မင်းသိင်္ခ - မြနန်းနွယ်
( ၁ )
တစ်နေ့သ၌ ကျွန်ုပ်သည် ဗိုလ်တထောင်ဘုရားသို့ ဘုရားဖူး ရောက်ခဲ့လေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏မွေးနေ့ထောင့်ဖြစ်သော တနင်္ဂနွေထောင့်တွင်ထိုင်၍ စေတီတော်မြတ်ကြီးအား ရှိခိုးလေ၏။ ထိုသို့ရှိခိုးပြီးနောက် ထိုထောင့်တွင်ရှိသော ခေါင်းလောင်းကြီး ကိုးချက်တိတိ ထိုးလိုက်လေ၏။ ပြီးလျှင် စေတီအတွင်း လိုက်သို့ဝင်ကာ လက်ယာရစ်လှည့်ပတ်၍ ရှိခိုးပြန်၏။ ထိုနေရာမှထွတ်ပြီးလျှင် လိပ်ကန် ဘက်သို့သွားရောက်ကာ လိပ်၊ ငါးများကို အစာကျွေး၍ ဆုတောင်း လေ၏။ ပြီးလျှင် လိပ်ကန်အနီးရှိ လင်းလွန်းပင်လေးအောက်၌ ထိုင်၍အမောဖြေနေလေ၏။ အမောဖြေသည်ဆိုရာ၌ အမှန်တကယ် မောပန်း ၍ အမောဖြေသည်မဟုတ်ပေ။ အခြား လုပ်စရာမရှိသောကြောင့် အပျင်းဆွဲကာ ထိုင်ချလိုက်ခြင်းဖြစ်၏။ ထိုအချိန်၌ ကျွန်ုပ်၏အသက် သည် သုံးဆယ်မျှသာရှိသေးရာ ဗိုလ်တထောင်စေတီတော်၏ အတွင်း လိုက်ကို တစ် ပတ်ပတ် ရုံ မျှဖြင့် မောပန်းဖွယ် ရာမရှိပေ။ ဤသို့လျှင် လင်းလွန်းပင်အောက်၌ ထိုင်ချလိုက်ပြီးနောက် လွယ်အိတ်ထဲတွင်ပါ သော ဆေးပေါ့လိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိရှိုက်ဖွာရင်း ကမ်းနား ဆိပ်ဘက်မှ ဖြတ်၍တိုက်လာသော လေညင်းအေးအေးကလေးကို အတိုက်ခံ၍ နေလေ၏။ အချိန်အတန်ကြာ ထိုင်နေသောအခါ၌ အေး စိမ့်စိမ့်ပင် ဖြစ်လာသဖြင့် လွယ်အိတ်အတွင်းမှ ဆွယ်တာလက်ပြတ် ကလေးကို ထုတ်၍ဝတ်လိုက်ရလေတော့၏။
ထိုအချိန်မှာပင် အသက်ခြောက်ဆယ်ကျော်အရွယ်ရှိ လူကြီး တစ်ယောက်သည် ကျွန်ုပ်အနီးသို့ ရောက်လာပြီးလျှင် ဘုရားရှိခိုးလေ ၏။ ထိုသို့ ဘုရားရှိခိုးပြီးနောက်...
“ရွှေတိဂုံစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ရွှေနားပန် စေတီတော်၊ ရွှေကြက်ယက်စေတီတော်၊ ရွှေဂုံတိုင်စေတီတော်၊ ရွှေစာရံစေတီတော်၊ ရွှေမုဋ္ဌောစေတီတော်၊ ခုနစ်ဆူသော ရွှေစေတီအပေါင်း၌ ကျွန်ုပ်ပြုခဲ့သော မနောမယ ရွှေအဓိဌာန်ခုနစ် ကြိမ်၏ ကုသိုလ်ကောင်းမှုကို ကျွန်ုပ်၏သူငယ်ချင်း မောင် စေသော်အား အမျှပေးဝေပါ၏။ မောင်ဖေသော်ရေ .. အမျှ... အမျှ... အမျှ..."
