Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်ခိုင်မာ - သမီးနှင့်သားဖတ်ဖို့ကဗျာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
Type

လူ့ဘဝနေထိုင်မှုအရတော့

နတ်နေကိုင်းတမျှပေါ့ကွယ်

ကာလတန်ဖိုး မိုးကိုထိုးနေတဲ့

တန်ဖိုးကြီးပစ္စည်းတွေကို

ခေတ်ကြီးနဲ့ အမီ အသုံးပြုနေပေမယ့်

လူ့ဘဝလုပ်ရပ်တွေကျတော့

တောရိုင်းကြီးဥပဒေသအတိုင်းပါပဲ

 သူ့ထက်စာလျှင် မျက်လွှာချပါလို့

သူ့ထက်ချာလျှင်တော့လား

သူ့သားကောင်လို သဘောထားကာ

သူဟာ...

 အိမ်ကြောင်ကနေ ..

တောကျာ်းဖြစ်သွားတယ်

အပြစ်မကြီးစေနဲ့ ချစ်သမီးရယ် ....။

ထိတ်ကြောက်စေတာလည်း သည်စိတ်ပဲ

အဆိပ်သောက်သေတာလည်း သည်စိတ်ပဲ

 ဒိတ်အောက်စေတာလည်း သည်စိတ်ပဲ

အရိပ်ပျောက်နေတာလည်း သည်စိတ်ပဲ

 

စိတ်တစ်လျှောက်မှာ ...

ဘရိတ်မပေါက်စေနဲ့ ခေတ်ခရီးသယ်(သည်)

အရိပ်မပျောက်စေနဲ့ ချစ်သမီးငယ် ...။

 

ကိုယ့်ကိုယ်ကို ပွန်းရှစေတာလည်း

သည်စိတ်ပါပဲ ...

ကိုယ့်ကိုယ်ကို တွန်းချနေတာလည်း

သည်စိတ်ပါပဲ ....

ကိုယ့်ကိုယ်ကို ရွှန်းမြစေတာလည်း

သည်စိတ်ပါပဲ ..

ကိုယ့်ကိုယ်ကို ထွန်းပစေတာလည်း

သည်စိတ်ပါပဲ ...

သည်စိတ် တစ်ချောင်း၊ ဘက်စုံကောင်းဖို့

မြောင်းထဲမပို့နဲ့ ခေတ်ခရီးသယ်

တစ်ကြောင်းတည်းဆွဲစို့

ချစ်သမီးငယ် ...။

အသံထက် မြန်ပြီး

ကျည်ဆန်ထက် ပြေးနိုင်တာဟာ

အဲဒီ စိတ်ကလေးပါပဲ

 တစ်ချက် အတွေးပွားရုံနဲ့

ဘဝဂ်ဘုံကိုလည်း သွားနိုင်တယ်

 နရက်ဘုံကိုလည်း လားနိုင်တယ်

 အဲဒီ စိတ်ပါးပါးလွှာလွှာလေးဟာ

အသေးအမွှားကလေးက အစ

 ဧရာမထုထည်ကြီးတွေ အဆုံး

ကမ္ဘာကြီးတစ်ခုလုံးကို

 ဗြုန်းခနဲ ဝုန်းခနဲ ပြောင်းလဲပစ်နိုင်တယ်

စိတ်ကို စစ်လေ ခေတ်ခရီးသယ်

အရိပ်လိုဖြစ်စေ ချစ်သမီးငယ် ...။

မဟာစကြဝဠာ အရပ်ရပ်နဲ့

ကမ္ဘာလောကဓာတ် တစ်ခွင်လုံးမှာ

 အကြီးမားဆုံး စွမ်းပကား -

စွမ်းအားအရှိဆုံး ဣဒ္ဓိပါဒ်ဟာ

စိတ်ဓာတ်ရေးရာမှတစ်ပါး

အခြားမရှိခဲ့ ခေတ်ခရီးသည်

တရားသတိကွယ့် ချစ်သမီးငယ် ...။

မအိုနိမိတ်မြတ်

ထိုစိတ်ဓာတ်ကို

ချိုအဆိပ်ခပ်နေတဲ့ ပယောဂတွေဟာ

လောဘ၊ ဒေါသ၊ မာန၊ ဣဿာ

အဘိဇ္ဈကွယ့်

စိတ်မှာ အဝိဇ္ဇာ ပ စေသတည်း

သိက္ခာ လိပ်ပြာ လှစေသမီး ...။

(၇)

