Skip to product information
1 of 4

Other Websites

မင်းသိင်္ခ - ဝထ္ထုတိုပေါင်းချုပ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မသိသူကျော်သွား သိသူဖော်စား

          တစ်နေ့သ၌ တာမွေစာတိုက်မှ မောင်စိန်ဝင်းဆိုသည့် စာပို့ လုလင်လေးတစ်ဦးသည် ကျွန်ုပ်ထံသို့ရောက်ရှိလာပြီးလျှင် အညို ရောင်စာအိတ်ရှည်ကြီးတစ်အိတ်အား လက်မှတ်ထိုး၍ လက်ခံ ယူ ပါရန် ပြောကြားသည်။ ကျွန်ုပ်လည်း ရေစစ္စရီပြုလုပ်၍ပေးပို့လိုက် သော ထိုစာအိတ်ညိုကြီးအား လက်ခံယူထားလိုက်ပြီးလျှင် ဖောက်၍ဖတ်ရှုလိုက်သောအခါ၌ အောက်ဖော်ပြပါအတိုင်း တွေ့ရှိ ရလေ၏။

သို့

ဆရာကြီးမင်းသိင်္ခရှင့်...

          အိမ်မဲမြို့မှ မအိမ်မြဲနှင့်မအိမ်စောင့် အမြွှာညီအစ်မက ဆရာ ၏ ဗေဒင်လက္ခဏာပညာကို ယုံကြည်လေးစားစွာဖြင့် အောက်ပါ ( အဖြစ်အပျက်အား စာရေးပို့လိုက်ရပါတယ်။

          ကျွန်မတို့ညီအစ်မနှစ်ယောက်ဟာ ဆရာ့ထံတွင် လွန်ခဲ့ | သော ၂ နှစ်က ဗေဒင်လာ၍ ကြည့်ဖူးပါတယ်။ အဲဒီတုန်းက | ကျွန်မတို့ကို ဆရာက “ငွေသုံးရာ၊ သုံးထောင်၊ သုံးသောင်း | အလိမ်ခံရကိန်း ရှိတယ်။ ဦးလေး၊ ဘကြီးတို့နှင့် စကားပြောရလိမ့် မယ်။ ရပ်ဝေးမှ မကောင်းသတင်း ကြားရလိမ့်မယ်။ ကုန်ခြောက် လုပ်ငန်းနှင့် စီးပွားရေး အကျိုးပေးလိမ့်မယ်”လို့ ဟောခဲ့ပါတယ်။ ဆရာရဲ့ ဟောပြောချက်ဟာ သွေးထွက်အောင် မှန်ကြောင်း နောက် တော့ တွေ့လာရပါတယ်။

          ကျွန်မတို့ညီအစ်မနှစ်ယောက်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ | တစ်ဦးကို ဆန်အိတ်ဝယ်ဖို့ ငွေသုံးရာပေးလိုက်တာ ဟိုလိုလို ဒီလိုလိုနဲ့ ဒီနေ့အထိ ပြန်မရတော့ပါဘူး။ အညာက ဦးလေးတစ်ယောက်ကလည်း ကျွန်မတို့နေတဲ့ အိမ်ကိုရောင်းပြီး သူနဲ့အတူ | နေဖို့ ပြောပါတယ်။ ကျွန်မတို့က အိမ်မဲမြို့ကလွဲပြီး ဘယ်ကိုမှ ( မသွားဘူး။ ဒီအိမ်ကိုလည်း မရောင်းဘူးလို့ ပြောလိုက်ပါတယ်။