ဟု ရွတ်ဆိုလေ၏။ ထို့နောက် လူကြီးလည်း ကျွန်ုပ်၏အနီး၌ပင် ထိုင်လိုက်လေ၏။ ထိုသို့ထိုင်ပြီးလျှင် ထိုလူကြီးသည် ဆေးလိပ်တစ်လိပ် ကိုထုတ်၍ သူ၏အိတ်တွင် မီးခြစ်ကိုစမ်းလေ၏။ သို့ရာတွင် မီးခြစ်ကို မတွေ့သောအခါ ကျွန်ုပ်အား .
“မီးတစ်တို့လောက် ပေးပါ။ ဟု ပြောလေ၏။
ကျွန်ုပ်လည်း ထိုလူကြီးအား ကျွန်ုပ်၏ဆေးလိပ်ကို လှမ်း၍ လိုက်၏။ ထိုလူကြီးသည် ကျွန်ုပ်၏ဆေးလိပ်၌ မီးတို့လေ၏။ မီးတို့ ပြီးသောအခါ၌ ကျွန်ုပ်က. .
“နေစမ်းပါဦး ဦးလေးရဲ့ ။ စောစောက ဦးလေးဆိုတဲ့ ရွှေစေတီ ခုနစ်ဆုဆိုတာ ဘာလဲခင်ဗျ”
ဟု မေးလိုက်လေ၏။ ထိုအခါ ထိုလူကြီးက .
“ဪ.. မောင်ရင်က ကျုပ် ဘုရားရှိခိုးနေတာကို အစအဆုံးနားထောင်နေတာကိုး။ အဲဒါက ကျုပ်တို့ဆရာကြီး ပေးသွားတဲ့ ဓာတ်ပွင့်၊ လာဘ်ပွင့်၊ ကိသ်ဓာတ်၊ ရွှေဓာတ် အဓိဌာန်ကွယ့်။ အဲဒီတုန်း ကျုပ်က အတော့်ကို ဒုတွေရောက်နေတယ်”
ဟု ပြောပြီးလျှင် ဆေးလိပ်ကို ဖွာလိုက်လေ၏။
“ဘယ်လို ဒုက္ခရောက်နေတာလဲ ဦးလေးရဲ့ "
ကျွန်ုပ်က စပ်စပ်စုစု မေးမြန်းလိုက်ရာ ထိုလူကြီးက••
“မောင်ရင်.. စုံထောက်တော့ မဟုတ်ပါဘူးနော်” ဟု ပြောလေ၏။
“စုံထောက်မဟုတ်ပါဘူး ဦးလေးရယ်။ စုံထောက်က ကျွန်တော့် လို ဗြောင်ဘယ်မေးမလဲ။ သူသိချင်တာကို ဦးလေးမသိအောင် လေ့လာမှာပေါ့။ ကျွန်တော်က ရိုးရိုးအရပ်သားပါ။ ဗဟုသုတ လိုချင်လို့ မေးတာပါ။ တစ်မျိုးမထင်ပါနဲ့”
ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုလူကြီးက ပြီးလေ၏။ ထိုသို့ ပြုပြီးနောက်..
