စိတ်ကူးချိုချိုစာပေ
မအိ - ဆယ်ကျော်သက်တို့အကြောင်း
Couldn't load pickup availability
ကြီးကြီးကျယ်ကျယ်တွေကို မတွေးပါနဲ့
ဒါကတော့ ခုနက ဒီကိစ္စနဲ့ဆက်စပ်ပြီး ပြော လိုက်ချင်တာလေးတစ်ခုပါ။ နိုင်ငံရေးဘက်ကို ခြေဦး မလှည့်ပါနဲ့ဆိုတာဟာ ဆယ်ကျော်သက်အရွယ်မှာ နိုင်ငံရေးဆိုတဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတွေကို တွေးနေမှာစိုးလို့ပါ။ နိုင်ငံရေးဆိုတဲ့ ကိစ္စတွေထဲမှာ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစရှိသဖြင့် ရေး ၊ ရေး ... ဆိုတာတွေ အများကြီးရှိပါတယ်။ အဲဒီ “ရေး”တွေအားလုံးဟာ ကြီးကြီးကျယ်ကျယ် ကိစ္စ တွေပါ။ ဘာ “ရေး”ကိုမှ တွေးမနေဖို့ဆိုလိုချင်တာပါ။
ဥပမာ အနီးစပ်ဆုံး ပြောရရင် ကျောင်းသားဆို တာဟာ “ပညာရေး”ဆိုတာနဲ့ အနီးစပ်ဆုံးပါ။ “ပညာ ရေး”လို့ ဆိုလိုက်တာနဲ့ ပညာရေးမူဝါဒတွေ၊ ပညာရေး စီမံကိန်းတွေ၊ ပညာရေး စိတ်ပညာတွေ၊ သင်ကြားမှုနည်းစနစ်တွေ၊ ပြဋ္ဌာန်းစာတွေ၊ စာမေးပွဲစနစ်တွေ၊ စာသင်ကျောင်းတွေ၊ ဖွဲ့စည်းပုံတွေ၊ ဆရာတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ ဘာတွေ ညာတွေ အများကြီး ပါသွားပါပြီ။ ဒါတွေကို ဆယ်ကျော်သက်တွေအနေနဲ့လျှောက်ပြီးတွေးနေမယ်ဆိုရင် မဆုံးတော့ပါဘူး။ ကိုယ်လည်း ဉာဏ်မမိပါဘူး။ မနှစ်သက်တာတွေကို တွေ့ရင်လည်း ကိုယ်က မပြင်ဆင်နိုင်ပါဘူး။ ဘာမှ လည်း မတတ်နိုင်ပါဘူး။
ဆယ်ကျော်သက်တွေအနေနဲ့လုပ်စရာက တစ်ခု တည်းရှိပါတယ်။ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းစာတွေကို ကြေကြေညက်ညက် နားလည်ပြီး သတ်မှတ်ထားတဲ့ စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် ဖြေဆို ဖို့ပါပဲ။
လူသားမှန်ရင် ကာလ၊ ဒေသ၊ ပယောဂရဲ့ အောက်မှာပဲ ရှင်သန်ရတာက နိယာမတစ်ခုပါ။ ကိုယ့် ခွင်ထဲမှာ ကိုယ်လုပ်နိုင်သမျှကို အကောင်းဆုံးလုပ်ဖို့ပဲ ရှိပါတယ်။ ပညာရေးဝန်ကြီး တွေးတောစဉ်းစားရမယ့် ကိစ္စတွေကို ကျောင်းသားက တွေးတောစဉ်းစားနေတာ ဟာ သဘာဝမကျပါဘူး။ ပုံမတော်ရင် ကိုယ်ပဲ ဆုံးရှုံး နစ်နာဖို့ ရှိပါတယ်။ ဒါဟာ အရွယ်နဲ့မမျှတဲ့ စဉ်းစား တွေးခေါ်မှုတွေပါ။ မစဉ်းစားရဘူး၊ မတွေးရဘူးလို့ မဆိုလိုပါဘူး၊ စဉ်းစားပါ၊ တွေးပါ။ ဒါပေမယ့် စဉ်းစားပြီး တွေးပြီးရင် လျစ်လျူရှုလိုက်ဖို့ လိုအပ်ပါတယ်။