          အဲဒီတုန်းက ကျွန်မတို့ညီအစ်မနှစ်ယောက်ဟာ ဦးလေးနဲ့ တော်တော်လေး စကားပြောလိုက်ရပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့ညီအစ်မနှစ်ယောက်ကိုဦးလေးက စိတ်ဆိုးသွားပါတယ်။ အဲဒီဦးလေးလာတဲ့ လထဲမှာပဲ မြစ်ကြီးနားမှာရှိတဲ့ ကျွန်မတို့မောင် ဝမ်းကွဲတစ်ယောက် ရေနစ်ပြီးသေတယ်လို့ ကြားရပါတယ်။ ဆရာ ရဲ့ ဟောပြောချက်အားလုံးဟာ တစ်ခုပြီးတစ်ခု မှန်လာတာ တွေ့ ရပါတယ်။ ခုဆိုရင် ကျွန်မတို့ညီအစ်မဟာ အိမ်မဲဈေးထဲမှာကုန်ခြောက်ဆိုင်ဖွင့်ထားတာ တော်တော်လေးအကျိုးပေးတယ်။ ပထမအထည်ဆိုင်ဖွင့်တုန်းကဆိုရင် အကျိုးမပေးတဲ့အပြင် အကြွေး တွေ ဝိုင်းပြီး အရှုံးပေါ်ခဲ့ပါတယ်။ ။

          ဒါပေမဲ့ ဆရာဟောလိုက်တဲ့အချက်တွေထဲမှာ ကျွန်မတို့ ဘဝင်မကျဖြစ်နေတဲ့ အချက်တစ်ချက် ရှိပါတယ်။ ဆရာက ကျွန်မတို့ညီအစ်မနှစ်ယောက်ကို “၈၁ ခုနှစ်ထဲမှာ အမွေရကိန်း ရှိတယ်”လို့ ပြောပါတယ်။ အဲဒီတုန်းက ကျွန်မတို့က 'ကျွန်မတို့ ငယ်ငယ်ကတည်းက အမေဆုံးသွားခဲ့ပါတယ်။ အဖေကတော့ လွန်ခဲ့တဲ့နှစ်ကတည်းက ဆုံးသွားတာပါ။ ကျွန်မတို့နေတဲ့ အိမ် တစ်လုံးကလွဲလို့ ဘာပစ္စည်းမှ အဖေဟာ ထားမသွားနိုင်ခဲ့ပါဘူး” လို့ ဆရာ့ကို ပြောပြပါသေးတယ်။ ဒါပေမဲ့ ဆရာက “အဲဒါတွေတော့ ကျုပ်မသိဘူး။ ခင်ဗျားတို့ ညီအစ်မနှစ်ယောက်လုံး ဒီနှစ်ထဲ မှာ မိဘရဲ့ အမွေရကိန်းရှိတယ်။ သိပ်အဖိုးတန်တဲ့အမွေပဲ။ ဒါပေမဲ့ အဲဒီအမွေကိုလည်း ခင်ဗျားတို့ ညီအစ်မနှစ်ယောက် ခံစားလိုက်ရ မှာမဟုတ်ဘူး”လို့ ဟောခဲ့ပါတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက် လည်း ဆရာရဲ့ဟောချက်ကို ဘဝင်မကျဖြစ်မိခဲ့တယ်။ ဘာဖြစ်လို့ လဲဆို တော့ အဖေဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက ဘာအလုပ်မှ မည်မည်ရရမလုပ်ခဲ့ပါဘူး။ အမေကပဲ ဈေးထဲမှာ အထည်ဆိုင်ဖွင့် ပြီး စီးပွားရှာခဲ့ပါတယ်။

