Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ခေတ်ထွန်း - ကမ္ဘာကျော် ဂျပန်ပုံပြင်များ

Regular price 1,000 MMK
Regular price Sale price 1,000 MMK
Sale Sold out
Type

မိန်းမချောကလေးနှင့် ထူးဆန်းသော ကီမိုနို

          တစ်ခါက ဂျပန်နိုင်ငံရှိ ရွာကလေးတစ်ရွာတွင် ရိုဟာကူ အမည် ရှိ တံငါသည်တစ်ဦးရှိလေသည်။ သူသည် နာမကျန်းဖြစ်နေသော သူ့ အမေအိုကြီးအား ပြုစုစောင့်ရှောက်နေလေသည်။ သူတို့သားအမိသည် “မီအိုနို မတ်စုဘာရာ” အမည်ရှိ ကမ်းခြေအစပ်ကလေးတွင် တဲကလေး ထိုးကာ နေထိုင်ကြလေသည်။ ပင်လယ်နားတွင် သူတို့တဲကလေးတစ် လုံးသာ ထီးတည်းရှိလေသည်။ ကမ်းခြေကလေးမှာ အလွန် လှပသည်။ နူးညံ့သော သဲဖြူပြင်ကြီးသည် ကြည်လင်သော ပင်လယ်ပြာကြီးထဲသို့ ဖြန့်ကား ထိုးဆင်းသွားသည်။ နေ့ အချိန်တွင် ပင်လယ်လှိုင်းလုံးက လေးများသည် ကမ်းခြေသို့ ညင်သာစွာ လိမ့်တက်လာလိုက်၊ ပင်လယ် ထဲသို့ လျှောဆင်းသွားလိုက်ဖြင့် စည်းချက်မှန်မှန် လိမ်းကလျက်ရှိ သည်။

          ကမ်းခြေတစ်လျှောက်တွင် ထင်းရှူးပင်ကြီးများသည် မြောက် မြားစွာ၊ ပေါက်ရောက်လျက် ရှိသည်။ စိမ်းမြသော ထင်းရှူးရွက်များမှာ နွေဦး၏လေပြည်ထဲတွင် တဖျပ်ဖျပ် လှုပ်ခတ်နေကြသည်။ ထင်းရှူးပင် ကြီးများ၏ အနောက်ဘက်တွင်ကား မြင့်မားလှသည့် ဖူဂျီတောင်ကြီးသည် ကောင်းကင်ထဲသို့ ထိုးထွက်နေသည်။ တောင်ထိပ်တွင် ဆီးနှင်း များ ဖုံးအုပ်လျက်ရှိသည်။

          ရိုဟာကူနှင့် သူ့မိခင်တို့သည် သူတို့၏ သာယာလှပသော ကမ်း ခြေကလေးတွင် နေထိုင်ရသည့်အတွက် အမြဲဂုဏ်ယူပြောဆိုလေ့ရှိ သည်။ သူတို့သားအမိသည် အလွန်ဆင်းရဲကြသည်။ ရိုဟာကူ၏အမေသည် အိပ်ရာထဲတွင် လဲနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။

          သို့သော် သူတို့သည် သဘာဝအတိုင်း လှပနေသော ဤနေရာ တွင် နေထိုင်ရသည်ကို ပျော်ရွှင်နေမိကြသည်။

          ရိုဟာကူသည် ရိုးသားသူဖြစ်သည်။ အလုပ်ကို ကြိုးစားသူ ဖြစ် သည်။

          တစ်နေ့ နံနက်တွင် ရိုဟာကူသည် အရုဏ်မကျင်းမီ အိပ်ရာမှထ နေကျအတိုင်း နိုးလာခဲ့သည်။ ထို့နောက် သူသည် ပင်လယ်သို့ ငါး ဖမ်းရန် အိမ်မှ ထွက်လာခဲ့သည်။ ကမ်းခြေသို့ ရောက်သော် သူသည် လှေကို ရေထဲသို့ တွန်းချလိုက်သည်။ နေသည် ဖူဂျီတောင်ထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ နေရောင်ကြောင့် တောင်ဆင်ခြေလျှော့ပေါ်ရှိ နှင်းဖြူများမှာ ပန်းရောင်သို့ ပြောင်းလဲသွားသည်။ မကြာမီ ကောင်းကင် နှင့် ပင်လယ်ပြင်အပေါ် အလင်းရောင်များ ဖြာကျလာပြီး နေရောင်ကြောင့် ကမ်းခြေသဲဖြူဖြူများပေါ်တွင် ရွှေရောင်များ တောက်လက်နေသည်ကို တွေ့မြင်လိုက်ရလေသည်။