မကျေနပ်ရင် တစ်ချိန်မှာ ကိုယ်တိုင်ဝန်ကြီးချုပ် တွေ သမ္မတတွေဖြစ်အောင်လုပ်ပြီး အကောင်းဆုံး ပညာရေးကို ဖော်ဆောင်ပေါ့။ အခုလောလောဆယ်တော့ အဲဒါတွေကို လျစ်လျူရှုရမှာပဲ ဖြစ်ပါတယ်။ လျစ် လျူမရှုနိုင်ဘူးဆိုရင် စာကြိုးစားချင်စိတ်တွေ လျော့ပါး လာမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ နစ်နာမှုတွေ က တန်းစီပြီးဖြစ်လာနိုင်ပါတယ်။ မဆိုင်တာတွေကို အပြစ်တွေဖို့ရင်းနဲ့ပဲ အချိန်တွေကုန်နေတော့မှာပါ။ ကြာလာရင် စာလုပ်ဖို့ပျင်းသွားပြီး စာမေးပွဲတွေအောင် ဖို့ မလွယ်တော့ပါဘူး။ ပြန်တွက်ကြည့်ရင် ကိုယ့်ရဲ့ အတွေးတွေမှားလို့ ကိုယ်ပဲနစ်နာရတာပါ။
ဒီနေရာမှ ဆယ်ကျော်သက်တွေနဲ့ အနီးကပ်ဆုံး နေတဲ့ လူကြီးမိဘတွေရဲ့ အပြစ်တွေလည်း ပါနိုင်ပါ တယ်။ အထူးသဖြင့် နိုင်ငံရေးကို သိပ်စိတ်ဝင်စားတဲ့ လူကြီးမိဘတွေပါ။ သူတို့အချင်းချင်း ဆုံတွေ့ကြရင် အစိုးရအကြောင်း၊ စနစ်အကြောင်း၊ ခေတ်အကြောင်း တွေကို ဆွေးနွေးကြပါတယ်။ ဆိုးသည်ဖြစ်စေ၊ ကောင်း သည်ဖြစ်စေ၊ ဘေးမှာကလေးတွေ ရှိနေရင်လည်းပဲ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးကြပါတယ်။ ကလေးတွေက နားနဲ့မဆံ့တဲ့ဟာတွေကို ကြားရပါ တယ်။ လူဆိုတာဟာ စိတ်နဲ့ ကိုယ်နဲ့တွဲနေတာမျိုးဖြစ်လေတော့ ကလေးတွေကလည်း သူတို့ကြားရ သိရတဲ့ နားနဲ့ မဆံ့တဲ့ ကိစ္စတွေကို လျှောက်ပြီး တွေးတော စဉ်းစားမိကြတော့တာပါပဲ။ ဉာဏ်တစ်ထွာ တစ်မိုက်နဲ့ အကြီးကြီးတွေကို လျှောက်ပြီး စဉ်းစား တွေးတောနေမိတာဟာ ဘယ်လောက် အန္တရာယ် ကြီးကြောင်း ကလေးတွေက ဘယ်သိပါ့မလဲ။ လူကြီးတွေ က ဆင်ခြင်ရမှာပါ။
ဆယ်ကျော်သက်ကလေးတွေဆိုတာ အရာရာ ကို စဉ်းစားတတ်၊ တွေးခေါ်တက်လာကြပါပြီ။ သူတို့ ရဲ့ အနီးကပ်ဆုံးမှာရှိနေတဲ့ လူကြီးမိဘတွေရဲ့ တွေးလုံး ခေါ်လုံးတွေကိုပဲ အမှန်တရားတွေလို့ ထင်မှတ်နေကြ သူတွေပါ။ အဲဒီအတွက်ကလေးတွေရဲ့ အသိဉာဏ်နဲ့ လက်လှမ်းမမီတဲ့ ကိစ္စတွေကို ကလေးတွေရှေ့မှာ မပြောမိဖို့ ဆင်ခြင်ရပါမယ်။ ဆယ်ကျော်သက်တွေ အနေနဲ့လည်း ဒါတွေကို ကြားလာခဲ့ရင် ကြားတဲ့နေရာ မှာပဲထားပြီး ဆက်မတွေးဖို့၊ ခံစားမနေဖို့လည်း အရေး ကြီးပါတယ်။ လူကြီးတွေပြောနေ၊ ဆွေးနွေးနေတာတွေ ဟာ သူတို့နဲ့ပဲသက်ဆိုင်ပြီး၊ ငါနဲ့မသက်ဆိုင်ဘူးလို့ ဆုံးဖြတ်နိုင်ရပါမယ်။
တချို့လူကြီးတွေရှိသေးတယ်။ ကလေးက စာမေးရင် ဖြေလိုက်ရုံပဲ ရှိတယ်။ ဒါကို အတွန့်တက် ပြီး “မင်းတို့ဆရာမက အဲသလိုပဲ သင်သလား၊ သွားပါပြီကွာ၊ အင်း ... ဆရာမတွေကလည်း ညံ့ကုန်ပြီ” ဆိုတဲ့ ညည်းတွားသလိုလို တွေ လုပ်ကြတယ်။ အဲဒီတော့ ကလေးတွေရဲ့ စိတ်ထဲမှာ ကျောင်းက ဆရာမတွေဟာ ဘာမှ မတတ်ဘူးဆိုတဲ့ အတွေးတွေ က ဝင်သွားပါလေရော။ တစ်ခါတလေမှာ “မင်းတို့ ကျောင်းမှာ အဲသလိုပဲ သင်သလား၊ သွားပါပြီကွာ၊ ပညာရေးစနစ်တော့ ပျက်စီးပါပြီ၊ ရှေ့လျှောက် ပိုဆိုး ဦးမယ်ဟေ့”လို့ ညည်းတတ်ပါသေးတယ်။ အဲဒီတော့ ကလေးက အဓိပ္ပာယ်မရှိတာတွေကို သင်နေရသ ယောင်ယောင် ခံစားသွားရပါတယ်။
လူကြီးတွေပြောတတ်တဲ့ အမျိုးမျိုးသော စကား တွေဟာ ကြာလာတဲ့အခါမှာ ပညာသင်ကြားနေတဲ့ ကလေးကို ဆက်လက်ပညာသင်ကြားချင်စိတ်လျော့ ပါးလာစေတယ်ဆိုတာ လူကြီးတွေက သတိမထား မိပါဘူး။ ကလေးက စာကျက်ချင်စိတ်တွေပျောက်ပြီး စာမေးပွဲကျရင်တော့ အပြစ်ဆိုတတ်ကြပြန်ပါလေရော။ ခက်နေတာတစ်ခုက ဒီနေ့ခေတ်မှာ လူကြီးတော်တော် များများက နိုင်ငံရေးကို စိတ်ဝင်စားပြီး ခုနကလို စကားတွေ အပြောများလာကြတာပါပဲ။ ရှေ့လျှောက် လည်း ဒီနိုင်ငံမှာက နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်ပြီး ဆက်ပြီးရှိနေဦးမှာပါ။ ဒီလိုချည်းသာ ပြောပြောနေရင် တော့ နစ်နာကုန်မယ့်ကလေးတွေ အများကြီးပေါ်ပေါက်လာဦးမယ်။
ဆက်ကျော်သက်တွေအနေနဲ့ အဲသလို လူကြီး တွေအကြောင်းကို သိထားပြီဆိုရင် သူတို့ပြောတာတွေ ကို မေ့ထားလိုက်စေချင်ပါတယ်။ ကိုယ့်ကိစ္စကိုသာ ကိုယ်လုပ်ဖို့ အရေးကြီးပါတယ်။ သူတို့သုံးသပ်တာ တွေကလည်း ဟုတ်ချင်မှ ဟုတ်မှာပါလို့ တွေးပါ။ ခေတ်တိုင်း ခေတ်တိုင်းမှာ၊ နိုင်ငံတိုင်းမှာ နိုင်ငံရေး လှုပ်ရှားမှုတွေက အမျိုးမျိုးရှိနေမှာပါပဲ။ ဒါတွေက ကိုယ် နဲ့မဆိုင်ဘူးလို့ ခံယူပါ။
