Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ဒေါ်စောရင် - မူကြိုအရွယ်ကလေးငယ်များကိုဖတ်ပြဖို့လက်ရွေးစင်ပုံပြင်များ

Regular price 1,200 MMK
Regular price Sale price 1,200 MMK
Sale Sold out

ယုန်လိမ္မာ

တောတစ်တောတွင် ကျားနှင့်ဆင်တို့ အအော်ပြိုင်ရန် တိုင်ပင်ကြလေ၏။ ကျားသည် အအော် မပြိုင်ခင် သူ၏တောတိရစ္ဆာန်များကို ခေါ်ပြီးလျှင် “အဆွေတို့ နက်ဖြန်မနက်တွင် ငါနှင့်ဆင်တို့နှစ်ဦး အအော်ပြိုင် ကြမည်။ ငါ အော်လိုက်သောအခါ သင်တို့သည် ငါ့အသံနှင့်တစ်ပြိုင်တည်း ဝိုင်း၍အော်ကြပါ။ ငါ အနိုင်ရ၍ ဆင်၏အသားကို စားရသောအခါ သင်တို့အားလည်း ကျွေးပါမည်ဟု ပြောဆိုလေသည်။

နောက်တစ်နေ့ မနက်တွင် ဆင်ရောက်လာ၍ အအော်ပြိုင်ကြရာ ဆင်အော်သည့်အခါ၌ တစ်ကောင် တည်း အော်ရ၍ ကြာရှည်မအော်နိုင်ပေ။ ကျားက အော်သောအခါ တောတိရစ္ဆာန်များက ဝိုင်းကူ၍အော်ပေး သဖြင့် ဆင်မှာ ရှုံးရလေ၏။ ထိုအခါ ကျားက ဆင်အား ကဲ-ကျုပ်အသံက ကျယ်လည်းကျယ်တယ်၊ ကြာကြာ လည်းအော်နိုင်တယ်။ အသင်ရှုံးပြီ။ အသင်၏အသားကို ဘယ်တော့စားရမလဲ”ဟု မေးသောအခါ ဆင်က အခု

တော့ ချမ်းသာပေးပါဦးမိတ်ဆွေ၊ နောက်ခုနှစ်ရက်ရှိသောအခါ ကျုပ်ကို ဟောဒီနေရာမှာ လာစားပါ”ဟု ဆိုပြီးလျှင် ထိုနေရာမှ ခွဲခွာကြလေ၏။ နိုင်မည်နည်းဟု ဆန်းစစ်လိုသောဆန္ဒဖြစ်ပေါ်လာသည်။

ဘုရင်ကြီးလည်း ထိုအကြောင်းကို ပညာရှိသုခမိန်များနှင့် အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးပြီး ထိုသူဌေးကြီး လေးဦးတို့ပါဝင်သော အလှပြိုင်ပွဲတစ်ခုကျင်းပရန် မှူးကြီးမတ်ရာသေနာပတိတို့အား စီစဉ်စေသည်။

အလှပြိုင်ပွဲတွင် သူဌေးကြီးလေးဦးတို့သည် မိမိတို့ကြွယ်ဝချမ်းသာရာ ပစ္စည်းများဖြင့် အဝတ်အထည်ချုပ် လုပ်၍ အသီးသီး ဝတ်ဆင်လာကြရမည် ဖြစ်သည်။

လယ်ယာကိုင်းကျွန်းဖြင့် ကြွယ်ဝလာသူ သူဌေးကြီးသည် သူ့လယ်ထွက် ကောက်ညှင်းဆန်ဖြင့်ပြုလုပ် သော မုန့်မျိုးစုံကို တစ်ကိုယ်လုံးချိတ်ဆွဲကာ အဝတ်အစားအဖြစ် ဝတ်ဆင်လာသည်။

ရွှေငွေဖြင့် ချမ်းသာကြွယ်ဝသူကလည်း ရွှေငွေဖြင့်ပြီးသော အဝတ်အစားများကို ဆင်မြန်းလာသည်။ ကျောက်သံပတ္တမြား သူဌေးကလည်း ကျောက်သံပတ္တမြားတို့ဖြင့် စီခြယ်ချုပ်လုပ်သော အဝတ်အစားများကို ဆင်ယင်လာသည်။ အထည်အလိပ်ဖြင့် ချမ်းသာသူကလည်း အကောင်းဆုံးအဝတ်အထည်များကို တခမ်းတနား ချုပ်၍ ဝတ်စားလာသည်။

လယ်ယာကိုင်းကျွန်းဖြင့် ချမ်းသာကြွယ်ဝလာသူ သူဌေးကြီးမှာ သူ့တစ်ကိုယ်လုံး မုန့်ဆီကြော်၊ ကောက် ညှင်းထုပ်များဖြင့် ပြည့်နှက်နေရကား သားသမီးများလည်း သူတို့၏ဖခင်ကြီးအား ကြည့်ပြီးရှက်နေကြသည်။ ထိုသို့ဝတ်စား၍ မသွားရန်ကိုလည်း အတန်တန်တားမြစ်ကြသည်။ သူဌေးကြီးကမူ စိတ်ကူးဉာဏ်ဖြင့် သူဝတ် ကြောင်း သားသမီးတို့အား ပြန်ပြောပြီး အလှပြိုင်ပွဲတွင် အနိုင်ကဲရန် အားခဲထွက်လာခဲ့သည်။

