Skip to product information
1 of 5

Other Websites

မင်းသိင်္ခ - ယတြာများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ဘုရားနှစ်ဆူ ပူဇော်ပါ

          တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဗေဒင်ဆရာမ လေးဦး ရောက် ရှိလာကြလေ၏။ ၎င်းတို့လေးဦးမှာ ယခင်က ရွှေဘုန်းပွင့်ဘုရားတွင် ဗေဒင်ဟောခဲ့ပြီး ယခုအခါ၌ အမှတ် (၁၈)၊ မလွှကုန်းလမ်းတွင်ဟောပြောနေ သော ဆရာမ အေးချမ်းမြင့်၊ အမှတ် ၂၀၅(က)၊ ပိတောက် (၅)လမ်း၊ အင်းစိန်မြို့သစ်၌ ဗေဒင်ဟောနေ သော အယ်ဒီတာမောင်မောင်မြင့်အေး၏ဇနီး ဆရာမ စောယုနွယ်၊ မိုးကောင်းဘုရားတွင် ဗေဒင်ဟော နေ သော ဆရာမ ကြာညိုသင်း၊ သင်္ကန်းကျွန်း အာနန္ဒာဘုရားတွင် ဗေဒင်ဟောပြောနေ သော ဆရာမ ရွှေယမင်းဦးတို့ ဖြစ်ကြ၏။

          ကြာညိုသင်းက အိမ်တွင်းသို့ရောက်သည်နှင့်တစ်ပြိုင် နက်..

           “ဆရာကြီး တစ်ယောက်တည်းလား"

          ဟု မေးလိုက်၏။

          ထိုအခါ ကျွန်ုပ်က...

          “အေး.ဟုတ်တယ်၊ ငါတစ်ယောက်တည်း။ နင်တို့က လေးယောက်ဆိုတော့ မချောလေးယောက် ကိုယ်တစ်ယောက်ပေါ့။ အခုတည်းက ပြောထားမယ်။ ဒီမှာ မနက်စာ စားကြမယ်။ နင်တို့ ချက်လားပြုတ်လား မလုပ်ကြနဲ့။ နင် တို့ဈေးဝယ်ပေး။ ငါချက်မယ်"

          ဟု ပြောလိုက်ရာ စောယုနွယ်က...

           “မဟုတ်တာဘဲ ဆရာကြီးရယ်။ ဆရာကြီးကလည်း အသက် ကြီးပြီ၊ ဆရာမ အေးချမ်းမြင့်လည်း သူ့ခါးက မကောင်းဘူး။ အဲဒီတော့ အေးအေးဆေးဆေးထိုင်နေ ကြပါ။ သမီးရယ်၊ ကြာ ညိုသင်းရယ်၊ ရွှေယမင်းဦးရယ် သုံးယောက်ချက်ကြမယ်"

          ဟု ပြောလိုက်လျှင် ကျွန်ုပ်က... “အဲဒီသုံးယောက် ပူးမှာစိုးလို့ မချက်ခိုင်းတာ။ အကောင်းဆုံး ကတော့ ကြာညိုသင်းနဲ့ရွှေယမင်းဦးက ဈေးကိုသွား။ စောယု နွယ်က မီးဖိုထား။ ခါးနာလို့မထနိုင်တဲ့ အေးချမ်းမြင့်က ဆန် ဆေး။ မဆေးခင်မှာ စပါးလုံးရွေးဦးနော်။ အခုတလော ဆန် တွေက စပါးလုံးသိပ်များတာ"

          ဟုပြောကာ တာဝန်ချလိုက်လေ၏။

          ထိုအခါ ကြာညိုသင်းက...

          “ဘာဝယ်ရမလဲ"

          ဟု မေးလေ ၏။

          “တစ်ယောက်က ခြေလေးချောင်းမစားဘူး။ တစ်ယောက်က ကုန်းသတ္တဝါ မစားဘူး။ ဟိုဟာမစား၊ ဒီဟာမစားဆိုတော့ ဈေးမှာရတာ တယ်ခက်နေပြီ။ အဲဒီတော့ ဒီလိုလုပ်။ ငါးရံ့ကို ဆီပြန်ချက်မယ်၊ ဒန့်ဒလွန်ရွက်ဟင်းချိုသောက်မယ်။ တို့စရာ ကတော့ အစုံသာဝယ်ခဲ့ပေတော့။ အထူးသဖြင့် ချဉ်ဖတ်စုံဆို ရင် ပိုပြီးကောင်းတယ်။ ငါးပိရည် ပျစ်ပျစ်ဖျော်မယ်။ ထမင်း စားပြီးရင် စားဖို့ကတော့ ဒီမှာ လက်ဖက်ရှိတယ်။ အကြော်စုံ လည်းရှိတယ်။ သင်္ဘောရွက်နုနုကလေးတွေလည်း ရှိတယ်"

