မင်းသိင်္ခ - မနောမယမြသက်လယ်
ဦးရွှေရိုး သို့မဟုတ် ဂဏန်းဗေဒင်ဆရာနှင့် စတင်သိကျွမ်းခြင်း
ကွန်ုပ် မောင်သက်ပြင်းသည် ခုနှစ်တန်း အစိုးရစစ်ကို ဖြေဆိုပြီးနောက် ကျွန်ုပ်၏ ဇာတိချက်ဖြစ်သောသာယာကုန်းရွာကလေးသို့ ပြန်ခဲ့ရလေ၏။ ရွာသို့ရောက်ပြီး တစ်ပတ်အတွင်း၌ပင် ကျွန်ုပ်၏ ဖခင် သည် ကျွန်ုပ်အား ... “သားက ကိုရင်တောင် မစည်းရသေးဘူး၊ လူကောင်ကြီးက ထွား နေပြီ အဲဒီတော့ ရှင်တွေ ဘာတွေ ကြီးကြီးကျယ်ကျယ်လုပ်နေရင် ကြာနေဦးမယ်၊ ဆရာတော်ကျောင်းမှာ သွားပြီး အမြန်ဆုံး သင်္ကန်း စည်းပေးတာကောင်းတယ်” ဟု ဆိုကာ ကျွန်ုပ်အား သာယာကုန်းရွာ၏ ရွာဦးကျောင်း ဖြစ်သောဆရာတော် ဦးပညာဒီပ၏ ကျောင်း၌ ကိုရင်ဝတ်ခဲ့လေ၏။ ဆရာတော်ကြီး သည် ကျွန်ုပ်အား ... ။
“သက်ပြင်းက လောကဓာတ် ကျောင်းနေတာဆိုတော့ ပိဋကတ် စာပေသင်ဖို့ မလိုဘူး၊ ကိုရင်ဝတ်တာကလည်း ရက်ပိုင်းလောက် ဝတ်ရမှာဆိုတော့ သင်မနေနဲ့တော့၊ ပုတီးပဲ ကောင်းကောင်းစိပ် ဟု ဆိုသဖြင့် ကျွန်ုပ်သည် အခြားသော ကိုရင်များကဲ့သို့ စာတက် စာ မပြုရဘဲ သက်သာခွင့်ရလေတော့၏။ ကျွန်ုပ် ကိုရင်ဝတ်ပြီး တစ်ပတ် ကြာသောအခါ၌ ကျွန်ုပ်တို့၏ စိတ္တသုခကျောင်းသို့ အသက်သုံးဆယ် ကျော်ကျော်အရွယ်ခန့်ရှိသော လူကြီးတစ်ယောက် ရောက်လာ၏။ လူကြီး၏ အမည်မှာ ဦးရွှေရိုးဟူ၍ ဖြစ်၏။ ၎င်း ဦးရွှေရိုးသည် ကျွန်ုပ်တို့ ဆရာတော်ကြီးနှင့် လွန်စွာရင်းနှီး၏။ ဆရာတော်ကြီးသည် ၎င်း ဦး ရိုးအား တွေ့လျှင် တွေ့ချင်း....၊
“ဒကာ ရွှေရိုးတို့များ မကြာခင် ပြန်လာခဲ့မယ်ဆိုပြီး ပြောသွားတစ်မိုးကုန်မှပ် ရောက်တော့တာပဲ” "
ဟု မိန့်တော်မူလိုက်ရာ ဦးရွှေရိုးက... ။
“တပည့်တော်တို့မှာက လူနေလူမှုများတယ် ဘုရား၊ ကိစ္စများလူတို့ဘောင်ဆိုတဲ့အတိုင်းပဲ ကိစ္စတွေက အများကြီးပဲ ဘုရား ဒါကြောင့် မရောက်ဖြစ်တာပါ။ အခုလို ကတိပျက်ကွက်တာကို လည်း အရှင်ဘုရား ခွင့်လွှက်ဖို့ တပည့်တော် တောင်းပန်ပါတယ် ဘုရား၊ ပြီးတော့ တပည့်တော်က ခုနစ်ဂဏန်းသမားဆိုတော့ အငြိမ်နေရတယ် မရှိပါဘူး ဘုရား၊ ခရီးက တယ်ပြီးများတာကိုး”
