မင်းသိင်္ခ - မအောင်ရင်
အခန်း (၁)
တစ်ကိုယ်တော် မအောင်ရင်
တစ်နေ့သ၌ ရန်ကုန်မြို့ ကုက္ကိုင်းဘက်ရှိ “ ရွှေဂဲ " အမည်ရှိ အထည်စက်ရုံကြီးတစ်ရုံ၏ အရိပ်တွင် လူငါးယောက်တို့သည် စကား လက်ဆုံကျလျှက်ရှိ၏။ ထိုငါးယောက်အနက် တစ်ယောက်သောသူသာ လျှင် ယောက်ျားဖြစ်ပြီး ကျန်လေးယောက်မှာ မိန်းမများဖြစ်ကြကုန် ၏။ ယောက်ျားဖြစ်သောထိုသူမှာ ရွှေဂဲဝက်ရုံထု၏ ကားကိုမောင်းရသော ဒရိုင်ဘာကိုသန်းမောင်ဆိုသူဖြစ်၏ မိန်းမလေးယောက်အနက် သုံးယောက်မှာ စက်ရုံ အလုပ်သမားများဖြစ်ကြကုန်၏ ကျန်တစ်ယောက် မှာ မကြာသေးအရှိန်ကမှ အလုပ်ခန့်ထားခြင်းခံရသော စက်ရုံစာရေ၊ မကလေး မမြတ်လှဖြစ်၏။ ၎င်းတို့ငါးယောက်သည် က်ရုံ၏အရိပ်တွင်ရှိ၍ပါလာသောထမင်းဘူး။ ထမင်းချိုင့်များကိုဖွင့်ကာ နံနက်စာ စားသောက် နေကြခြင်းဖြစ်၏။ ထမင်းစားပြီးသောအခါ၌ ထမင်းဘူး များ၊ ရိုင်များကို ဆေးကြောပြီးနောက် စက်ရုံအတွင်းသို့ ဝင်ကြသည် ရောက်တတ်ရာရာကားများကို ပြောဆိုနေကြခြင်းဖြစ်၏။
“ဒီမှာ ကိုသန်းမောင်ရဲ့ ...၊ အိမ်ကြီးမှာ မအောင်ရင်ကြီးတစ်ယောက် ပြန်ရောက်နေပြီဆို”
ဟု အလုပ်သမားတစ်ဦးဖြစ်သော ကုလာ ဆိုသူက မေးလိုက်ရာ ဒရိုင်ဘာကိုသန်းမောင်ဆိုသူက
“အဲဒါကို ပြောမလို့ပေါ့ မကုလားမရဲ့ မအောင်ရင် ပြန်ရောက် နေပြီ ယနေ့ညက ပြန်ရောက်တာ ကျုပ်ကိုတောင် ခေါင်းခေါက်လွှတ်လိုက်သေးတယ်...”
ဟု ပြန်၍ပြော၏ ။
“နေစမ်းပါဦးတော်...ဒီမိန်းမကြီး၊ ပိန်သွားသလား ဝလာ သလား ...”
ဟု အလုပ်သမားတစ်ဦးဖြစ်သော သန်းသန်းဆိုသူကလည်ခ၏။
“ဒီမှာ သန်းသန်းရဲ့၊ ပိန်လည်းမပိန်ဘူ။ ၀လည်းမ၀ဘူး၊ နဂို အတိုင်းပဲ ...၊ တစ်ခုတော့ရှိတယ်၊ အသားနည်းနည်းညိုသွား တယ် ...”
ဟု ကိုသန်းမောင်က ပြန်၍ပြောလေ၏။ ထိုအခါ မခင်သိန်းဆိုသော အလုပ်သမက
“မအောင်ရင်ကြီးနဲ့ တွေ့ချင်လိုက်တာ၊ ဘာပဲဖြစ်ဖြစ် ညနေ အလုပ်ဆင်းရင်တော့ အိမ်မပြန်သေးဘဲ အိမ်ကြီးကိုသွားမယ်၊ မအောင်ရင်ကြီးနဲ့ တွေ့ဖြစ်အောင်ကိုတွေ့မယ်၊ မတွေ့ရမချင်း ပြန်ကိုမပြန်ဘူး..”