          ဟု ကျွန်ုပ်က ပြောလိုက်လေ ၏။ ၎င်းတို့သည် စတင်လှုပ် ရှားကြလေတော့၏။ ကျွန်ုပ်လည်း မှော်ဘီဘက်မှရထားသော သုံး ဦးစပ်ငါးပိအား နနွင်းမှုန့်ခပ်၍ မီးဖိုပေါ်သို့တင်လိုက်လေ၏။ ထို့နောက် ဆူလာလျှင် ယောင်းမနှင့် သမ,အောင် မွှေပေးလိုက်၏။ ပြီးလျှင် သပွတ်သီးခြောက်ဖြင့် ငါးပိရည်ကိုစစ်ကာ ဟင်းသောက်ပန်းကန်ကြီးအတွင်းသို့ လောင်းချလိုက်လေ၏။ ထိုအခါ အေးချမ်း မြင့်က..

          “ငါးပိရည်တွေက များလှ ချည်လား။ ဟင်းနဲ့မကျွေးဘဲ ငါးပိ ရည်နဲ့ ကျွေးတော့မှာလား"

          ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

           “ငါးပိရည်က လူများများ စားတဲ့အခါမှာ ဟင်းကို ခု.တယ်။ ဟင်း သိပ်မကုန်ဘူးပေါ့။ ပြီးတော့ ငါတို့ပါးစပ်ကလည်း မြန်မာပါးစပ်ဆိုတော့ ငါးပိရည်မပါရင် ထမင်းစားရတယ်ကို မထင်ဘူး"

          ဟု ပြောလိုက်လေ ၏။ ကြာညိုသင်းတို့ညီအစ်မ ပြန်လာ လျှင် ကျွန်ုပ်က ဒန့်ဒလွန်ရွက်ဟင်းချိုကိုချက်၏။ ကျွန်ုပ်က ၎င်းတို့ ဝယ်လာသော ချဉ်ဖတ်တို့စရာများကို ရေစင်အောင် ဆေးလိုက်၏။ ချဉ်ဖတ်မှာ ဖြစ်ကတတ်ဆန်း တည်ထားသော ချဉ်ဖတ်မျိုးဖြစ်၍ အချဉ်ပေါ့နေ လေ၏။ ထို့ကြောင့် ရှာလကာရည်နှင့် ရေကို ရောစပ် ကာ ချဉ်ဖတ်ကိုရောစပ်ကာ ချဉ်ဖတ်ကို ပြန်၍စိမ်လိုက်ရ၏။ ဟင်း များကျက်သောအခါ စောစောကစစ်ယူထားသော ငါးပိရည်ကို မြေအိုးသစ်တစ်လုံးတွင်ထည့်၍ ထပ်မံကြိုပြန်၏။ ထို့နောက် ငါးမီးဖုတ်များ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီများဖြင့် ထိုငါးပိရည်ကိုရောကာ ပန်းကန်ကို ပြန်၍ထည့်လိုက်၏ ။ မီးကင်ထားသော ငရုတ်သီးပွကြီး ငါးတောင့်ကိုလည်း မညက်တညက်ထောင်း၍ ငါးပိရည်ထဲတွင် ထည့် မွှေလိုက်၏။ အလုံးစုံပြီးသောအခါတွင် ငရုတ်သီးစိမ်း သုံး လေးတောင့်ကို ခါးချိုး၍ ငါးပိရည်ထဲ ထည့်လိုက်ပြန်၏ ။ ပြီးလျှင် ထိုမိန်းမလေးဦးနှင့် ကျွန်ုပ်သည် ထမင်းကို မြိန်ရှက်စွာ စားသောက် ကြလေ၏။ ထိုသို့စားသောက်လျှင် ဆရာမအေးချမ်းမြင့်က

          “ကျွန်မတို့ ဧကံသဗေဒင်အဖွဲ့က ကိုတင်နွဲ့ကြီး သေသွားတာ နှစ်နှစ်လောက်ရှိပြီနော်။ ကုလားကိုမောင်အေးသေတာတော့ တစ်နှစ် တောင် မပြည့်သေးဘူးမှတ်တယ်။ အသက်တိုလိုက်ကြတာနော် " ဟု ပြောလိုက်လျှင် ဆရာမကြာညိုသင်းက..