ဟု လျှောက်ထားလျှင် ဆရာတော်ကြီးက... ။
“အဲ့ဒကာရွှေရိုးရဲ့ ခုနစ်ဂဏန်းသမားဆိုတာ ဘာကို ပြောတာတုံး”
ဟု ပြန်၍ မေးတော်မူလေ၏။
“ဒီလိုပါ ဘုရား၊မြန်မာလို မွေးသက္ကရာဇ်ကို အင်္ဂလိပ်မွေးသက္ကရာဇ် နဲ့ တိုက်ဆိုင်ပြီးကြည့်တဲ့အခါမှာ ခုကလည်း အင်္ဂလိပ်ခု လကလည်း အင်္ဂလိပ်လ၊ ရက်ကလည်း အင်္ဂလိပ်ရက် ဖြစ် သွားတာပေါ့ ဘုရား၊ တပည့်တော်ရဲ့ အင်္ဂလိပ် မွေးသက္ကရာဇ်ဟာ ၁၉၁၈ ခု၊ မတ်လ (ရ) ရက် ဘုရား၊ အဲဒါကြောင့် ရက်ကို အကြောင်းပြုပြီး ခုနစ်ဂဏန်းသမားလို့ ခေါ်ပါတယ် ဘုရား”
ဟု ဦးရွှေရိုးက လျှောက်ထားလိုက်လျှင် ဆရာတော်ကြီးက....
“အင်္ဂလိပ် (၇) ရက်နေ့ မွေးတယ်ပေါ့ကွယ်၊ အဲဒီလို မွေးတာနဲ့ပဲခရီးများ ရရောသတဲ့လား ဒကာရွှေရိုးရဲ့” ဟု မေးတော်မူပြန်လေ၏။ ထိုအခါ ဦးရွှေရိုးက...
“အင်္ဂလိပ် မွေးရက်မှာက (၇) ရက်မှာ မွေးတဲ့လူ ၊ (၁၆) ရက်မှာ မွေးတဲ့လူ၊ (၂၅) နတ်မှာ မွေးတဲ့လူ သူတို့အားလုံးဟာ (၇) ဂဏန်းသမားတွေချည်းပါပဲ၊ အဲဒီလူတွေဟာ အိမ် သိပ်မကပ်ဘူးဘုရား၊ သိပ်ပြီး လမ်းများတဲ့လူတွေ ဖြစ်တယ်” . ဟု ပြောလိုက်ရာ ဆရာတော်ကြီးက..
“ကိုင်း... ငါက ဘာဂဏန်းသမားလဲ" ဟု မေးတော်မူပြန်ရာ ဦးရွှေရိုးသည် သူ့လွယ်အိတ်အတွင်းပါသော နှစ် တစ်ရာ ပြက္ခဒိန်စာအုပ်ကိုထုတ်၍ ဆရာတော်ကြီး၏ မြန်မာ သက္ကရာဇ်ကို မေးမြန်းပြီးလျှင် တိုက်ဆိုင် ရှာဖွေလေ၏။ ထိုသို့ ရှာဖွေပြီးနောက်...
“အရှင်ဘုရားဟာ မြန်မာသက္ကရာဇ် ၁၂၅၆ ခု၊ နယုန်လပြည့်ကျော် (၄) ရက်၊ ကြာသပတေးနေ့မှာ ဖွားမြင်တော်မူပါတယ်၊ ဒါမှမဟုတ်ရင် အင်္ဂလိပ်သက္ကရာဇ် ဘုရား၊ အဲဒါနဲ့ တိုက်ဆိုင်ကြည့်တဲ့အခါ မှာ အရှင်ဘုရားရဲ့ အင်္ဂလိပ်သက္ကရာဇ်ဟာ ၁၈၉၄ ခုနှစ် ဇွန်လ (၂၁) ရက် ဖြစ်ပါတယ် ဘုရား၊ အဲဒါကြောင့် အရှင်ဘုရားရဲ့ မွေး ရက်ကို အကြောင်းပြုပြီး အရှင်ဘုရားကို (၃) ဂဏန်းသမားလို့ ခေါ်ပါတယ် ဘုရား” ဟု လျှောက်ထားလိုက်လျှင် ဆရာတော်ကြီးက.... “အိမ်း ဟုတ်ပြီး အဲဒီလို (၃) ထန်းသမားဖြစ်တော့ ဘာဖြစ်သတဲ့တုံး "
ဟု မေးလိုက်ရာ
ဦးရွှေရိုးက....