          အဲ့ဒီတုန်းက အထည်ဆိုင်က ရောင်းကောင်းပေမဲ့ အဖေ အဂ္ဂိရတ်ထိုးလို့ စီးပွားမဖြစ်ခဲ့ပါဘူး။ အဖေ့ကို မနက်ဘက်အညောင်းပြေ လမ်းထွက်လျှောက်တုန်းပဲ တွေ့လိုက်ရတယ်။ တစ်နေ့လုံး တစ်ညလုံး အခန်းထဲက မထွက်ဘဲ ဖိုထိုးနေတော့တာ ပါပဲ။ အမေဆုံးတုန်းက ကျွန်မတို့ညီအစ်မနှစ်ယောက်ဟာ ၁ဝ နှစ်သမီးပဲ ရှိပါသေးတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက်ကို အဖေက ကျောင်းက နုတ်လိုက်ပြီး ကျွန်မကို အထည်ဆိုင်မှာ ရောင်းခိုင်းပါတယ်။ ညီမလေးကိုတော့ အိမ်မှာချက်ဖို့ပြုတ်ဖို့ ထားပါတယ်။ အဖေကတော့ အခန်းထဲကတောင်ထွက်ပြီး အညောင်းအညာပြေအောင် လမ်းထွက်မလျှောက်တော့ဘူး။ တစ်နေကုန် ဖိုထိုးနေတော့တာပါပဲ။

          ထူးဆန်းတာကတော့ အဖေ့မှာ မိတ်ဆွေအပေါင်းအသင်း ဆိုလို့ တစ်ယောက်မှ မရှိတာပါဘဲ။ အခန်းထဲက မထွက်ဘဲ နှစ်နဲ့ချီပြီး ဖိုထိုးနေတော့ အိမ်နီးနားချင်းတွေကတောင် ရှိမှရှိသေးရဲ့ လားလို့ မကြာခဏ မေးကြသေးတယ်။ ကျွန်မတို့ငယ်ငယ် ကတည်းက အဖေ့ရဲ့မိတ်ဆွေဆိုလို့ တစ်ယောက်မှလာလည်တာ မတွေ့ရပါဘူး။ ဆွေမျိုးတွေ လာလည်ရင်လည်း အဖေက ထွက် မတွေ့တာများတော့ အဖေ့ဘက်က ဘယ်ဆွေမျိုးမှ မလာတော့ပါ ဘူး။ ဒါပေမဲ့ တစ်နှစ်မှာ သုံးလေးခါလောက် စာတိုက်က ပါဆယ်ထုပ်ကြီးတွေ ရောက်လာတတ်ပါတယ်။ အဲဒီထဲမှာ ဘာတွေပါပြီး ဘယ်သူက ပို့ပို့နေတယ်ဆိုတာကိုလည်း ကျွန်မတို့ မသိရပါဘူး။ အဖေ့ကို မေးကြည့်တော့လည်း အဖေက “သမီးတို့ နဲ့ မဆိုင်ပါဘူးကွယ်။ အဖေ့မိတ်ဆွေဆီက ပို့လိုက်တဲ့ ပစ္စည်းတွေပါ”လို့ပဲ ပြောပါတယ်။ အဖေဟာ မဆုံးခင်တစ်နှစ်လောက်ကစပြီး ထမင်းလည်း ထွက်မစားတော့ဘူး။ ရေလည်း ထွက် ( မသောက်ပါဘူး။ ကျွန်မတို့က “အဖေဘာဖြစ်လို့ ထမင်း မစားတာလဲ”လို့မေးတော့ အဖေက “အဖေ့အခန်းထဲမှာ အစား အသောက်တွေ ရှိပါတယ်ကွယ်။ သမီးတို့ အဖေ့အတွက် စိတ်မပူ ကြပါနဲ့”လို့ ပြန်ပြောပါတယ်။

