Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

မောင်ကြော့၀ေ - ဖုံးဖုံးဖိဖိပြုံးစိစိ

Regular price 900 MMK
Regular price Sale price 900 MMK
Sale Sold out

တောင်စမုခ်က ထောင်ထုပ်

လို ရှေးအခါက ဒိသာပါမောက္ခ ဆရာကြီးထံသို့ ပညာသင်ကြားလာ ကြသော မင်းညီမင်းသားများအနက် သူဆင်းရဲသားတစ်ယောက်လည်း ပါခဲ့လေ၏။

တပည့်များသည် ပညာကိုယ်စီ တတ်မြောက်သောအခါ မိမိနေရပ် ဒေသသို့ ပြန်ကြရန် ဆရာကြီးအား ဂါရဝပြု ကန်တော့ကြသည်။ ဆရာ ကြီးကလည်း တပည့်များအားလုံးကို တစ်ယောက်ချင်း ဆုံးမသြဝါဒ စကားဆိုခဲ့ရာ နောက်ဆုံး သူဆင်းရဲသားအလှည့်သို့ ရောက်ခဲ့သည်။

သူဆင်းရဲသားကလေးကလည်း မိမိကို ဆရာကြီးသည် မည်သို့သော ဆုံးမစကားပြောလေမည်နည်းဟု ရိုကျိုးစွာ နားစွင့်နေခဲ့၏။ သို့ရာတွင် ဆရာကြီးသည် တခြားသော တပည့်များနှင့်မတူ၊ ထွေထွေ ထူးထူး ဆုံးမစကား မဆိုတော့ဘဲ ...

ငါ့တပည့်က ဆင်းရဲသားဆိုတော့ ဒီကလေးကိုသာ ယူသွား ပေတော့”

ဟုသာ စကားကို တိုတိုပြတ်ပြတ် ပြော၍ ဓားကလေးတစ်ချောင်း ကိုသာ ပေးခဲ့လေသည်။ သူဆင်းရဲသားလည်း မိမိမျှော်လင့်ခဲ့သလို သြဝါဒဆုံးမစကား မကြားနာခဲ့ရသဖြင့် စိတ်ပျက်စွာ ဆရာ့ထံပါးမှ မိမိနေရပ်သို့ထွက်ခွာလာခဲ့၏။ လမ်းခရီးတွင် မိုးချုပ်လာသဖြင့် တောစပ် အနီးရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ခရီးမဆက်တော့ဘဲ အိပ်စက် အနားယူရန် ဆုံးဖြတ်ခဲ့လေသည်။ သစ်ပင်ကြီး၏အမြစ်ကို ခေါင်းပြု၍ ဆရာကြီးသည် မိမိအား တခြားတပည့်များကဲ့သို့ မဟုတ်ဘဲ မည်သည့် အတွက် ဓားတစ်လက်ကို ပေးလိုက်ရသနည်းဟု စဉ်းစားရင်း ကလေး ကို စိတ်တိုစွာ သစ်ပင်အနီးရှိ ချုံပုတ်အတွင်း ပစ်လိုက်ကာ ခရီးပန်းခဲ့ သဖြင့် ခဏနှင့်အိပ်ပျော်သွားလေတော့၏။

နံနက်မိုးသောက် အလင်းရောက်လာမှ နိုးထကာ ခရီးဆက်ရန် ဟန်ပြင်ရင်းမှာ ညဉ့်ဦးက မိမိလွှင့်ပစ်ခဲ့သော ဓားကလေးကို သတိပြန် ရခဲ့သည်။ ဆရာကြီးသည် ဓားကလေးကို အကြောင်းမဲ့တော့ မိမိကို မပေးတန်ရာဟု တွေးမိရင်း ရှာဖွေခဲ့သည်။ ဓားကလေးသည် မှိုပွင့် တွင် စိုက်နေခြင်းအား တွေ့ရ၍ မှိုပွင့်ကိုပါ နုတ်ပြီး နမ်းကြည့်ခဲ့ရာ မိမိ၏နှာခေါင်းမှာ ရှည်ထွက်လာသဖြင့် ကြောက်လန့်တကြား ဓားကလေး ကို လွှင့်ပစ်ခဲ့ပြန်သည်။ ဓားကလေးကလည်း မှိုတစ်ပွင့်ကိုပင် သွားစိုက် နေပြန်၏။ ။

အံမာ.... ဒီဓားက မှိုပွင့်ကိုမှပဲ ထပ်စိုက်ရပြန်တယ်။ ဒီလောက် တောင် မှိုပွင့်ကြိုက်တဲ့ ဓား ... လာစမ်း”

နှာခေါင်းရှည်ထွက်လာ၍ စိတ်ပျက်ရသည့်ကြား မိမိကလေး က မှိုတစ်ပွင့်ကို ထပ်မံစိုက်နေခဲ့ပြန်သဖြင့် စိတ်ဆိုးမာန်ဆိုးနှင့် မှိုပွင့်တွင်စိုက်နေခဲ့သော ဓားကလေးရော၊ မှိုပွင့်ကိုပါ နုတ်၍ “ကဲ ... နှာခေါင်း ရှည်အောင်လုပ်တဲ့ မှိုပွင့် ငါ့ နှာခေါင်းရှည်ချင်သလောက် ရှည်စမ်း ဟ” ဟု ပြောရင်း မှိုပွင့်ကို ဒေါသတကြီး နမ်းလိုက်ပြန်သည်။ ထိုအခါ ရှည်နေသော နှာခေါင်းမှာ မူလပကတိအတိုင်း ပြန်ဖြစ်သွားလေတော့ ၏။

