မောင်ကိုကို(အမရပူရ) - မိုးသားတွေနဲ့အတူပြေးလွှားကျွန်တော်ဟာဂျစ်ပစီလေလား
[၁]
ကျွန်တော်ဟာ ရေဒီယိုတစ်လုံး မဟုတ်ဘူး၊
ကျွန်တော်ဟာ ကွန်ပျူတာတစ်လုံး မဟုတ်ဘူး။
ကျွန်တော်ဟာ အင်တာနက်လည်း မဟုတ်ဘူး။
ကျွန်တော်ဟာ ဂြိုဟ်တုနဲ့ ဆက်သွယ်ထားတဲ့ ရုပ်မြင်သံကြား လည်း မဟုတ်ဘူး။
ကမ္ဘာကြီး.. ဟုတ်လား။
ကမ္ဘာကြီးတစ်ခုလုံးကို ကျွန်တော် ဘယ့်နှယ်လုပ်ပြီး နှံ့စပ်သေချာ အောင် သိပါ့မလဲဗျာ။ အင်ဖော်မေးရှင်းဆိုတဲ့ သတင်းအချက်အလက် တွေ အားလုံးကို စုပ်ယူထားတဲ့ စက်တစ်လုံး မဟုတ်သလို ကျွန်တော် ဟာ သတင်းစာတစ်စောင်လည်း မဟုတ်ပြန်ဘူးလေ။
အိုး... အမှန်တကယ်ပဲ..။
ကျွန်တော်နေထိုင်ခွင့်ရတဲ့ကမ္ဘာက ကျဉ်းကျဉ်းမြောင်းမြောင်းလေးရယ်။
ခွေးကလေးတစ်ကောင် ခြံဝင်းကျယ်ကျယ်တစ်ခုထဲမှာ နေထိုင် ရပေမဲ့ အဲဒီခြံဝင်းရဲ့ တံခါးကို ခြံပိုင်ရှင်က သော့ခတ်ထားတယ်။
မိုးသားတွေနဲ့ အတူတူ ပြေးလွှား ခွေးကလေးဟာ သော့မဖွင့်တတ်သလို သော့ကို ခိုးယူဖို့လည်း မကြိုးစားခဲ့ဘူး။
သနားစရာကောင်းတဲ့ ခွေးကလေးဟာ တစ်ခါမှ သူ့ကို ပိတ်ဆို့ထား တဲ့ တံခါးကို သော့တံလေးခိုးပြီး ဖွင့်ဖို့ စိတ်ကူးမရခဲ့ရှာဘူး။
ကျွန်တော် တွေးကြည့်တာပါ။
ကျွန်တော့်ရဲ့ အတိတ်ဘဝ နေ့စွဲတွေကို ကျွန်တော် တွေးကြည့် တယ်။
ကျွန်တော်ဟာလည်း အဲဒီခွေးကလေးနဲ့ ဘာထူးမှာမို့လဲ။
သနားစရာကောင်းတာက ခွေးကလေးတစ်ကောင်တည်း မဟုတ် ဘူး။ ။
ကျွန်တော်ဆိုတဲ့ ကောင်လေးတစ်ကောင်ဟာလည်း ကြယ်ကလေး တစ်ပွင့် မိုးကောင်းကင်ပေါ်က ကြွေဆင်းကျတာကို လိုက်မဖမ်းတတ် သလို စိတ်ကူးသစ်တွေကိုလည်း မဆွတ်ခူးတတ်ဘူး။
သနားစရာ ငတုံးလေး တစ်ကောင်။ အဲ့ဒီကောင်လေးဟာ ကျွန်တော်ပေါ့။
မြို့ကလေးတစ်မြို့မှာ ကျွန်တော် နေထိုင်ပါတယ်။
အဲ့ဒီမြို့က စက်ရက်ကန်း ခတ်သံတွေ ဆူညံနေတာပဲ။
ကောင်းကင်ကို စက်သံတွေနဲ့ ပင့်တင်ထားတဲ့ မြို့တဲ့။ စက်ရက် ကန်းခတ်သံတွေက ဆူညံမြည်ဟည်းစွာ မြို့ကလေးအပေါ်က ကောင်း ကင်ကို ပင့်တင်ထားတယ်တဲ့။ အဲ့ဒီလို စာရေးဆရာတစ်ဦးက ပြောခဲ့ တယ်။