“ဒီလိုရှိပါတယ် ဘုရား၊ (၃) ဂဏန်းတွေဟာ ရည်ရွယ်ချက် ကြီးမားပြီး ခိုင်ခံ့တတ်ပါတယ်။ လူအများအပေါ် သြဇာလွှမ်းမိုးနိုင်အောင် ကြီး စားထားသူများ ဖြစ်တတ်ပါတယ်၊ မိမိကိုယ်တိုင် ငယ်သားဖြစ်တဲ့အခါမှာ လူကြီးရဲ့ စကားကို အတိအကျ နားထောင်ပြီး မိမိကိုယ်တို့လူကြီးဖြစ်တဲ့အခါမှာလည်း မိမိရဲ့ စကားကို အတိအကျ လိုက်နာနိုင် မှ ကြိုက်တတ်ပါတယ်၊ ဘယ်ကိစ္စမဆို တိတိကျကျ လုပ်တတ်တဲ့အတွက် မလိုအပ်တဲ့ ရန်သူတွေ ပေါများတတ်ပါတယ်” ဟု လျှောက်ထားလိုက်လျှင်.... ။ “ဟ... ဒကာရွှေရိုး နှင့်ဟာက တယ်မှန်ပါလား၊ ငါ့မှာ နေရင်း ထိုင်ရင်း ရွာထိပ်က စေတီပြင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်သူတွေက များနေပြီကွ၊ ဘာပဲဖြစ်ဖြစ်လေ ငါကလည်း ဘုရားစကားကလွဲပြီး ဘယ်သူ့ စကား နားမထောင်နိုင်ဘူးဟေ့” ၊
“မှန်ပါတယ် ဘုရား၊ (၃) ဂဏန်း သမားတွေဟာ မာနကြီးတတ်ကြပါ တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ဟာ အမှန်ဘက်က ရပ် တည်တဲ့အတွက် အောင်မြင်သွားတာချည်းပါပဲ။ ပြီးတော့ ဒီနှစ်ဟာခရစ်နှစ် ၁၉၄၄ ခုနှစ် ဖြစ်ပါတယ်ဘုရား” ဟု လျှောက်ထားလိုက်သော် ဆရာတော်ကြီးက....
“၁၉၄၃ ခုနှစ် ဖြစ်တော့ ဘာဖြစ်သတုံး ၁ကာရွှေရိုးရ” ဟု ပြန်၍ မေးတော်မူလေ၏။ ထိုအခါ ဦးရွှေရိုးက.... “၁၉၄၄ ဆိုတဲ့ ဂဏန်းလေးလုံးကို ပေါင်းလိုက်ရင် (၉) ဂဏန်း ရပါတယ် ဘုရား” ဟု လျှောက်ထားလိုက်လျှင် ဆရာတော်ကြီးက ...
“၁၈ ပဲ ရပါတယ်ကွာ” ဟု မိန့်တော်မူပြန်၏။ “မှန်ပါတယ် ဘုရား၊ အဲဒီ ၁၈ ကို ဒီအတိုင်းမထားဘဲ ၁ နဲ့ ၈ နဲ့ ပြန်ပေါင်းရင် (၉) ပါ ရပါတယ် ဘုရား၊ အဲဒါကြောင့် ဒီနှစ်ကို (၉) ဂဏန်းနှစ်လို့ ခေါ်ပါတယ်” ဟု လျှောက်ထားပြန်လေ၏။ ဆရာတော်ကြီးသည် ဦးရွှေရိုး၏ မျက်နှာကိုသေချာစွာ ကြည့်ပြီးနောက်.... အ “(၉) ဂဏန်းနှစ်ဖြစ်တော့ ဘာဖြစ်သတဲ့တုံး ဒကာရွှေရိုးရဲ့”
ဟု မေးတော်မူပြန်ရာ ဦးရွှေရိုးက....