ဟု ဆုံးဖြတ်ချက်ချသောသံဖြင့် ပြောလိုက်လေ၏ ။
“အောင်မလေး... ခင်သိန်းရယ်၊ နင်တစ်ယောက်တည်းကြိမ်းမနေပါ။ငါတို့လည်း ဒီအတိုင်းပါပဲမအောင်ရင်ကြီးနဲ့တွေ့ရင် မပြန်ဘူးဟေ့ ”
ဟုမကုလားမကအော်ဟစ်ပြောလိုက်လေ၏။
ထိုအခါ တစ်ချိန်လုံး ဟိုလူ့မျက်နှာကြည့်လိုက်၊ ဒီလူ့မျက်နှာ ကြည့်လိုက်ဟိုလူပြောသည်ကို နားထောင်လိုက်၊ ဒီလူသည်ကို နား ထောင်လိုက်လုပ်နေသော စာရေးဆရာ မမြတ်လှက....
“ အစ်မတို့ပြောနေတဲ့ မအောင်ရင်ကြီးဆိုတာက ဘယ်သူလဲ " ဟု မေးလိုက်ရာ မကုလားမက
“မအောင်ရင်ဆိုတာ တခြားလူမဟုတ်ဘူးဟေ့ ...၊ ငါတို့ စက်သူဌေးကြီးဦးမြို့၊ ဒေါ်ခင်မတို့အိမ်မှာ အိမ်ဖော်လုပ်ရတဲ့ မိန်းမ တစ်ယောက်ပါ။ ဒါပေမဲ့ ငါတို့က သူ့ကို သိပ်ပြီးချစ်တယ်။ သိပ်ပြီးလည်းလေးစားတယ်။ အသက်က ၃၆ နှစ်ပဲရှိသေးတာ၊ သူ ဒီမှာရှိရင် တစ်ပတ်ကို နှစ်ရက် လောက်ရောက်လာတယ်၊ သူဌေးရုံးခန်းကို ရှင်းလင်းပေးရတယ်...*
ဟု ရှင်းပြလိုက်လေ၏။
“နေပါဦး။ အစ်မရဲ့ အဲဒီ မအောင်ရင်ကြီးက ဘယ်ရောက်သွား လို့တုံး..”
ဟု မြတ်လှက မေးလိုက်ပြန်ရာ ခင်သိန်းက
“ အရမ်းတွေလျှောက်ပြီး ပြောမနေဦး... ကုလားမရေ ၊ မြတ်လှက ညည်းတို့ ငါတို့လို အလုပ်သမမဟုတ်ဘူးနော် သူက သူဌေး ဦးမြို့ရဲ့ တူမဆိုတာလည်း .. မမေ့နဲ့ဦး ”
ဟု သတိပေးလိုက်ရာ မြတ်လှက...
“မဝင်းသိန်းကလည်း သူဌေးတူမ ဆိုပေမဲ့ ငရုတ်သီး ဆယ်တောင့် စာမှ တစ်တောင့်စပ်တာမျိုးကပါ ဘကြီးမြို့ရဲ့ ညီမဝမ်းကွဲက မွေး တာဆိုတော့ တူမလို့တောင်ပြောလို့မရပါဘူး၊ နေရတာလည်း အိမ်ပေါ်မှာ နေရတာမဟုတ်ပါဘူး အစေခံတန်းလျားမှာနေရတာ”ဟု ပြန်၍ ပြောလိုက်ရာ... မကုလာမက
“သူဟာသူ နှစ်ဝမ်းကွဲတူမပဲဖြစ်ဖြစ်၊ တူမအရင်းဖြစ်ဖြစ် အရေး စိုက်စရာမလိုဘူး ပြောစရာရှိတာတော့ ပြောရမှာပါ။ အမှန်ကိုပဲပြောမှာ" ဟု ပြန်၍ပြောလိုက်လေ၏။ ထိုအခါ မခင်သိန်းက
“ကဲ... ပြောတော့ပြောတော့ ကြိုက်သလိုပြောတော့.." ဟု ပြန်၍ပြောလေ၏။ ထိုအခါ ကုလားမက နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်ပြီး
“မအောင်ရင်ကြီးက သူဌေးအိမ်မှာ ထစ်လကို ၅ဝ နဲ့အလုပ် လုပ်ရတာ တစ်နှစ်စာကိုပြီး စာချုပ်ယူပြီးလုပ်တာ တစ်နှစ်ပြီးတစ်နှစ် စာချုပ်နဲ့ အလုပ်လုပ်လာတာ သုံးနှစ်ရှိပြီ ၊ သူဌေးရဲ့ သမီးအကြီး
မိမိကြီးက အလိုမကျလို့ အိမ်မှာမထားဘဲ မှော်ဘီက ခြံထဲမှာ ခြံစောင်းအဖြစ်သွားနေရတာ...”