ကျွန်တော့်မြို့ကို ကျန်စစ်သားက တောဝက်ပစ်ရင်း တွေ့ရှိခဲ့တာ တဲ့။ ကျန်စစ်သားကြောင့် ကျွန်တော့်တို့မြို့ ဖြစ်လာခဲ့တာတဲ့။
တကယ်လို့သာ ကျန်စစ်သားဆိုတဲ့ သူရဲကောင်းကြီး မရှိခဲ့ရင် ကျွန်တော့်မြို့ကလေးဟာ ရှိလာပါ့မလား။ ကျန်စစ်သားကိုယ်တိုင်ကျွန်တော်ဟာ ဂျစ်ပစီလေးများလား ကလည်း ဒီလောက် စက်သံတွေနဲ့ ဆူညံတဲ့မြို့တစ်မြို့ ဖြစ်လာမယ်ဆိုတာ ကြိုတင်တွေးတောမိရင် ကျွန်တော့်မြို့ကလေးကို သူ ဖော်ထုတ်ပါ့ မလား။
ကျွန်တော့်မြို့ဟာ တစ်နေ့တစ်နေ့မှာ လုံချည်အထည် ဘယ် နှသောင်း စက်နဲ့ ထုတ်လုပ်တယ် ဆိုလားပဲ။
ပြောကြတာပဲ။ ကျွန်တော် အရေအတွက် အတိအကျ မသိဘူးလေ။ ကျွန်တော် သိတာက စက်သံတွေ ဆူညံနေတာပဲ သိတယ်။
နောက်ပြီး သူ့ဘာသာ လုံချည်တွေ ဘယ်လောက်ထုတ်လုပ် ထုတ် လုပ် အဲ့ဒီလုံချည်တွေက ကျွန်တော်နဲ့ ဘာဆိုင်တာမှတ်လို့။
ဘာလို့လဲဆိုတော့ ကျွန်တော်က ဂျင်းဘောင်းဘီပဲ ဝတ်တတ်တာ လေ။
ကျွန်တော့်မြို့က ထုတ်လုပ်တဲ့ ပုဆိုးတွေကို ကျွန်တော် မကြိုက်ဘူး၊ ရွှေဘိုဆိပ်ခွန်တို့ အမရပူရတို့က ထုတ်လုပ်တဲ့ ပိုးနဲ့ချည် တွဲထားတဲ့ ပိုးတွဲပုဆိုးလည်း ကျွန်တော် မကြိုက်ဘူး။
(ပါးပါးလှပ်လှပ်လေးရယ်။)
အဲ့ဒါတင်လား။
မဟုတ်သေးဘူး။
မလေးရှားက လာတဲ့ပုဆိုးလည်း ကျွန်တော် မကြိုက်ဘူး။
အိန္ဒိယက လာတဲ့ပုဆိုးလည်း ကျွန်တော် မကြိုက်ဘူး။
ကျွန်တော်ကြိုက်တာက U.S.A က လာတဲ့ ဂျင်းဘောင်းဘီရယ်လေ။
ကျွန်တော့်ကမ္ဘာ ကျဉ်းကျဉ်းလေးထဲမှာ ကျွန်တော် မကြိုက်တဲ့ အရာတွေက ရေတွက်လို့ ရနေတယ်။မိုးသားတွေနဲ့ အတူတူ ပြေးလွှား သိလား။
နွားနို့ ကို ကျွန်တော် မကြိုက်ဘူး။
မိုက်ကယ်ဂျက်ဆင်ကို ကျွန်တော် မကြိုက်ဘူး။
စိုးအောင်ကို ကျွန်တော်မကြိုက်ဘူး။
ရေဒီယိုရဲ့ ကာလပေါ်သီချင်းတွေကို ကျွန်တော် မကြိုက်ဘူး။ နို့ချဉ်အေးကို သိတယ်မဟုတ်လား။ အဲ့ဒီ နို့ချဉ်အေး ဖန်ခွက် မျက်နှာပြင်ပေါ်က ရှုပ်ယှက်ခတ် မွစာကြဲနေတဲ့ အုန်းသီးဆန်ဖတ်တွေကို ကျွန်တော် မကြိုက်ဘူး။
ဂျေဒိုးနတ်ရဲ့ အချိုမှုန့်တွေကို ကျွန်တော် မကြိုက်ဘူး။
ဝက်သားတုတ်ထိုးကို ကျွန်တော် မကြိုက်ဘူး။