“ဒီလို မောင်ရင်ရဲ့. . ။ အဲဒီတုန်းက ကျုပ်က အသက် သုံးဆယ်လောက်ပဲရှိဦးမယ်။ ဒုက္ခရောက်နေတယ်ဆိုတာက ဒီလိုပါ မောင်ရင်ရယ်။ ဒုက္ခက တစ်မျိုးတည်းမဟုတ်ဘူး။ ရှစ်မျိုးတိတိကျုပ်ဆီကိုရောက်နေတယ်။
နံပါတ် (၁) ဒုက္ခကတော့ ကျုပ်အိမ် မှာ နေတဲ့ အလုပ်သမားနှစ်ယောက် ကျုပ်ဆီက ပိုက်ဆံခိုးပြီး ထွက်ပြေးသွားကြတယ်။ ပိုက်ဆံခိုးတာက အရေးမကြီးဘူး။ သူတို့ နှစ်ယောက် ထွတ်ပြေးသွားတော့ ကျုပ်မှာ အလုပ်ပျက်တာပေါ့။
နံပါတ်(၂) ဒုက္ခကတော့ ကျုပ်ရဲ့ကျန်းမာရေးပဲ။ ကျုပ်ကို ဆရာဝန် က တီဘီရှိတယ်လို့ပြောတယ်။ ကျုပ်ကလည်း ချောင်းတဟွတ် ဟွတ်ဆိုးတယ်။ မောလိုက်တာလည်း မပြောပါနဲ့တော့ဗျာ။ အသက်တို သေမင်းဆီမှာ ကွက်ပြီးအပ်ထားရတဲ့အချိန်ပေါ့ဗျာ။
နံပါတ်(၃) ဒုက္ခကတော့ ကျုပ်က သင်္ဃန်းကျွန်းဘက်မှာနေနေ တာ။ ကျုပ်ရဲ့ လုပ်ငန်းက မြို့ထဲမှာလုပ်မှ အလုပ်ဖြစ်မှာ။ ဒီတော့ နေရာသိပ်ပြီးပြောင်းချင်တယ်။ ပြောင်းဖို့ငွေလည်းမရှိဘူး။ အတော့်ကို ကျပ်တည်းနေတဲ့အချိန်၊ နောက် ကျပ်နေရတဲ့ အိမ် ကလည်း မြေစိုတ်တဲကြီးဗျ။ ကျုပ်ရဲ့ ရောဂါနဲ့ လုံးဝမသင့်တော် ဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အိမ်တောင်းအိမ်သန့်လေးတစ်လုံးတော့ ကိုယ်ပိုင်ရချင်တာပေါ့ဗျာ။ အဲဒီ မြေစိုက်တဲကြီးတောင် ကျုပ်က ငှားပြီးနေနေရတာ မဟုတ်လား။
နံပါတ်(၄) ဒုက္ခကတော့ နယ်မှာရှိတဲ့ ကျုပ်ရဲ့ ဖခင်ကြီးက သေလုမြောပါးအချိန်ကို စောင့်နေပြီ။ သူ့ကို ကျုပ် ကောင်းကောင်း သင်္ဂြိုဟ်ချင်တယ်။ အဲဒီအချိန်မှာသေသွားရင်တောင် ကျုပ်မှာ ပိုက်ဆံတစ်ပြားမှမရှိတဲ့အတွက် အလောင်းကို ဖျာလိပ်နဲ့ဖတ်ပြီး ပစ်ရမလိုဖြစ်နေတယ်။ အဲဒီအတွက်လည်း ကျပ်စိတ်မှာ တော်တော်မကောင်းဘဲဖြစ်နေပြန်တယ်။
နံပါတ်(၅) ဒုက္ခကတော့ ဘာပဲဖြစ်ဖြစ် ကျုပ်က အလုပ်လုပ်လို့ ငွေရခဲ့တာတော့ မှန်တယ်။ ဒါပေမယ့် မစုမိ မဆောင်းပါဘူး။ ငွေပိုငွေလျှံလည်း မရှိဘူး။ ကျုပ်က ဘာပဲဖြစ်ဖြစ် နေ့စဉ် စားသောက်သုံးစွဲနေရတဲ့အပြင် ဘဏ်တိုက်မှာ ငွေလေး သုံး၊ လေး ငါးသောင်းလောက်တော့ ငွေပိုငွေလျှံအနေနဲ့ စုဆောင်းထားချင် တာ အမှန်ပဲ။