ဟု ပြောလိုက်လျှင် မြတ်လှက
“မိန်းမတစ်ယောက်ကို ခြံစောင့်ထားတယ်လို့ မကြားဖူးပါဘူး။ ယောက်ျားတွေပဲ လုပ်ရတာမဟုတ်လား အစ်မရဲ့ ...”ဟု ပြန်၍ လိုက်ရာ
"ဟုတ်တယ်၊ မအောင်ရင်ကြီးကိုတော့ အခြံထဲမှာ တစ်ယောက်တည်း သွားထားတာ၊ မှော်ဘီဆိုပေမဲ့ မြို့ပေါ်မှာ မဟုတ်ဘူးတောပိုင်းမှာ မီးလည်းမရှိဘူး။ ရေလည်းမရှိဘူး၊ ခြံဆိုပေမဲ့ ကာရံထားတာ မဟုတ်ပါဘူး။ တကယ့်တောကြီးပဲ။ တော်ရုံတန်ရုံ ယောက်ျားတောင် အဲဒီခြံကြီးထဲမှာ ညအိပ်ဝံ့မှာမဟုတ်ဘူး။ သက်သက် ယုတ်မာနှိပ်စက်တာပဲ "ဟု မကုလားကပြာလေ၏။ ထိုအခါ ဒရိုင်ဘာကိုသန်းမောင်ဆိုသူက
“ခြံကြီးက သုံးဧကလောက်ရှိမယ်ဗျ၊ မရမ်းပင်တွေ၊ သီဟိုဠ်ပင်တွေအုပ်ဆိုင်းနေတာပဲ ကျုပ်ဖြင့် နေ့ခင်းတောင် မနေဝံ့ပါဘူးဗျာ မိမိကြီး သဘောက မနေနိုင်လို့ မနေသို့ ထွက်ပြေးချင်းလည်းဆိုတဲ့ သဘော မျိုးနဲ့ထားထား။ ဒါပေမဲ့ ကျုပ်တို့ မအောင်ရင်ကြီးက မပြေးဘူးဗျာ၊ တကယ့်သတ္တိခဲမကြီးပဲ၊ အဲဒီမှာနေတယ်။ သူ့ကိုထားပြီး လေးလလောက်ကြာတဲ့ အခါမှာကျုပ်နဲ့ သူဌေးဦးမြို့ အဲဒီခြံကိုတစ်ခေါက်ရောက်တယ်။ ဝါးတွေခုတ်ပြီး ခြံထောင်ကာထားသေးတယ်၊တဲလေးတစ်လုံးလည်း ထိုးထားပြီးကွတ်ကွတ်ရွတ်ရွတ်လေးဗျာ။ တဲလေးကလှမှလှ၊ အဲပြောရဦးမယ် ရေတွင်းလည်း ထူးပြီးပြီဗျို့ ။အခင်းလေး လုပ်ထားပြီး ပူစီနံတို့ ဂေါ်ဖီထုပ်ထို့ ကြက်သွန် တို့တွင် စိုက်ထားတယ်၊ သူတို့ မအောင်ရင်ကြီးကို ထားခဲ့တုန်းက စားသောက်ဖို့ ဘာမှစီစဉ်မပေးခဲ့ဘူး။ မအောင်ရင်ကြီးက သူ့ဟာသူ ကြိုးပမ်းယူရတာ။
ကျပ်ကိုကိုတောင်ထမင်းကျွေးလိုက်သေးတယ်၊ သီဟိုဠ်သီးနဲ့ ငါးကွင်းရှုပ်ခြောက်ချက်ထားတာဗျာ စားလို့ ကောင်းလိုက်တာ မပြောပါနဲ့တော့၊ ပြီးတော့ မအောင်ရင်က ငါးပိအိုးတွေဘာတွေ သိပ်ထားသေးတယ်ဗျ "
ဟု အားရပါးရပြောလေ၏ ။
