မုံရွှေးဆရာတော်ဘုရားကြီး - မင်္ဂလသုတ်ပျို့
မင်္ဂလသုတ်ပျို့ကို ဝေဖန်ချက်
ပျို့ဟူသော ဝေါဟာရ
“ပျို့”ဟူသော ဝေါဟာရသည် နုပျိုခြင်း၊ ပျို့အန် ခြင်း၊ ပြည့်စုံကောင်းမွန်ခြင်း၊ ထွန်းပခြင်း၊ နှစ်သက် ကြည်လင်ခြင်း စသော အနက်တို့တွင်၊ ဤ၌ ကြည်လင် နှစ်သက်စေခြင်းအနက်၌ ဖြစ်၏။ ဖတ်ရှုကြားနာသူတို့၏ စိတ်နှလုံးကို ကြည်လင်နှစ်သက်စေတတ်သော ကဗျာ စာမျိုးဟု ဆိုလိုသည်။ ထို့ကြောင့် ပါဠိ “ပိန” သဒ္ဒါမှ “ပို့”၊ “နို့” မှ “ပျို့” ဖြစ်လာသည်ဟု ကြံဆကြကုန် ၏။ ပိနကို မနံပီနေတီတိပျို့ဟု ဝိဂြိုဟ်ပြုကုန်၏။ စိတ် နှလုံး ကို နှစ်သက်စေ တတ်သောကြောင့် ပျို့ မည်၏ ဟူလို။ ။
ပျို့ရေးလေ့ရှိသော အကြောင်းအရာ
ပျို့သည် လင်္ကာသွား ကဗျာမျိုး၌ အပါအဝင်ဖြစ်သည့်ပြင် အသွားချင်း (စပ်ပုံချင်း) လည်း တူ၏။ သို့သော် လင်္ကာဖြင့် ကြီးကျယ်ခမ်းနားသော အကြောင်းအရာ များကိုသာမက အတိုချုပ်သေးငယ်သော အကြောင်းအရာ များကိုလည်း စပ်ဆိုလေ့ပြုသေး၏။ ပျို့ ဟူသောအမည် ဖြင့်ကား အဖြစ်အပျက် (အတ္ထုပ္ပတ္တိ) မျိုးကိုဖြစ်စေ၊ ပညာရပ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ရှည်လျားစွာ စပ်ဆိုလေ့ ရှိ၏။ ဤမျှသာ ကွဲပြား၏။
အင်းဝခေတ်ပျို့များ
မြန်မာကဗျာ စာပေများစွာတို့တွင် အင်းဝ ခေတ်၌ ကန်တော်မင်းကျောင်းဆရာတော်ရှင်ရဋ္ဌသာရ၊ ရှင်သီလဝံသ စသော ပုဂ္ဂိုလ်ကျော်တို့ ရေးသားခဲ့သည့် လောကသာရပျို့၊ ကိုးခန်းပျို့၊ ပါရမီခန်းပျို့ စသည်တို့ကို ယခုအခါ အဦးဆုံး ပျို့များအနေဖြင့် တွေ့မြင်ကြရကုန်၏။ ထိုထက်စောသော ပျို့များကိုကား မတွေ့ရသေးပေ။ ပေါ်ဖူးသော်လည်း ပျောက်ပျက်၍ဖြစ်စေ သို့မဟုတ် လုံးဝမပေါ်ဖူးသေးသောကြောင့်ဖြစ်စေ မတွေ့ရခြင်း ဖြစ်လိမ့်မည်ဟု နှစ်မျိုးနှစ်စား ယူဆနိုင်ကုန်၏။ ။
ထိုတွင် အင်းဝခေတ်ပေါ် ပျို့များကို နောက်နောင် ပုဂ္ဂိုလ်တို့သည် များစွာ အမှီပြုကြရသည်သာမက ထို အင်းဝခေတ်ပေါ် အဟောင်း ဆုံးပျို့များကို လွှမ်းမိုးနိုင် သည့် နောက်ပေါ်ပျို့များကိုလည်း ယနေ့တိုင် မတွေ့ မြင်ရသေးပေ။