“(၃) ဂဏန်းသမားတွေဟာ (၉) ဂဏန်းနှစ်မှာ ကောင်းကျိုးပေးပါ တယ်၊ ဒါပေမဲ့ ၉ နဲ့ ၃ နဲ့ ပေါင်းရင် ၁၂ ဖြစ်တယ် မဟုတ်လား ဘုရား၊ အဲဒါကြောင့် ဘာတွေပဲလုပ်လုပ် အလွဲလွဲ အချော်ချော်ဇောက်ထိုးမိုးမျှော်တွေ ဖြစ်တတ်ပါတယ်၊ ဥပမာ ဒီနေရာမှာ ကိုယ် 'က လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ကိစ္စ၊ ဒီနေရာမှာ မဖြစ်ဘဲ အခြားနေရာမှာ သွားဖြစ်တတ်ပါတယ်၊ ကိုယ်က လုပ်ချင်တာတစ်မျိုး၊ တကယ်ဖြစ်တော့တစ်မျိုး ဆိုသလို ဖြစ်တတ်ပါတယ် ဘုရား” ဟု လျှောက်ထားလိုက်ရာ ဆရာတော်ကြီး၏ မျက်နှာသည် ဝင်းပ၍ သွားလေ၏။ ထို့နောက် ဆရာတော်ကြီးက.... ။
“ဟို..... ဒကာ ရွှေခိုးရဲ့၊ နှင့် အင်္ဂလိပ် ဂဏန်းဗေဒင်ဆိုတာကလည်း မှန်လှချည်လား၊ ငါက ဒီနှစ် ဒီမှာ ကထိန်ခင်းမယ်လို့ စီစဉ်ထားတာ၊ ကော့မှူးဘက် ဒကာတွေက ကျောင်းလည်း အပ်တယ်။သူတို့အပ်တဲ့ကျောင်းမှာလည်း ကထိန်ခင်းပေးရမယ်ဆိုပြီး ပူဆာကြ လို့ ဟိုမှာသွားလုပ်ရမယ်တဲ့၊ တယ်လည်း မှန်တာပဲကိုး၊ ကဲ..... ဆွမ်းစားကျောင်းက ဦးပဉ္စင်း ဥတ္တမ ဒါလောက်မှန်တဲ့ ဗေဒင်ဆရာ ကို ထန်းလျက်ဖြူဆုပ်ကလေး ရေနွေးကြမ်းကလေး ချီးမြှင့်ပါဦးကွယ်”
ဟု ပြောလိုက်သဖြင့် အနီးတွင် ပါးစပ်အဟောင်းသားဖြင့် နေသော ဆွမ်းစားကျောင်း ဦးပဉ္စင်းလည်း....
“ဟို... ကိုရင်တို့၊ ကပ္ပိယတို့၊ ရေနွေးကြမ်း ထည့်စမ်း၊ ကျက်သရေ ခန်းထဲက ဖန်ပုလင်းထဲမှာ ထန်းလျက်ဖြူဆုပ်တွေ ရှိတယ်၊ ပန်းကန်ပြားနဲ့ ထည့်လာ၊ လက်သုတ်ပဝါလည်း ပါလာပစေ”
ဟု အမိန့်ပေးလိုက်ရာ ကပ္ပိယ ဦးလာဘနှင့် ကျွန်ုပ်တို့ ကိုရင် သုံးဦးသည် ပြာယာခတ်သွားရလေတော့၏။ ဆရာတော်ကြီးသည် ဦးရွှေရိုး၏ ဗေဒင် ကို လွန်စွာသဘောကျ၏။ ဆွမ်းစားကျောင်း ဦးပဉ္စင်းကမူ.....