          ဒီလိုနဲ့နေလာကြတာ တစ်နေ့တော့ အဖေဟာ အခန်းထဲက | ထွက်လာပြီး အိမ်ပေါ်ထပ်က ပြတင်းပေါက်နားမှာ ရပ်နေပါ တယ်။ နောက်ပြီးတော့ မန်ကျည်းပင်ပေါ်ကို ကြည့် ပြီး တစ်ယောက်တည်း စကားပြောနေပါတယ်။ ကျွန်မတို့ညီအစ်မ နှစ်ယောက်ဟာ အဖေတော့ စိတ်နောက်သွားပြီလို့ထင်ပြီး သိပ် စိုးရိမ်သွားပါတယ်။ အဖေ့နောက်ကနေပြီး မန်ကျည်းပင်ပေါ်ကို ကြည့်လိုက်တော့ အဲဒီမန်ကျည်းပင်ပေါ်မှာ ဇီးကွက်ကြီး တစ်ကောင် နားနေတာကို တွေ့ရပါတယ်။ ကျွန်မတို့အဖေဟာ အဲဒီဇီးကွက်ကြီးနဲ့ စကားပြောနေတာကိုး။ အဖေက ပြောလိုက် ဇီးကွက်ကြီးက အသံပြန်ပြုလိုက်နဲ့ နာရီဝက်လောက်ကြာမယ် ထင်တယ်။ ဒါပေမဲ့ အဖေပြောတဲ့စကားသံကို ကြားနေပေမဲ့ ဘာတွေပြောနေမှန်းကိုတော့ မသိဘူး။ အဲဒီ စကားသံမျိုးကို ကျွန်မတို့တစ်ခါမှ မကြားဖူးပါဘူး။

          ပိုပြီးထူးဆန်းတာက အဲဒီအချိန် အိမ်မြှောင်တွေ စုတ်ထိုး လိုက်တာ တစ်အိမ်လုံးကို ဆူညံနေတာပါပဲ။ မျက်နှာကြက်ပေါ်မော့ကြည့်လိုက်တော့ အိမ်မြှောင်တွေ အကောင်တစ်ရာကျော်လောက် ရှိလိမ့်မယ်ထင်တယ်။ ကျွန်မတို့အိမ်မှာ ဒီလောက်တောင် အိမ်မြှောင်တွေ မများပါဘူး။ ကျွန်မတို့တစ်သက်မှာတော့ အိမ်မြှောင်တွေ ဒီလောက်များများကို တစ်ခါမှမတွေ့ဖူးပါဘူး။ ပိုပြီးထူးဆန်းတာက ဇီးကွက်ဆိုတာ ညပိုင်းမှ ထွက်တယ်မဟုတ်လားဆရာ။ ဒါပေမဲ့ အဖေနဲ့စကားပြောနေတဲ့ ဇီးကွက်ကြီးကိုတော့ | နေ့ခင်းဘက်မှာ ဘာကြောင့်တွေ့ရလဲဆိုတာကို ကျွန်မတို့ စဉ်းစားလို့ မရပါဘူး။ နာရီဝက်လောက်ကြာတော့ ဇီးကွက်ကြီးဟာ အသံပြုပြီးတော့ မန်ကျည်းပင်ပေါ်ကနေ အရှေ့ဘက်ကို ပြန်သွား တယ်။ အဖေကလည်း “သာဓု..သာဓု...သာဓု” ဆိုပြီး သုံးကြိမ် ခေါ်လိုက်တယ်။