          “အသက်တိုမယ်၊ မတိုဘူးဆိုတာ အာယုဂြိုဟ်ကို ကြည့်ရမှာ ပေါ့"

          ဟုပြောရာ ဆရာမ ရွှေယမင်းဦးက... “အာယုတွေ၊ နှာနုတွေ လာလုပ်မနေနဲ့။ စောစောသေတဲ့လူက သေတာပဲ”

          ဟုပြောလိုက်ရာ ကြာညိုသင်းက...

           “လုပ်ပြီ ညည်းက ဗေဒင်ဆရာမလုပ်ပြီး ဒီလိုစကားမျိုးပြော တော့ ဘယ်ကောင်းမလဲ"

          ဟု ပြောလိုက်ရာ ရွှေယမင်းဦးက.. “အသက်ရှည်တဲ့အကြောင်းမှာ အာယုဂြိုဟ်တစ်ခုတည်း ပြော လို့မရဘူး အစ်မကြီးရဲ့။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတာ ရှိတယ်မဟုတ်လား "

          ဟု ပြန်၍ချေပလိုက်ရာ အနီးတွင် ပန်းကန်ဆေးနေသော စောယုနွယ်က...

          “ဥတုတွေ၊ အာဟာရတွေလုပ်မနေနဲ့ သေတဲ့လူက သေတာ

          ဟု ဝင်၍ပြောပြန်၏။ ထိုအခါ အေးချမ်းမြင့်က..

          “သူတို့က ကျန်းမာရေးကို ဂရုမစိုက်ကြဘူးလေ။ အဲဒီတော့ စောစောသေတာပေါ့ ။ ကုလားကို မောင်အေးဟာ သွေးတိုး ရှိလျက်နဲ့ ဒန်ပေါက်နှစ်ထုပ်စားတယ်။ ညကျတော့ အုန်းနို့ ခေါက်ဆွဲ ထပ်စားတယ်။ အဲဒီတော့ မသေဘဲ ခံနိုင်ပါ့မလား"

          ဟုပြောလိုက်ရာ စောယုနွယ်က..

          “အဲဒီလိုဆိုရင် ဦးတင်နွဲ့ကြီးက ဘာဖြစ်လို့သေရတာလဲ"

          ဟု မေးလိုက်ရာ အေးချမ်းမြင့်က...

          " ဦးတင်နွဲ့က ရင်ကျပ်ရောဂါ ရှိတယ်လေ။ အဲဒါကြောင့် သေ တာပေါ့"

          ဟု ပြန်၍ပြောလေ၏။ ထိုအခါ ကြာညိုသင်းက.

           “သေတာတွေ ပြောမနေကြနဲ့။ ဆရာကြီးက သေမှာ သိပ်ကြောက်တာ။ နောက်ဆိုရင် တို့လာတာကို လက်မခံဘဲ နေ လိမ့်မယ်"

          ဟု ပြောသဖြင့် ကျွန်ုပ်က..

          “သစ်ပင်ခုတ်တဲ့လူဟာ အကိုင်းတွေအကုန်လုံး မခုတ်ရဘူး။ နတ်နေကိုင်းဆိုတာ ချန်ထားရတယ်။ အခုတော့ နင်တို့က နတ်နေကိုင်းပါမချန်ပါလား။ ငါ့ ကိုပါ ဆွဲထည့်လာကြပြီကိုး"

          ဟု ပြောလိုက်လျှင် ၎င်းမိန်းမလေးဦးသည် ရယ်မောကြ လေ၏။

          ထို့နောက် အေးချမ်းမြင့်က..          

          “အဲဒါတွေ ထားလိုက်ပါဦး။ ဆရာကြီးကိုပဲ မေးရမယ်။ အသက်ရှည်စေတဲ့ယတြာ မရှိဘူးလား"

          ဟု မေးလေ၏။

          ထိုအခါ ကျွန်ုပ်က..

          “နင်တို့ကို ငါမေးမယ်။ ဆရာကြီး ဦးသာဂရဆိုတာ ကြားဖူး nသလား"

          ဟုမေးရာ ၎င်းတို့လေးဦးစလုံးလိုလိုမှ...