“နေစမ်းပါဦး... ဦးသန်းမောင်ရယ်၊ အဲဒီ မအောင်ရင်ကို သွားပြီးထားတာ စားလို့သောက်ဖို့ ဘာမှမပေးခဲ့ဘူးဆိုတော့ အစဦးဆုံး ရက်တွေမှာ အဲဒီ မအောင်ရင်ကြီး ဘယ်လိုစားသောက်နေထိုင်သလဲ" ဟု မြက်လှက မေးလိုက်လေ၏။
“အဲဒါလည်း ငါသိချင်တဲ့ကိစ္စပဲ။ အဲဒါလည်း ငါ မအောင်ရင်ကြီး ကို မေးကြည့်တယ်၊ မအောင်ရင်နေတဲ့ခြံနဲ့ သိပ်မဝေးတဲ့နေရာမှာ တောင်ကုန်ကလေးတစ်ကုန်ရှိတယ်၊ စေတီဟောင်းတစ်ဆူလည်းရှိတယ်။ အဲဒီစေတီနားမှာ တောရကျောင်းလေး တစ်ကောင်ရှိတယ်။ ဘုန်ကြီးအိုကြီးတစ်ပါး တောရဆောက်တည်နေတယ်၊ ဘုန်ကြီး အိုကြီးဆီသွားပြီးအကျိုးအကြောင်းလျှောက်ထားပြီး ဆွမ်းကျန်ဟင်း ကျန်လေးတောင်းပြီးစားရတယ်။ အဲဒီဘုန်းကြီးအိုကြီးဆီကပဲ ဓါးမတွေ၊ ပေါက်တူးတွေငှား တယ်၊ ပြီးတော့ ခြံကိုရှင်းတော့တာပဲ။ အဲဒီဘုန်းကြီး ကိုကြီးက သူဆွမ်းခံတဲ့ ကုလားကြီးကုန်း ဆိုတဲ့ရွာက ဒေါ်ဖြူးဆိုတဲ့ ဆွေမရှိ မျိုးမရှိ အဒေါ်ကြီးတစ်ယောက်ကို မအောင်ရင်ကြီးနဲ့သွားနေဖို့ပြောပေးတယ်၊ အဲဒီ အဒေါ်က မအောင်ရင်ကြီးနဲ့ သွားပြီးနေပေးတယ်။ ရွာနီးချုပ်စပ်မှာရှိတဲ့ ဘုန်းကြီးရဲ့ ဒကာအချို့ကလည်း မအောင်ရင်ကြီးကို ဝိုင်းပြီး ကူညီကြပါတယ်။ နောက်တော့လည်း မအောင်ရင်ကြီးရဲ့စိုက်ခင်းကဟင်းသီးဟင်းရွက်တွေ ထွက်လာတော့ မအောင်ရင်ကမနက်ဆို မှော်ဘီဈေးမှာ သွားရောင်းတယ်၊ အဲဒီကရတဲ့ငွေနဲ့ ဆန်လေးဘာလေးဝယ်ပြီး ဒေါ်ဒွေးဖြူ နဲ့ နှစ်ယောက် စားသောက်ကြတာပေါ့၊ စားသောက်တဲ့အပြင် အဲ့ဒီဘုန်းကြီးအိုကြီးကိုတောင် ဆွမ်းလောင်းနိုင်သေးတယ်၊ ပထမ အစ မှာတော့ ဘုန်းကြီးကျောင်းက ရေကို အိုးနဲ့သွားရွက်ပြီး သုံးရတယ် ၊ နောက်တော့ ရေတွင်းကို ကိုယ်တိုင်ထူးတယ်၊ လက်ခုပ်တစ်ထောင်လောက် တူးမိတော့မှ ဘုန်းကြီးရဲ့ ဒကာတွေသိလို့ ကူညီပြီးတူးပေးကြတယ်”
ဟု ဒရိုင်ဘာ ကိုသန်းမောင်က စိတ်အားတက်ကြွစွာပြောပြလေ၏။