          နံနက်ခင်း၏ လေပြည်ထဲတွင် အလင်းရောင်များ ယှက်ဖြာကျ ဆင်းလျက် ရှိနေသောကြောင့် ပင်လယ်ကမ်းခြေပေါ်ရှိ ကျောက်တုံး ဖြူကလေးများ၊ သစ်ပင်များမှသစ်ရွက်များကို ထင်ထင်ရှားရှား မြင်နေ ရလေသည်။

          နံနက်ခင်း၏ သာယာလှပသော အလှကို ရှုစားရင်း ရိုဟာကူ သည် လှေကိုလှော်ခတ်ပြီး နှင်းဖြူထဲဖြတ်ကာ ပင်လယ်ပြင်သို့ ထွက် လာခဲ့လေသည်။ နှင်းဖြူများသည် ရေပြင်ပေါ်တွင် အုံ့ဆိုင်းနေဆဲရှိ သေးသည်။

          ထိုစဉ် သူသည် ရုတ်တရက် ကမ်းခြေတစ်နေရာတွင် ပေါက်ရောက်နေကြသော ထင်းရှူးပင်များကြားမှ ထူးဆန်းစွာ တောက်ပနေ သော အရာဝတ္ထုတစ်ခုကို တွေ့မြင်မိလေသည်။

          “ဘာပါလိမ့်၊ ခါတိုင်း မတွေ့ဖူးပါဘူး” ဟု အံ့သြနေမိသည်။ သူသည် အရောင်တောက်နေသော အရာကို မည်သို့သော အရာဖြစ် သနည်းဟု သိချင်သွားသည်။ ထိုကြောင့် လှေကိုပြန်လှည့်ကာ ကမ်း ခြေသို့ လျင်မြန်စွာ လှော်ခတ်လာခဲ့သည်။ သူသည် ကမ်းခြေပေါ်သို့ ခြေချမိသည်နှင့် အလွန်မွှေးသော ပန်းရနံ့ကိုရပြီး တေးသီချင်းသံများ ကိုလည်း ကြားရတော့သည်။

          ရိုဟာကူက

          " ငါ အိပ်မက် မက်နေတာလား၊ ငါနိုးလာရင် ဒီကမ်းခြေပေါ် မှာ အခုတေးဂီတသံတွေကို ဘယ်လိုကြားနိုင်တော့မလဲ၊ ဒီလိုချိုမြတဲ့ ပန်းရနံ့ကိုလည်း ရတော့မှာ မဟုတ်ဘူး၊ ပင်လယ်ကြီးနှင့် ထင်းရှူးပင် တွေက လွဲလို့ ဒီမှာ ဘာမှတွေ့ရမှာ မဟုတ်ဘူး၊ ဒါငါ့ရဲ့ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ရမယ်” တစ်ကိုယ်တည်း ပြောဆိုနေမိသည်။ ထို့ နောက် ရိုဟာကူသည် ထင်းရှူးကိုင်းပေါ်တွင် တောက်ပနေသော အရာ ဝတ္ထုပစ္စည်းတစ်ခုကို တွေ့ရလေသည်။ သူသည် ထင်းရှူးပင်ဆီသို့ တိုးကပ်သွားသည်။ ထိုအခါ တောက်ပနေသော အရာဝတ္ထုမှာ ကီမိုနို အဝတ်အစားတစ်ခု ဖြစ်နေသည်ကိုတွေ့မြင်ရလေသည်။ ကီမိုနိုလေးမှာ ပေါ့ပါးပြီး အသားမှာ သိုးမွေးကဲ့သို့ နူးညံ့ပျော့ပျောင်းလှပေသည်။ အရောင်အသွေးညက်ညော စိုပြည်လှပကာ နေရောင်ထဲတွင် အရောင် များ တောက်ပနေခြင်း ဖြစ်သည်။

          ရိုဟာကူသည် ကီမိုနိုအထည်အနီးသို့ တွားသွားကာ ထင်းရှူးပင် ဆီသို့ရောက်သော် ထင်းရှူးကိုင်းပေါ်မှ ကီမိုနိုအထည်ကလေးကို ညင် သာစွာ ဆွဲယူလိုက်လေသည်။