လူသားတို့ရွာ ... ဝင်္ကပါတဲ့

မာယာအာရုံ၊ ကာမဂုဏ်တို့

 ချုံခိုတိုက်ခိုက်၊ အငိုက်တစ်မျိုး

တိုးတိုးတစ်သွယ်၊ ကျယ်ကျယ်တစ်စု

 သွေးဆောင်မှုနောက်၊ တကောက်ကောက်ဖြင့်

တောက်လျှောက်စီးဝင်၊ စိတ်အလျဉ်ကို

မြင်တတ်ပါစ ခေတ်ခရီးသယ်

ပြင်တတ်ပါစ ချစ်သမီးငယ် ...။

ခန္ဓာအိမ်မှာ ငြိမ်ငြိမ်မနေ

 အာသာပြေမှု ဘာတစ်ခုမျှမရှိ

ဆန္ဒပြည့်မှု ဘာတစ်ခုမျှမရှိ

 တင်းတိမ်နိုင်မှု ဘာတစ်ခုမျှမရှိ

တောင့်တကင်းမှု ဘာတစ်ခုမျှမရှိ

 အာရုံပေါ်ရာတွေကို အခါခါငြိ

စိတ်ရဲ့ ဇာတိ ဘယ်မှာရှိ

သိတတ်ပါစ ခေတ်ခရီးသယ်

ကြည့်တတ်ပါစ ချစ်သမီးငယ် ...။

စိတ်ရဲ့ အသွင်သဏ္ဌာန်

စိတ်ရဲ့ ကြန်အင်လက္ခဏာနဲ့

စိတ်ရဲ့ အမည်နာမ (တချို့)ဟာ

 သီလ .. သမာဓိ ပညာ ... လို့ဆိုတဲ့

 မင်္ဂလာတစ်ရား တစ်ပါးပါးဖြစ်နိုင်သလို

 ဝန်တို ... မိစ္ဆာ ... အဘိဇ္ဈာ .... ဆိုတဲ့

ဘရိတ်မပါတဲ့ ကားတစ်မျိုးလည်း ဖြစ်နိုင်တယ်

 ချစ်စိတ်ပြုံးပြုံးနဲ့

မုန်းစိတ်ခါးခါးဆိုတာဟာလည်း

 နှလုံးသားစံအိမ် တစ်ခုတည်းကို

 ဗဟိုပြုပြီး

မွေးဖွားကြီးပြင်းလာကြတဲ့

ရင်ချင်းဆက် အမြွှာညီအစ်မတွေ ဖြစ်ကြတယ်

 စိစစ်လေကွယ့် ခေတ်ခရီးသယ်

သတိမလစ်စေနဲ့ ချစ်သမီးငယ် ...။

 

(၁၀)

ရှုမြင်သူငေးလောက်အောင်

လူ့ယဉ်ကျေးမှုဆိုတာ ....

ဈေးကွက်ဝင် ပစ္စည်းတစ်ခုလား

ရုပ်ဝတ္ထုဆန်းဆန်း ဇာခန်းဆီးပြာပြာလား

ကတ္တီပါကော်ဇော ရှုမောစရာလား

နှီးချောဖျာလေး တောမှာမွေးသလား

မေးသူမရှိ တွေးသူမရှိ

ရေညှိတွေဖုံး အသည်းနှလုံးကို

ခဲလုံးမဖြစ်စေနဲ့ ခေတ်ခရီးသယ်

ပုလဲကုံးဖြစ်စေကွယ့် ချစ်သမီးငယ် ....။ ။

(၁၁)

စိတ်ကို ပြင်မပေးဘဲ

ယဉ်ကျေးအောင် မဆုံးမခဲ့တဲ့အတွက်

မိခင်နားရွက်ကို ပြန်ကိုက်တဲ့

တရားခံသားမိုက်ရဲ့ လုပ်ရပ်ကို

စုတ်တသပ်သပ် ခံစားနေရလိမ့်မယ်

 စိတ်ကို မတားမြစ်ဘဲ

စိတ်အလို မုန်ယိုမိုက်လျှင်တော့

စိတ်ရဲ့ ချုံခိုတိုက်မှုရန်ကို

မလွဲဧကန် ခါးစည်းခံရလိမ့်မယ်

ကျိတ်ခံနိုင်ပါစ ခေတ်ခရီးသယ်

စိတ်မဏ္ဍိုင်မာပါစ ချစ်သမီးငယ် ....။

 

(၁၂)

ရိပ်ငြိမ်ရွှန်းစို ..

လဝန်းကြိုတဲ့၊ လေချိုမွှေးမွှေး

စိတ်အိမ်လေးဆီ၊ အပြေးမြန်မြန်

ချွေးသံ ပြွမ်းပြွမ်း၊ ဘေးရန်ကြမ်းစေ

ဆင်ကန်းတောတိုး၊ သဘောမျိုးနဲ့

မုဆိုးခြေထောက်လို လျှောက်မှာလား

ပညာမျက်စိ၊ သမာဓိနဲ့

ထိသိ မှန်မှန်၊ စိတ်ခြေသံကို

နာခံမှတ်ယူ၊ သတိမူကာ

သူတော်စင်လို လျှောက်မှာလား

စိတ်ထားဝတိ၊ စိတ်စံအိမ်သို့

အချိန်မီ အခါမီ ရောက်စေသတည်း

ဘယ်လိုလျှောက်မလဲ ချစ်သမီး

 ရှို့ မြောင်ပေါတဲ့ ခေတ်ခရီး ..။

 