ကုန်းဘောင်ခေတ်ပျို့များ
ကုန်းဘောင်ခေတ်၌လည်း ပျို့များကို ရေးသား လေ့ရှိပေ၏။ သို့သော် ထိုပျို့များသည် တစ်မျိုးတစ်မည် ထူးခြားကြသော်လည်း အင်းဝခေတ်ပျို့များကို မလွှမ်း မိုးနိုင်ကြကုန်၊ ကဗျာမျက်စိဖြင့် ကြည့်လျှင် အင်းဝ ခေတ်များက ယနေ့တိုင် ပျို့ လောကတွင် လွှမ်းမိုး လျက် ရှိနေသေးသည်ကို တွေ့ရပေ၏။ (ထိုသဘော များ ပေါ်လာအောင် ဤ၌ အကျယ်တဝင့် မဝေဖန်သာပေ)
ဘကြီးတော်လက်ထက်
ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရား ၁၁၈၁ - ၉၉လက်ထက်တော်၌ ရဟန်းပညာရှိ၊ လူပညာရှိအများ ထွက်ပေါ်ခဲ့ပေ၏။ ထိုတွင် ယခု မုံရွေးဆရာတော်ဘုရား သည်လည်း ထင်ရှားကျော်စောသော ရဟန်းပညာရှိ အပေါင်းတို့တွင် တစ်ပါးအပါအဝင် ဖြစ်တော်မူ၏။
မုံရွေးဆရာတော်ဘုရားသည် မှန်နန်းရာဇဝင်တော် ကြီးကို ရေးသားသောအဖွဲ့၌ ပါဝင်တော်မူခဲ့ပေ၏။ ထိုဆရာတော်ကြီး၏ ဗဟုသုတဓရဖြစ်တော်မူပုံကို သမန္တစက္ခုဒီပနီကျမ်းကြီး တစ်ကျမ်းကပင် များစွာ သက်သေခံလျက် ရှိပေ၏ ။ သမန္တစက္ခုဒီပနီကျမ်းကြီး သည် ထိုဆရာတော် ရေးသားသမျှ စာပေတို့တွင် အထင် အရှားဆုံး၊ အကျော်စောဆုံး စာပေတစ်ရပ်အဖြစ် ယနေ့ တိုင် တည်ရှိနေပေ၏။ ရာဇောဝါဒ စသည်တို့သည်လည်းထင်ရှားပါ၏။ သို့ သော် သမန္တစက္ခုဒီပနီလောက် မထင်ရှားသေးပေ။
မုံရွေးဆရာတော်၏ ပျို့များ
ထိုဆရာတော်စီရင်သည့် ပျို့များသည် ဗဟု သုတများစွာ တို့ဖြင့် ကြည့်လျှင် ယခုခေတ်၌ မဃဒေဝ လင်္ကာသည် မဟာသုတကာရီ (အကြားအမြင်များစွာကို ပြုနိုင်သောကျမ်း) ဟူသော အမည်ကို ခံယူထိုက်သကဲ့သို့ ထိုအခါက ဗဟုသုတပျို့ကျမ်းကြီးများသဖွယ် ဖြစ်ကုန် ၏။ တစ်နည်းအားဖြင့် ထိုဆရာတော်၏ ပျို့များသည် (ကဗျာအရသာ) တည်းဟူသော ဟင်းအိုး၌ (ဗဟုသုတ အရသာ) တည်းဟူသော ဆားတို့ကို များစွာ ထည့်သွင်း စပ်ဆိုလေ့ပြုတော်မူ သည်ကို တွေ့ရ၏။ တတ်ကြပါစေ၊ မှတ်ကြပါစေဟူသော ဆရာတော်ကြီး၏ မေတ္တာ၊ ကရုဏာ အရိပ်အယောင်များပင် ဖြစ်ပေရာ၏။
