Skip to product information
1 of 3

Other Websites

မိုးမိုး(အင်းလျား) - ခံတင်နုလေးတွေညှိုးချိန်တန်တော့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ရထားမရပ်မီကပင် ကိုကို ထားထားရီကို ရှာခဲ့သည်။ ပြတင်း ပေါက်မှ ကိုယ်တစ်ခြမ်းထွက်၍ ဘူတာမှာရပ်နေသော လူများ မျက်နှာများထဲမှ ထားထားရီ ရှိနေလေမလား။ သူ့ကိုမြင်လျှင် ဝမ်းသာအားရလက်ဝှေ့ယမ်း၍ပြလေမည်လား၊ ငှက်ပျောသီး ဗန်းရွက်သည်လေးများကြားတွင် ထားရီ ကွယ်ပျောက် နေလေသလား။ ၂ စက်ရုံမြေကို ခြေမချခင် ထားထားရီကို အရင်မြင်တွေလို၏။ စာထဲမှာလည်း ထိုသို့ပင်ရေးခဲ့ပါသည်။ အကယ်လည်း ကိုကို၏ ဆန္ဒသည် ထိုသို့ ပြင်းပြင်းပြပြ ဖြစ်ပေါ်နေခဲ့သည်။ သို့သော် ကုန်လွန်ခဲ့သော နှစ်များက သူ့ဘက်က ချွတ်ယွင်းချက်တွေ များရှိခဲ့၏။ ကျောင်းပြီးခါနီးတစ်နှစ် နှစ်နှစ်ကာလအတွင်း ၂၀ သူ ထားထားရီကို မေ့မေ့လျော့လျော့ ဖြစ်ခဲ့သည်မှာ အမှန် ပင်။ တစ်ချိန်တစ်ခါမှာ ကတိမ်းကပါး ဖြစ်တတ်မြဲ ဖြစ်သောသူ့စိတ်၏ အစိုးမရမှုနှင့် ထားရီကို သူ ခေတ္တခဏ မေ့ထားမိခဲ့သည်။ နောက်ဆုံးတော့ သူအတွင်းစိတ် သူ၏ သံယောဇဉ်က သူမွေးဖွားရာ အရပ်ဒေသနှင့် ပတ်ဝန်းကျင်၊ ထိုဝန်းကျင်မှာသာ ခင်မင်တွယ်တာရာ သူများကို ပစ်ပစ်ခါခါမပြုနိုင်ကြောင်း သူ ကေင်းသဘောပေါက်ခဲ့လေ သို့သော် ထားထားတို့သည် အသိပညာရှိသော၊ အကျိုး အကြင်း ဆက်စပ်တွေးခေါ်တတ်သော မိန်းကလေးပေ တာ ယခု ထားရီနှင့် အပ်အရောင်မှ တူသူကိုပင် သူမကွေ့ရ။