          “ကြားဖူးသလိုလိုပဲ။ ဘယ်မှာကြားဖူးမှန်းတော့မသိဘူး"

          ဆိုသော အဖြေမျိုးကိုသာ ပေးကြလေ၏။

          ထိုအခါ ကျွန်ုပ်က..

          “အဝေရာ ဆရာစောရေးတဲ့ သုံးတန်ပေါ်နိစ်ထီကာ နိဒါန်း အပိုဒ် (၆) မှာ ဟောဒီလို ရေးထားတယ် မဟုတ်လား။ ၎င်း ပရိယာယ်စကားအပြင် လင်္ကာဆောင်ပုဒ်များ၊ ပျက်ပြား.. ကြွင်းကျန် ကာရန်ဝါကျ မညီသည်ကို အလီလီသော မူကွဲ တို့နှင့် ယူတဲပြင် ဆင်၍ အရိုး အ စဉ်စည်းကမ်းဖြင့် ကျမ်းတစ်စောင်တစ်ဖွဲ့ဖြစ် လောက်အောင် ရှေ့နောက်တွင် ထိုပညာရှင် အပေါင်းတို့၏ စိတ်ကို ယိုဖိတ်စီးဆင်းစေသဖြင့် လှစ်ဖွင့်ခြင်း ပြုပေသောသူ ကား ပြည်မြို့ ရွာဘဲရပ်ဇာတိ ဖြစ်ပါသော ဦးသာဂရမည်သော ဆရာကြီးတည်းလို့ ဖော်ပြထားတယ်။ အဲဒီ ဆရာကြီးဟာ ပြည်မြို့၊ ရွာဘဲရပ်၊ နေကျော်တန်းမှာ နေတယ်။ ဆရာကြီးဟာ သီပေါမြို့ စော်ဘွား ကြီးဆီမှာ အလုပ်ဝင်လုပ်ဖူးတယ်။ အဲဒီက နေပြီး ၁၂၈၆ ခု၊ ဝါဆိုလပြည့်ကျော် (၁၃) ရက်မှာ အလုပ်ကနှုတ်ထွက်ခဲ့တယ်။ အဲဒီလို နှုတ်ထွက် ပြီး သူ့အရပ်ဌာနေကိုပြန်လာခဲ့တာ။ ပြီးတော့မှ အင်းမနယ် က တပည့် တွေကပင့်ဖိတ်လို့ သွားတာပေါ့။ တပည့် (၅၀၀)လောက်ရှိတာ (၂၅၀)လောက်က သေကုန်ကြပြီလို့သိရတော့ ဆရာကြီးဟာ အတော့်ကို စိတ်မကောင်းဖြစ်သွားတယ်။ အဲဒီ မှာ ကြွင်းကျန်တဲ့တပည့်တွေ အသက်ရှင်ဖို့ အတိတ်ကုသိုလ်ကံ ထက်သန်အားရှိအောင် ဘုရားခုနစ်ဆူပူဇော်နည်းကို သင်ကြား ပြသပြီးပူဇော်ခိုင်းတယ်။ အဲဒီမှာ အသက်ရှည်တဲ့အကျိုးကျေးဇူး အပြင် ဘုရားခုနစ်ဆူပူဇော်နည်းကြောင့် စီးပွားလာဘ်သပ် ပကာတွေ့ရွှင်လန်းကြတာကြောင့် အဲဒီတပည့်တွေက စုပေါင်း ပြီး ဆရာကြီးရဲ့ ဘုရားခုနစ်ဆူပူဇော်နည်းကို စာအုပ်ထုတ်ကြ တယ်။ အဲဒီ စာအုပ်ကို ပြည်မြို့ လမ်းရှည်ပညာဒီပ စာပုံနှိပ် တိုက်က ရိုက်တယ်။ ပထမအကြိမ်မှာ အုပ်တစ်ထောင် ရိုက် တယ်။ စာအုပ်ရိုက်တဲ့ သက္ကရာဇ်ကို (၁၂၆၆)ခု၊ တန်ဆောင်မုန်း လဆန်း (၈)ရက်နေ့လို့ ဖော်ပြထားတယ်။ စာအုပ်ရဲ့ အဖုံး မှာဖော်ပြထားတဲ့စာကတော့ ဟောဒီလိုဖြစ်တယ်ကွယ့်”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)