          “ဒီကီမိုနိုလေးကို အိမ်ကို ယူသွားပြီး အမေ့ကို ပြရမယ်၊ အမေသာ ကီမိုနိုလေးကို တွေ့ရင် သိပ်အံ့သြသွားမှာပဲ၊ ဒီကီမိုနိုဟာ ကမ္ဘာပေါ်မှာ အလှဆုံး ကီမိုနို ဖြစ်ရမယ်” ဟု တွေးမိကာ ဝမ်းသာနေလေသည်။

         ထို့နောက် သူသည် ကီမိုနိုအထည်ကလေးကို ပိုက်ကာ အိမ် သို့ အပြေးပြန်လာခဲ့လေသည်။ ထိုအချိန်တွင် ရုတ်တရက် သူ့အား ခေါ်လိုက်သည့် အသံတစ်သံကို ကြားလိုက်မိလေသည်။ နူးညံ့သောအသံ ဖြစ်သည်။ သူသည်

          “ကျေးဇူးပြုပြီး ခဏစောင့်ပါ တံငါသည်”

          ရိုဟာကူသည် သူ့ကို ခေါ်သံကြောင့် ရပ်လိုက်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

          ထိုအခါ သူ့အနောက်ဘက်တွင် မိန်းကလေးတစ်ဦး ရပ်နေသည် ကို တွေ့ရလေသည်။ ရိုဟာကူသည် အံ့သြတကြီးဖြင့် မိန်းကလေးကို ကြည့်နေမိသည်။ သူ့တစ်သက်တာတွင် ဤမျှ ချောမောလှပသော မိန်းကလေးမျိုးကို တစ်ခါမျှမမြင်တွေ့ဖူးချေ။

          မိန်းကလေးသည် သူထံသို့ လျှောက်လှမ်းလာသည်။ သူမကို ကြည့်ရသည်မှာ သဲပေါ်တွင် ငြိမ့်ငြိမ့်ကလေး စီးမျောနေသည်ဟု ထင်ရ သည်။

          မိန်းကလေးက သူ့အား

          “ကျွန်မ ကီမိုနိုကို ပြန်ပေးပါလားရှင်၊ ဒါ ကျွန်မရဲ့ ဟာဂိုရိုမို အရောင် တောက်လက်တဲ့ ကီမိုနို ဖြစ်ပါတယ်။ ဒီအထည်သာ မရှိရင် ကျွန်မ ကောင်းကင်ဘုံကို ပျံသန်းရောက်ရှိတော့မှာ မဟုတ်တော့ဘူး၊

          ကျေးဇူးပြုပြီး ကျွန်မကို ကီမိုနိုအထည်လေး ပြန်ပေးပါ၊ ကျွန်မ ကောင်း ကင်ဘုံကို ပြန်မှ ဖြစ်ပါ့မယ်” ဟု ငိုယိုကာ ပြောဆိုလေသည်။

          မိန်းကလေး၏ စကားကို ကြားသော် ရိုဟာကူသည် မိန်းကလေးကို သနားသွားသည်။ သို့သော် ရိုဟာကူသည် အလွန်လှပသော ကီမိုနို အထည်ကိုမူ ပြန်မပေးလိုချေ။

          ထို့ကြောင့် ရိုဟာကူက ကောင်းကင်ဘုံမှ မိန်းကလေးအား

          “ကျွန်ုပ်ကို ကီမိုနိုအတွက် တစ်ခုခု အစားပြန်ပေးမယ်ဆိုရင် ကျွန်ုပ် သင့် ဟာဂိုရိုမိုအထည်ကို ပြန်ပေးပါ့မယ်” ဟု ပြောဆိုလေသည်။

          သို့သော် မိန်းကလေးသည် ရိုဟာကူ၏ စကားကို ကြားသော အခါ အလွန်စိတ်မကောင်း ဖြစ်သွားလေသည်။ “ကျွန်မမှာ ရှင့်ကို ပြန် ပေးဖို့ ဘာမှမရှိပါဘူး” ဟု ပြောဆိုလေသည်။ ။

          သို့သော် မိန်းကလေးသည် အကြံတစ်ခု ရရှိသွားဟန် တူ၏။ သူသည် ခေါင်းကိုမော့ကာ ပြုံးလိုက်ပြီး

          “အို တံငါသည်၊ ရှင် ကျွန်မကို ကျွန်မရဲ့ ဟာဂိုရိုမိုပြန်ပေးမယ် ဆိုရင် ရှင်တို့ ကမ္ဘာမြေက လူတွေ တစ်ခါမှ မကြားဖူးတဲ့၊ မမြင်ဖူးတဲ့ကောင်းကင်ဘုံအကနှင့် ရှင့်ကို ကပြပါ့မယ်၊ အဲ့ဒီအကဟာ ရှင့်ကို ငြိမ်း ချမ်းမှုနှင့် ပျော်ရွှင်မှုတွေ ပေးပါလိမ့်မယ်” ဟု ပြောဆိုလေသည်။

