မင်းသိင်္ခ - မိုးနှင့်အတူ
အခန်း ၊ ၁ ၊
အနှိမ်ခံ
တစ်နေ့သ၌ မြေလတ်ပိုင်းရှိ အလယ် တန်း ကျောင်း ကလေးတစ်ကျောင်းမှ ကျောင်းဆင်းချိန်တွင် ကျောင်းသူ ကျောင်းသား ကလေးများသည် အုပ်စုလိုက် လမ်းမကြီးအတိုင်း အိမ်သို့ ပြန်ခဲ့ကြလေ၏။
ကျောင်းသူကလေးသုံးဦးသည် ရင်ပေါင်တန်းလျက် လျှောက်လာ လေ၏။ ၎င်းတို့၏ရှေ့မှ ၎င်းတို့နှင့် တစ်တန်းတည်းကျောင်းနေဖက်ဖြစ် သော ကျောင်းသားကလေးတစ်ဦးသည် ပုဆိုးကို တိုတိုဝတ်လျက်၊ လွယ်အိတ်ကို စလွယ်သိုင်း၍လွယ်ကာ အနီရောင်ခုံဖိနပ်ကြီးတစ်ရံကိုတဂွပ်ဂွပ်စီးလျက် လျှောက်သွားနေလေ၏။
မိန်းကလေးသုံးဦးအနက် တစ်ဦးသော မိန်းကလေးက -
“အမယ်လေး မင်းဝင်ရယ်...၊ နင့်ခုံဖိနပ်သံကလည်း ပြင်းလှ ချေလား...”ဟု ပြောလိုက်လေ၏။ ထိုအခါ မင်းဒင်ဟု အခေါ်ခံရသော ကျောင်းသားက -
“မဟုတ်ဘူး သီသီရဲ့...၊ အိမ်ကို အမြန်ရောက်အောင် လျှောက် နေရတာ...၊ ငါရောက်မှ ငါ့အမေက အိမ်ကထွက်လို့ရမှာ...”ဟု
နောက်သို့ သမင်လည်ပြန်လှည့်၍ကြည့်ရင်း ပြုံးပြုံးကလေးဖြင့် ပြန်၍ ဖြေလေ၏။ ထိုအခါ မလှမ်းမကမ်းမှ ကျောင်းသားတစ်ဦးက -
“သီသီရယ်... နင်က ဒီကောင့်ကို သွားပြီးမေးနေတာကိုး...။ ဒီကောင်က လူမဟုတ်ဘူး၊ ခွာသံပြင်းတာပေါ့....၊ ရွှေဘိုမြင်းလေ....”ဟု
ပြောလိုက်လျှင် အနီးအပါးရှိ ကျောင်းသူကျောင်းသားကလေးများသည် ဝါးခနဲ လှောင်ရယ်ရယ်လိုက်ကြလေ၏၊ ထိုအခါ မင်းဝင်က -
“ဟုတ်ပါတယ် ညိုကြီးရာ...အခုတော့ ငါဟာ မြင်းပါပဲ။ မင်းပြောချင်တာ ပြောပါကွာ...၊ ငါ မငြင်းပါဘူး၊ စိတ်လည်း မဆိုးပါ ဘူး..."ဟု ခပ်ပြုံးပြုံးပင်ပြန်၍ပြောလေ၏။ ထိုအခါ၌ သုံးယောက်သား ရင်ပေါင်တန်း၍လျှောက်လာသော ကျောင်းသူ သုံးဦးအနက်တစ်ဦးသော ကျောင်းသူကလေးက -
“မင်းဒင်ရေ... ဆရာမ ပေးတဲ့ စာစီစာကုံးတွေ နင် အကုန် လုံးလိုက်ရေးထားတယ်မို့လား..၊ တို့လည်း ငှားဦးဟယ်...၊ ပြန်ပြီးကူး ချင်လို့ပါ”ဟု ပြောလိုက်ရာ မင်းဒင်က သူ၏လွယ်အိတ်ကိုနှိုက်၍ စာအုပ် တစ်အုပ်ကို ယူပြီးလျှင် ထိုကျောင်းသူကလေးအား -
“ဖြူဖြူ. . . ဟောဒီမှာ... နက်ဖြန် ကျောင်းရောက်မှပဲ ပြန်ပေး တော့...” ဟု ပြော၍ ပေးလိုက်လေ၏။ ထိုအခါ၌ မလှမ်းမကမ်းမှ စိန်လှိုင်ဆိုသော ကျောင်းသားက -
“ဖြူဖြူရယ်... ငါလည်း အဲဒီစာစီစာကုံး လိုက်ကူးထားပါ တယ်။ ငါ့စာအုပ်ကို ယူလိုက်ရင် ပြီးတာပဲ၊ နက်ဖြန်လည်း ပြန်ပေးစရာ မလိုဘူး။ နင် အပိုင် လိုချင်ရင်လည်း ယူထားလိုက်လို့ ရတယ်...”ဟု လှမ်း၍ပြောလိုက်ရာ အနီးမှ ကျောင်းသားနှစ်ဦး သုံးဦးက -