နံပါတ်(၆) ဒုက္ခကတော့ ကျုပ်ဟာ ဘယ်သူနဲ့ပဲတွေ့တွေ့ သြဇာ မတည်ဘူး။ အနိမ့်ဆုံးအားဖြင့် ကျုပ်အိမ်မှာ ကျပ်ထမင်းကျွေး ထားရတဲ့ ခွေးပိန်မအပေါ်မှာတောင် သြဇာမရှိဘူး။ ကျုပ်မောင်း ရင် ဘယ်တော့မှ မသွားဘူး။ သူများမောင်းရင် အဲဒီခွေးမထ တစ်ချက်တည်းနဲ့ ထသွားတယ်။ အဲဒီတော့ ကျုပ်ဟာ တန်ခိုး ဩဇာ အတော်အတန်လိုချင်တယ်။ အဲဒါဟာ အမှန်ပါပဲ။
နံပါတ် (၇) ဒုက္ခကတော့ ကျုပ်ဟာ အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီးလုပ်လာတယ်။ ဘာအလုပ်မှ ကျုပ်ကို အကျိုးမပေး ဘူး။ အလုပ်လည်း မမြဲဘူး။ အလုပ်လေးတစ်ခုတော့ မြချင် တယ်။ ပြီးတော့ နေရာထိုင်ခင်းလည်း မမြဲဘူး။ ဟိုပြောင်းလိုက် ဒီရွှေ့လိုက်နဲ့။ အဲဒီတော့ စိတ်တိုင်းကျနေရာလေး လိုချင်တယ်။ နံပါတ် (၈) ဒုက္ခကတော့ ပြောရမှာတောင် ရှက်ပါတယ်။ ကျုပ် မျက်နှာကို ကျပ်မှန်ထဲမှာကြည့်လိုက်တဲ့အခါမှာ တစ်မျိုးကြီးဗျ။ ကျက်သရေမရှိသလိုဖြစ်နေတယ်။ သူများအနေနဲ့မပြောနဲ့။ ကိုယ့် မျက်နှာကိုယ်ကြည့်တာတောင် ကိုယ့်မျက်နှာကို ကိုယ့်စိတ်ထဲမှာ ကျက်သရေမရှိဖြစ်နေတယ်ဆိုတော့ သူများအနေနဲ့ ဘယ်လိုနေ မလဲဗျာ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်ဗျာ။ ကျုပ်မျက်နှာကို ကျက်သရေရှိစေချင်တယ်။ ကျုပ်မျက်နှာမြင်ရင် ချစ်ခင်ပါစေ ဖြစ်ချင် တယ်ပေါ့ သူငယ်ရယ်”
ဟု ထိုလူကြီးက ပြောလေ၏။
ထိုအခါ ကျွန်ုပ်တ..
“ဘာပဲဖြစ်ဖြစ် ဦးလေးရယ်.. ဦးလေးဒုက္ခ ရှစ်မျိုးကလည်း ခပ်ဆန်းဆန်းပါပဲလား။ အဲဒီဒုက္ခတွေ ဘယ်လိုဖြစ်တုန်သလဲ ပြောပါဦး”
ဟု မေးလိုတ်ရာ ထိုလူကြီးက ပြုံးလေ၏။ ထိုသို့ပြုံးပြီးနောက်
“စောစောက မောင်ရင်ကြားတဲ့ ရွှေပါတဲ့ ဘုရားခုနစ်ဆူမှာ အဓိဋ္ဌဌာန်လုပ်လိုက်တယ် မောင်ရင်ရဲ့။ ကျုပ် တတ်လို့တော့ မဟုတ်ဘူးနော်။ ကျုပ်တို့ဆရာက ခိုင်းလို့လုပ်တာ။ ကျပ်တို့ဆရာ ဆိုတာက တခြားလူမဟုတ်ဘူး။ ကျုပ်တို့က အဘမှည့်လို့ခေါ် တယ်။ အခုတော့ မရှိရှာတော့ဘူး။ မရှိရှာတော့ဘူးဆိုတာ သေပြီ လို့ပြောတာ မဟုတ်ဘူးနော်။ သူ့အိမ်မှာ သူမရှိတာကိုပြောတာ” ဟု ထိုလူတြီးက ပြောလေ၏။ ထိုအခါ ကျွန်ုပ်က . “ဘယ်လို အဓိဌာန်တာလဲ ဦးလေးရဲ့၊ ပြောပါဦး ဦးလေးရဲ့။ ဦးလေးနဲ့ စကားပြောရတာကလည်း