“အမလေး...ဦးလေးကိုသန်းမောင်ရယ် ကျွန်မသာ အဲဒီ မအောင်ရင်ကြီးလို တစ်ယောက်တည်း နေရမယ်ဆိုရင် သရဲကြောက်တာ နဲ့ သေမှာပဲ”ဟု မြတ်လှကပြောလိုက်ရာ
“သရဲလည်း ကြောက်ရမှာပဲ၊ မြွေကလည်း အလွန်ပေါတယ်၊ ပြီး တော့ မိန်းမသားတစ်ယောက်အဖို့ မလွယ်ပါဘူးကွယ်။ အဲဒါကြောင့် ဦးလေးက
“မအောင်ရင်းကြီး..၊ လူဆိုးလူမိုက်ရောက်လာပြီး ခင်ဗျားကို မတော်မတရားလုပ်မှာ မကြောက်ဘူးလား လို့ မေးတော့ သူက ခါးကြား ထဲမှာ ဓားအိမ်နဲ့ထည့်ထားတဲ့ ဓားမြှောင်ကို ဆွဲထုတ်ပြတယ်၊ အတော်ကို သတ္တိကောင်းတဲ့ မအောင်ရင်ကြီးပါပဲ”
ဟု ပြောလိုက်ရာ စိတ်ဝင်စားစွာ နားထောင်နေသော မြတ်လှက မျက်လုံးပြူး၍ပြလေ၏ ။
ထိုအခါ၌ ကိုသန်းမောင်ကြီးက
“သူဌေးဦးမြို့လည်း မအောင်ရင်ကြီးကို အတော့်ကို အံ့သြနေတယ်၊ မအောင်ရင်ကြီးက ညည်းညူတဲ့စကားတွေ ပြောလိမ့်မယ်လို့ ဦးမြီု့ က ထင်ထားတာ၊ မအောင်ရင်ကြီးက အဲ့ဒီလို သူ့ ကို ပို့ထားတာကို နှိပ်စက်တယ်လို့တောင်မထင်ဘူး၊ အပန်းဖြေဖို့ ပို့ထားတယ်တောင် အောက်မေ့ နေသလား မဆိုနိုင်ဘူး ။ ပြန်တဲ့အခါမှာ ကားပေါ်ကို ငှက်ပျောတစ်ခိုင် မချစ်စု့ သက်ရက်သီး အလုံးငါးဆယ်၊ ဂေါ်ဖီထုပ် ငါးထုပ်၊ သံဟိုဠ်စေ့ လှော်တစ်ထုပ် တင်ပေးလိုက်တယ်၊ အဲဒီအခါမှာ ဦးမြို့က “ဟဲ့ မအောင်ရင် နင်ဘာဖြစ်လို့ ဒီလောက်ကြိုးစားစား စိုက်လားပျိုးလား လုပ်နေရတာတုံး " လို့မေးတော့ မအောင်ရင်ကြီးက“လူတွေစားဖို့ပေါ့... လို့ ပြန်ပြီးဖြေတယ်၊ “နှင့် ငှက်ပျောသီးတွေကလည်း ကောင်းလိုက်တာ၊ အဲဒီ ငှက်ပျောခိုင်းတွေကိုညဘက်သူခိုးလာခိုးရင် ဘယ်နှယ့်လုပ်မလဲ”လို့ ဦးမြို့က မးတော့ မအောင်ရင်ကြီးက “သူခိုးလာခိုးရင် အဲဒီသူခိုး ငှက်ပျောသီးစားရတာပေါ့၊ သူခိုးမယားလည်းစားရတာပေါ့။ သူရဲ့ သားသမီး လေးတွေလည်း ဝဝစားရတာပေါ့။ စောစောက ကျွန်မပြောတဲ့ လူတွေ စားရတာပေါ့လို့ဆိုတဲ့ စကားဟာ လာပြီးခိုးမယ့် သူခိုးနဲ့ သူ့မိသားစုလည်ပါတယ် ..”