          ရထားပေါ်မှ လေးကန်ဆင်းရသည်။ ကိုကို လက်ထဲ တွင် လက်ဆွဲတန်ဆာ များများစားပါ။ သည်နေ့ ပြန် လာမည်ဟုလည်း အိမ်ကို ကြိုတင်စာရေးမထားခဲ့။ ထို့ အပြင် သူ အိမ်မပြန်သေးဘဲ မြို့ပြမှာ ရရာအလုပ်တစ်ခု ဝင်လုပ်နေဦး မည့်သဘော အမေ့ကို ပြောခဲ့သည်။ သားကို အထင်ကြီးမြဲ ဖြစ်သောအမေသည် သူ့စီမံကိန်းအတွင်း မည်သို့မျှ ကန့်ကွက် ၊ ခြင်းမပြု။ အမေ မည်မျှ ပင်ပန်းဆင်းရဲနေမည်ကိုလည်း သူသိ ပါသည်။ သူ့တစ်ကိုယ် ဖူလုံလင် အမေနှင့် ညီညီ ကိုပါ ခေါ်ယူနိုင်ကောင်းရဲဟုသူစိတ်ကူးယဉ်ခဲ့သည်။ တကယ့်တကယ် လက်တွေမှာတော့ သူ့အတွက် နှစ်ချောင်းချစရာ နေရာကို ပင် အလွယ်တကူ တိုးမပေါက်ခဲ့ပါ။ ဦးလေးကလည်း သူ့ဆီ စာရေးသည်။ မင့်အဖေလဲရှိတော့ဘူး၊ မင့်အမေနဲ့ မင့်ညိုလေး က ဘယ်သူ့ အခွင့်အရေးနဲ့ ဟိုမှာဆက်နေနိုင်မလဲ။ တောင်ငူကိုခေါ်တော့လဲ သူတို့ မလာဘူး။ မင်း စဉ်းစားဦးဟု တိုတို တုတ်တုတ်ရေးလိုက်သောစာသည် သူ့ ဆုံးဖြတ်ချက်ကို လျင်မြန် စ္စာ ပြတ်သားစေသည်။ “ သူ ယခုလို ပြန်လာခဲ့ခြင်းအတွက် နှစ်နှစ်တာမျှ ပြမှာ ရင်ခုန်ကြည်နူးစွာ ဆုံတွေခဲ့ရသော ခင်သက်မှာ တစ်ယောက် ခွင့်လွှတ်နိုင်ကောင်းပါရဲ့။ လူဆိုတာ ကိုယ်ပျော်မွေ့ရာဝန်းကျင် ကမ္ဘာမှ တစ်ဆင့် လျှော့ချနိုင်ဖို့ဆိုတာ ခဲယဉ်းသားကလား ခင်သက်မာရယ်။ ပေပေ မေမေတို့ကဖြင့် တစ်သက်လုံး စိတ် ချမ်းသာမှာ မဟုတ်ဘူးဆိုတဲ့ စကားလေး တစ်ခွန်းနဲ့ပဲ အရာရာကို ကိုယ်နားလည်လိုက်ပါတယ်။ သည်လိုပဲ ထားထားရီ ကကော ကိုယ့်အပေါ် နားလည်ခွင့်လွှတ်နိုင်ပါ့မလား။ ။

           လွန်ခဲ့သောခြောက်နှစ်ကာလကတော့ ကိုကို ပိတ်ဆန္ဒတွေ က တစ်မျိုးဖြစ်ခဲ့သည်။ အရာရာသည် မျှော်လင့်ချက်ပန်းပွင့်တို့ ဖြင့် ဝေဆာနေခဲ့သည်။ ရထားပေါ်မှ မြင်ခဲ့ရသော ကြ စိမ်းစိမ်းလေးတွေ အညွှန့်အခက် လေးတွေလို လန်းလန်း ဆန်းဆန်း ရှိခဲ့သည်။ " “ကြံပင်လေးတွေ ရှင်သန်နေသရွေ့ တို့ဘဝလဲ ရှင်သန်နေမှာ

          ထားထားရီသည် စိတ်ကူးယဉ်ဆန်ဆန်တွေးတတ်ပြောတတ် သူဖြစ်သည်။ ထားရီ၏အတွေးများသည် အမြဲပင် နက်နက် ရှိုင်းရှိုင်းရှိသည်။ သူ ငယ်စဉ်ဘဝက ကျွမ်းဝင်ရင်းနှီးခဲ့ရုံသာ မိန်းကလေးနှစ်ဦး ရှိသည်။ နောက်တစ်ယောက်က စမ်းစမ်း။