ဆန်နီ ဆူပါဆလွန်းအဖြူ ကို ကျွန်တော် မကြိုက်ဘူး။ ပပလွှားလွှား နိုင်လွန်းလို့။
မက်ဒေါနားကို ကျွန်တော် မကြိုက်ဘူး။ ညစ်ပတ်လို့။ မြူဆွယ်တဲ့ အမူအရာဆို ကျွန်တော် မုန်းတောင်မှ မုန်းသေးတယ်။ | ကျွန်တော့်ဖေဖေရဲ့ ဆေးပြင်းလိပ်တိုတွေကို ကျွန်တော် မကြိုက် ဘူး။ နံလွန်းလို့။ ။
ကျွန်တော့်ဖေဖေရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်တွေကို ကျွန်တော် မကြိုက်ဘူး။
စာအုပ်တွေက လက်ညှိုးတွေ ထိုးလွန်းလို့။
ကျွန်တော့်ဖေဖေရဲ့ ဘလက်လေဘယ်လ် ဝီစကီကိုလည်း ကျွန်တော် မကြိုက်ဘူး။
မွှေးနေလို့။
အားပါးပါး... အရမ်းအလုပ်လုပ်တဲ့ ကျွန်တော့်မြို့ပဲ။ ပျင်းစရာကောင်းအောင်ကို အလုပ်လုပ်ကြတာ။ သူဌေးတွေကလည်း အလုပ်သမားတွေလိုပဲ အလုပ်လုပ်ကြတာ။
ကျွန်တော့် ဖေဖေဆိုရင် အင်ဂျင်လည်း ဝင်နှိုက်တာပဲ။ အလုပ် သမားတွေလည်း ညွှန်ကြားတာပဲ။ ချည်ထုပ်ပုံကြီးနဲ့ အထည်ပုံကြီးကြား ထဲမှာလည်း အဖေ နစ်မြုပ်နေတာပဲ။ ဆန်နီ ပစ်ကပ်တစ်စီးနဲ့ ဖေဖေ ပြေးနေတတ်သလို ဂရန်ဒီ မတ်ခ်တူးနဲ့လည်း ဖေဖေ လှုပ်ရှားနေတာပဲ။
တိုက်ကြီးတစ်လုံးထဲမှာ ကျွန်တော့်ဖေဖေ အလုပ်များနေတာကို ကျွန်တော်က ကြည့်ရင်း အူထဲမှာ ယားကျိ ယားကျိ ဖြစ်လာတယ်။
အဲလို အူထဲ ယားကျိ ယားကျိ ဖြစ်လာတဲ့အခါ ကျွန်တော်က လမ်းပေါ်က လက်ဖက်ရည်ဆိုင်ကို ထွက်လာတတ်တယ်။
လက်ဖက်ရည် ချိုပေါ့ကျ တစ်ခွက်ရယ်၊ စီးကရက်တစ်လိပ်နဲ့ သီချင်းရယ် ငြိမ့်နေလိုက်တယ်။ ဟော ဖေဖေ ဆန်နီပစ်ကပ်နဲ့ လမ်းပေါ်မှာ " ဝူး " ဆို မောင်းသွားတာ ကျွန်တော် တွေ့လိုက်ရတယ်။
မိုးသားတွေနဲ့အတူတူ ပြေးလွှား ကျွန်တော့်ဘာသာ အပြင်ထွက်ပြီး လက်ဖက်ရည် ချိုပေါ့ကျနဲ့ စီးကရက်နဲ့ သီချင်းနဲ့ အေးအေးဆေးဆေး ငြိမ့်နေတာကိုလည်း “ဝူး” ဆိုတဲ့ ဆန်နီပစ်ကပ်ရဲ့ အသံက ကျွန်တော့်ကို အူတွေ ယားကျိယားကျိ ဖြစ်အောင် လုပ်သေးတယ်။
ညနေစောင်းပြီဆိုရင် ဖေဖေက ဂေါက်ကွင်းကို သွားတယ်။ ကျွန်တော် လိုက်ကြည့်ဖူးပါတယ်။ ဂေါက်သီးကို ချက်ချင်းရိုက်မထည့် ဘဲ ဂေါက်ရိုက်တံကြီးနဲ့ ကြီးကြီးကျယ်ကျယ် ချိန်ဆနေတဲ့ ဖေဖေ့မျက်နှာ ပေါ်က တင်းတင်းမာမာ အရေးကြောင်းလေးတွေကို ကြည့်ရင်း ကျွန်တော် ကလေ သနားတယ်။ ဖေဖေ့ကို သနားတယ်။
