ် တွေ ဘယ်လောက်ပြီးစီးသွားလို့ ဘယ်လောက် ကျန်နေသေးတယ်ဆို တာကို လှည့်မကြည့်ပါနဲ့၊ အလုပ်ကိုသာ ဆက်လုပ်သွားပါ၊ အချိန်တန်တစ်ခုကို သတ်မှတ်ထား ကျွမ်းကျင်မှု လိုရင် ပြီးစီးသွားပါလိမ့်မယ်” ဟု ပြောဆိုသည်။

          ထို့နောက် အယ်မီလီယန်သည် လဲလျောင်းကာ အိပ်စက်လေ သည်။ နောက်နေ့နံနက်တွင် အယ်မီလီယန်သည် နန်းတော်သို့ တစ်ဖန် သွားရောက်ကာ အလုပ်ကို စူးစူးစိုက်စိုက်လုပ်လေသည်။ ထိုသို့ဖြင့် ညနေချိန်ရောက်သော် အလုပ်များအားလုံး ပြီးစီးသွားကာ သူသည် အိမ်သို့ ပြန်လာခဲ့လေသည်။ ။

          ဘဏ္ဍာစိုးလည်း အယ်မီလီယန်အား အလုပ်များကို တစ်ခုပြီး - တစ်ခု ဆက်တိုက်တိုးပေးကာ ခိုင်းလေသည်။ အယ်မီလီယန်လည်း အလုပ်များကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးစီးအောင် လုပ်နိုင် စွမ်းသည့် အယ်မီလီယန်ကို ကျွမ်းကျင်မှု လိုအပ်သည့်အလုပ်ကို တစ်ဖန် လုပ်ခိုင်းကြည့်ကြပြန်သည်။ မင်းမှုထမ်းများသည် အယ်မီ လီယန်အား အုတ်စီလုပ်ငန်း၊ ကျောက်တုံးဖြတ်တောက် ထုခွဲသည့် လုပ်ငန်း၊ အိမ်အမိုး မိုးသည့်လုပ်ငန်း၊ လက်သမားလုပ်ငန်း စသည့် ကျွမ်းကျင်မှုလုပ်ငန်းမျိုးစုံကို ပေး၍ ခိုင်းသည်။ သို့သော် အယ်မီလီယန် သည် သူတို့ခိုင်းသမျှ အလုပ်များအားလုံးကို ပြီးစီးအောင် လုပ်နိုင်ခဲ့ လေသည်။ ညနေအချိန်တန်၍ အလုပ်များပြီးစီးသော် အယ်မီလီယန် သည် သူ့ ဇနီးသည်ဆီသို့ ပြန်လာခဲ့သည်။

          ထိုသို့ဖြင့် ဒုတိယတစ်ပတ်သည် ကုန်ဆုံးသွားပြန်သည်။

          ဘုရင်ကြီးသည် သူ့ အမှုထမ်းများအား ခေါ်၍ “မင်းတို့ကို ကျွေး မွေးထားတာ အလကားပဲ၊ အခု ဘာတစ်ခုမှ ဖြစ်မလာဘူး၊ နှစ်ပတ်သာ အချိန်ကုန်သွားတယ် ဘာဖြစ်လာလို့လဲ၊ မင်းတို့ကပြောတော့ အယ်မီ လီယန်ကို အလုပ်တွေ ဖိခိုင်းပြီး သေအောင်လုပ်မယ်ဆို၊ ခုတော့ အယ်မီ လီယန်ဟာ ညနေတိုင်း ပျော်ပျော်ရွှင်ရွှင် သီချင်းတကြော်ကြော်နဲ့ အိမ်ပြန်သွားတာ ငါမြင်နေရတယ်။ ဘာလဲ မင်းတို့က ငါ့ကို အရူး

          ကျွမ်းကျင်နိုင်သမျှ အရာ အလုပ်များပြီးစီးလုပ်နေလား” ဟု ကြိမ်းမောင်းပြောသည်။

          ဘုရင့်အမှုထမ်းသည် ဘုရင်ကြီးအား ဆင်ခြေအသီးသီးပေးကြ သည်။

          “ကျွန်တော်မျိုးတို့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့ကို အလုပ်ကြမ်း တွေ များများပေးပြီးခိုင်းရင် မောပန်းပြီး သေအောင်လို့ပါ၊ ဒါပေမဲ့ သူဟာ ဘယ်အလုပ်ကိုမဆို မောပန်းမှုမဖြစ်ဘဲ အမှိုက်တွေကို လှဲကျင်း ပစ်လိုက်သလို ပြီးစီးအောင် လုပ်နိုင်တာကို တွေ့ရပါတယ်။