သွားတိုက်ဆေးဘူး ညှစ်ရ သလိုပါပဲ။ တစ်ခါညှစ်မှ တစ်ခါထွက်တယ်။ ကျွန်တော် နားလည်အောင် အစအဆုံး တစ်ခါတည်း ပြောပြလိုက်ပါ ဦးလေးရယ်” ဟု ပြောရာ ထိုလူကြီးက.. “စကားပြောတယ်ဆိုတာ အလကားနေရင်း တရားရေသွန် မပြော ရဘူး မောင်ရင်ရဲ့ ။ ပုစွန်လတ်မ၊ ကက္ကရ စည်ကြီးတီးသလို တစ် ချတ်တီးမှ တစ်ခါမြည်ရတယ်ကွယ်။ မောင်ရင်တို့ခေတ်ကလူတွေ စကားပြောတာက ဒီလိုမဟုတ်ဘူး။ တစ်ခွန်းမေးရင် ဆယ်ခွန်းလောက်ဖြေနေကြတယ်။ ဥပမာကွာ ထမင်းစားပြီးပြီလားလို့ မေးရင် စားပြီးရင် စားပြီးတယ်လို့ ဖြေဖို့ပဲရှိတယ်။ အခုတော့ ဒီလိုမဟုတ်ဘူး၊ စားပြီးပြီ၊ ကြက်သားဟင်းနဲ့၊ အစကတော့ ကြက်သားဟင်းနဲ့စားဖို့မဟုတ်ဘူး။ အဖေကလည်း နေမကောင်း လို့ သူ့ကို ကြက်သားပြုတ်ကြော်လေးလည်း လုပ်ပေးရင်းနဲ့ ကျန် တဲ့တစ်ခြမ်းကို ပန်းသုံးပွင့်မဆလာနိုင်နိုင်ခပ်ပြီး ကာလသား ရုတ် ချက်တာ။ ဟင်းချိုလေးလည်း သောက်ချင်တာနဲ့ ကြက်ရိုး ကလေးတွေကိုပြုတ်ပြီး ဆူးပုပ်ရွက်ခတ်တာလေ။ ပြီးတော့ ဘော | လယ်ကျွန်းဘက်က အင်းသူကြီး တိုသောင်းစိန်ဆိုတဲ့သူယူလာတဲ့ သုံးဦးစပ် ငါးပိလေးလည်း ကျိုတယ်။ ပြီးတော့ ငါးကျည်း ဓလေးနှစ်တောင်လောက် မီးဖုတ်ပြီး အဲဒီ ငါးပိရည်ထဲ အသားနွှင် ပြီးထည့်လိုက်တာ ကြက်သွန်ဖြူနဲ့ ဂျင်း၊ကလေးတောင် ထောင်းပြီး ထည့်လိုက်သေးတယ်။ ပြီးတော့တာပါပဲ။ မြန်လိုက်တာ မပြောပါ နဲ့တော့လို့ ဆိုတာမျိုး။ မေးတာက တစ်ခွန်းရယ် ဖြေလိုက်တာက ဆယ်ခွန်းလောက်နေကြတယ်။ အဲဒါ ဘာလို့ဖြစ်လဲဆိုတော့ စိတ်ဓာတ်အားနည်းတာကိုပြတာ။ ဒါမှမဟုတ် မေးခွန်းကို နား မလည်တာကို ပြတာ။ ဒီမှာ မောင်ရင်.. ကျုပ်တ စိတ်ဓာတ်အားနည်းတဲ့လူမဟုတ်ဘူး၊ မေးခွန်းနားမလည်တဲ့ သူလည်း မဟုတ်ဘူး မောင်၊ မောင်ရင် ထပ်ပြီးသိချင်ရင် ထပ်ပြီးမေး။ ဒါပဲ” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်သည် ဆေးလိပ်တိုကို ထိုးချေ၍လွှင့်ပစ်ရင်း • “ပုစွန်လက်မ ကတ္တရစည်ကြီးလည်းဆိုတော့ တစ်ချက်ပေးမှ တစ် ချက်ဖြေမယ်လည်း ပြောထားတော့ ဦးလေး မထနဲ့၊ ကျပ် သိချင် တာတွေ တစ်ခုချင်းမေးမယ်”
ဟု ဆိုကာ ထိုလူကြီး၏ခါးကို ကျွန်ုပ်က သိုင်း၍ဖက်လိုက်လေ၏။ ထိုအခါ .