ဂေါက်တံနဲ့ ဂေါက်သီးလေးကို တစ်ချက်ရိုက်ဖို့အရေး ကမ္ဘာကြီးကို ရိုက်တော့မလို ဖေဖေ ချိန်ရွယ်နေသေးတယ်။
ဟော... ရိုက်ထည့်လိုက်ပြီ။
ဘယ်တော့မှ ကျင်းထဲ ဝင်တယ်ကို မရှိဘူး။
လွဲချော်။
ဪ..
ကျွန်တော့်ဖေဖေရဲ့ ကြီးကြီးကျယ်ကျယ် ချိန်ရွယ်မှုဟာ ဒီလိုဒီလို လွဲချော်တာ ထုံးစံပဲထင်ပါရဲ့။ ( အဲဒီအချိန်မှာ ကျွန်တော့်ဖေဖေရဲ့ မျက်နှာကြီးက ရှုံ့မဲ့သွားတာကို ကြည့်ပြီး ကျွန်တော်က ခွက်ထိုးခွက်လန် အူလှိုက်သည်းလှိုက် ရယ်မော ပစ်လိုက်တယ်။
လူကြီးတွေရဲ့ လွဲချော်မှုကို ကြည့်ပြီး ဟားတိုက် ရယ်မောရတာဟာ ချော့ကလက်ကိတ်မုန့် စားရတာထက်တောင် ပိုအရသာရှိသေးတယ်။ ကျွန်တော်က အတောမသတ်နိုင်အောင် ရယ်မောရင်း ရယ်တာ ခဏရပ် လိုက်ပြီး ဖေဖေ့မျက်နှာ ဘယ်လောက် ဒီဂရီအထိ ရှုံ့မဲ့သွားသလဲဆိုတာ ထပ်ကြည့်ချင်သေးတာနဲ့ တစ်ခါ ပြန်ကြည့်မိတယ်။
ကျွန်တော်ဟာ ဂျစ်ပစီလေးများလား
ဖေဖေက မျက်မှောင်ကြီးကြုတ်ပြီး ကျွန်တော့်ကို ကြည့်နေလိုက် တာ၊ တော်တန်ရုံကောင်ဆိုရင် ကျွန်တော် အရည်ပျော်ကျသွားနိုင်တယ်။ ဖေဖေ ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတာ အချိန် ဘယ် လောက်ကြာမြင့်သွားပြီလဲ မသိ။ ကျွန်တော်ကတော့ ခပ်တည်တည် နေပစ်လိုက်ပါတယ်။
တစ်နေ့မှာတော့ ကျွန်တော်ဟာ ကျွန်တော့်ဖေဖေရဲ့ ဆန်နီပစ်ကပ် ပေါ်မှာ အဖေနဲ့ ဘေးချင်းယှဉ်ပြီး ထိုင်ရင်း ကျွန်တော့်မြို့နဲ့ မိုင်အနည်း ငယ်သာဝေးတဲ့ မြို့တစ်မြို့ကို လိုက်သွားတယ်။
“သား ပျင်းရင် လိုက်ခဲ့ကွာ” လို့ ဖေဖေက ပြောတော့
“လိုက်မယ် ဖေဖေ "
လို့ ကျွန်တော် အော်ပြောရင်း ကားရဲ့ ရှေ့ခန်းတံခါးကို အူယား ဖားယား ဆွဲဖွင့်၊ ကားတံခါးကို ဒိုင်းခနဲ ပြန်ပိတ်လိုက်တယ်။ ဆန်နီပစ် ကပ်ဆိုတော့လည်း လစ်မစ်တက်တို့ ဂရန်ဒီမက်ခ်တူး တို့လိုတော့ တံခါး ပိတ်သံက တိုးတိတ် ညင်သာခြင်း မရှိဘူးပေါ့။ ။