“အင်္ဂလိပ်တွေဟာ မိစ္ဆာဒိဋ္ဌိတွေသာ ဆိုရတယ် ဒင်းတို့ ဗေဒင်ကတော့ မဆိုးပါဘူး။ အတော့်ကို မှန်တာပဲ” ဟု ပြောလိုက်ရာ ဆရာက.... “ဒီလိုရှိတယ်၊ မိစ္ဆာဒိဋ္ဌိဆိုတာ ဘုရား တရား သံဃာနဲ့ ပတ်သက်တဲ့ အယူမှာသာ မိစ္ဆာဒိဋ္ဌိ ဖြစ်တာကိုးကွယ့်၊ ကျန်တဲ့ လောကီအတတ် တွေမှာ စွမ်းကြပေမပေါ့။ ကောင်းကင်မှာပျံတဲ့ လေယာဉ်ပျံကြီးတွေ ဘယ်သူ လုပ်တာလဲ၊ အဲဒီ မိစ္ဆာဒိဋ္ဌိတွေ လုပ်ကြတာပဲ မဟုတ်လား၊ မီးရထားကြီးတွေ ဘယ်သူလုပ်သလဲ၊ မိစ္ဆာဒိဋ္ဌိတွေ လုပ်ကြတာပဲ မဟုတ်လား၊ မီးသင်္ဘောကြီးတွေရောကွယ်၊ အဲဒီ မိစ္ဆာဒိဋ္ဌိ လုပ်တာပဲ မဟုတ်လား” ဟု မိန့်တော်မူလေ၏။ ကျွန်ုပ်သည် ဆရာတော်ကြီး၏ စကားကို လွန်စွာ သဘောကျသွား၏။ အတော့်ကိုကောင်းတဲ့စကားပဲဟုလည်း ကျွန်ုပ်၏ စိတ်၌ ထင်မှတ်မိ၏။ ဆရာတော်ကြီးက ကောင်းတာတွေ့လျှင် “သာဓု ခေါ်ရမည်ဟု မှာထား၏။ သို့ရာတွင် ဆရာတော်ကြီးကို ကိုရင်က သာဓု ခေါ်ကောင်း မခေါ်ကောင်း မဆုံးဖြတ်တတ်သဖြင့် ငြိမ်သက်၍သာနေရ လေ၏။
ဦးရွှေရိုးသည် ကျောင်းတွင်ရှိသော ဦးပဉ္စင်းများအား တစ်နေကုန် တွက်၍ ပေးနေလေ၏။ ဆွမ်းစားကျောင်း ဘုန်းကြီးသည် (၄) ဂဏန်း • ဖြစ်သည်ဟု ဆို၏။ တိုက်အုပ်ကိုယ်တော်မှာ (၆) ဂဏန်းသမား ဖြစ် သည်ဟု ဆို၏။ ကိုရင်ကြီးပဏ္ဍိတမှာ (၅) ဂဏန်းသမားဖြစ်သည်ဟုဆို၏။ ကျွန်ုပ်တို့၏ စိတ္တသုခကျောင်းတိုက်မှာ (၃) ဂဏန်းရသည်ဟု | ဆို၏၊ ကျွန်ုပ်တို့၏ သာယာကုန်းရွာမှာ (၄) ဂဏန်း ရသည်ဟု ဆို၏။
၎င်း ဦးရွှေရိုးသည် ညပိုင်းသို့ ရောက်သောအခါ ဆွမ်းစားကျောင်း၌ အိပ်ရ၏။ ကျွန်ုပ်မှာလည်း ဆွမ်းစားကျောင်းတွင် အိပ်ရသူ ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ဦးရွှေရိုးနှင့် အေးအေးဆေးဆေး စကားပြောခွင့် ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က....
“ဒီမှာ ဒကာကြီး ကိုရင်က ဘာဂဏန်း ရသလဲ” ဟု မေးရာ ဦးရွှေရိုးက.... " “မွေးသက္ကရာဇ်ပြောလေ၊ ဒီမှာနှစ်တစ်ရာပြက္ခဒိန် ရှိတယ်၊ အင်္ဂလိပ်ခုနှစ်သက္ကရာဇ်ကို ရှာကြည့်မယ် ပြီးရင် ဘာဂဏန်းလဲ ပြောမယ်” ဟု ပြန်၍ ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.... ။
“ဒီလို ဒကာကြီးရဲ့၊ ကိုရင်ရဲ့ မွေးသက္ကရာဇ်က ၁၂၉၃ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် (၁၀) ရက်” | ဟု ပြောလိုက်လျှင် ဦးရွှေရိုးသည် သူ၏ လွယ်အိတ်အတွင်းမှ နှစ်တစ်ရာ ပြက္ခဒိန်ကိုထုတ်၍ ကျွန်ုပ်၏ မွေးနေ့သက္ကရာဇ်ကို ရှာလေ၏။ ထိုသို့ ရှာပြီးနောက်.... “ကိုရင် သေသေချာချာ မှတ်ထားနော်ကိုရင့်ရဲ့ အင်္ဂလိပ် သက္ကရာဇ် ဟာ ၁၉၃၁ ခု၊ ဩဂုတ်လ ၈ ရက် စနေနေ့ ဖြစ်တယ်၊ ဒါကြောင့် ကိုရင့် ကို (၈) ဂဏန်းသမားလို့ ခေါ်တယ်” ဟု ပြောလေ၏။ ထိုအခါ ကွန်ုပ်က....