“ဟေး... စိန်လှိုင်၊ မင်းဟာက သိသာတယ်ကွာ...”ဟု ပြောဆိုကာ ရယ်မောကြလေ၏။ ထိုအခါ ဖြူဖြူက မင်းဒင်၏စာအုပ်ကို - ဖွင့်၍ စာစီစာကုံးကို လှန်ကြည့်ပြီးလျှင် -
“စိန်လှိုင်... ဟောဒီမှာ မင်းနှင့်လက်ရေး၊ ဝိုင်းစက်နေတာပဲ၊ နင် = သူ့လောက် လက်ရေးလှလို့ လား...”ဟု မေးလိုက်လျှင် ကျန်သော
ကျောင်းသားများက -
“စိန်လှိုင်ရေ . . ရှုံးပြန်ပြီဟေ့...၊ မင်းကတော့ ရှုံးပြီးရင်း ရှုံးရင်းပဲ...”ဟုပြော၍ နောက်ပြောင်ရယ်မောကြလေ၏။ ထိုအခါ စိန်လှိုင်သည် များစွာစိတ်ဆိုးသွားလေ၏။
“ငါက မင်းဒင်ကိုရှုံးရမှာလားကွ၊ မင်းတို့ကို ငါပြောမယ်... သေချာနားထောင်၊ မင်းဒင်ရဲ့ အဖေဟာ ထောင်ကျနေတယ်၊ မင်းရဲ့ တမေဟာ ငါတို့ ရပ်ကွက်ထဲမှာ တဝတ်လျှော်ရတယ်ကွ၊ ဘီးတွေ ယူသွားပြီး သူ့အိမ်မှာလျှော်တယ်၊ နေပူပါလှန်း၊ မီးပူတိုက်ပြီးမှ အဝတ် ပိုင်ရှင်တွေဆီကို လာပြီးပို့ရတာ၊ အဲဒီတော့မှ ပိုင်းတွေက အဝတ်လျှော်ခ၊ မီးပူတိုက်ခ ပိုက်ဆံတွေပေးတာ...၊ ၁)ဒီပိုက်ဆံနဲ့ မင်းဒင်တို့သားအမိ ထမင်းစားရတာကွ၊ မင်းဒင်ဟာ သူ့အမေယူလာတဲ့ အဝတ်တွေ ကို သူ့အမေကို အလွှဲမခိုင်း ဘူးကွ၊ သူကိုယ်တိုင်လျှော်တာ...၊ သူ့ အမေ ပင်ပန်းမှာစိုးလို့ပေါ့ကွာ...၊ အဲဒီတော့ ငါတို့အိမ်ကအဝတ်တွေ ကို မင်းဒင်တို့သားအမိဟာ ဒိုင်ခံလျှော်ရတယ်ကွ၊ အဲဒီတစ်ကွက်ထဲ နဲ့ကို မင်းဒင်ကို စိန်လှိုင်က နိုင်ပါတယ်ကွ၊ ဟောဒီဘောင်းဘီထဲမှာ အီအီး ပါထည့်လိုက်မယ်ကွာ...၊ အဲဒီတော့ ငါ့အီအီးတွေ ပေနေတဲ့ ဘောင်းဘီ ကို မင်းဒင်လျှော်စမ်း...”ဟုပြောလိုက်လျှင် ကျောင်းသူလေး သုံးယောက် မှာ“အို.. ဟင်..”ဟု အာမေဋိတ်သံများ ထွက်ပေါ်လာလေ၏။
မင်းဒင်မှာမူ ရွယ်တူ မိန်းကလေးများရှေ့တွင် ဤသို့လျှင် နှိမ်ချပြောဆိုခံလိုက်ရခြင်းကြောင့် ရှက်လွန်းသဖြင့် မျက်နှာကြီးတစ်ခုလုံး နီရဲသွားလေ၏။ ကျန်သော ကျောင်းသားများမှာမူ ရယ်ရမည်ကိုပင် မရယ် ရက်နိုင်ရှာတော့ပေ။
ထိုအခါ၌ ဖြူဖြူ၏မျက်လုံးအိမ်တွင် မျက်ရည်များ စို့၍လာ၏။
“ဟဲ့... စိန်လှိုင်... လူယုတ်မာ၊ နှင့် ပါးစပ်ပိတ်ထားလိုက်၊ နင် တစ်ခွန်းထွက်တာနဲ့ ပါးတစ်ချက် ရိုက်ပစ်လိုက်မယ်...”ဟု လှမ်း၍ ကြိမ်းလိုက်လေ၏။ ထိုအခါ စိန်လှိုင်က -