         ယခုတော့ စမ်းစမ်းကိုလည်း သူသတိရလာပြီ။ စမ်းစမ်းက ထားထားရီလို မတွေးတတ်မပြောဘတ်။ သူက လက်ဗွေဆန် သည်။ ကြမ်းတမ်းသည်။ စမ်းစမ်း၏ ဖျတ်လတ်သွက်လက်မှု သည် ခင်မင်နှစ်လိုစရာ။ သို့သော် စမ်းစမ်းသည် ရီလို ရှည်ရှည်ဝေးဝေး တွေးနေတတ်သူ မဟုတ်ပေ။ လတ် တလော ပြသနာကိုသာ ကိုင်တွယ်ဖြေရှင်းတတ်သူ ဖြစ်သည်။

          စမ်းစမ်းသာဆိုလျှင်တော့ ကိုလာကြိုမှာပဲဟုလည်း ကိုကို တွေးမိပြန်သည်။ သို့သော် စက်ရုံမှခွဲခွာခဲ့သည့် ကာလ အတွင်း သူနှင့် စမ်းစမ်းသည် လုံးဝ အဆက်အသွယ် မရှိခဲ့။ စမ်းစမ်းကစ်ယောက် ယခုလေခက်ဆိုလျှင် အိမ်ထောင်ရက်သားများ ကျနေလေမည်လား " ရထားသည် ဘီးလှိမ့်၍ ပြန်လည်ထွက်ခွာစပြုပြီ။ အရောင်း အဝယ် မပြီးပြတ်သေးသော ဈေးသည်နှင့် ခရီးသည်များ အပြေးအလွှားအပေးအယူလုပ်နေကြသည်။ ရီးသည်အချို့က မမီမကမ်း လှမ်းယူနေသည်။ “ပင်ချခဲ့၊ ပစ်ချခဲ့ဟု အော်သူကအော်သည်။  ဘူတာကထွက်တော့ ယခင့်ယခင်ကထက် ပိုမိုစည်ကားလှပ နေသောဈေးကိုလှမ်းမြင်ရသည်။ ဆိုက်ကားများကိုကျော်လွှား ပြီး ကားဂိတ်ဘက်လှမ်းကြည့်သည်။ နောက် စက်ရုံဘက် ထွက်မည့် ကားကြုံကို ကြည့်သည်။

“ဟေ့... ကိုကို”

 

          တစ်စုံတစ်ယောက်က လှမ်းခေါ်၍ လှမ်းအကြည့် ရင်ထဲမှာ ထိတ်ကန် ဝမ်းသာသွားသည်။ ထားဝရီနှင့် ဆွေရိပ်မူးရိပ် မကင်းသည့် ကိုတင်ဦးပါကလား။ ရီ ဟု မေးမိ မလို ဖြစ်သွားလေသည်။

          “ငါ ဧည့်သည်လာပို့တာ၊ မင်းကို ဘယ်သူမှ လာမကြိုဘူး လား”

“စာလဲ ကြိုတင်ရေးမထားမိဘူးဗျာ၊ ခြား ဘယ်သူတွေ လာသေးလို့ - “ကိုသိန်းဇံမိန်းမ မနွဲ့ရီပဲ ပါတယ်၊ ရုံလာပြတာ၊ လာမင်းလက်ဆွဲအိတ် ငါပေး”

           ကိုလင်းဦးက ရက်မှာ ကုန် စာလုံးများ ရေးထားသော လော်ရီကားကြီးဆီ ခေါ်သွားသည်။ ရှေ့ခန်းမှာ မည်သူမျှမရှိ။ ကားကြပြန်လိုက်မည့် လူတစ်ယောက် နှစ်ယောက် ကားနောက် ပိုင်းသို့ တက်လာကြသည်။ ကိုတင်ဦးက သားရေအိတ်ကို နောက်ဘက်သို့ ပစ်တင်ပြီး သူ့ကို ရွှေခန်းသို့ ခေါ်လာ၏။

          “ကျွန်တော်အတွက် အဆင်ပြေသွားတာပေါ့ဗျာ၊ အရ ခင် ဗျာက ဒီကားမောင်းနေလား”