(၈)ဂဏန်းသမားဖြစ်တော့ ဘာဖြစ်သတဲ့တုံး ဒကာကြီး ဦးရွှေရိုးရဲ့”
ဟု မေးရာ ဦးရွှေရိုးက....
“ကိုရင့်ဘွဲ့က ဘယ်လိုခေါ်သတုံး”
ဟု ပြန်၍ မေးလေ၏။
“နန္ဒိယလို့ ခေါ်တယ်၊ ဒါပေမဲ့ ဒီကျောင်းမှာက ကျပ်ကို ဘယ်သူမှ နန္ဒိယလို့ မခေါ်ပါဘူး၊ လူနာမည်က သက်ပြင်းဆိုတော့ ကိုရင်သက် ပြင်းလို့ ခေါ်ကြပါတယ်၊ ကျပ် ကိုရင်ဝတ်တာကလည်း တစ်ပတ်ပဲ ရှိပါသေးတယ်၊ ကျောင်းဖွင့်ရင် ပြန်ပြီးထွက်မှာပါ”
ဟု ကျွန်ုပ်ကပြောလိုက်ရာ ဦးရွှေရိုးက....
“ဪ... ကိုရင်က မြို့ကျောင်းမှာ နေသလား၊ ဘယ်နှစ်တန်းရောက်ပြီလဲ”
ဟု မေးလေ၏။
“ကျုပ် ခုနစ်တန်း ထားခဲ့တယ်” ဟု ကျွန်ုပ်က ပြန်၍ ဖြေလျှင်....
“ဒီနှစ်ဟာ ၁၉၄၄ ခုနှစ် ဖြစ်တယ် ကိုရင်သက်ပြင်းရေ ၁၉၄၄ ခုနှစ် ဆိုတော့ အားလုံးပေါင်းရင် (၉) ဂဏန်း ရတယ်၊ (၈) ဂဏန်းသမား တွေဟာ (၉) ဂဏန်းနှစ်မှာ ဒုက္ခတွေ့ရတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ (၈) နဲ့ (၉) နဲ့ ပေါင်းရင် (၈) ပဲပြန်ရတယ်၊ (၈) ဂဏန်းဟာ အခု ကျုပ်ပြောတဲ့ အင်္ဂလိပ်ဂဏန်းဗေဒင်မှာ အကောင်းယူဆလို့ မရဘူး၊ သူ့ရဲ့ နိမိတ်ပုံဟာ ကေသရာဇာ ခြင်္သေ့မင်းရဲ့ ပါးစပ်ကို မိန်းမတစ်ယောက်က ဖမ်းဆီးချုပ် နှောင်ထားတဲ့ပုံ ဖြစ်တယ်၊ ခြင်္သေ့ကြီးဟာ လုံးဝမလှုပ်နိုင်တော့တဲ့သဘောကို ဖော်ပြနေတယ်” ဟုပြောပြီးလျှင် ဦးရွှေရိုးသည် အနီးတွင်ချထားသော ဂေါ်ရင်ဂျီဆေး ပြင်းလိပ်တစ်လိပ်ကို မီးညှိ ဖွာနေလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က...
“ဒါယိကာ ရွှေရိုးရယ်၊ ဒီနှစ်မှာ ကျပ်က ဘယ်လို ဖြစ်မှာတုံး ဘယ်လို ဒုက္ခမျိုး တွေ့ရမှာတုံး”
ဟု အလောတကြီးမေးလိုက်လေ၏။
ထိုအခါ ဦးရွှေရိုးက.... ။
“ဒီမှာ ကိုရင်သက်ပြင်း သေသေချာချာ နားထောင်၊ ဒီနှစ်မှာ ကိုရင် တို့ မိသားစုထဲကို ဒုက္ခတစ်ခု ရောက်လာလိမ့်မယ်၊ ကိုရင့်ဘဝဟာ တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲတွေနဲ့ ကြုံရလိမ့်မယ်၊ ကိုရင်သက်ပြင်းရဲ့ မျှော်လင့်ချက်တွေ ဒီနှစ်မှာ ပျက်စီးသွားလိမ့်မယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က....