ကျွန်တော်တို့ နယ်မြို့မှာတော့ ဆန်နီပစ်ကပ်ကား၊ ဟိုင်းလပ်နဲ့ စူပါရု(ဖ်)လို ကားမျိုးပဲ အသုံးများတယ်လေ။ ကားနောက်ပိုင်းမှာ စက်ရုံ ထုတ် အထည်အလိပ်တွေလည်း နင့်နှင့်ပိုးပိုး တင်လို့ပြုလို့ ကောင်းတာပေါ့။
ဖေဖေက ကားကို ခပ်မြန်မြန် မောင်းတယ်။
ကျွန်တော်ကလည်း လေကလေး ချွန်လို့။ ကားပေါ်မှာပေါ့။ ဒူးကို နှန့်လို့။
ကိုယ့်ဖေဖေ မောင်းတဲ့ကားကလေးတစ်စီးပေါ်မှာ ကိုယ့်ဖေဖေနဲ့ အတူတူ ကားလျှောက်စီးရတာကိုက ဘယ်လောက်ပျော်ဖို့ ကောင်းလိုက် ပါသလဲ။
ကျွန်တော်ဟာ လေကလေး ချွန်လို့။ ကားပေါ်မှာပေါ့။ ဒူးကိုနှန့် လို့။ ပုဂ္ဂလိက အရက်ချက်စက်ရုံကြီးတစ်ရုံကို ကျွန်တော်တို့ ကျော်ဖြတ် လာခဲ့ပြီ။ ဘုရားစေတီ တစ်ဆူနှစ်ဆူကိုလည်း ကျွန်တော်တို့ကားက ချန်ထားရစ်ခဲ့ပြီ။ အဝေးပြေးကားကို စောင့်နေတဲ့ခရီးသည်တွေက ကျွန်တော်တို့ရဲ့ ဆန်နီပစ်ကပ်ကားကလေးကို မတားရဲပါဘူး။ သူတို့ရှေ့မှာ မြန်မြန်မောင်းသွားစဉ် ကျွန်တော်တို့ ကားနောက်မြီးကို ငေးမော ကျန် ရစ်ခဲ့ကြတာပေါ့ ။ လောကကြီးဟာ အဲလိုပဲ။
ကားကလေးတစ်စီးနဲ့ လမ်းဘေးက လူတွေကို လမ်းဘေးမှာပဲ ထား ချန်ရစ်ခဲ့ရတာဟာ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်သလဲ။
ကျွန်တော့်ဖေဖေက တကယ် ကားမောင်းကျွမ်းကျင်တယ်။ ခရီးသည်တင်ကားတွေ၊ ကိုယ်ပိုင်ကားတွေ တစ်စီးပြီး တစ်စီး ကျွန်တော်တို့က ကျော်တက်ခဲ့တာပေါ့။ ။
ကျွန်တော်နေတဲ့မြို့က mass production ဆန်ဆန် ကုန်ထုတ်လုပ် တဲ့မြို့၊ စက်တွေရှိတဲ့မြို့၊ လူတွေက အလုပ်သာ အားကြိုးခနွဲ ဖိလုပ်ကြ တာ။ အဲ့ဒီ အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံတွေကို စားစရာ စည်းစိမ်ယူစရာ သက်သောင့်သက်သာ နေရာလေးတစ်နေရာ ကောင်းကောင်းရှိတာ မဟုတ်ဘူး။
ဟော••
ကြိုဆိုပါ၏ ကို ကျွန်တော်တွေ့ရပြီ။ ကျွန်တော့်မြို့က လူကြီး တွေက ဒီမြို့ကို လာပြီး စည်းစိမ်ခံတယ်။
ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော့် ဖေဖေအရွယ် လူကြီးတွေ စည်းစိမ်ခံတယ် ဆိုတော့ ဘယ်လို ရုပ်ဝတ္ထုတွေနဲ့ ဘယ်လို အသက်ရှိပစ္စည်းတွေနဲ့လဲ။
ကျွန်တော်ကတော့ ဂစ်တာတစ်လက်ကို တီးခတ်နေရတာလည်း Feeling ပဲ ...