ထိုသို့ မှိုနှစ်ပွင့်၏ထူးခြားမှုအား တအံ့တဩဖြစ်လျက် မှိုနှစ်ပွင့် စလုံးကိုယူပြီး မိဘရပ်ထံ ခရီးဆက်ခဲ့ပါသည်။

မိမိနေထိုင်ရာ အရပ်ဒေသသို့ရောက်ပြီးသည်အချိန်မှစ၍ မှိုနှစ်ပွင့် ကို အရင်းပြု၍ မိမိ၏ မိသားစုဆင်းရဲမှုကို ပြောင်းလဲရန်သာ တွေးတော နေခဲ့မိသည်။

ဤသို့ဖြင့် အကြံဉာဏ်တစ်ခု တိုးလာခဲ့သည်။ မိမိရရှိလာသော အကြံကို လက်တွေ့ အသုံးချရန်မှာ လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်စွာပြုလုပ်ရ ပေမည်။ ထိုကြောင့် လူသူအိပ်မောကျနေသော ညဉ့်အချိန်ကို ရွေးချယ် လျက် ဘုရင့်သမီးတော်၏ပန်းခြံထဲသို့ တိတ်တဆိတ်ခိုးဝင်ခဲ့သည်။ ပြီးလျှင် မိမိတောထဲမှ ယူလာခဲ့သော ပထမမှိုတစ်ပွင့်ကို အမှုန့်ပြုလုပ်၍ ပန်းပွင့်များပေါ်သို့ ပက်ဖျန်းခဲ့သည်။

မကြာမီရက်အတွင်းမှာပင် သူဆင်းရဲလေး မျှော်လင့်ခဲ့သလို မင်းမိန့်ဖြင့် “နှာခေါင်းရှည်သူကို ပကတိ နှာခေါင်းဖြစ်အောင် ပြုလုပ် ပေးနိုင်သူအား တောင်စမုခ်က ထောင်ထုပ်ပေးသနားမည်”ဟု မြို့တွင်း လှည့်လည်မောင်းခတ် ကြေညာသံကို ကြားရလေတော့သည်။

ထိုအခါ သူဆင်းရဲသားက မောင်းခတ်သော အမတ်ကြီးထံသို့ သွား၍ “ဘုရားကျွန်တော်မျိုး တတ်နိုင်ပါသည်ဘုရား” ဟု လျှောက်ထား လေသည်။ အမတ်ကြီးက “ကိုင်း ... ဒီလိုဆို ငါ့ နောက်လိုက်ခဲ့” ဟု နန်းတော်ထဲသို့ခေါ်သွားခဲ့သည်။ ဘုရင့်သမီးတော်နှင့်တကွ ရံရွေတော်များကို တွေ့ရသောအခါ အားလုံးနှာခေါင်းရှည်ကြီးများ ဖြစ်နေခဲ့ကြသည်။

သူဆင်းရဲသားလည်း သူ၏အကြံအစည်အတိုင်း အထမြောက် ခဲ့ပြီမို့ မသိယောင်ပြုကာ ဖြစ်ကြောင်းကုန်စင် မေးမြန်းခဲ့ပေသည်။ ဘုရင့် သမီးတော်ကလည်း သူနှင့်ရံရွေတော်များ ပန်းခြံထဲအပန်းဖြေရင်း ပန်း ကလေးများကို ပန်ဆင်ရန် ဆွတ်ခူးကာ နမ်းရှုပ်မိခဲ့ရာမှာ နှာခေါင်းများ ရှည်ထွက်လာခဲ့ကြောင်း ရှက်ရွံ့စွာ ဖြေကြားခဲ့ကြလေသည်။ သူဆင်းရဲသား လည်း မည်သို့မျှ မစိုးရိမ်ကြရန်နှင့် သူကုသသော ဆေးနည်းဖြင့် ပျောက် စေရမည်ဟု အာမခံ ကုသခဲ့သည်။ သူ၏ကုသပုံကား သူဆောင်ယူလာခဲ့သော ဒုတိယမှိုပွင့်ကို နှာခေါင်းရှည်နေကြသည့် သမီးတော်နှင့် ရံရွေတော် တို့အား နမ်းရှုပ်စေခဲ့သည်။ ထိုအခါ သမီးတော်နှင့် ရံရွေတော်တို့၏ နှာခေါင်းရှည်မှာ မူလအတိုင်း ပကတိနှာခေါင်း ပြန်ဖြစ်သွားခဲ့သည်။

ထိုသို့ ပကတိနှာခေါင်းပြန်ဖြစ်သည်ကို ဘုရင်မင်းကြီး သိသော အခါ အားရရွှင်လန်းတော်မူခဲ့သည်။ ဘုရင်ကြီးသည် သူဆင်းရဲသား ကို သူ့ကတိအတိုင်း တောင်စမုခ်က ထောင်ထုပ်ပေးအပ်ချီးမြှင့်ခဲ့သည့် အပြင် မင်းမှုထမ်းအရာကိုပါ ခန့်ထားခဲ့လေတော့၏။