“ဒကာ ဦးရွှေရိုးရယ် ခင်ဗျားဟာက ကြောက်စရာကြီးပါလား” ဟု ပြန်၍ ပြောလိုက်လေ၏။ ထို့နောက် ကျွန်ုပ်လည်း ဆက်၍ မမေးတော့ဘဲ အိပ်ရာသို့ ဝင်လေ၏။ ဦးရွှေရိုးကြီးကမူ စာအုပ်တစ်အုပ်နှင့် မည်သူတွေ၏ အကြောင်းကို တွက်ချက်နေသည်မသိ၊ တွက်ချက်နေလေ တော့၏။ ကျွန်ုပ်သည် အိပ်မောကျသွားပြီဖြစ်၏။ ကျွန်ုပ်၏ နား၌...
“ကိုရင်သက်ပြင်း..... ကိုရင် သက်ပြင်း”
ဟု ခေါ်သံကို ကြားနေရ၏။ သို့သော် ကျွန်ုပ်သည် အိပ်ရာမှ မထဖြစ်ပါ။ တစ်စုံတစ်ယောက်က ကျွန်ုပ်၏ တင်ပါးအား ဖုန်းခနဲ ကန်လိုက်မှပင် ကျွန်ုပ်သည် လန့်၍ ထထိုင်၏၊ ထို့နောက် ကျွန်ုပ်လည်း ကြောင်တီကြောင်ကန်းနှင့် ကြည့်လိုက်ရာ ကျွန်ုပ်အား ကန်သူမှာ ဆွမ်းစား ကျောင်း ဘုန်းကြီးဖြစ်မှန်း သိရ၏။ “သက်ပြင်းတို့များ အိပ်လိုက်တာ ကုလားသ်၊ ကုလားမော၊ နှိုးလို့ကို မရဘူး၊ ခြေထောက်နဲ့ ကန်မှပ် နိုးတော့တယ်၊ ထ... ထ.. ဟိုမှာ နှင့်အမေ နင့်ကို လာခေါ်နေပြီ၊ နင့်အဖေ ပိုးထိလို့တဲ့၊ လိုက်သွားလိုက်သွား”
ဟု ပြောသဖြင့် ကျွန်ုပ်လည်း ကပျာကသီ ထလေ၏။ ဦးရွှေရိုးမှာ
ကျွန်ုပ်အား ကရုဏာသက်သော မျက်လုံးများဖြင့် ကြည့်နေလေ၏။ ထို့နောက်....
“ကိုရင်သက်ပြင်း ဒီမှာကြည့်စမ်း” -
ဟု ဆိုကာ တိုင်တွင် ချိတ်ထားသော ပြက္ခဒိန်ကို ပြလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုနေ့ ပြက္ခဒိန့်ကို ကြည့်လိုက်ရာ ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ ၀) ရက် စနေနေ့ဖြစ်ကြောင်း တွေ့မြင်ရလေ၏။ ထိုအခါ ဦးရွှေရိုးကကိုရင်သက်ခြင်း အင်္ဂလိပ် (၈) ရက်နေ့ ညနော်၊ (၈) ဂဏန်းဟာ ဒုက္ခပေးပြီး ဟု ညည်းညူလိုက်လေ၏။ကျွန်ုပ်သည် အမေနှင့် လိုက်သွား၏။ အိမ်သို့ ရောက်လျှင် မြွေဆရာတစ်ဦးသည် မန်းမှုတ်၍ အဖေ့အား မြွေဆိပ်ချ နေသည်ကို တွေ့ရ၏။ သို့သော် အဖေသည့် လုံးဝ သတိမရတော့ပေ။ ဆယ်အိမ်ခေါင်း ဦးညိုက အဖေ့ကို လှည်းပေါ်တင်၍ မြို့ဆေးရုံသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေလေ၏။ ထိုအချိန်၌ ကျွန်ုပ်တို့ရွာမှ နောဆရာကြီး ဆရာဉာဏ် ရောက်လာပြီးလျှင်....
“ဟဲ့ .. မောင်ညို၊ ဆေးရုံပို့မနေနဲ့တော့ ဒီမှာ ငမြကြီး အသက်မရှိတော့ဘူးကွ”
ပြုပြောလိုက်သည့်အချိန်၌ အမေသည် 'အမလေး' ဟု အော်ကာ ချုံးပွဲ၍ ငိုလေတော့၏။ ကျွန်ုပ်သည် အံကို တင်းထား၏။ သို့ရာတွင် ကျွန်ုပ် ၆ ပါးပေါ်သို့ မျက်ရည်များ စီးကျနေပြီ ဖြစ်၏။
ထို့နောက်တွင်ကား ကျွန်ုပ်အဖေ၏ အသုဘကို တောဓလေ့ထုံးစံ အတိုင်း စီမံဆောင်ရွက်ကြရလေ၏။ ရက်လည်သောအခါ၌ အမေသည် ကျွန်ုပ်အား ခေါ်ယူ၍....