ညဉ့်နက်သန်းခေါင် နှင်းမှုန်တွေထဲကနေ ငွေလဝန်းလေးကို မြင်နေ ရချိန်မှာ လမ်းနံဘေး အုတ်ခုံလေးပေါ်ထိုင်ပြီး ဂစ်တာတစ်လက်နဲ့ သီချင်း လေးတစ်ပုဒ်ကို ထပ်ကာထပ်ကာ အော်ဟစ်သီဆိုနေရတာကလည်း Feeling ပဲ ..။
ဖေဖေရဲ့ ဆန်နီပစ်ကပ်လေးကို ညမှာ ဖေဖေမသိအောင် ခိုးထုတ်ပြီး အဝေးပြေးလမ်းမကြီးပေါ်မှာ လွတ်လပ်ကြမ်းတမ်းစွာ မောင်းနှင်နေရတာ ကလည်း ကျွန်တော့်အတွက် Feeling ပဲ။
လက်ဖက်ရည်ဆိုင်မှာ ချိုပေါ့ကျတစ်ခွက်နဲ့ စီးကရက်တစ်လိပ်ကို ဖွာရှိုက်လိုက်ရတာကလည်း ကျွန်တော့်အတွက် Feeling ပါပဲ။
ဖေဖေဟာ ကားကို စားသောက်ဆိုင်တစ်ဆိုင်ရှေ့မှာ ထိုးဆိုက်လိုက် တယ်။ သိပ်ကြီးကြီးမားမား စားသောက်ဆိုင်ကြီးတော့လည်း မဟုတ်ပါ ဘူး။ ခပ်သေးသေးပါပဲ။ ဆိုင်ရှေ့မှာတော့ သစ်ပင်ပန်းပင် ပုပုဝိုင်းဝိုင်း လေးတွေကို စိမ်းစိမ်းစိုစို နီနီပြာပြာ တွေ့ရတယ်။
နီနီပြာပြာ ဆိုတာက ပန်းပွင့်လေးတွေကို ပြောတာပါ။
ပန်းပွင့်လေးတွေက အနီရောင် အပြာရောင်.. ချစ်စရာ လှလှပပ လေးတွေလေ။
ကျွန်တော်တို့ သားအဖ ဆိုင်ထဲ ဝင်လာကြတယ်။ ဆိုင်ရဲ့ အလုပ် သမားတွေက ကျွန်တော့်ဖေဖေကို သိနေကြပုံပါပဲ။ ပျူပျူငှာငှာ ဖော်ဖော် ရွေရွေ ကြိုဆိုကြတယ်။
အင်းလေ သူတို့ကတော့ ဖေဖေ့ကိုမှ မဟုတ်ပါဘူး။ သူတို့ဆိုင်ထဲ ဝင်လာသူမှန်သမျှ ဒီလို ပျူပျူငှာငှာ ကြိုဆိုတာဟာ သူတို့အလုပ်ပဲ နေမှာပေါ့ ။
ဒါပေမဲ့ ကျွန်တော့်ဖေဖေနဲ့ သူတို့က အကျွမ်းတဝင် ရှိနေပုံပါပဲ။ ဒါပေမဲ့ ကျွန်တော့်ဖေဖေကတော့ သူ့ထုံးစံအတိုင်း ခပ်တည်တည်ရယ်ပါ။