          ကျွန်မတို့လည်းအဖေ့ရဲ့အခြေအနေကိုအကဲခတ်ပြီး ကြည့် နေကြတယ်။ အဖေကတော့ သူ့အခန်းထဲကို ပြန်မဝင်တော့ဘူး။ အခန်းတံခါးကို အပြင်ကနေ သော့နဲ့ခတ်လိုက်တယ်။ ပြီးတော့ကျွန်မတို့ညီအစ်မနှစ်ယောက်ကို သမီးတို့ အဖေဒီနေ့ ဘုန်းကြီး | ငါးပါးကို ဆွမ်းကပ်ချင်တယ်။ အချိန်မီ မြန်မြန်စီစဉ်ပေးကြပါကွယ်”လို့ ပြောပါတယ်။ ကျွန်မတို့လည်း ဈေးကိုသွားပြီး ချက်ပြုတ်စရာရှိတာတွေကို ဝယ်ခြမ်းချက်ပြုတ်ကြပါတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက် တောက်တိုမည်ရ ခေါ်ခိုင်းနေတဲ့ “ခြံကူး’ ဆိုတဲ့ ရေထမ်းသမားကို ဘုန်းကြီးကျောင်းလွှတ်ပြီး ဘုန်းကြီးငါးပါး ပင့်ခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ အဲဒီနေ့မှာပဲဘုန်းကြီးငါးပါးကို ဆွမ်းကပ်လှူဒါန်းလိုက်ရပါတယ်။ အဖေကျောင်းပြန်ကြွသွားတော့ အဖေက ကျွန်မတို့ညီအစ်မနှစ်ယောက် ကိုခေါ်ပြီး “သမီးတို့ အဖေ့ရဲ့ ကျန်းမာရေးကတော့ သိပ်မကောင်းတော့ဘူး။ တကယ်လို့ အဖေသေသွားခဲ့ရင် အဖေ့အလောင်းကို မီးမသဂြိုဟ်ကြပါနဲ့။ အုတ်ဂူပဲသွင်းကြပါ။ အုတ်ဂူထိပ်နဲ့ ခြေရင်း မှာ တစ်လက်မပတ်လည် အပေါက်လေး ဖောက်ပေးပါ”လို့

ပြောပါတယ်။

          ကျွန်မတို့ ညီအစ်မနှစ်ယောက်က အဖေတော့ စိတ်ဖောက် ပြန်သွားပြီလို့ပဲ ထင်ကြပါတယ်။ အဲဒီအချိန်မှာ အိမ်အောက်ထပ် ကနေ “မအိမ်မြဲနဲ့ မအိမ်စောင့် လာခဲ့ကြဦးဟေ့”လို့ ခေါ်သံကြားတော့ ကျွန်မတို့ညီအစ်မနှစ်ယောက်လည်း အိမ်အောက်ထပ်ကို ပြေးဆင်းသွားကြပါတယ်။ အိမ်အောက်ထပ်ရောက်တော့ အိမ် တံခါးဝမှာ အရူးကြီးတစ်ယောက်ကို တွေ့ရပါတယ်။ အဲဒီအရူး ကြီးကို တွေ့လိုက်တော့ ကျွန်မတို့ ညီအစ်မနှစ်ယောက်လည်းကြောက်လန့်ပြီး “အဖေရေ.. အဖေရေ လာပါဦး”လို့ အော် ကြပါတယ်။ ဒါပေမဲ့ အဖေကတော့ အောက်ထပ်ကို ဆင်းမလာ ပါဘူး။ အရူးကြီးက ကျွန်မတို့ညီအစ်မနှစ်ယောက်မျက်နှာကို တစ်လှည့်စီကြည့်ပြီးတော့ “ဟို ..အမြွှာညီအစ်မ မသိသူကျော် သွား သိသူဖော်စား လူကြီးတွေစကား မမေ့ကြနဲ့”လို့ ပြောပြီး ပြန်ထွက်သွားပါတယ်။

          အဲ့ဒီအရူးကြီးကို ကျွန်မတို့အိမ်မဲမြို့မှာ အရင်တစ်ခါမှ မမြင်ဖူးပါဘူး။ ပြီးတော့ ကျွန်မတို့ ညီအစ်မနှစ်ယောက်ရဲ့ နာမည် ကိုလည်း ဒီအရူးကြီးက ဘာကြောင့်သိနေတာလဲဆိုတာကိုလည်း တွေးမရအောင်ပါဘဲ။ ဒါနဲ့ ကျွန်မတို့ညီအစ်မနှစ်ယောက်လည်း အဖေ့ကို အကျိုးအကြောင်းပြောပြမလို့ အိမ်ပေါ်ထပ်ကိုတက်သွားတော့ အဖေဟာ ပက်လက်ကုလားထိုင်ပေါ်မှာ အိပ်ပျော်နေပါ တယ်။ ပထမတော့ ကျွန်မတို့က “အဖေ..အဖေ”လို့ အသံပေး ပြီး နှိုးကြည့်ကြပါသေးတယ်။ ဒါပေမဲ့ နိုးမလာတာနဲ့ လက်ကို ကိုင်ပြီး လှုပ်နှိုးကြပါတယ်။ နောက်ဆုံး နှိုးလို့မရတာနဲ့ စိတ်ထဲ မှာ သင်္ကာမကင်းဖြစ်လာကြပါတယ်။