(၁၃)

လူ့ဘဝ(ခဏ) တည်းခိုခန်းမှာ

တယုတယ အမြဲကြိုကမ်းနေတဲ့

အဆန်းတကြယ် ကာမဂုဏ်တွေဟာ

 တစ်ခါကြုံလျှင် တစ်သက်ရူးစေဖို့

အာရုံခံတွေမှာ ရမ္မက်လူးကာပါ့

 ထူးခြားစွာ ပြင်ဆင်ထားကြတယ်

အာရုံခြောက်ပါး တံခါးခြောက်ပေါက်မှာ

ကျားပါးစပ် ထောင်ချောက်ကြီးတွေကို

အောက်လမ်းနည်းတွေနဲ့ ဖန်တီးထားကြတယ်

 ကြီးပွားဖို့ လွယ်လွယ်နဲ့

မီးကစားဖို့ဆွယ်တဲ့ ခေတ်ကြီးဝယ်

ခရီးသွားမလွယ်နဲ့ ချစ်သမီးငယ် ...။

 

(၁၄)

ဘဝမှာ သိမ်ငယ်ချိန် မရလောက်အောင်

ခဏတာ မှိန်ပြယ်ချိန် မရလောက်အောင်

 စိတ် အကျအပေါက်တွေကို စစ်ဆေး

စိတ် အညစ်အကြေးတွေကို ဖွပ်လျှော်

စိတ် ကချွတ်ကချော်တွေကို ရှောင်ကြဉ်

စိတ် ဘောင်ဘင်ခတ်သမျှကို စုစည်း

စိတ်ကို တစ်ခုတည်းဖြစ်အောင် လေ့ကျင့်

 စိတ်ကို အဆိပ်ငွေ့မသင့်အောင် ကာကွယ်

စိတ်ကမ္ဘာနယ်ပယ်မှာ

စိတ် အဆာမကျယ်နဲ့ ခေတ်ခရီးသယ်

 စိတ် ရွာမလည်နဲ့ ချစ်သမီးငယ် ...။

 

(၁၅)

ချမ်းသာအစစ်ဆိုတာ

ကျန်းမာမှ ဖြစ်လာမှာလား

ငြိမ်းအေးမှ ဖြစ်လာမှာလား

တစ် ... က ပြန်စလို့ကော

ကံ ထ လာနိုင်ပါ့မလား လို့

သံသယ ဗျာများနေချိန် မရ

အခုထ .. အခုလုပ်

အခုဖြုတ် .. အခုငြိမ်း

အခုငြိမ်း .. အခုအေး

အခုပေး .. အခုရ

အဲဒါ သန္တိသုခ အစစ်

ဘယ်သူ့မှ အားကိုးလို့မဖြစ်

မိမိအရိပ်သာလျှင် `ရွှေအစစ်

 မိမိစိတ်သာလျှင် ဧကရာဇ်

ရွှေအစစ် တွေ့လား ခေတ်ခရီးသယ်

 ဧကရာဇ် တွေ့လား ချစ်သမီးငယ် ...။

 

(၁၆)

မိန်းမတို့ရဲ့ ရုပ်ဝါအဆင်းကို

ဥစ္စာတွင်းကြီးလို့ ထင်ပါသလား

ယောက်ျားတို့ရဲ့ အတတ်ပညာရပ်ဟာ

ခပ်ပါများလေ တိုးပွားနေတဲ့

ငွေတွင်းကြီးနဲ့ တူပါသလား

စိတ်ရဲ့ အမူအရာ အကျင့်

စိတ်ရဲ့ မြင့်မြတ်မှုပညာရပ်

စိတ်ရဲ့ အထပ်ထပ်သန့်စင်ထားမှုသလျှင်

လူ့တိုင်းပြည်မှာ

တုနှိုင်းမမီနိုင်တဲ့ အရည်အချင်းဖြစ်တယ်

ကိုင်း ... သိပ္ပံအဓိက ခေတ်ကြီးဝယ်

စိတ်မှန်ကြည့်ပေါ့ ချစ်သမီးငယ် ...။

 

(၁၇)

“သံဝေဂ” ... ဆိုတာ

ကျန်နေမှသာရမယ့် အဖြစ်လား

ချစ်မီးအဟုန်တွေ တရှိန်ရှိန်

ပစ္စည်းဂုဏ်တွေ တထိန်ထိန်နဲ့

စံအိမ်ကို စိန်နဲ့မွှန်းပါလို့

ဇွန်းသံ၊ ခက်ရင်းသံတွေ

ပုလင်းသံ၊ သီချင်းသံတွေ တမြမြကြားမှာလည်း

သံဝေဂ သက်ပြင်းချသံတွေကို

ဒိဋ္ဌဓမ္မ ကြားနိုင်ရမယ်