          ဒါပေမဲ့ ကျွန်တော်မျိုးတို့မှာ ဒီအတိုင်းမနေပါဘူး၊ သူ့ကို သူမလုပ် နိုင်ဘူးထင်တဲ့ ကျွမ်းကျင်မှု လုပ်ငန်းတွေကို ဆက်ခိုင်းပါတယ်၊ ဒါပေမဲ့ သူဟာ အဲဒီလုပ်ငန်းကိုလည်း လွယ်လွယ်ကူကူနဲ့ ပြီးစီးအောင် လုပ်နိုင် ပြန်ပါတယ်၊ ကျွန်တော်မျိုးတို့အထင်တော့ သူနဲ့ သူ့ဇနီးတစ်ဦးဦးဟာ မှော်ပညာကို အသုံးပြုနေပြီ ထင်ပါတယ်။

          “ကျွန်တော်မျိုး တို့ ကိုယ်တိုင်လဲ သူ့ကို စိတ်ပျက် ငြီးငွေ့လှပါပြီ၊ ဒါကြောင့် ကျွန်တော်မျိုးတို့ဟာ သူမလုပ်ကိုင်နိုင်တဲ့ အလုပ်တစ်ခုခု ရှာဖွေဖို့ ကြိုးပမ်းနေကြပါတယ်၊ အခု ကျွန်တော်မျိုးတို့ အယ်မီလီယန် ကို တစ်နေ့တည်းနဲ့အပြီး ဘုရားရှိခိုးကျောင်း ဆောက်ခိုင်းဖို့ ဆုံးဖြတ် လိုက်ကြပါပြီ၊ တကယ်လို့ သူဟာ ဘုရားရှိခိုးကျောင်းကို တစ်နေ့တည်း နဲ့ မဆောက်နိုင်ဘူးဆိုရင် သူ့ခေါင်းကိုဖြတ်မယ်လို့ မိန့်ကြားတော် မူပါ”ဟု ပြောဆိုကြလေသည်။

          ဘုရင်ကြီးသည် အယ်မီလီယန်ကို ဆင့်ခေါ်လိုက်သည်။ အယ်မီ လီယန်သည် နန်းတော်သို့ရောက်သော် ဘုရင်ကြီးက အယ်မီလီယန် အား “ကဲ...ငါ့အမိန့်ကို နာခံ၊ ငါ့နန်းတော်နဲ့ မျက်နှာချင်းဆိုင် မြေ ကွက်လပ်မှာ ကျွန်ုပ်အတွက် ဘုရားရှိခိုးကျောင်း အသစ်တစ်ခုကို ဆောက်ပေးရမယ်၊ သင့်ကို မနက်ဖြန်ညနေအထိ အချိန်ပေးမယ်။ဘုရားရှိခိုး ကျောင်းကို မနက်ဖြန်ညနေမတိုင်မီ ပြီးစီးအောင် ဆောက် လုပ်နိုင်ရင် သင့်ကို ဆုတော်လာဘ်တော် ပေးသနားတော်မူမယ်၊ အေး မပြီးသေးဘူးဆိုရင်တော့ သင့်ခေါင်းပြတ်ပြီသာမှတ်”ဟု မိန့်တော်မူလေ သည်။

          အယ်မီလီယန်သည် ဘုရင်ကြီး၏ တစ်ချက်လွတ် အမိန့်ကို ကြားနာပြီးနောက် သူသည် အိမ်သို့ အလွန်ဝမ်းနည်းစွာဖြင့် ပြန်လာ ခဲ့သည်။ သူ့ဘဝနိရုံးကမ္ပတ် အဆုံးသတ်လုနီးပြီဟူ၍ တွေးထင်မိ သည်။

          သူသည် အိမ်ပြန်ရောက်သော် သူ့ဇနီးသည်အား “မိန်းမရေ ငါတို့ ဒီကပြေးဖို့ အဆင်သင့် ပြင်ဆင်ထားပေတော့၊ ဒါမှ မဟုတ်ရင် ငါဟာ ဘာမှ အပြစ်မရှိဘဲ အသတ်ခံရလိမ့်မယ်” ဟု ပြောဆိုလေသည်။