          ဒါနဲ့ ကျွန်မတို့လည်း “ခြံကူး ́ကိုခေါ်ပြီး ဆရာဝန်ဆီ လွှတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ အိမ်နီးနားချင်းတွေလည်းရောက်လာကြပါတယ်။ အိမ်နီးနားချင်းတွေကတော့ နင်တို့ အဖေ | အသက်မရှိတော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက်က မယုံသေးပါဘူး။ ခဏကြာတော့ ဆရာဝန်ရောက်လာပြီး စမ်းသပ်ကြည့်ပါတယ်။ ဆရာဝန်က နှလုံးရောဂါနဲ့ ဆုံးသွားပြီလို့ ပြောမှပဲ ယုံပါတော့တယ်။ ဒါနဲ့ ကျွန်မတို့လည်း အဖေ့အလောင်းကို မီးမသဂြိုဟ်ဘဲ ဂူသွင်းမြှုပ် နှံလိုက်ကြပါတယ်။ အဖေမှာသွားတဲ့အတိုင်း အုတ်ဂူထိပ်နဲ့ ခြေရင်းမှာ အပေါက်လေးတစ်ပေါက်စီ ဖောက်ပေးပါတယ်။ ဘာ အဓိပ္ပာယ်မှန်းတော့ မသိပါဘူး။ အဖေဆုံးသွားတဲ့အချိန်ကစပြီး အဖေနေသွားတဲ့ အခန်းကို တစ်ခါမှ ဖွင့်မကြည့်မိခဲ့ကြပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအခန်းကိုဖွင့်ကြည့်ရင် အဖေ့ကို သတိရပြီး ငိုမိမှာစိုးလို့ပါပဲ။ တစ်ခါတစ်ခါတော့ အခန်းထဲက လမ်းလျှောက်သံတို့ ချောင်းသံတို့ကို ကြားရပါတယ်။ ကျွန်မတို့ က အဖေမကျွတ်မလွတ်သေးဘူးလို့ ထင်နေကြပါတယ်။

          ပြီးခဲ့တဲ့ လကတော့ ကျွန်မတို့ညီအစ်မနှစ်ယောက် ပျင်း ပျင်းရှိတာနဲ့ ဟိုအကြောင်းဒီအကြောင်း ထိုင်စကားပြောရင်း ဆရာ့ ရဲ့ ဗေဒင်အကြောင်းကို ရောက်သွားပါတယ်။ "တို့ညီအစ်မ နှစ်ယောက်ကိုတော့ ဆရာမင်းသိင်္ခက ဒီနှစ်ထဲမှာ မိဘရဲ့ အမွေ အနှစ်ရကိန်းရှိတယ်လို့ သေချာပေါက်ဟောထားတာပဲ။ အဖေများ သူ့အခန်းထဲမှာ အဖိုးတန်ပစ္စည်းတွေများ ထားသွားသလားမသိ ဘူး။ တို့ကိုပြောဖို့ အချိန်မရလိုက်လို့နဲ့ တူတယ်”လို့ ကျွန်မတို့ ညီအစ်မနှစ်ယောက် စဉ်းစားကြည့်ကြတယ်။