အလှပြိုင်ပွဲ ခင်းကျင်းရာနေရာသို့ အသီးသီးရောက်ရှိလာကြသောအခါ ပွဲကြည့်ပရိသတ်ကြီးလည်း သူတို့အား ကြည့်ပြီး အားရပါးရဝိုင်းရယ်ကြသည်။ သူဌေးကြီးသုံးဦးမှာ မျက်စိမျက်နှာများပျက်လျက် ရှက် သလိုလို ဖြစ်လာကြသော်လည်း လယ်ယာကိုင်းကျွန်းပိုင်ရှင် သူဌေးကြီးမှာ ဣန္ဒြေပင်မပျက်ချေ။

မကြာမီ ဘုရင်ကြီးလည်း ပြိုင်ပွဲခင်းကျင်းရာမဏ္ဍပ်သို့ ကြွချီလာပြီး လေးဦးသော သူဌေးကြီးတို့အား မဏ္ဍပ်အတွင်းရှိ ကြိုတင်ဆောက်လုပ်ထားသော အခန်းတွင်းသို့ဝင်စေလျက် ခုနှစ်ရက်ပြည့်မြောက်သည့် နေ့မှပင် မည်သူအလှဆုံးဆိုသည်ကို တိုင်းပြည်သို့ ကြေညာမည်ဖြစ်ကြောင်း မိန့်ကြားကာ အခန်းတံခါးကို အလုံပိတ်ထားလိုက်သည်။

သူဌေးကြီးလေးဦးတို့သည် ထိုအလုံပိတ်ထားသော အခန်းထဲ၌ အတူနေကြရာ ညနေစောင်း၍ ထမင်း စားချိန်ကျရောက်သည့်တိုင် သူတို့အား မည်သူမျှ အစာအာဟာရများ လာရောက်ကျွေးမွေးသည်ကို မတွေ့ရ ချေ။ ထိုအခါ လယ်သူဌေးလည်း မိမိကိုယ်တွင် ပါလာသောမုန့်ထုပ်များကို ဖြုတ်၍စားသည်။ ကျန်သူဌေးကြီး သုံးဦးတို့လည်း လယ်သူဌေးစားသည်ကို ကြည့်ပြီး သွားရည်ယိုလာသည်။ ဆာလွန်းမက ဆာလာသည်နှင့် လယ်သူဌေးထံမှတောင်းစားရာ မရသည့်အဆုံး၌ သူတို့ကိုယ်တွင်ပါလာသော ပစ္စည်းများဖြင့် လဲလှယ်စားကြ သည်။

ထိုသို့ လဲလှယ်စားလာကြရာ တစ်ရက်မှနှစ်ရက်၊ နှစ်ရက်မှ သုံးရက်ကြာသော် သူဌေးကြီးသုံးဦး တွင် ပစ္စည်းအနည်းငယ်သာ ကိုယ်စီကျန်တော့သည်။ လယ်သူဌေးမှာမူ အစားအစာအတွက် ဒုက္ခမရောက် သည့်အပြင် ပစ္စည်းများပင် နေ့ချင်းညချင်း တိုးလာသည်။

ခုနှစ်ရက်မြောက်သောနေ့တွင် ဘုရင်ကြီးလည်း အခြွေအရံများနှင့် ကိုယ်တော်တိုင် ပြိုင်ပွဲခင်းကျင်းရာ မဏ္ဍပ်သို့ ကြွချီလာသည်။ လူထုပရိသတ်ကြီးမှာလည်း ဘုရင်ကြီး၏အဆုံးအဖြတ်ကို ကြားနာရန် အသင့်ရောက်ရှိနေကြသည်။

မကြာမီဘုရင်ကြီးလည်း မဏ္ဍပ်အတွင်းရှိ အလုံပိတ်ထားသောအခန်းကို ဖွင့်စေရာ လယ်ယာသူဌေး ကြီးမှာ အလှဆုံးဖြစ်နေသည်။ ။

ဘုရင်ကြီးလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လျက် သူ၏တိုင်းပြည်တွင် လယ်သမားများကို အထူးအခွင့် အရေးပေးရမည့်အကြောင်း၊ ရွှေငွေကျောက်သံပတ္တမြား ပေါကြွယ်ဝခြင်းမရှိပေမယ့် ဆန်စပါးရှိလျှင် အောက် တန်းမကျဘဲ ကောင်းမွန်စွာနေနိုင်ကြောင်း၊ ကိုင်းကျွန်းလယ်ယာကို အားစိုက်ခွန်စိုက်လုပ်ကိုင်ခြင်းဖြင့် မြေကြီးမှ ရွှေသီးအောင် ကြိုးစားကြရမည်ဖြစ်ကြောင်းတို့ကို ဩဝါဒပေးပြီး အလှပြိုင်ပွဲတွင် အနိုင်နွှဲခဲ့သည့် လယ်ယာ သူဌေးကြီးအား ဆုလာဘ်များ ပေးအပ်ချီးမြှင့်လိုက်လေသည်။