          ထိုအခါ အယ်မီလီယန်၏ ဇနီးက သူ့အား “ဘာဖြစ်လို့ ကြောက် လန့်နေရတာလဲ၊ ဘာကြောင့် ဒီနေရာက ထွက်ပြေးရမှာလဲ”ဟု စိုးရိမ် တကြီး မေးလေသည်။ ။ - အယ်မီလီယန်က “ငါဘယ်လိုလုပ်မကြောက်ဘဲ နေလို့ဖြစ်မလဲ။ ဘုရင်ကြီးက ဘုရားရှိခိုးကျောင်းတစ်ဆောင်ကို မနက်ဖြန်မှာ တစ်နေ့ တည်းနဲ့ အပြီးဆောက်ပေးရမယ်လို့ အမိန့်ပေးထားတယ်ကွ၊ ငါ မဆောက်နိုင်ရင် ငါ့ခေါင်းကို ဖြတ်မယ်တဲ့၊

          ဒါကြောင့် တိုက်နိုင်တာ တစ်ခုတည်းရှိတယ်၊ အဲဒါကတော့ အချိန်ရှိတုန်း ဒီကနေလစ်ကြဖို့ပဲ” ဟု ပြောဆိုသည်။

          သို့သော် အယ်မီလီယန်၏ ဇနီးသည် အယ်မီလီယန်၏ ပြော ကြားချက်ကို သဘောမတူချေ။ သူ့ဇနီးက ဘုရင်ကြီးမှာ ရဲမက်တော် တွေက အများကြီးရယ်။ ဘယ်ကိုပြေးပြေး သူတို့ ဖမ်းဆီးတာကို ခံရမှာဘဲ။ သူ့လက်က ဘယ်လိုမှ လွတ်လမ်းမရှိဘူး။ ဒါကြောင့်ကျွန်ုပ်တို့မှာ အင်အားရှိသရွေ့ ဘုရင်ကြီးရဲ့ စကားကို နားထောင်ရမှာ ပဲ” ဟုဆိုသည်။ ။

          ထိုအခါ အယ်မီလီယန်က သူ့ ဇနီးအား “ငါမှ သူခိုင်းတဲ့ အလုပ်ကို လုပ်ဖို့ စွမ်းအားမရှိဘဲ၊ သူ့စကားကို ဘယ်လိုလုပ် နားထောင်နိုင်မှာလဲ” ဟု ဆိုသည်။

          ရှင် သတ္တိသာ မွေးစမ်းပါ။ ကဲပါရှင် ထမင်းသွားစားပြီး အိပ်ပေ တော့။ မနက်စောစောထ။ သင့်အလုပ်တွေ အားလုံး အချိန်မီ ပြီးစီးသွား လိမ့်မယ်” ဟု အယ်လီမီယန်၏ ဇနီးက ပြောဆိုလေသည်။

          ထိုသို့ဖြင့် အယ်မီလီယန်သည် အိပ်ရာထဲတွင် လဲလျောင်းကာ အိပ်စက်လေသည်။ နောက်နေ့နံနက်တွင် အယ်မီလီယန်အား အိပ်ရာမှ နိုးကာ 'မြန်မြန်သွား၊ ဘုရားရှိခိုးကျောင်းကို အပြီးသတ်လိုက်၊ ဒီမှာ တူနဲ့သံ၊ တစ်နေ့တာ လုပ်ရမယ့် အလုပ် ကျန်သေးတယ်” ဟု ပြောလေ သည်။

          ထိုသို့ဖြင့် အယ်မီလီယန်သည် မြို့ထဲသို့ ထွက်လာခဲ့သည်။ နန်းတော်ရင်ပြင်သို့ ရောက်သော် နန်းတော်ကြီးနှင့် မျက်နှာချင်းဆိုင် နေရာတွင် ကြီးမားသော ဘုရားရှိခိုးကျောင်းကြီး တစ်ခုကို တွေ့မြင် လိုက်ရလေသည်။ ဘုရားရှိခိုးကျောင်းကြီးကား ပြီးစီးလုနီးနေပြီ ဖြစ် သည်။ အယ်လီမီယန်သည် ဘုရားရှိခိုးကျောင်းတွင် လိုအပ်သည့် နေရာများကို ပြီးစီးအောင် စတင် လုပ်ကိုင်လေတော့သည်။

          ဘုရင်ကြီးသည် အိပ်ရာမှနိုး၍ ပြူတင်းပေါက်မှ နန်းတော်အပြင် ဘက်သို့ ကြည့်လိုက်ရာ ကြီးမားသော ဘုရားရှိခိုးကျောင်းကြီးကို တွေ့မြင်သွားလေသည်။ အယ်မီလီယန်သည် ဘုရားရှိခိုးကျောင်းကြီး ၏ လိုအပ်သည့် နေရာများတွင် သံများ လိုက်လံရိုက်နေလေသည်။ ဘုရင်ကြီးသည် ဘုရားရှိခိုးကျောင်း ပြီးစီးသွားသည်ကို မြင်သော် များစွာ