          ရိုဟာကူသည် မိန်းကလေးက သူ့အား တစ်ပတ်ရိုက်သွားမည်ကို စိုးရိမ်နေလေသည်။ ထို့ကြောင့် ရိုဟာကူက မိန်းကလေးအား

          “ကျွန်ုပ် သင့်ကို ဟာဂိုရိုမို ပြန်ပေးလိုက်ရင် သင်ဟာဂိုရိုမို ရရ ချင်း ပျံပြေးရင် ဘယ့်နှယ့်လုပ်မလဲ၊ ဒါဆို ကျွန်ုပ် ကောင်းကင်ဘုံအက ကို မြင်တွေ့ ရမှာ မဟုတ်တော့ဘူး”

          ဟု ဆိုလေသည်။

          ထိုအခါ မိန်းကလေးကဒါမျိုး ကျွန်မ မလုပ်ပါဘူးလို့ ရှင့်ကို ကတိပေးပါတယ်၊ ကောင်း ကင်ဘုံက ဘုံသားတွေဟာ ဘယ်သူမှ လိမ်မပြောကြပါဘူး၊ ကျွန်မ တို့ဟာ အမှန်ကိုပဲ ပြောကြပါတယ်” ဟုပြန်ပြောသည်။

          ကောင်းကင်ဘုံမှ မိန်းကလေး စကားကြောင့် ရိုဟာကူသည်အတော်လေး ရှက်သွားလေသည်။ သူသည် နောက်ထပ် ဘာတစ်ခွန်း မျှ မပြောကြားတော့ဘဲ ကီမိုနိုကို မိန်းကလေးအား ပေးအပ်လိုက်လေ သည်။ ။

          မိန်းကလေးလည်း သူ့ကတိအတိုင်း ကောင်းကင်ဘုံအကကို စတင် ကလေတော့သည်။ ရိုဟာကူသည် သူကမ်းခြေသို့ စတင် တက် လာစဉ်က ကြားရသော သာယာလှသည့် တေးဂီတသံကို ပြန်လည် ကြားရလေသည်။ တောက်ပသော အလင်းရောင် တစ်ခုသည် ကနေသော မိန်းကလေးပတ်လည်တွင် ထွန်းလင်းပေးလျက် ရှိသည်။ ရိုဟာ ကူသည် သူနေ့စဉ် ငါးဖမ်းနေကျ ကမ်းခြေကလေးသည် အမှန်တ ကယ်မှ ဟုတ်ပါလေစဟု ထင်မှတ်မှားနေမိသည်။ အရာရာသည် ထူး ဆန်း အံ့သြစရာ ကောင်းနေသည်။ ရိုဟာကူသည် အလွန် ကျေနပ် ပီတိ ဖြစ်နေမိသည်။

          နောက်ဆုံး မိန်းကလေးသည် ကနေလျက်နှင့်ပင် လေထဲသို့ တဖြည်းဖြည်း ပျံတက်သွားလေသည်။

          ထို့နောက် မိန်းကလေးက ရိုဟာကူအား

          “ရိုဟာကူ၊ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ၊ သင့် ရဲ့ အိမ်မှာ ထာဝရ ငြိမ်းချမ်း သာယာပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်” ဟူ၍ နှုတ်ဆက်လိုက်လေသည်။

          မိန်းကလေးသည် ကောင်းကင်သို့ ပျံတက်သွားရင်း ရိုဟာကူကို ပြုံးကြည့်နေသည်။ ရိုဟာကူကလည်း မိန်းကလေးကို မျက်စိတဆုံး ကြည့်နေမိသည်။ နောက်ဆုံးမိန်းကလေးလည်း ရိုဟာကူ မျက်စိအောက် မှ ပျောက်သွားလေသည်။

          ထို့နောက် ရိုဟာကူသည် အိပ်မက်မှ လန့်နိုးသူကဲ့သို့ သူနဂို အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်ဟု ခံစားမိသည်။ သူသည်ကမ်းခြေပေါ်တွင် ရပ်လျက် ရှိနေသည်ကို သတိရသွားသည်။ နေမင်း ကြီးသည် ပင်လယ်ထဲသို့ နစ်မြုပ်စပြုနေပြီး ညနေချိန်သို့ ရောက်ရှိ နေပြီဖြစ်သည်။ မိန်းကလေး ကနေသည်ကို ကြည့်နေသည်မှာ တစ်နေ ကုန်အထိ ကြာခဲ့သည် ဆိုသည်ကို နားလည်သွားသည်။