“ဟေ့သူငယ်. . ယားတတ်တယ်ကွ။ ခါးကိုမဖတ်နဲ့၊ ငါ အခုထိ လူပျိုကြီးလုပ်နေတာ အဲဒီအချက်ပဲကွ။ ခါးကိုထိတာနဲ့ကို ယား တာနဲ့ မိန်းမ မယူရဲတာဟေ့”
ဟု ထိုလူကြီးက ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဖက်ထားသော လက်များကို ဖြေပေးလိုက်ရင်း.. “ကဲပါ ဦးလေးရယ်.. ရွှေစေတီခုနစ်ဆူမှာ ဆယ်လို အဓိဌာန် လုပ်ရတယ်ဆိုတာ ကျွန်တော့်ကို ပြောစမ်းပါ။ ဒါပေမယ့် ဦးလေး လို ဒုက္ခရှစ်မျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်မှာ အမျိုး (၈၀)လောက်ရှိမယ်ထင်တယ်” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ထိုလူကြီးတ.. “လေမျိုး (၈၀) ပဲ ကြားဖူးပါတယ်ကွာ။ စုတူမျိုး (၈၀) လို့တော့ မကြားဖူးပါဘူး။" ဟု ပြောလေ၏။ “ဒါနဲ့ နေပါဦး ဦးလေးရဲ့။ ကျွန်တော်တို့စကားပြောတဲ့အခါမှာ ဒုက္ခကို ဒုက္ခလို့ တစ်မျိုးတည်းမပြောဘူး။ ဒုတ္တသုတူလို့ ပြောနေ ကြတယ်။ ဒုက္ခကိုတော့ နားလည်ပါပြီ။ သုက္ခဆိုတာ ဘာလဲ ဦးလေးရဲ့” ဟု ကျွန်ုပ်က မေးလိုက်ရာ ထိုလူကြီးက.. “သုက္ခဆိုတဲ့စာလုံးတော့ ပါဠိစာလုံးရှိဟန်မတူဘူးကွယ်။ စထားပြောတဲ့အခါမှာ တုံးတိတိကြီးဖြစ်မှာစိုးလို့ စတားဖို၊ စကားမ အနေနဲ့ ပြောနေကြတာနဲ့တူပါတယ်ကွာ။ ဒါမှမဟုတ်ရင်လည်း ဦးလေးနားလည်သလိုပြောရရင် ဒုက္ခဆိုတာက ဆင်းရဲမှုကွ၊ သုတ္တဆိုတာက ချမ်းသာမှုထဲတလာတဲ့ ဆင်းရဲမှုပဲ။ ဥပမာ ကိုယ် ပိုင်မော်တော်ကားမရှိတဲ့လူဟာ ကားတိုးစီးရတဲ့ ဒုက္ခပေါ့ကွာ။ ကိုယ်ပိုင်မော်တော်ကားရှိတဲ့သူကလည်း မင်းတို့ ငါတို့လို ဒုက္ခမဟုတ်ပေမယ့် ကားဓာတ်ဆီထည့်ရတာတို့၊ ကိုယ့်ကားကို သူများ နဲ့ပွတ်မိလို့ စိတ်ဆင်းရဲတာတို့တွေ ရှိမှာပေါ့။ အဲဒါကတော့ သုခ ထဲတလာတဲ့ ဒုက္ခမို့လို့ သူ့ကို သုက္ခလို့ ခေါ်လိုက်ဟန်တူတယ်ကွ”
