စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 5

စိတ်ကူးချိုချိုစာပေ

မိုးသက် - ခူးငယ်နှစ်များ

မိုးသက် - ခူးငယ်နှစ်များ

ပုံမှန်ဈေး 1,500 Ks
ပုံမှန်ဈေး ရောင်းဈေး 1,500 Ks
ရောင်းရန် ရောင်းကုန်ပြီ
Type

ခူးငယ်သို့

အိမ်ရဲ့ အနီးအနားမှာ လွမ်းစေတီရှိတယ် ဘယ်အချိန်ကြည့်ကြည့်

စေတီအနားက အပင်တွေဟာ ငြိမ်သက်နေကြတယ်။

အဲဒီအကြောင်းအရာကို ငါတစ်ယောက်ပဲ ပြောခွင့်ရှိခဲ့

အဲဒီအကြောင်းတရားမှာ သူရော ကိုယ်ပါ ရောထွေးခဲ့။

ခူးငယ်သို့

ပြတင်းတံခါးပွင့်သွားတာနဲ့

လေတွေ တိုက်တော့တာပဲ

ငါထင်တယ်

နေ့အခါမှာ အပူထဲက ဖြတ်လာတဲ့ လေတွေ

ညအခါမှာ မှောင်မည်း တိတ်ဆိတ်နေတဲ့ လောကကို ဖြတ်လာတဲ့ လေတွေ

ဘာပဲဖြစ်ဖြစ်

လေတွေ အချိန်မလပ်တိုက်နေရတယ်

အစွဲအလမ်းကြီးရင် ရူးသွားကြတယ်

သစ်ကိုင်းခြောက်လေးတွေလည်း ကျိုးကျရတယ်။

ခူးငယ်သို့

ရေပြင်ကို ဖြတ်ပြီး သယ်လာသော အမှုန်များ မအေးခဲမီ

ဆောင်းလို့ အမည်တပ် လွမ်းဖွယ်သာ

မျောတော့ မျောသွားတဲ့ စက္ကူလှေလောက်မှ အချိန်ကို အန်တု

ရေထဲ အရည်မပျော်နိုင်

မှီရာတွယ်ရာနဲ့ ရေစက်ကလေးလည်း ဒုက္ခကို ခံလာခဲ့ရသူပါပဲ

တွေးကြည့်တော့ တံခါးပိတ်ထွက်သွားတဲ့ ရထားအသံ

ကိုယ့်အဖို့တော့ သံလိုက်အိမ်မြှောင်ထဲ ကြယ်များ တောင်အရပ်မှာ ဆုံးတယ်။

ခူးငယ်သို့

အသက်ရှင်ခြင်းကို ယူပါ။

လုံခြုံနွေးထွေးစေမယ့် မေတ္တာတရား

ငါ့ကို ပေးပါ။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။