          ရိုဟာကူသည် အိမ်သို့ အလျင်အမြန် ပြေးသွားသည်။ ညနေခင်း လေပြည်လေညင်းသည် အေးမြလှသည်။ သူသည် တစ်နေ့တာ အချိန် ကို ဖြုန်းပစ်မိသည့် အတွက်အပြစ်ရှိသူကဲ့သို့ ခံစားနေမိသည်။ တစ် နေ့လုံး ငါးမဖမ်းရသေးချေ။ သို့သော် သူ့မိခင်အား သူ့ကြုံတွေ့ခဲ့ရ သည့် အံ့သြစရာ ကောင်းလှသော အဖြစ်အပျက် တစ်ခုကိုမူ ပြောပြနိုင် မည်ဖြစ်၍ ဖြေသာသေးသည်ဟု အောက်မေ့နေမိသည်။

          ရိုဟာကူသည် ထင်းရှူးပင်များ ကြားမှ သူ့အိမ်ကလေးကို လှမ်း မြင်လိုက်ရာ များစွာ အံ့သြသွားလေသည်။ သူ့မိခင် အိမ်ပြင်ဘက်တွင် ရပ်ကာ သူ့ကိုစောင့်ကြိုလျက် ရှိနေသည်။ မိခင်အိုကြီးမှာ နာမကျန်း ဖြစ်၍ အိပ်ရာထဲတွင် လဲနေသည်မှာ ကြာပြီဖြစ်သည်။ ယခု သူ့မိခင် ကြီးကို ကျန်းကျန်းမာမာဖြင့် တွေ့ရ၍ သူ့မျက်စိကိုပင် သူ မယုံတော့နိုင် အောင်ဖြစ်မိသည်။ မိခင်ကြီးသည် ရိုဟာကူကိုမြင်သော် ဝမ်းပန်းတ သာဖြင့် လျှောက်လှမ်းလာကာ ကြိုဆိုသည်။ မိခင်ကြီး၏ မျက်နှာမှာ ပီတိဖုံးလျက်ရှိသည်။

          သူတို့ သားအမိသည် အတူတကွ ထိုင်ကာ စကားများ ပြောကြ သည်။ ရိုဟာကူက သူ့မိခင်အား သူတွေ့ခဲ့ရသော ကောင်းကင်ဘုံမှ ချောမောလှပသည့် မိန်းကလေးနှင့် အရောင်တောက်ပသည့် ကီမိုနို အထည်ကလေးအကြောင်းကို ပြောပြသည်။ ထိုမိန်းကလေးသည် သူ့ ကတိစကားကို တည်သည့် မိန်းကလေး ဖြစ်သည်။ ယခု သူ့ကတိ စကားအတိုင်း ရိုဟာကူ၏ မိခင်ကြီးသည် အိပ်ရာမှ ထနိုင်ကာ လူဖြစ်၍ အိမ်ထောင်ကြိုးလျက် ရှိနေသည်။ သူ့မိခင် အိမ်ပြကောင်းပကတိအတိုင်း ကျန်းမာနေပြီမဟုတ်ပါလော။ ထိုကြောင့် သူတို့ သားအမိသည် ကောင်းကင်ဘုံမှ မိန်းကလေးအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြလေသည်။

          နောက်ပိုင်းတွင် ရိုဟာကူနှင့် သူ့မိခင်ကြီးတို့သည် ထင်းရှူးပင် ကြားရှိ အိမ်ကလေးတွင် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ထက်ဆုံး နေထိုင် သွားကြလေသည်။ အကယ်၍ သင်သည် ဂျပန်ပြည်ရှိ “မီဟိုနို မတ်စု ဘာရာ” ကမ်းခြေကလေးသို့ ရောက်ခဲ့လျှင် အရောင်တောက်လက်နေသော ကောင်းကင်ဘုံမှ မိန်းကလေး၏ ကီမိုနိုအထည်ကလေးကို ချိတ် ထားသည့် ထင်ရှူးပင်ကလေးကို တွေ့အောင်ရှာပါ။ ထိုကီမိုနို အထည် ကလေးကိုတွေ့လျှင် သင်သည် အလွန်ကံကောင်းသောသူ ဖြစ်ပါလိမ့် မည်။ ။

          [Takashi Shimaoka e Princess Moonlight and Other Stories, Folk Tales From Japan osząco The Shining Kimino]