တစ်နည်းအားဖြင့် ဆရာတော်၏ စာများသည် ဒုတိယ နဝဒေး၏ စာများလောက် ကာရန်အသတ်အစပ် ပြေပြစ်မှု၊ စကားလုံးပြောင်မှု၊ စိတ်ကူးစိတ်သန်း ဆန်း ကြယ်ကွန့်ညွန့်မှု၊ စိတ်နှလုံးကို ထိခိုက်စေမှု စသော ကဗျာအရသာများ မပေါ်လှပေ။ ဗဟုသုတကား ဒုတိယ နဝဒေးထက် သာကောင်းသာပေလိမ့်မည်။ ထိုကြောင့် ထိုဆရာတော်၏ စာများကိုကြည့်လျှင် ပျို့အရသာထက် ဗဟုသုတ အရသာကို ပိုမိုခံစားရပေ၏။ သိသာအောင်ဥပမာပြရလျှင် ဆရာတော်၏ ပျို့များသည် လှပသော အမျိုးသမီးရုပ်ကို ရေးသားရာ၌ အဖိုးတန်ရတနာများကို အဆမတန် တပ်ဆင်ထားသကဲ့သို့ ရှိပေ၏။
မင်္ဂလသုတ်ပျို့
ယခု မင်္ဂလသုတ်ပျို့၌ကား ကလေးသူငယ်များနှင့် လူပြိန်းများအဖို့ ရည်ရွယ်ဟန်တူသည့်အတိုင်း ရှိထားသောဗဟုသုတများကို အချက်အလက်များစွာတို့၌ သွန်ချတော်မမူမိစေရန် နိဂုံးကို ထည့်ပါမှ ၁၆ ပိုဒ်နှင့် အပြီးဖြစ်အောင် များစွာချုပ်တည်း၍ ရေးသားတော်မူ ရဟန်ရှိ၏။ ။
ဤပျို့၌ (၁) ဆရာတော်၏ ဗဟုသုတများကို မသိမသာသာလျှင် ထည့်သွင်းစပ်ဆိုတော်မူထားသော သဘောများကိုလည်းကောင်း၊ (၂) အလွန်အားစိုက်ရေး သားတော်မူဟန်မရှိသော သဘောများကိုလည်းကောင်း တွေ့ရပေ၏။ ထိုနှစ်ချက်တို့တွင်
၁ - အချက်နှင့်ပတ်သက်၍
ကျမ်းဂန်များ၌ မြင်းမိုရ်တောင်ကြီးသည် (၁) အရှေ့ဘက်၌ ငွေရောင်၊ (၂) အနောက်ဘက်၌ ဖန်ရောင်၊ (၃) တောင်ဘက်၌ မြရောင်၊ (၄) မြောက်ဘက်၌ ရွှေရောင် လွှမ်းလျက်ရှိပုံများကို ဖော်ပြကုန်၏။ ထိုသဘောများကို လည်း ပါစေလို၏။သိကြားမင်းသည် မြင်းမိုရ်တောင်မင်း ၏ အရှင်ဖြစ်ကြောင်းများကိုလည်း ထိုသဘောများနှင့်
မုံရွေးဆရာတော် အတ္ထုပ္ပတ္တိ
နမောတဿ ယတောမဟိမတော ယဿတမောန။