          “အေး မင်းမသိဘူးလား၊ ဒင်းလေ မင်းကလဲ ပြန်မှ ပြန် မလာဘဲကိုး၊ သူများတွေ ကျောင်းသူဘက်က ပြန်လာပါ တယ်ကွာ၊ မင်းက တစ်ခါတည်း ကိုယ့်အုပ်တောင် သတိမရ တော့သလိုဘဲ”

 

-          “မဟုတ်ပါဘူးဗျာ။ အဖေမရှိတော့တော့ ကျွန်တေ၌ စိတ်ထဲ မှာ တစ်မျိုးပဲလေ၊ ပြန်ရောက်တေ လဲ တောပ်ငူကို သွားနေရလို့ပါ

          ထားရီအကြောင်း ကိုတင်ဦးကို မေးရကောင်းမလား စိတ်ကူးမိသေးသည်။ သို့သော် မမေးဖြစ်တော့။ မကြာခင် တွေရတော့မှာပဲလေ။ ထားထားရီ လာမကြိုပေမယ့် သူ့ကို တော့ မှာပါပဲ။

           ကားလမ်းဘေး တစ်ဖက်တစ်ချက် ကြံစိုက်ခင်းများသည် စိမ်းစိမ်းစိုပို ရှိလှသည်။ ရထားဆိုက်သည့်မြို့ ဘူတာနှင့် စက်ရုံ မြေကို လေးပိုင်ခန့် မောင်းရဦးမည်။ ကိုတင်ဦးသည် ကား မောင်းရင်း သူ့ကို တစ်ချက် လှမ်းကြည့်သည်။ “မင်း အခု အလုပ်ပြန်လုပ်မလို့ လာာလား”

          “လုပ်မလို့ပါပဲ”

          ကိုကိုက မရေမရာ ဖြေသည်။ တကယ်တမ်းလည်း တိတိ ကျကျ သူမပြောနိုင်သေး။

         “ခု စက်ရုံ အသစ်ဘက်မှာ စက်မှုကျောင်းဆင်းတွေ အများ ကြီးကွ မင်းတိုလို့ ဒေသခံလူတွေ ပြန်လုပ်ရရင် ပိုအဆင်ပြေ တာပေါ့”

          ကိုတင်ဦးပြောသလို သူ့အလုပ်သည် သူ့ဒေသနှင့် ပိုအဆင် ပြေစရာ အ ကြောင်း ရှိပါ သူရခဲ့သည့်ဘွဲ့နှင့် ထိုက်တန် သည့် အလုပ်ကိုကော တစ်ခါတည်း ရနိုင်ပါ့မလား၊ သူမ မှန်းတတ်သေးပေ။ .

         ကြံစိုက်ခင်းများကြားတွင် စပါးပျိုးခင်းများ ရောယှက် နေသည်။ ကြံလည်းမပေါ်သေး။ စပါးလည်း မရသေး။ ယခုလို အချိန်သည် သူတိုဒေသက လူတွေအတွက် ခက်ခဲကျပ် တည်းဆုံး ကာလတည်း ကြံပင်တွေ ၀ ထိန်ရင့်မှည့်မှ စက်ရုံ ခေါင်းတိုင်မှ မီးခိုးတလူလူထွက်မည်။ ထိုအချိန်ရောက်မှ ဆန် ပြုတ်သောက်နေရသူတွေ အသက်ရှုချောင်စ ပြုမည်။ တစ်မိုး တွင်းလုံး တောထဲတောင်ထဲ မျှစ်ချိုး ဝါးခုတ် လုပ်ရာမှ သွေ့ ခြောက်သော စက်ရုံမြေသို့ ခြေချကြရတော့မည်။

         ကိုတင်ဦးသည် အလိုက်သိစွာပင် သူ့ အိမ်ဘက်သို့ ကားကို ဦးတည်မောင်းလာပေသည်။ ပုပြတ်မည်းမှောင်သော အိန္ဒိယ နွယ်ဝင်တို့၏ အိမ်လေးများ၊ ရှုပ်ထွေးပွေလီနော ဆိုင်ငယ် လေးများ၊ ထို့နောက်တွင်မှ တသီးတခြား ရပ်တည်နေသော စက်ရုံရွာကလေး။ ။