ပညာရေးလိုပဲ အခြားသော “ရေး” တွေကို လည်း မတွေးပါနဲ့ ။ ဆန်တစ်ပြည်ခြောက်ကျပ်ကနေ ထောင့်နှစ်ရာဖြစ်ကုန်ပြီဟေ့၊ မင်းတို့ခေတ်ကျရင် တစ် သောင်းဖြစ်မယ်ဆိုတဲ့ စကားတွေကို လျစ်လျူရှုလိုက် ပါ။ နောက်မှဖြစ်လာမှာတွေကို တစ်သိန်းဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ပါဘူး။ အလိုက်အထိုက်တော့ဖြစ်သွား မှာပဲ။ ဘာမှပူစရာမရှိဘူးလို့ တွေးပါ။ “ဆေးရုံမှာ လည်း ဆေးတွေမရှိတော့ဘူး ဆရာဝန်တွေမှာလည်း မေတ္တာမရှိတော့ဘူး” ဆိုတဲ့စကားတွေကိုလည်း နားမထောင်ပါနဲ့။ ကိုယ်နဲ့မဆိုင်သလို နေလိုက်ပါ။
လူကြီးတွေပြောသမျှ နားယောင်ပြီး တောင် တွေး မြောက်တွေးတွေတွေး၊ စကားကြီး စကားကျယ် ပြောလာတဲ့ သူငယ်ချင်းတွေကိုလည်း ဒါတွေကိုမတွေးဖို့၊ မပြောဖို့ ပိတ်ပင်ပါ။ ကျောင်းသားဆိုတာ စာလုပ်တာ အမှန်ဆုံးလုပ်ရပ်၊ စာတွေကို တွေးနေတာ ဟာ အမှန်ဆုံးအတွေးပဲဆိုတာကို ပြောပြပါ။ ဒီလိုမှ ပြောလို့မရရင် အဲဒီကျောင်းသားနဲ့ ခပ်ဝေးဝေးနေလိုက် တာ အကောင်းဆုံးပါပဲ။ နောင်တစ်ချိန် ကြီးပြင်းလာ တဲ့အခါကျတော့ အဲဒီကျောင်းသားဟာ ယောင်ကြောင်ကြောင် လူတစ်ယောက်ဖြစ်နေတာကို တွေ့ရ မှာပါ။
“ကြီးကြီးကျယ်ကျယ်ဖြစ်ချင်ရင် ကြီးကြီးကျယ် ကျယ် လုပ်ရမယ်”ဆိုတဲ့ အဆိုအမိန့်ကို သဘောကျ နေတဲ့ ကျောင်းသားတွေရှိသေးတယ်။ တကယ်တမ်း မှာကျတော့ အဲဒီ ပညာရှင်ပြောလိုတဲ့ အဓိပ္ပာယ်က တစ်ရာဖိုးလိုချင်ရင် တစ်ရာဖိုး ကြိုးစားမှရမယ်လို့ ဆိုလိုချင်တာပါ။ သောက်စားသောက်ကျယ်တွေ လုပ်ခိုင်းနေတာမဟုတ်ပါဘူး။ ဆရာဝန်ဖြစ်ချင်ရင် ဆရာဝန်ဖြစ်လောက်တဲ့ ကြိုးစားမှုရှိမှ ဖြစ်မှာပါ။ လူကြီးတွေအတွက်ဆိုရရင်တော့ သမ္မတကြီးဖြစ်ချင် ရင် သမ္မတကြီးနဲ့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှု မျိုး ရှိရပါမယ်။ ကိုယ်က လက်တွေ့မှာ ကျောင်းသား ဖြစ်နေရတဲ့အတွက် အမှတ်ကောင်းကောင်း လိုချင်ရင် စာကောင်းကောင်းလုပ်ရမှာပါပဲ။ ကိုယ်နဲ့မဆိုင်တာတွေ ကို လျှောက်တွေးနေတတ်တဲ့ ကျောင်းသားတွေကတစ်ချိန်မှာ မဆိုင်တာတွေပဲဖြစ်နေ၊ ကြုံနေရမှာ မလွဲပါဘူး။