ဖွားရာချက်မြှုပ်။ ။ သလ္လာဝတီမြစ်၏ အရှေ့ ဘက်မျက်နှာ တစ်ဂါဝုတ်လောက်၌ ၉၉ လုံးကုန်သောတောင်တို့ ပိတ်လွှမ်းနေသော “ရတနာစုဝေး၊ ကျေးဇူးမွေး သား၊ မုံရွေး မင်းရွေး၊ ချမ်းအေးသာစံ”ဟူ၍ ဥတိန္နပျို့ နိဂုံး၌ စပ်ဆိုတော်မူသည်နှင့်အညီ မုံရွေးရွာ (ဝါ) မင်း ရွေးရွာကြီးဟု ရှိ၏။ ထိုမုံရွေးရွာနှင့်စပ်လျက် ကြေးမုံရွာ ဟု ရှိရာ ထိုကြေးမုံရွာတွင် ဖွားမြင်တော်မူ၏။ ထို့ကြောင့် ကုသပျို့နိဂုံး၌ “ရွှေကျောင်းရွှေသိမ်၊ ဓာတ်အိမ်စည်းခုံ၊ စုရုံးပုံသား၊ ကြေးမုံဟူသည်၊ အမည်ထင်စွာ၊ နိဂုံးရွာ၌” ဟုဆရာတော်ဘုရားကြီးကိုယ်တော်တိုင် စပ်ဆိုဖော်ပြတော်မူခဲ့၏။ မုံရွေး၊ ကြေးမုံ၊ နွားထိန်း၊ ဥသျှစ်ကုန်းတို့ကို မုံရွေးလေးရွာဟု ခေါ်ကုန်၏။ ရွာတည်စက မုံပင်ရွေးပင် တို့ ပေါများသောကြောင့် မုံရွေးဟုခေါ်ခြင်း ဖြစ်သည်။
မျိုးရိုးဇာစ်မြစ်။ ။ဥတိန္နပျို့နိဂုံး၌ “ပြည်စိုးမဆိုင်၊ မပိုင်သူကြီး၊ ရိုးရာပြီးသည်၊ မြင်းစီးတို့သာ၊ စိုးကွယ်ရာသည်။ ။ ရပ်ရွာ ထုံးစံ - မော်ကွန်းတည်း” ဟူ၍လည်းကောင်း၊ ကုသပျို့သစ်နိဂုံး၌ “သဒ္ဓါမညှိုး၊ သူကြီးရိုးက၊ ဘေးဘိုးဆင်းသက်၊ နွယ်ခဲ့ဆက်သား၊ ကြန်လက်စုံစွာ၊ မထေရ်ငါကား”ဟူ၍လည်းကောင်း၊ ဤသို့ စသည်ဖြင့် ပျို့စာတမ်း ကျမ်းဂန်နိဂုံးတို့၌ ဖော်ပြတော်မူခဲ့သည်နှင့် အညီ မြင်းစီး၊ မြင်းခေါင်း (သူကြီးရိုးဖြစ်သော အဘဦးဇေယျ၊ အမိ - မမင်းလှတို့မှ ဖွားမြင်တော်မူ၏။ (တချို့ အလို အဖ - ဦးကြာဖြူ၊ အမိ- မငြိမ်းမြဟူ၏) ငယ်မည် မောင်အောင်မြ (တချို့ အလို) မောင်နုတည်း။ ။
ဖွားသက္ကရာဇ်။ ။ ကုသပျို့သစ် နိဂုံး၌ “အဋ္ဌဌာ ဝီသ၊ သတသဟသ်၊ နှစ်မြတ်ဖုသျှ၊ အမည်ရ၏။ လကားနယုန်၊ ရောင်ဟုန်လန်း လန်း၊ လေးရက်ဆန်းတွင်၊ တည့်မွန်းလွန်မြောက်၊ ဆယ့်ခြောက် တစ်ပါး၊ တူကားလဂ်မှန်း၊ စန်းကားမေခုန်၊ ဂဠုန်ဆင်မြတ်၊ ရေနတ်တကွ၊ ခွင် - ပြိဿတည့်၊ ကုမ္ဘ- အသူရိန်၊ မိန်နေ - သောကြာ မှတ်၊ ကာရကဋ် - ဇီဝါ၊ မကာရေ- ဘောမ၊ နက္ခတ်ရမူ သုဒ္ဓလေးလုံး၊ နှစ်ပတ်ဖုံးလျက်၊ သုံးဗီဇနာ၊ သံသာပဟိုရ်၊ သုံးချက်ပိုတွင်၊ ကြည်ညိုမိခင်၊ ဖွားမြော်မြင်သည်။ ။ လူတွင် မှတ်ရန် ထုံးတီးတည်း” ဟု ကိုယ်တော်တိုင်ဖော်ပြတော်မူခဲ့သည့် အတိုင်း သက္ကရာဇ် ၁၁၂၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ တနင်္ဂနွေနေ့ ဖွားမြင်၏ဟု အချုပ်မှတ်ထားလေ။ ။