“နင်နဲ့ ဘာဆိုင်လို့လဲ ဖြူဖြူ ၊ ငါတို့ အဝတ်လျှော်တဲ့ ဒိုဘီ သမားကိုပြောတာ နင်က ကြားထဲက ဘာလို့ဝင်ပြီးနာရတာလဲ...”ဟု လှမ်း၍ ပြောလေ၏။ ။
“ဘာမှမဆိုင်ဘူး၊ နှင့် ပါးကို ရိုက်ချင်လို့ ဆိုင်တာဟယ်...၊ နောက်ပြီး မင်းဝင်က နင့်ကို ဘာမှပြောတာမဟုတ်ဘူး၊ ငါက စာအုပ်ငှားလို့ သူက ငှားရှာတာ...၊ သူ့ခမျာ ဘာအပြစ်မှ မရှိဘူး၊ နင်ဒီလို နိုင့်ထက်စီးနင်းပြောလို့မရဘူး...”ဟုဒေါနှင့်မောနှင့် ကြိမ်းမောင်း၍ ကွန်ပါဗူးကို ကိုင်ထားလေ၏။ တစ်စုံတစ်ရာ စိန်လှိုင်က ပြန်၍ပြောလျှင် ကွန်ပါဗူးနှင့် မျက်နှာသို့ ပစ်ပေါက်ပစ်မည်ဟု ဆုံးဖြတ်ထားဟန်ရှိ၏။
“ငါ့အစ်မဝတ်တဲ့ လုံချည်တွေလည်း သူ့ အမေက လျှော်ဖို့ သွားတယ်၊ သူ့အမေက မျှော်မှာ မဟုတ်ဘူး၊ ဒီကောင်ပဲ မျှော်မှာ...” | ဟု စိန်လှိုင်ကပြောလျှင် ဖြူဖြူသည် ကွန်ပါဗူးဖြင့် စိန်လှိုင်၏ မျက်နှာကိုလှမ်း၍ပေါက်လေ၏။ သို့ရာတွင် သီသီက ဆွဲထားသောကြောင့် ကွန်ပါဗူး သည် စိန်လှိုင်၏ မျက်နှာသို့ ရောက်မသွားပေ။
မင်းဒင်သည် စိန်လှိုင်၏မျက်နှာသို့ စေ့စေ့ကြည့်လိုက်၏။
“ဒီမှာ စိန်လှိုင်...၊ မင်းပြောချင်တာ ပြောလို့ရပါတယ် သူငယ် ချင်း၊ တို့သားအမိနှစ်ယောက်ရဲ့ အခြေအနေဟာ မင်း အခုပြောသလို ခံရမယ့်အခြေအနေမျိုးရောက်နေတာကိုး...၊ မင်းချေးကို ကျုံးတယ်လို့ ပြောရင်လည်း ငါ့အနေနဲ့ မငြင်းပါဘူး၊ မင်း အစ်မရဲ့ထဘီကိုလျှော်ရတဲ့ ကောင်လို့ ပြောရင်လည်း ငါ မငြင်းပါဘူး၊ တစ်ခုတော့ရှိတယ်၊ ဒါတွေ ဟာ ငါ့ ဘဝတစ်လျှောက်လုံး လုပ်ရမယ့် အလုပ်တွေတော့ မဟုတ်ပါ ဘူး။ ယာယီပါ... အဲဒါတွေငါ မလုပ်ရင် ကျောင်းနေခွင့်ရမှာ မဟုတ်ဘူး၊
ကျောင်းနေဖို့ ပိုက်ဆံလည်းမရှိဘူး၊ ဒါကို မင်းက မညှာတာဘဲ နဲ့ နိုင်ကွက်လို့ သဘောထားပြီး နှိမ်ချင်လည်းနှိမ်ပါ...၊ တစ်ခုတော့မင်းကိုပြောလိုက်ချင်ပါတယ်၊ အခု ငါခံတဲ့အလှည့်ပဲ...၊ မင်းရမယ့် | အလှည့် ရောက်လာရင်တော့ ခါးစည်းပြီးတော့ခံပေတော့ လှိုင်ရေ. .၊ ငါ့နာမည်ကို မင်းမေ့သွားဦးမယ်၊ မင်းဝင်တဲ့... မှတ်သားလိုက်ဦး...” ဟု ပြောလိုက်လျှင် ကျောင်းသူလေးသုံးယောက်ကက် ဖြူဖြူက လက်ခုပ်တီးလေ၏။ ကျန်ကျောင်းသူကလေးများကလည်း လက်ခုပ်တီး၏။ ကြားရသော ကျောင်းသားများကလည်း လက်ခုပ်တီးကြလေ၏။
ထိုအခါ စိန်လှိုင်သည် စိတ်ဆိုးလွန်း၍ မင်းဒင်အား ဆဲဆိုကာ ၎င်းတို့အနီးမှ ခပ်သုတ်သုတ် ထွက်သွားလေတော့သတည်း ...။ //