          အဲဒီအချိန်မှာ ရေထမ်းသမားခြံကူးရောက်လာတာနဲ့ အခန့် သင့် ဖြစ်သွားတယ်။ အခန်းသော့ကို ရှာမတွေ့တော့တာနဲ့ သော့ ခလောက်ကို ဖွင့်ဖို့ “ခြံကူး ́ကိုပဲ အကူအညီတောင်းရတယ်။ “ခြံကူး ́က သော့ခလောက်ကို ရိုက်ဖျက်ပြီး ဖွင့်ပေးပါတယ်။ အခန်းတံခါးပွင့်သွားတော့ အခန်းထဲကို ကျွန်မတို့နှစ်ယောက် ဝင်ကြည့်ကြပါတယ်။ အဖေ့အခန်းထဲမှာ ကျွန်းသေတ္တာကြီး တစ်လုံးကလွဲလို့ ပစ္စည်းဆိုလို့ ဘာမှမရှိတော့ဘူး။ အိပ်ရာ၊ ခြင်ထောင်၊ ခုတင်တွေနဲ့ ငါမအိပ်ချင်ဘူး။ အင်္ကျီအဝတ်အစားတွေလည်း အထူးအထွေမလိုဘူး။ အပြင်ကို ထုတ်ထားလိုက်ဆိုလို့ အဖေက ပြောတာနဲ့ အပြင်မှာထုတ်ထားပေးတာကတော့ ကြာပါ ပြီ။ ဒါပေမဲ့ အခန်းထဲမှာ အဖေ အဂ္ဂိရတ်ထိုးတဲ့ ဖားဖိုကြီးရယ်၊လုံကွဲလုံဟောင်းတွေမရှိတော့တာကတော့ အံ့သြစရာသိပ်ကောင်း | နေတယ်။ ဒါနဲ့ သော့ခတ်ထားတဲ့ ကျွန်းသေတ္တာကြီးကိုလည်း “ခြံကူး’ကို သော့ခလောက်ဖျက်ခိုင်းပြီး ဖွင့်ကြည့်ကြပါတယ်။

          အဲဒီကျွန်းသေတ္တာကြီးထဲမှာ အဖိုးတန်ပစ္စည်းဆိုလို့ ဘာမှ မတွေ့ရပါဘူး။ အဂ္ဂိရတ်အကြောင်းတွေမှတ်ထားတဲ့ မှတ်စုစာအုပ် တစ်အုပ်ရယ်၊ ပြာတွေထည့်ထားတဲ့ ပုလင်းလေးတစ်လုံးရယ်ပဲ တွေ့ပါတယ်။ ပထမတော့ ကိုယ့်အဖေရဲ့ပစ္စည်းဆိုပြီး အမှတ်တရ သိမ်းဆည်းဖို့ပါပဲ။ ဒါပေမဲ့ ရေထမ်းသမားခြံကူးက “သူ အဂ္ဂိရတ် အကြောင်း လေ့လာချင်လို့ သူ့ကိုပေးဖို့” အတင်းတောင်းနေတာနဲ့ သူ့ကိုပဲ ပေးလိုက်တယ်။ အဲဒီခြံဟာ လွန်ခဲ့တဲ့ငါးနှစ်လောက် ကတည်းက ကျွန်မတို့ရပ်ကွက်ထဲကိုရောက်လာပြီး အိမ်တွေကို ရေထမ်းရောင်းတယ်။ ညဘက်မှာတော့ ကင်းတဲမှာအိပ်တယ်။ အိမ်မဲ့ယာမဲ့ တစ်ကောင်ကြွက်တစ်ယောက်ပဲ။ စိတ်သဘောထား ကောင်းပြီး ရိုးရိုးသားသားနေတော့ တစ်ရပ်ကွက်လုံးက သူ့ကို တောက်တိုမည်ရခေါ်ခိုင်းပြီး ကျွေးမွေးပေးကမ်းကြတယ်။