သူတွင် တစ်ပါးဝင်၏”ဟု ဥတိန္နပျို့ နိဂုံး၌ စပ်ဆိုတော် မူ၏။ အသက် ၁၅ နှစ်တွင်မှ ရှင်ပြုတော်မူ၏။ ဘွဲ့ကား “အရိယာဝံသ”တည်း။
ကြီးဆရာတော်များ။ ။ အသက် ၂ဝ တွင် ရဟန်း ခံတော်မူပြီး နောက် အမရပူရ၊ ဆားလင်း၊ ဆတုံ၊ မုံရွာ စသော မြို့ရွာနယ်ပယ် တို့၌ လှည့်လည်၍ ပညာရပ်များကို သင်ကြားတော်မူ၏။ လောကီ၊ လောကုတ္တရာ ပညာ စွယ်စုံ၊ ထေရ်မုံပါမောက် တစ်ခေါ်လောက်အောင် တတ် မြောက်ကျွမ်းကျင်တော်မူ၏။
ပညာစွမ်းရည်။ ။ ၁၅ နှစ်မရောက်သေးမီ လူ အဖြစ်ကပင် မည်မျှတတ်ကျွမ်းလေ့လာပြီးသည်ကို ဥတိန္နပျို့နိဂုံး၌“ကျွမ်းကျွမ်းကျင်ကျင်၊ ပုံပြင်နည်းနာ၊ အာ ရသ၊ လူ့ကိစ္စကို၊ ရွရွနှုတ်လျှာ၊ မှတ်လေ့လာ၍၊ ပာဒသ၊ ဝဿသံပစ်၊ သက်ဆစ်နုနယ်၊ အရွယ်ရောက်ခါ၊ သာသနာပွဲပြင်၊ ရဲဆေး တင်၍၊ ဝင်ကတည်းက၊ သိပ္ပဝိဇ္ဇာ၊ “လူ့” ဖွယ်ရာဟု၊ လင်္ကာဆောင်းပါး၊ လူးတားဝတ္ထု၊ ရတုရကန်၊ အဲအန်သာချင်း၊ ရဲတင်းပိုဒ်စုံ၊ သတ်ပုံတေးတျာ၊ ဖတ်စာ ဧချင်း၊ စောင်းငြင်း မှုတ်ရိုး၊ အတီးမျိုးနှင့်၊ဘွဲ့ကြိုးတေးခံ၊ ရာဇ သဆုံးဖြတ်၊ ဓမ္မသတ်ကောက်တမ်း၊ ထုံးငြမ်း ခွဲစု၊ မနုသံပိုင်း၊ သမိုင်းမော်ကွန်း၊ နိဒါန်းပုံပြင်ရာဇဝင်နှင့်၊ ဗေဒင်တိတ္တံ့၊ မှာတော်ပုံက၊ သကဋနှင့်၊ သေနင်္ဂစာ၊ ဝိဇ္ဇာမယ၊ ရာဇမတ္တန်၊ ဆင်ကြန်မြင်းကြန်၊ မှတ်ရန် များစွာ၊ ရှာရှာ ဖွေဖွေ၊ စာပေယဉ်နု၊ စပ်ဆိုမှုကို၊ ဂရုမထူ မကူမမ၊ လုံ့လမကြိုး၊ မနှိုးမော်၊ မပျော် မမွေ့၊ မလေ့မကျက်၊ မရွက်မဆောင်၊ ရှောင်ရှောင်ရှားရှား၊ မှတ်သားမဲ့ထွေ ရှင်းရှင်းဖြေမှ၊ မေ့လေစေတော့၊ လျော့ကြီးလျော့လျက်၊ ရှင်စေ့ (တော်) အာဘော်၊ ဗျာဒိတ်တော်ကို၊ သူတော်တို့နည်း၊ ကပ်ဆည်းမှီတွဲ၊ စာပွဲသဘင်၊ နေ့ညဝင်၍” စသည်ဖြင့် ပညာရပ်များ ပြောင်း၍ သင်ကြောင်းတို့ကိုပါ စပ်ဆို ဖော်ပြတော်မူ၏။ ကြီးမှ ပညာစွမ်းရည်တို့ကား အံ့ဖွယ်ကောင်းအောင် လွန်စွာများပြားသည်ကို တွေ့ရ ပေ၏။ သမန္တစက္ခုဒီပနီကျမ်းကြီး တစ်ကျမ်းဖြင့်ပင် များစွာ ထင်ရှား၏။ ။