“ဒီမှာ ကိုရင် ဒကာမကြီးပြောတာ သေသေချာချာ နားထောင်နော် ကိုရင့်အဖေ ဒကာကြီး မရှိရင် ဒကာမကြီး ဒီရွာမှာ တစ်ယောက် တည်းနေလို့ မဖြစ်ဘူး၊ ဟောဒီ အိမ်ဝိုင်းလေးရော၊ လယ်ကလေး တွေရော၊ နွားတွေ၊ လှည်းတွေရောင်းပြီး စစ်ကိုင်းက ကိုရင့် ကြီးတော်ဆီကို လိုက်သွားပြီး သူ့လိုပဲ သီလရှင် ဝတ်တော့မယ်။ ကိုရင်လည်း ဆရာတော့်ကျောင်းမှာ ကိုရင်အဖြစ်နဲ့ နေခဲ့တော့ ဒကာမကြီးလည်း ကိုရင့်ကို မြို့မှာ ကျောင်းဆက်ပြီးမထားနိုင်တော့ ဘူး၊ ကိုရင့်အဖေ ဒကာကြီးရှိတုန်းကတော့ သူက လုပ်နိုင် ကိုင်နိုင် တယ်၊ သုက လယ်လည်း လုပ်တယ်၊ စပါးပွဲစား၊ နွားပွဲစားလည်း လုပ်တယ်ဆိုတော့ ကိုရင့်ကို ကျောင်းထားနိုင်တယ်၊ သူမရှိတော့ ဘူးဆိုတော့ ကိုရင့်ကို ကျောင်းဆက်ထားဖို့ မလွယ်တော့ဘူး၊ ဆရာတော့်ဆီမှာပဲ လောကုတ္တရာစာပေ သင်ကြားပြီး နေရစ်ခဲ့ပေတော့” ဟု မျက်ရည်စက်လက်ဖြင့် ပြောရှာလေ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင် ၏ အခက်အခဲကို ကောင်းစွာ နားလည်ပါ၏။ ထို့ကြောင့်...... ။
“ဒကာမကြီး စိတ်ချ လက်ချသွားပါး သီလရှင်ဝတ်တယ် ဆိုတော့ လည်း ကောင်းပါတယ်၊ ကိုရင့်အတွက် ဘာမှမပူနဲ့၊ အခု ကိုရင် ဖြေထားတာ ခုနှစ်တန်းဖြေထားတာ၊ အောင်ရင် မြေတိုင်းစာရေးတော့ ရပါတယ် ပြီးတော့ ပုလိပ်ဘက်မှာဆိုရင် ဆပ်ကျောင်းတောင် တက်လို့ရသေးတယ်။ ဆပ်ကျောင်းတက်ရင် ရာဇ၀တ်အုပ်တို့ ဘာတို့ ဖြစ်နိုင်တာပေါ့ ဒကာမကြီးရယ်၊ အဲဒီတော့ ကိုရင်ကောင်း စားတဲ့ တစ်နေ့ ဒကာမကြီးကို လာခေါ်မယ်၊ အဲဒီအခါကျရင် သီလရှင်က ထွက်ချင်လည်း ထွက်ပေါ့”
ဟု ကျွန်ုပ်ကပြောလျှင် ကျွန်ုပ်၏ မိခင်ကြီးသည် ကျွန်ုပ်ကို ဖက်၍ ပါအောင် ငိုလေတော့၏။ ကျွန်ုပ်၏ မိခင်ကြီးသည် သူပြောသည့် အစီအစဉ်အတိုင်းပင် အိမ်ပိုင်းကလေးကို ရောင်းပစ်လိုက်၏၊ လယ် ကွက်ကလေးနှင့် လှည်းများ၊ နွားများကိုလည်း ရောင်းပစ်လိုက်၏းပြီး - လျှင် ကျွန်ုပ်အား ဆရာတော်ထံတွင် ထပ်မံ အပ်နှံကာ စစ်ကိုင်းချောင်သို့ ထွက်ခွာသွားလေတော့သတည်း။