          သူ့အသက်က ၄ဝ လောက်ရှိမယ်ထင်တယ်။ ဥပဓိရုပ် | ကလည်း သန့်သန့်ပြန့်ပြန့်ပါပဲ။ ရေထမ်းသမားဆိုပေမဲ့ ဗဟုသုတ ကတော့ တော်တော်စုံပုံရပါတယ်။ လူနုံလူဖျင်းတစ်ယောက်တော့မဟုတ်ပါဘူး။ ဒါနဲ့ အဲဒီကိုခြံကူးဟာ အဖေထားခဲ့တဲ့ မှတ်စု စာအုပ်နဲ့ ပြာပုလင်းလေးကိုရတာနဲ့ ရွှေရသလို ထခုန်လိုက်တာ မပြောပါနဲ့တော့။ ကျွန်မတို့ညီအစ်မနှစ်ယောက်ကတော့ “သူလည်း အဂ္ဂိရတ်ရူး”ပဲလို့ ပြောလိုက်ကြသေးတယ်။ ။

          ကိုခြံကူးဟာ အဲဒီအချိန်ကစပြီး ကျွန်မတို့ကို နှုတ်ဆက် ပြီးထွက်သွားလိုက်တာ ဒီနေ့အထိ ပေါ်မလာတော့ဘူး။ အိမ်မဲမြို့ မှာလည်း မတွေ့ရတော့ဘူး။ ထူးဆန်းတာက အဲဒီနေ့ညမှာ အဖေ သေခါနီးမှာလာသွားတဲ့ အရူးကြီးဟာ အိမ်ပေါက်ဝကိုရောက်လာ ပြီး ကျွန်မတို့ညီအစ်မနှစ်ယောက်ကို “ဟဲ့ကောင်မတွေ မသိသူကျော်သွား သိသူဖော်စား လူကြီးစကား အလကားမဟုတ်ဘူး” လို့ ပြောပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ကြောက်တာနဲ့ သူ့ကို မောင်းထုတ်လိုက်ကြတယ်။ အရူးကြီးကတော့ ဖော်စားတဲ့ကောင် နောက်ကို လိုက်မယ် လိုက်မယ်ပြောပြီး ပြန်ထွက်သွားပါတယ်။

          ပြီးခဲ့တဲ့အပတ်ကတော့ ကျွန်မတို့ညီအစ်မနှစ်ယောက်ဟာ ဆရာမင်းသိင်္ခရဲ့ဟောချက်ကို ပြန်ပြီးစဉ်းစားကြတယ်။ ဒီနှစ်ထဲမှာ မိဘရဲ့အမွေအနှစ်ရမယ်။ ဒါပေမဲ့ မခံစားလိုက်ရဘူးဆိုတဲ့ အချက် ပါပဲ။ အဖေထားခဲ့တဲ့ မှတ်စုစာအုပ်နဲ့ ပြာထည့်တဲ့ပုလင်းလေးကို တွေးကြည့်မိတယ်။ အဖိုးထိုက်အဖိုးတန်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေထမ်းသမားခြံကူးက ဒီပစ္စည်းတွေကိုရတာနဲ့ရွှေရသလို ထခုန်တာကို တွေးကြည့်မိတော့ ကျွန်မတို့ မစဉ်းစားတတ်အောင် ဖြစ်လာတယ်။ ဒါကြောင့် ဆရာ့ဆီကို အကျိုးအကြောင်းအစုံအလင်စာရေးလိုက်ခြင်းဖြစ်ပါတယ်။ အဖေထားခဲ့တဲ့မှတ်စုစာအုပ် နဲ့ ပြာပုလင်းလေးက တော်တော်ပဲ အဖိုးတန်လို့လား။ အဲဒီပစ္စည်း တွေက အဖိုးတန်တယ်ဆိုရင်တော့ ဆရာ့ဟောချက် သွေးထွက် အောင် မှန်နေပြီဆိုတာကို စာရေးလိုက်ပါတယ်။

လေးစားစွာဖြင့်

မအိမ်မြဲ၊ မအိမ်စောင့်

အိမ်မဲမြို့

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)