အခါတစ်ပါး၌ မောင်ရွှန်းဆိုသူက မုံရွေးရွာ၏ တောင်ဘက် ရပ်နေ ကျောင်းဒကာ ဦးထံသို့ “ယ, မှောက်လျက် - ရှေးဦး၊ ထ, ထူးကို ထောင်သည်၊ မွန်း ရှောင်က စကား၊ ကြားလိုက်သည် မောင်၊ တောင် ရပ်နေ”အစချီပြီးလျှင် ပေါက်ကရအမေးကလေးတစ်ခု ကို မေးလိုက်လေ၏။ ထိုအခါ ဦးကလည်း မဖြေနိုင် သောကြောင့် မုံရွေးဆရာတော်သို့ တစ်ဆင့် မေးမြန်းပြန်ရာဆရာတော်ကလည်း မဖြေနိုင်ဘဲရှိသောကြောင့် လက် လျှော့ကြောင်းကို ပြန်လည်ရေးသားတော်မူသော မေတ္တာ စာသည်ပင် တစ်သက်လုံး မှတ်ထိုက်သော စာပိုဒ် ငယ် များဖြင့် ပြည့်နှက်၍ နေလေ၏။ မည်မျှပြည့်ဝသည်ကို ဤမေတ္တာစာကလေးကပင် အကြောင်းအလျှောက် သက်သေပြနေသကဲ့သို့ ရှိပေ၏။
ရေးသားသည့် ကျမ်းဂန်စာပေများ။ ။ ထို ဆရာတော်ဘုရားကြီး ရေးသားတော်မူသည့် စာပေ ကျမ်းဂန်တို့ကား အတော်ကလေးများပေရာ ထိုကျမ်း အချို့တို့ကို ကုသပျို့နိဂုံး၌
(၁) ရှင်ပြုခါလည်း၊ ညဝါတစ်လှည့်၊ နေ့ဝါဖြည့်လျက်၊ အားသည့်ကာလ၊ ကြိုး ကြားမျှတွင်၊ အာဒါသမုခ်၊ ဇာတ်ကထုတ် လျက်၊ လောကုတ်လောကီ၊ စုံစီစေလို၊ စာဆို သည့်နောက်၊(၂) ရဟန်းရောက်လျှင်၊ နောက် လည်း ထပ်ခါ၊ ပဉ္စာဝုဓ။ ။ (၃) နာရဒနှင့်၊ (၄) သီလဝရာဇာ၊ (၅) အာကာသသျှတ်။ (၆) မျိုးမြတ်နာဂိန် စောင်းနှင့် ချိန်သည်။ ဥဒိန်မင်းမြတ်၊ အတ္ထုပ္ပတ်က။(၇) ပြာသာဒ်ကျောင်းဘွဲ့။ (၈) ပြစ်မဲ့ဆိုရာ၊ နာနာဆန္ဒ၊ ဇာတကပျို့။ (၉) မေးဖို့ဖြေရာ၊ ပုစ္ဆာဝိသစ်၊ အနှစ်ကဲဝှန်၊ သမန္တစက္ခုဒီပနီ။ (၁၀) လော ကီမွှေနှောက်၊ စာပေါက် စာပြ ဟူသမျှကို၊အများစီးပွား၊ များကြစေလို၊ ကုံးဆိုသည့် နောက်၊ လ။ (၁၁) ကုသမင်းဇာတ်၊ ပျို့ထူးမြတ်စသည်ဖြင့် စပ်ဆို ရေးသားတော်မူသတည်း။ ဤမှ | တစ်ပါး ရာဇောဝါဒ မေတ္တာစာ၊ ရာဇဝင်၊ စသည်ဖြင့် များစွာ ရှိကုန်သေး၏။ ထိုစာ အပေါင်းတို့တွင် ဤ မင်္ဂလသုတ်ပျို့သည်လည်း တစ်ကျမ်းတစ်ဖွဲ့ဖြစ်လေ တော့သည်။