         ကိုကိုနေထိုင်ခဲ့ရာ အိမ်ကြီးမဟာကား နှယ်နှယ်ရရတော့ မဟုတ်။ ဟိုးရှေးအခါက တခမ်းတနား ထည်ဝါခန့်ညား တည်ရှိခဲ့သော ကုလားမင်းသား၏။ နန်းတော်ကြီးပင်တည်း။

         မင်းတိုက်ဟု တစ်ရွာလုံးကသိသော သည်တိုက်ကို ကြီးသည် ယခုအခါ သာ၍ပင် ဟောင်းနွမ်း ရင့်ရော်နေပြီး ထွန်းကန်ပြိုကျပျက်စီးသွားတော့မည်လားထင်ရသည်။ သို့သော် ထုတ်လို အလုပ်သမား မိသားစုအချို့၏ လုံခြုံ မှီခိုနေထိုင်ရာ ကြီးအဖြစ် ထီးထီးမားမား ရပ်တည်နေ၏။ တိုက်၏ ကြီးဘေးမှာ ကိုကို ငယ်စဉ်က ပျော်ရွှင်မှူးထူးစွာ ထားခဲ့ကြသော ကွင်းပြင်ကျယ်ကြီး ရှိလေသည်။

         ကိုကို၏ အဖေသည် အိပ်ရာဝင် ပုံပြင်များကို ပြောတတ်သူ ဖြစ်၏။ အဖေသည် သူ တင်သက်လုံး မှီခို နေထိုင်ခဲ့သော သည်အရပ် သည်ဒေသ၏ ရာဇဝင်ာစ်မြစ်ကို သိသူဖြစ်သည်။ အဖေ၏ အဆက်အနွယ်သည် အိန္ဒိယ၊ မြန်မာလော ကိုကို မသိ။ အဖေသည် သည်ဒေသ သည်စက်ရုံကို သံယောဇဉ် ကြီးသူကား အမှန်ဖြစ်သည်။ အဖေသည် ဦးဆွေးဆံမြည့် သည် စက်ရုံ၏အမှုကို ထမ်းရွက်ခဲ့သည်။ အဖေဘဝကား စက်ရုံ၏ အမြဲတမ်း လုပ်သားတစ်ယောက်။ သည့်ထက်တော့ မပိုပါ။

         အဖေက ကိုကို ကိုလည်း သူ့လိုပင် စက်ရုံမှာ ပြန်လည် ခြေချစေချင်ခဲ့သည်။ သူ့ထက်ပိုမြင့်အဆင့်ဖြင့် နေရာယူစေ ချင်ခဲ့သည်။ ထို့ အတွက် အရာကို ပြင်ဆင်ပေးခဲ့သည်။ ယခုအဖေမရှိ။ သူလည်း အဖေမျှော်လင့်သည့် အခြေ အနေမျိုး ဘယ်တော့ ရောက်မည် မသိသေး။ “ကျေးဇူးပဲ ကိုထင်ဦးရယ်”

         ကိုကိုသည် ကားပေါ်မှဆင်းပြီး သားရေအိတ်ကို ဆွဲကာ မြက်ပင်တွေဖြင့် နောကွင်းပြင်ကြီးကို ဖြတ်လျှောက် လာခဲ့သည်။

          သည်ကွင်းပြင်ကျယ်ကြီးထဲမှာ ကိုကိုငယ်စဉ် ကလေးဘဝ။ တို့ နောက် ညီညီတို့၏ ကလေးဘဝကို ပြေးလွှားကစား ရင်း ကုန်လွန်စေခဲ့ကြသည်ကို မြင်ယောင်မိလေ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)