ဟုပြောကာ ထိုလူကြီးသည် သူ၏စကားကို သူ့ဘာသာသဘောကျ ၍ တခွစ်ခွစ်ရယ်လေ၏။ အမှန်အားဖြင့် တခစ်ခစ်ရယ်သည်ဟု ပြောရ မည့်အစား ထိုလူကြီးရယ်သည့်အခါ၌ ချောင်းသံပါနေ၍ တခွစ်ခွစ်ဖြစ် နေသောကြောင့် တခွစ်ခွစ်ရယ်သည်ဟု ပြောရခြင်းဖြစ်၏။
“ကဲပါ ဦးလေးရယ်. . ဦးလေးရဲ့ ရွှေစေတီခုနစ်ဆူအဓိဋ္ဌာန် အကြောင်း ပြောပါဦး” ဟု ကျွန်ုပ်က သတိပေးလိုက်ရာ ထိုလူကြီးက.. “ကျုပ် အဓိဌာန်ဝင်တာ တစ်ယောက်ထည်းမဟုတ်ဘူး။ အဖော် ပါသေးတယ်။ အဖော်က ဘယ်သူလဲဆိုတော့ မီးရထားရုံးတ စာရေးလေး မောင်လှလေပဲ။ မောင်လှဖေဟာ ရုံးစဝင်ကတည်းကအောက်တန်းစာရေးပဲ။ ဆယ်နှစ်ကျော်ပြီ။ အောက်တန်းစာရေး ကတို မတတ်ဘူး။ အဲဒီတော့ သူကလည်း အဓိဋ္ဌာန်ဝင်ချင်တယ်။ သူလည်းလိုက်ပါရစေဆိုတော့ သူ့ကိုပါ ခေါ်သွားရတယ်။ အဓိက ကတော့ ရွှေစေတီခုနစ်ဆူမှာ ပုတီးစိပ်ရတာပါပဲ။ တစ်ပတ်မှာတစ်ရက်ပေါ့။ ဗုဒ္ဓဟူးနေ့မှာ စိပ်ရတယ်၊ စိပ်ရတဲ့ဂါထာကတော့” ဟု ဆိုကာ အောက်ပါဂါထာကို ရွတ်ပြလေတော့၏။
ဝေရာ ၊ ခံသီယ ဘောဂါစ၊
အနန္တာ ခိဏ ဘောဂဝါ
အနန္တ ဘဇ္ဇ ပရိသော
ဘဝသော ပါပုဏေ သိပံ
“အဓိပ္ပာယ်က ဘယ်လိုလဲ ဦးလေးရဲ့”
ဟု ကျွန်ုပ်က မေးရာ ထိုလူကြီးတ..
“အဓိပ္ပာယ်လို့ မပြောရဘူးကွ။ “အနက်” လို့ ပြောရတယ်။ အနတ် က ဒီလိုကွ၊ တစ်လုံးချင်း မင်းကိုပြောမယ်။ “ဝေရာ • ခံသီယ ဘောစ' ဆိုတာက ရန်သူမျိုးငါးပါးတို့ မလုယတ် မဖျက်ဆီး နိုင်သော ပစ္စည်းဥစ္စာရှိသည်လို့ အဓိပ္ပာယ်ရတယ်။ “အနန္တာ ခိဏ ဘောဂဝါ" ဆိုတာက အတိုင်းမသိ အဆုံးမရှိသုံးဆောင်၍ မကုန်နိုင်သော ပစ္စည်းဥစ္စာရှိသည်လို့ အဓိပ္ပာယ်ရသည်။