လို့ ပြန်ပြောတယ်ဟေ့၊ အဲဒီမှာ ဦးမြို့ လည်း ဘာမှ မပြောနိုင်တော့ဘဲ ပြန်လာတော့တာပဲ။ ကားပေါ်ရောက်တော့ စကား တစ်ခွန်းတော့ ပြောတယ် “မိန်းမဟာ ထူးတော့ထူးတယ် သာမန် မိန်းမ စားမျိုးတော့ မဟုတ်လို့ ပြောတယ်...”ဟု ရှည်လျားစွာ ပြောပြ လေ၏။ ထိုအချိန်၌မှာ ကုလားမက
"ဟာ... အသက်ရှည်ဦးမယ်။ သူ့အကြောင်းပြောနေ တုန်း ဟောဟိုမှာ မအောင်ရင်ကြီး၊ ဟုတ်လား...”ဟု ပြောလိုက်လျှင် ကျန်သူ အားလုံးတို့သည် စက်ရုံဝင်ပေါက်တံခါးဆီသို့ လှမ်းမျှော်၍ ကြည့်လိုက်ကြရာ အရပ်မြင့်မြင့် ထောင့်ကောင်းကောင်း၊ ထောင်ထောင် မောင်းမောင်။ ဖျင်ကြမ်းလုံချည်အနက်၊ ဖျင်ကြမ်းအင်္ကျီအနီရဲရဲကို ဝတ် ဆင်ထားသော မအောင်ရင်ကို ဖျင်တဘက်လေး ပုခုံးပေါ်တွင်တင်၍ အေးချမ်းစွာ (သို့မဟုတ်) အကြောင်းကြမဲ့စွာ လျှောက်လှမ်းလာသည်ကို တွေ့မြင်ကြလျှင် ဒရိုင်ဘာကိုသန်းမောင်၊ မကုလာမ၊ သန်းသန်း ၊ မဝင်သိန်းတို့သည် မအောင်ရင်ထံသို့ သွားကြလေ၏၊ မြတ်လှသည်နောက်မှ အပြေးသွားလိုက်သွားရ၏။ မကုလားမ၊ သန်းသန်း မခင်သိန်းတို့သည် မအောင်ရင်၏အနီးသို့ ရောက်လျှင် ပိုင်း၍ဖက်ကြလေ ၏။ နမ်းသူက နပ်ကြလေ၏။ ထို့နောက် ၎င်းတို့သည် မူလနေခဲ့ သောစက်ရုံအရိပ်ဆီသို့ မအောင်ရင်ကို ဆွဲခေါ်လာကြလေ၏။ မအောင် ရင်ကလည်း ၎င်းတို့၏မိသားစုကျန်းမာရေးမှအစ နေရထိုင်ရေးပါ မကျန်ပေးမြန်းလေ၏။ ထို့နောက် မကုလားကပင် မအောင်ရင် မြတ်လှနှင့် မိတ်ဆက်ပေးလိုက်လေ၏။
“ဒရိုင်းတာကိုသန်းမောင်းသည် မအောင်ရင်းအား ခြေဆုံး ခေါင်းဆုံး ကြည့်ပြီးနောက်
“ကျုပ်ဖြင့်ဗျာ ...တောကြီးမျက်မည်းထဲမှာ မအောင်ရင် တစ်ယောက် အထီးကျန်နေနေရတဲ့အဖြစ်ကို စိတ်မကောင်းပါဘူး...”
ဟု ပြောလိုက်ရာ မအောင်ရင်က
“အထီးကျန်တယ်ဆိုတာက ကိုယ့်အနားမှာ အခြားသူမရှိ တာကိုပြောတာ ဒါမှမဟုတ် အဖော်မရှိတာကိုပြောတာ ၊ ဒါက အထီးကျန်တာ မဟုတ်ဘူး။ ဒါကြောင့် အထီးကျန်ဆိုတဲ့ စကားကို သုံးလို့မရဘူး ။ တစ်ကယ်လို့ တစ်ယောက်တည်း ဖြစ်နေတာကို ပြောချင်ရင်တော့ ငါဟာ တစ်ကိုယ် တော်ဖြစ်နေတာ ၊ ငါဘဝမှာ ဘယ်တော့မှ အထီးကျန် မဖြစ်ဘူး ။ ဖြစ်ခြင်း ဖြစ်ရင် တစ်ကိုယ်တော်ပဲ ဖြစ်မယ် ။ အထီးကျန် ဆိုတာက အားငယ်တဲ့ သဘောပါတယ် ။ တစ်ကိုယ်တော်က အားငယ်တာမဟုတ်ဘူး ။ အားရှိနေတာ ။ တစ်ကိုယ်တောရဲ့ ရလဒ်ဟာ မိမိဘဝ ဖြစ်တည်နေမူ့ကို အမှန်အတိုင်း သိမြင်ခွင့်ရသွားနိုင်တယ်လို့ ငါထင်တယ် ။ဒါကြောင့် တရားရှာ တဲ့ သူတော်စင်တွေဟာ တစ်ကိုယ်တော် နေလေ့ရှိတာပေါ့ ... "
ဟု ပြောလိုက်လေတော့ သည်။//